Premier League

မည်သည့်နေရာမှာ မဆို ရော်နယ်လ်ဒိုကို အသာရကျော်ဖြတ်နိုင်ကြောင်း သက်သေထပ်ပြလိုက်တဲ့ မက်ဆီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာအတွက် ဖရီးကစ်ဂိုး ၅၀ ပြည့်မြောက်ခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ပြိုင်ဘက် ရော်နယ်လ်ဒိုကြီးစိုးထားတဲ့ ဖရီးကစ်စံချိန်ကို လိုက်မီသွားခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ ဖရီးကစ်တိကျမှု ကျဆုံးသွားချိန်မှာ မက်ဆီက တဟုန်ထိုးတိုးတက်လာခဲ့တာကိုလည်း တွေ့ရတယ်။

ဘယ်သူက ကမ္ဘာ့အကောင်းဆုံးကစားသမားလဲလို့ အမြဲတစေ အကြိတ်အနယ် ငြင်းခုံပွဲတွေကို ဖန်တီးပေးခဲ့တဲ့ မက်ဆီ Vs ရော်နယ်လ်ဒိုတိုက်ပွဲဟာ အများရဲ့လက်ခံယုံကြည်မှုအတိုင်း သူတို့နှစ်ဦးစလုံးဟာ ထာဝရအကောင်းဆုံးဘောလုံးသမားတွေအဖြစ် သမိုင်းလှနေမယ်ဆိုတာကိုတော့ ငြင်းစရာမရှိစေခဲ့တာပါ။

မက်ဆီက နောက်ပိုင်းမှာ ဖရီးကစ်ဂိုးတွေကို တဒိုင်းဒိုင်းသွင်းယူလာခဲ့ပြီး ရော်နယ်လ်ဒိုက ဂိုး ၄၀ ကျော်ကို ဖရီးကစ်ကနေတဆင့် ရယူခဲ့ပြီးစဥ်က မက်ဆီက ၁၀ ဂိုးဝန်းကျင်လောက်သာ ဖရီးကစ်ဂိုးမှတ်တမ်းရှိခဲ့ပြီး ခပ်ဝေးဝေးမှာ ပြတ်ကျန်ခဲ့ရာကနေ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သူ့ရဲ့အသွင်ဆန်းသစ်မှုကို ပြသခဲ့တယ်။

မက်ဆီ့ဆီမှာ မျက်စိမှောက်မှားစေလောက်အောင် တရှိန်ထိုးတိုးတက်လာခဲ့တဲ့ ဖရီးကစ်ကန်သွင်းပုံနည်းစနစ်ပိုင်းမှာ အဆင့်မြင့်လာမှုကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပြီး လက်ရှိမှာ ရော်နယ်လ်ဒိုနဲ့ ဖရီးဂိုးကွာဟချက်ကို ခပ်မြန်မြန်ဆွဲချုံ့ပြီး အားကျမခံ အမီလိုက်နိုင်ခဲ့တာပါ။

ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးစုစုပေါင်း ၅၆ ဂိုးမှာ မက်ဆီအတွက် ၂၀၀၈-၀၉ ဘောလုံးရာသီကမှ ဖရီးကစ်ဂိုးကို စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၅-၁၆ ရာသီမှာတော့ သူက တရာသီတွင်း ဖရီးကစ်ဂိုး ၉ ဂိုးအထိ သွင်းယူပြီး သူ့ရဲ့ကိုယ်ပိုင်အများဆုံးစံချိန်လို့ ဆိုရတဲ့မှတ်တမ်းကို ရေးထိုးခဲ့တယ်။

တဖက်မှာတော့ ရော်နယ်လ်ဒိုက ဖရီးကစ်ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့အချိန်က ရီးရဲလ်မက်ဒရစ်ကစားသမားဘဝမှာဖြစ်ပြီး သူကတော့ ၂၀၁၀-၁၁ ရာသီကတည်းက ဖရီးကစ်ဂိုးအရေအတွ​က် သိသိသာသာကျဆင်းသွားခဲ့တာဖြစ်ပြီး အဲဒီရာသီကတော့ ၇ ဂိုးသွင်းယူခဲ့တာပါ။

ရော်နယ်လ်ဒိုကတော့ အသက် ၂၇ နှစ်အရွယ်အထိတော့ ဖရီးကန်သွင်းမှုအကောင်းဆုံးဖြစ်ခဲ့ပြီး အိတ်ကပ်ထဲ ဂိုးအရေအတွက်တွေ တိုးလာခဲ့ပေမယ့် မက်ဆီကတော့ အသက် ၂၇ နှစ်နောက်ပိုင်းမှ ဖရီးကစ်အပိုင်း တိုးတက်လာခဲ့တာလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ ရာသီတွေမှာ မက်ဆီရဲ့ ဖရီးကစ်နည်းစနစ်ပိုင်းနဲ့ ကန်သွင်းပုံတိကျမှုတွေကို ထောင်တက်လာခဲ့ပြီး ရော်နယ်လ်ဒိုကတော့ အတော်လေး ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးစလုံးရဲ့ဒီရာသီ ရော်နယ်လ်ဒိုက စီးရီးအေမှာ ၂၇ ဂိုးသွင်းထားသလို မက်ဆီက လာလီဂါမှာ ၂၈ ဂိုးသွင်းပြီး ပြည်တွင်းလိဂ်တွေမှာ ထိပ်တန်းဂိုးသွင်းရှင်းတွေအဖြစ် အခိုင်အမာဆက်လက်ရပ်တည်နေကြောင်း ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဘာစီလိုနာအတြက္ ဖရီးကစ္ဂိုး ၅၀ ျပည့္ေျမာက္ခဲ့တဲ့ မက္ဆီဟာ သူ႔ရဲ႕ၿပိဳင္ဘက္ ေရာ္နယ္လ္ဒိုႀကီးစိုးထားတဲ့ ဖရီးကစ္စံခ်ိန္ကို လိုက္မီသြားခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္တိက်မႈ က်ဆုံးသြားခ်ိန္မွာ မက္ဆီက တဟုန္ထိုးတိုးတက္လာခဲ့တာကိုလည္း ေတြ႕ရတယ္။

ဘယ္သူက ကမာၻ႔အေကာင္းဆုံးကစားသမားလဲလို႔ အၿမဲတေစ အႀကိတ္အနယ္ ျငင္းခုံပြဲေတြကို ဖန္တီးေပးခဲ့တဲ့ မက္ဆီ Vs ေရာ္နယ္လ္ဒိုတိုက္ပြဲဟာ အမ်ားရဲ႕လက္ခံယုံၾကည္မႈအတိုင္း သူတို႔ႏွစ္ဦးစလုံးဟာ ထာဝရအေကာင္းဆုံးေဘာလုံးသမားေတြအျဖစ္ သမိုင္းလွေနမယ္ဆိုတာကိုေတာ့ ျငင္းစရာမရွိေစခဲ့တာပါ။

မက္ဆီက ေနာက္ပိုင္းမွာ ဖရီးကစ္ဂိုးေတြကို တဒိုင္းဒိုင္းသြင္းယူလာခဲ့ၿပီး ေရာ္နယ္လ္ဒိုက ဂိုး ၄၀ ေက်ာ္ကို ဖရီးကစ္ကေနတဆင့္ ရယူခဲ့ၿပီးစဥ္က မက္ဆီက ၁၀ ဂိုးဝန္းက်င္ေလာက္သာ ဖရီးကစ္ဂိုးမွတ္တမ္းရွိခဲ့ၿပီး ခပ္ေဝးေဝးမွာ ျပတ္က်န္ခဲ့ရာကေန ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တဲ့ သူ႔ရဲ႕အသြင္ဆန္းသစ္မႈကို ျပသခဲ့တယ္။

မက္ဆီ့ဆီမွာ မ်က္စိေမွာက္မွားေစေလာက္ေအာင္ တရွိန္ထိုးတိုးတက္လာခဲ့တဲ့ ဖရီးကစ္ကန္သြင္းပုံနည္းစနစ္ပိုင္းမွာ အဆင့္ျမင့္လာမႈကိုလည္း ျမင္ေတြ႕ခဲ့ရတယ္လို႔ ဆိုရမွာျဖစ္ၿပီး လက္ရွိမွာ ေရာ္နယ္လ္ဒိုနဲ႔ ဖရီးဂိုးကြာဟခ်က္ကို ခပ္ျမန္ျမန္ဆြဲခ်ဳံ႕ၿပီး အားက်မခံ အမီလိုက္ႏိုင္ခဲ့တာပါ။

ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ သြင္းယူခဲ့တဲ့ ဖရီးကစ္ဂိုးစုစုေပါင္း ၅၆ ဂိုးမွာ မက္ဆီအတြက္ ၂၀၀၈-၀၉ ေဘာလုံးရာသီကမွ ဖရီးကစ္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၅-၁၆ ရာသီမွာေတာ့ သူက တရာသီတြင္း ဖရီးကစ္ဂိုး ၉ ဂိုးအထိ သြင္းယူၿပီး သူ႔ရဲ႕ကိုယ္ပိုင္အမ်ားဆုံးစံခ်ိန္လို႔ ဆိုရတဲ့မွတ္တမ္းကို ေရးထိုးခဲ့တယ္။

တဖက္မွာေတာ့ ေရာ္နယ္လ္ဒိုက ဖရီးကစ္ဂိုးအမ်ားဆုံးသြင္းယူႏိုင္ခဲ့တဲ့အခ်ိန္က ရီးရဲလ္မက္ဒရစ္ကစားသမားဘဝမွာျဖစ္ၿပီး သူကေတာ့ ၂၀၁၀-၁၁ ရာသီကတည္းက ဖရီးကစ္ဂိုးအေရအတြ​က္ သိသိသာသာက်ဆင္းသြားခဲ့တာျဖစ္ၿပီး အဲဒီရာသီကေတာ့ ၇ ဂိုးသြင္းယူခဲ့တာပါ။

ေရာ္နယ္လ္ဒိုကေတာ့ အသက္ ၂၇ ႏွစ္အ႐ြယ္အထိေတာ့ ဖရီးကန္သြင္းမႈအေကာင္းဆုံးျဖစ္ခဲ့ၿပီး အိတ္ကပ္ထဲ ဂိုးအေရအတြက္ေတြ တိုးလာခဲ့ေပမယ့္ မက္ဆီကေတာ့ အသက္ ၂၇ ႏွစ္ေနာက္ပိုင္းမွ ဖရီးကစ္အပိုင္း တိုးတက္လာခဲ့တာလို႔ ဆိုရမွာပါ။

ၿပီးခဲ့တဲ့ ရာသီေတြမွာ မက္ဆီရဲ႕ ဖရီးကစ္နည္းစနစ္ပိုင္းနဲ႔ ကန္သြင္းပုံတိက်မႈေတြကို ေထာင္တက္လာခဲ့ၿပီး ေရာ္နယ္လ္ဒိုကေတာ့ အေတာ္ေလး က်ဆင္းသြားခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ဦးစလုံးရဲ႕ဒီရာသီ ေရာ္နယ္လ္ဒိုက စီးရီးေအမွာ ၂၇ ဂိုးသြင္းထားသလို မက္ဆီက လာလီဂါမွာ ၂၈ ဂိုးသြင္းၿပီး ျပည္တြင္းလိဂ္ေတြမွာ ထိပ္တန္းဂိုးသြင္းရွင္းေတြအျဖစ္ အခိုင္အမာဆက္လက္ရပ္တည္ေနေၾကာင္း ေရးသားတင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.