Premier League

ပရီးမီးယားလိဂ်ရဲ့ ခေါင်းအကောင်းဆုံးကစားသမားအဖြစ် ဝက်စ်ဟမ်းကွင်းလယ်လူ စံချိန်တင်ထား

ပရီးမီးယားလိဂ်ရဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာ ၂၀၂၀-၂၁ ရာသီရဲ့ ခေါင်းအကောင်းဆုံးကစားသမားအဖြစ်ကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ဝက်စ်ဟမ်းနဲ့ ဘန်လေတို့ရဲ့ပွဲမှာ တစ်ပွဲတည်း လေထဲက ယှဉ်လုယူမှု ၁၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ချက်ကွင်းလယ်လူ တောမတ်စ် ဆိုးချက်ခ်က ဦးဆောင်လို့နေပါတယ်။

ဒီတစ်ပတ် ပွဲစဉ် ၃၄ မှာ လေထဲမှာ ခေါင်းတိုက်ရယူမှုကို ဆိုးချက်ခ်ထက် ပိုမိုပြုလုပ်နိုင်ခဲ့တဲ့ အသင်း ၃ သင်းသာ ရှိခဲ့ပြီး လက်စတာ (၂၈ ကြိမ်)၊ ဝုလ်ဗ် (၂၀ ကြိမ်)နဲ့ မန်ချက်စတာစီးတီး (၁၈ ကြိမ်)တို့ လုပ်ဆောင်နိုင်ခဲ့ကြပြီး ကျန်တဲ့အသင်းတွေကတော့ တစ်သင်းလုံး ပူးပေါင်းမှုကတောင်မှ ကလန်ကလားနဲ့ ချက်စတားကို မမီခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် ချက်ပြည်ထောင်စုလက်ရွေးစင်ရဲ့ ၁၇ ကြိမ် မှတ်တမ်းဟာ ပရီးမီးယားလိဂ်မှာ အများဆုံးတော့ မဟုတ်ဘဲ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စပါးစ်နဲ့ ဝတ်ဖို့ဒ်တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟောနက်ကပ္ပတိန် ထရွိုင် ဒီးနီကတော့ ၂၁ ကြိမ်အထိ ခေါင်းတိုက်ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ စံချိန်တစ်ခုအဖြစ်တော့ တင်ရှိထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးချက်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက ဟမ်းမားတွေဆီကို ဆလားဗီးယား ပရာဟာအသင်းကနေ အငှားနဲ့ လာရောက်ကစားပြီး ရာသီကုန်မှာ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်သလို ပရီးမီးယားလိဂ်မှာတော့ အလျင်အမြန် အသားကျလာမှုနဲ့အတူ နည်းပြ ဒေးဗစ် မွိုက်စ်ရဲ့ အမာခံတစ်ဦးလည်း ဖြစ်လာခဲ့သူပါ။

ဒီရာသီ ၃၄ ပွဲ ကစားအပြီးမှာ ဆိုးချက်ခ်ဟာ ပရီးမီးယားလိဂ်မှာ ခေါင်းတိုက်ရယူမှု ၂၀၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီး အနီးဆုံး ဒုတိယနေရာက ပဲလေ့စ်တိုက်စစ်မှူး ဘန်တီကီ (၁၆၇ ကြိမ်)ကို ၃၇ ကြိမ်နဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့သလို အမြင့်ဘောတွေ ကောင်းလှပါတယ်ဆိုတဲ့ ဘန်လေရဲ့ တာကော့ဗ်စကီး (၁၄၅ ကြိမ်)နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ မက်ဂွိုင်းယား (၁၃၁ ကြိမ်)တို့ကတော့ အဆင့် ၃ နဲ့ ၅ မှာ အသီးသီး ရပ်တည်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ မွတ္တမ္းမွတ္ရာေတြထဲမွာ ၂၀၂၀-၂၁ ရာသီရဲ႕ ေခါင္းအေကာင္းဆုံးကစားသမားအျဖစ္ကိုေတာ့ ၿပီးခဲ့တဲ့ တနလၤာေန႔ညက ဝက္စ္ဟမ္းနဲ႔ ဘန္ေလတို႔ရဲ႕ပြဲမွာ တစ္ပြဲတည္း ေလထဲက ယွဥ္လုယူမႈ ၁၇ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့ ခ်က္ကြင္းလယ္လူ ေတာမတ္စ္ ဆိုးခ်က္ခ္က ဦးေဆာင္လို႔ေနပါတယ္။

ဒီတစ္ပတ္ ပြဲစဥ္ ၃၄ မွာ ေလထဲမွာ ေခါင္းတိုက္ရယူမႈကို ဆိုးခ်က္ခ္ထက္ ပိုမိုျပဳလုပ္ႏိုင္ခဲ့တဲ့ အသင္း ၃ သင္းသာ ရွိခဲ့ၿပီး လက္စတာ (၂၈ ႀကိမ္)၊ ဝုလ္ဗ္ (၂၀ ႀကိမ္)နဲ႔ မန္ခ်က္စတာစီးတီး (၁၈ ႀကိမ္)တို႔ လုပ္ေဆာင္ႏိုင္ခဲ့ၾကၿပီး က်န္တဲ့အသင္းေတြကေတာ့ တစ္သင္းလုံး ပူးေပါင္းမႈကေတာင္မွ ကလန္ကလားနဲ႔ ခ်က္စတားကို မမီခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အသက္ ၂၆ ႏွစ္အ႐ြယ္ ခ်က္ျပည္ေထာင္စုလက္ေ႐ြးစင္ရဲ႕ ၁၇ ႀကိမ္ မွတ္တမ္းဟာ ပရီးမီးယားလိဂ္မွာ အမ်ားဆုံးေတာ့ မဟုတ္ဘဲ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ စပါးစ္နဲ႔ ဝတ္ဖို႔ဒ္တို႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေဟာနက္ကပၸတိန္ ထ႐ြိဳင္ ဒီးနီကေတာ့ ၂၁ ႀကိမ္အထိ ေခါင္းတိုက္ရယူႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္တစ္ခုအျဖစ္ေတာ့ တင္ရွိထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆိုးခ်က္ခ္ဟာ ၿပီးခဲ့တဲ့ ရာသီက ဟမ္းမားေတြဆီကို ဆလားဗီးယား ပရာဟာအသင္းကေန အငွားနဲ႔ လာေရာက္ကစားၿပီး ရာသီကုန္မွာ ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္သလို ပရီးမီးယားလိဂ္မွာေတာ့ အလ်င္အျမန္ အသားက်လာမႈနဲ႔အတူ နည္းျပ ေဒးဗစ္ မြိဳက္စ္ရဲ႕ အမာခံတစ္ဦးလည္း ျဖစ္လာခဲ့သူပါ။

ဒီရာသီ ၃၄ ပြဲ ကစားအၿပီးမွာ ဆိုးခ်က္ခ္ဟာ ပရီးမီးယားလိဂ္မွာ ေခါင္းတိုက္ရယူမႈ ၂၀၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ၿပီး အနီးဆုံး ဒုတိယေနရာက ပဲေလ့စ္တိုက္စစ္မႉး ဘန္တီကီ (၁၆၇ ႀကိမ္)ကို ၃၇ ႀကိမ္နဲ႔ အျပတ္အသတ္ ဦးေဆာင္ႏိုင္ခဲ့သလို အျမင့္ေဘာေတြ ေကာင္းလွပါတယ္ဆိုတဲ့ ဘန္ေလရဲ႕ တာေကာ့ဗ္စကီး (၁၄၅ ႀကိမ္)နဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ မက္ဂြိဳင္းယား (၁၃၁ ႀကိမ္)တို႔ကေတာ့ အဆင့္ ၃ နဲ႔ ၅ မွာ အသီးသီး ရပ္တည္ခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.