Premier League UCL&UEL

ချဲလ်ဆီးစတားက ရာမို့စ်ကို ဒုက္ခပေးသွားလိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း ဆပ်တန်ပြောကြား

ချဲလ်ဆီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဂျာမန်တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ပြိုင်ဘက်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်လိမ့်မယ်လို့ ယူဆကြောင်း တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က သုံးသပ်ပြောကြားလိုက်ပါတယ်။

အသက် ၃၅ နှစ်အရွယ် စပိန်ဝါရင့်နောက်ခံလူဟာ အယ်လ်ဖရီဒို ဒီစတီဖာနိုကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့သူဖြစ်ပြီး ပွဲကြည့်စင်ပေါ်က အားပေးခဲ့ရသူဖြစ်သလို စတမ်းဖို့ဒ်ဘရစ်ချ်က ပွဲစဉ်ကိုတော့ ပြန်လည်ကစားနိုင်ဖို့ ရှိလာခဲ့သူလည်းဖြစ်ပါတယ်။

နည်းပြ ဇီဒန်းရဲ့ ခံစစ်ပိုင်းမှာ ဗဟိုနောက်ခံလူအဖြစ် သိပ်အလုပ်မဖြစ်တဲ့ နာချို ဖာနန်ဒက်ဇ်အစား ရာဖေးလ် ဗာရွန်းနဲ့ ဦးစားပေးအတွဲအဖက်အဖြစ် ပါဝင်လာဖို့ ရှိနေတဲ့ ရာမို့စ်ဟာ ချဲလ်ဆီးကွင်းမှာတော့ တီမို ဗာနာရဲ့ အတိုးအလှုပ်တွေကို ကောင်းကောင်း ခံစားသွားရနိုင်တယ်လို့ ဆပ်တန်က ဆိုလိုက်တာလည်းဖြစ်ပါတယ်။

“ဗာနာအနေနဲ့ သူ့ရှေ့က အခွင့်အရေးကို ဘယ်လိုအသုံးချမလဲဆိုတဲ့ Sense ရှိဖို့ လိုတာကလွဲရင် အင်မတန်ကောင်းမွန်တဲ့ အသင်းလိုက် ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ အားလုံး ဒါကို သိမြင်သလို သူ့အနေနဲ့လည်း သိမှာပါ။ ဒါကြောင့် အရမ်းကြီးတော့ စိုးရိမ်ဖို့ မလိုပါဘူး”

“ဆာဂျီယို ရာမို့စ်အနေနဲ့ မတ်လ ၁၆ ရက်နောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဒီပွဲမှာ ပထမဆုံး ပြန်ကစားပေးလာနိုင်ချိန်မှာ သူ့ကို ဖိအားပေးမယ့် တိုက်စစ်မှူးကို ရွေးရမယ်ဆိုရင်တော့ ရိုးရာတိုက်စစ်မှူးတွေဖြစ်တဲ့ အေဘရာဟမ်နဲ့ ဂျီရူးတို့အစား ဗာနာပဲ ဖြစ်သင့်ပါတယ်”

“တီမို ဗာနာအနေနဲ့ မြေပြင်ပေါ်က ဘောလုံးတိုင်းကို ရယူဖို့အတွက် ဆာဂျီယို ရာမို့စ်ကို အနိုင်ယူနိုင်ပြီး သူသာ ပွဲထွက်ခဲ့ရင် ချဲလ်ဆီးတို့ရဲ့ နောက်ထပ် ချန်ပီယံလိဂ်ဖလား မျှော်လင့်ချက်အတွက် ဖိုင်နယ်တက်ဖို့ကို ကူညီနိုင်ဖို့ သေချာပါတယ်”လို့ ဆပ်တန်က ဆိုသွားခဲ့တာပါ။

ဒါ့အပြင် ဘလက်ဘန်းအသင်းနဲ့ အောင်မြင်ခဲ့ပြီး ချဲလ်ဆီးအသင်းမှာ တစ်ရာသီ ကစားပေးခဲ့တဲ့ တိုက်စစ်မှူးဟောင်းကြီးက သူ့အနေနဲ့ တီမို ဗာနာကို ရီးရဲလ်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး အနည်းဆုံးရယူပြီး အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ပို့ဆောင်နိုင်တဲ့ ဂန္ထဝင်ကစားသမားစာရင်းကို ဝင်စေချင်ကြောင်းလည်း ဆန္ဒပြုသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ ဂ်ာမန္တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ကို ေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္လိမ့္မယ္လို႔ ယူဆေၾကာင္း တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က သုံးသပ္ေျပာၾကားလိုက္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ စပိန္ဝါရင့္ေနာက္ခံလူဟာ အယ္လ္ဖရီဒို ဒီစတီဖာႏိုကြင္းမွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ပြဲၾကည့္စင္ေပၚက အားေပးခဲ့ရသူျဖစ္သလို စတမ္းဖို႔ဒ္ဘရစ္ခ်္က ပြဲစဥ္ကိုေတာ့ ျပန္လည္ကစားႏိုင္ဖို႔ ရွိလာခဲ့သူလည္းျဖစ္ပါတယ္။

နည္းျပ ဇီဒန္းရဲ႕ ခံစစ္ပိုင္းမွာ ဗဟိုေနာက္ခံလူအျဖစ္ သိပ္အလုပ္မျဖစ္တဲ့ နာခ်ိဳ ဖာနန္ဒက္ဇ္အစား ရာေဖးလ္ ဗာ႐ြန္းနဲ႔ ဦးစားေပးအတြဲအဖက္အျဖစ္ ပါဝင္လာဖို႔ ရွိေနတဲ့ ရာမို႔စ္ဟာ ခ်ဲလ္ဆီးကြင္းမွာေတာ့ တီမို ဗာနာရဲ႕ အတိုးအလႈပ္ေတြကို ေကာင္းေကာင္း ခံစားသြားရႏိုင္တယ္လို႔ ဆပ္တန္က ဆိုလိုက္တာလည္းျဖစ္ပါတယ္။

“ဗာနာအေနနဲ႔ သူ႔ေရွ႕က အခြင့္အေရးကို ဘယ္လိုအသုံးခ်မလဲဆိုတဲ့ Sense ရွိဖို႔ လိုတာကလြဲရင္ အင္မတန္ေကာင္းမြန္တဲ့ အသင္းလိုက္ ကစားသမားတစ္ေယာက္ပါ။ ကြၽန္ေတာ္တို႔ အားလုံး ဒါကို သိျမင္သလို သူ႔အေနနဲ႔လည္း သိမွာပါ။ ဒါေၾကာင့္ အရမ္းႀကီးေတာ့ စိုးရိမ္ဖို႔ မလိုပါဘူး”

“ဆာဂ်ီယို ရာမို႔စ္အေနနဲ႔ မတ္လ ၁၆ ရက္ေနာက္ပိုင္း ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဒီပြဲမွာ ပထမဆုံး ျပန္ကစားေပးလာႏိုင္ခ်ိန္မွာ သူ႔ကို ဖိအားေပးမယ့္ တိုက္စစ္မႉးကို ေ႐ြးရမယ္ဆိုရင္ေတာ့ ႐ိုးရာတိုက္စစ္မႉးေတြျဖစ္တဲ့ ေအဘရာဟမ္နဲ႔ ဂ်ီ႐ူးတို႔အစား ဗာနာပဲ ျဖစ္သင့္ပါတယ္”

“တီမို ဗာနာအေနနဲ႔ ေျမျပင္ေပၚက ေဘာလုံးတိုင္းကို ရယူဖို႔အတြက္ ဆာဂ်ီယို ရာမို႔စ္ကို အႏိုင္ယူႏိုင္ၿပီး သူသာ ပြဲထြက္ခဲ့ရင္ ခ်ဲလ္ဆီးတို႔ရဲ႕ ေနာက္ထပ္ ခ်န္ပီယံလိဂ္ဖလား ေမွ်ာ္လင့္ခ်က္အတြက္ ဖိုင္နယ္တက္ဖို႔ကို ကူညီႏိုင္ဖို႔ ေသခ်ာပါတယ္”လို႔ ဆပ္တန္က ဆိုသြားခဲ့တာပါ။

ဒါ့အျပင္ ဘလက္ဘန္းအသင္းနဲ႔ ေအာင္ျမင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းမွာ တစ္ရာသီ ကစားေပးခဲ့တဲ့ တိုက္စစ္မႉးေဟာင္းႀကီးက သူ႔အေနနဲ႔ တီမို ဗာနာကို ရီးရဲလ္နဲ႔ပြဲမွာ သြင္းဂိုးတစ္ဂိုး အနည္းဆုံးရယူၿပီး အသင္းကို ခ်န္ပီယံလိဂ္ဖိုင္နယ္ဆီ ပို႔ေဆာင္ႏိုင္တဲ့ ဂႏၴဝင္ကစားသမားစာရင္းကို ဝင္ေစခ်င္ေၾကာင္းလည္း ဆႏၵျပဳသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.