Premier League Transfer News

ဒေါသထွက်နေတဲ့ မန်ဖန်တွေကို နှစ်သိမ့်ဖို့ ဟာရီကိန်းကို ခေါ်ယူပေးမယ့် ဂလေဇာ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကွင်းထဲ ဝင်ကြမ်းတဲ့အထိ ဖြစ်ပွားခဲ့ပြီး ဘောလုံးနဲ့ အလံတိုင်တွေကို ယူဆောင်သွားခဲ့သလို ဆူပါလိဂ်နဲ့ ယားခဲ့တဲ့ ပိုင်ရှင် ဂလေဇာတွေကို ဒေါသထွက်နေကြတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို နှစ်သိမ့်ဖို့အတွက် တာဝန်ရှိသူတွေဘက်က ပြင်ဆင်လာခဲ့တယ်လို့ သိရပါတယ်။

ပွဲပျက်အပြီးမှာ နောက်ကို ဒါမျိုးထပ်ဖြစ်ရင် တော်တော်ဆိုးဆိုးအပြစ်ဒဏ်တွေရဲ့ ရင်ဆိုင်ရနိုင်ပြီး အရှုံးပေးရမယ့် အရေးကိုလည်း လီဗာပူးလ်တို့ကြောင့်သာ ရှောင်လွှဲနိုင်ခဲ့ချိန်မှာ ဂလေဇာတွေအနေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် အားနည်းချက်ဖြစ်နေတဲ့ တိုက်စစ်ကို ဟာရီကိန်းနဲ့ ဖြည့်ဆည်းပေးဖို့ ရှိလာခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ချစ်ပေမယ့် အောင်မြင်မှုနဲ့ ဆုဖလားတွေ မရနိုင်ချိန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ဆိုထားတဲ့ အင်္ဂလန်ကပ္ပတိန်ကို ယူနိုက်တက်တို့အနေနဲ့ ပေါင်သန်း ၉၀ နဲ့ စတင်ကမ်းလှမ်းဖို့ ပြင်ထားပြီး ဒီအသင်းကို ရောင်းမထုတ်နိုင်တဲ့ ဂလေဇာတွေအတွက် Lifeline လည်းဖြစ်ခဲ့ပါတယ်။

စပါးစ်ဥက္ကဌ ဒန်နီယယ်လ် လီဗိုင်းအနေနဲ့ အသက် ၂၈ နှစ်အရွယ် ဟာရီကိန်းအတွက် ပေါင်သန်း ၁၅၀ လို့ သတ်မှတ်ထားပေမယ့် ကစားသမားရဲ့ ဆန္ဒနဲ့ နောက်ထပ်သုံးလေးနှစ်လောက်ပဲ အကောင်းဆုံးအဆင့်မှာ ရှိနေနိုင်တော့မယ့် အချိန်ကာလသတ်မှတ်မှုအရ ပေါင်သန်း ၁၀၀ အောက်မှာ ရရှိနိုင်ပြီး စာချုပ်သက်တမ်းကတော့ ၂၀၂၄ နွေအထိ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ အထောင်တိုက်စစ်မှူးကောင်းတစ်ယောက် လိုအပ်နေပြီး တခြားအသင်းတွေရဲ့ ကစားပုံနဲ့ မကိုက်ညီတဲ့ ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ယူနိုက်တက်တို့ရဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေ ဒေါသကို နှစ်သိမ့်ဖို့အပြင် အမြော်အမြင်ရှိတဲ့ ခေါ်ယူမှုလည်းဖြစ်လာနိုင်ပြီး ဆုဖလားတွေအတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး စိန်ခေါ်နိုင်မှာဖြစ်သလို ဗိုက်နာနေတဲ့ စပါးစ်ကိုလည်း ဈေးဆစ်နိုင်လိမ့်မယ်လို့ ယူဆနေကြကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညက ကြင္းထဲ ဝင္ၾကမ္းတဲ့အထိ ျဖစ္ပြားခဲ့ၿပီး ေဘာလုံးနဲ႔ အလံတိုင္ေတြကို ယူေဆာင္သြားခဲ့သလို ဆူပါလိဂ္နဲ႔ ယားခဲ့တဲ့ ပိုင္ရွင္ ဂေလဇာေတြကို ေဒါသထြက္ေနၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကို ႏွစ္သိမ့္ဖို႔အတြက္ တာဝန္ရွိသူေတြဘက္က ျပင္ဆင္လာခဲ့တယ္လို႔ သိရပါတယ္။

ပြဲပ်က္အၿပီးမွာ ေနာက္ကို ဒါမ်ိဳးထပ္ျဖစ္ရင္ ေတာ္ေတာ္ဆိုးဆိုးအျပစ္ဒဏ္ေတြရဲ႕ ရင္ဆိုင္ရႏိုင္ၿပီး အရႈံးေပးရမယ့္ အေရးကိုလည္း လီဗာပူးလ္တို႔ေၾကာင့္သာ ေရွာင္လႊဲႏိုင္ခဲ့ခ်ိန္မွာ ဂေလဇာေတြအေနနဲ႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ အားနည္းခ်က္ျဖစ္ေနတဲ့ တိုက္စစ္ကို ဟာရီကိန္းနဲ႔ ျဖည့္ဆည္းေပးဖို႔ ရွိလာခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ခ်စ္ေပမယ့္ ေအာင္ျမင္မႈနဲ႔ ဆုဖလားေတြ မရႏိုင္ခ်ိန္မွာ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ ဆိုထားတဲ့ အဂၤလန္ကပၸတိန္ကို ယူႏိုက္တက္တို႔အေနနဲ႔ ေပါင္သန္း ၉၀ နဲ႔ စတင္ကမ္းလွမ္းဖို႔ ျပင္ထားၿပီး ဒီအသင္းကို ေရာင္းမထုတ္ႏိုင္တဲ့ ဂေလဇာေတြအတြက္ Lifeline လည္းျဖစ္ခဲ့ပါတယ္။

စပါးစ္ဥကၠဌ ဒန္နီယယ္လ္ လီဗိုင္းအေနနဲ႔ အသက္ ၂၈ ႏွစ္အ႐ြယ္ ဟာရီကိန္းအတြက္ ေပါင္သန္း ၁၅၀ လို႔ သတ္မွတ္ထားေပမယ့္ ကစားသမားရဲ႕ ဆႏၵနဲ႔ ေနာက္ထပ္သုံးေလးႏွစ္ေလာက္ပဲ အေကာင္းဆုံးအဆင့္မွာ ရွိေနႏိုင္ေတာ့မယ့္ အခ်ိန္ကာလသတ္မွတ္မႈအရ ေပါင္သန္း ၁၀၀ ေအာက္မွာ ရရွိႏိုင္ၿပီး စာခ်ဳပ္သက္တမ္းကေတာ့ ၂၀၂၄ ေႏြအထိ က်န္ရွိေနေသးတယ္လို႔ ဆိုပါတယ္။

ဒီအခ်ိန္မွာ အေထာင္တိုက္စစ္မႉးေကာင္းတစ္ေယာက္ လိုအပ္ေနၿပီး တျခားအသင္းေတြရဲ႕ ကစားပုံနဲ႔ မကိုက္ညီတဲ့ ဟာရီကိန္းကို ေခၚယူဖို႔ ႀကိဳးစားခဲ့တဲ့ ယူႏိုက္တက္တို႔ရဲ႕ လုပ္ရပ္ကေတာ့ ပရိသတ္ေတြ ေဒါသကို ႏွစ္သိမ့္ဖို႔အျပင္ အေျမာ္အျမင္ရွိတဲ့ ေခၚယူမႈလည္းျဖစ္လာႏိုင္ၿပီး ဆုဖလားေတြအတြက္ ႏွစ္ဦးႏွစ္ဖက္ ပူးေပါင္းၿပီး စိန္ေခၚႏိုင္မွာျဖစ္သလို ဗိုက္နာေနတဲ့ စပါးစ္ကိုလည္း ေဈးဆစ္ႏိုင္လိမ့္မယ္လို႔ ယူဆေနၾကေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.