Ligue1 Match Report Premier League UCL&UEL

အစစသာလွန်တဲ့ ခြေစွမ်းနဲ့ ပီအက်စ်ဂျီကို ပညာပေးပြီး ဖိုင်နယ်တက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးလိုချင်ဇောနဲ့ ကစားလာမယ့် ပီအက်စ်ဂျီအသင်းကို ခပ်မာမာ တုံ့ပြန်ပြီး တန်ပြန်တိုက်စစ်ကနေ အကောင်းဆုံးထိုးနှက်နိုင်မယ့် လူစာရင်းကို ထုတ်သုံးလာခဲ့ပြီး ၄-၆-၀ ကစားကွက်မှာ ဘာနာဒို ဆေးလ်ဗား၊ ဖာနန်ဒင်ညို၊ ဖိုဒန်နဲ့ ဂွန်ဒိုးဝမ်တို့လို စကေးပြည့်သူတွေကို တစ်ပြိုင်တည်း ခင်းကျင်းလာခဲ့တာကတော့ ဂွါဒီယိုလာရဲ့ ပွဲကြိုအကောင်းဆုံး ပြင်ဆင်မှုလည်းဖြစ်ခဲ့ပါတယ်။

အမ်ဘာပေနာနေတဲ့ ပီအက်စ်ဂျီကတော့ သူတို့ရဲ့ နဂိုကတည်းကမှ ရှိစုမဲ့စုအားဟာ သူနဲ့ နေမာနှစ်ယောက်သာ ရှိတာမို့ ဒီနေ့ ထုတ်သုံးခဲ့တဲ့ လူစာရင်းထဲက ကျန်တဲ့ ကွင်းတွင်းကစားသမား ၉ ယောက်ထဲမှာ အသင်းခေါင်းဆောင် မားကင်ညော့စ်ကလွဲလို့ ဘယ်သူမှ မန်စီးတီးကစားသမားတွေကို နည်းစနစ်ပိုင်းအရရော စိတ်ဓာတ်၊ အရည်အသွေးပိုင်းတွေပါ လိုက်မမီခဲ့တာကိုလည်း တွေ့ရပါတယ်။

မန်ချက်စတာစီးတီးတို့ အိမ်ကွင်းအစ်တီဟတ်မှာ ဘောလုံးရတာနဲ့ တိုက်စစ်ကို အမှားအယွင်းနည်းနည်းနဲ့ အမြန်ဆုံး ဘောလုံးပေးပို့တဲ့ ပုံစံကို သုံးစွဲခဲ့ရာမှာ ခံစစ်လူထုတ်ပုံပါ အပြောင်းအလဲလုပ်ထားတဲ့ ပီအက်စ်ဂျီတို့ ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပြီး ဖိုဒန်နဲ့ မာရက်ဇ်တို့ရဲ့ တောင်ပံတွေက သူတို့ကို အန္တရာယ်ပေးနှုန်း မြင့်မားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ဇင်ချန်ကို လက်ထိတယ်ဆိုပြီး ပီအက်စ်ဂျီဘက်က ဝိုင်းတောင်းကြတာကို ဘုမသိ ဘမသိနဲ့ ပင်နယ်တီပေးလိုက်တဲ့ ဒိုင်လူကြီး ဗြွန်းကိုက်ပါးစ်အတွက်ကတော့ VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့ရတဲ့ နောက်ပိုင်းမှာ တော်တော်လေး အသိတရားထည့်ပြီး အလုပ်လုပ်သွားခဲ့သလို ပွဲရှိန်မြင့်မားမှုကို လိုက်လံထိန်းချုပ်နေခဲ့ရပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ ကွင်းလယ်မှာ ဖန်တီးမှုမရှိဘဲ Pressing လောက်သာ အမြင့်ဆုံးလုပ်နိုင်ပြီး ပိတ်ဆို့နေတဲ့ ပီအက်စ်ဂျီခံစစ်ကို အီဒါဆန်ရဲ့ ကန်တင်ပေးမှုကနေ ဖောက်ထွက်သွားခဲ့တဲ့ ဇင်ချန်ကိုက အလယ်ကို ပြန်ထည့်ပေးတာကို ဒီဘရိုင်းနား ကန်ရာမှာ မားကင်ညော့စ်နဲ့ထိပြီး ပြန်ထွက်လာတာကို ဖျက်ထုတ်ဖို့ တစ်နာရီလောက်ကြာအောင် စဉ်းစားနေတဲ့ ကင်ပမ်ဘီရဲ့ရှေ့ကနေ မာရက်ဇ်က အချိန်မဆိုင်းဘဲ ကန်သွင်းခဲ့လို့ စီးတီးတို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရလို့ တက်ဖိလာတဲ့ ပီအက်စ်ဂျီဘက်က မားကင်ညော့စ်ရဲ့ ခေါင်းတိုက်ချက် ဘားထိထွက်ခဲ့သလို Build-up Play ကနေ ဘောလုံးဖြန့်ဖို့ ကြာနေတဲ့ ဘာနာဒို ဆေးလ်ဗားဆီက လုယူပြီး ကန်သွင်းတဲ့ ဒီမာရီယာရဲ့ ကန်ချက်ကလည်း အီဒါဆန် မမီလောက်ပေမယ့် ဂိုးပေါက်နဲ့ လွဲသွားခဲ့လို့ စီးတီးတို့ ကံဘယ်လောက်မြင့်နေတယ်ဆိုတာ သိသာခဲ့ပါတယ်။

ဘောလုံးကိုင်လွန်းပြီး သူ့ကို တည်ကစားရင် ဘာမှ ဖြစ်မလာနိုင်တဲ့ နေမာနဲ့ အရွယ်ကျလာတဲ့ ဒီမာရီယာတို့ကို အမ်ဘာပေ မရှိချိန်မှာ အီကာဒီကလည်း မကူညီနိုင်ခဲ့ဘဲ ကွင်းလယ်က ဘောလုံးမထွက်၊ ဖန်တီးမှု မရှိတဲ့ ပါရေးဒက်စ်၊ ဟာရဲရားနဲ့ ပက်စ်ကာရာမှာတုန်းက ပီယာလိုလက်သစ်ဆိုပြီး အလုအယက်ဖြစ်ခဲ့ကြပြီး လက်ရှိမှာ ဘာအခင်းအကျင်းမှ မလုပ်နိုင်တဲ့ ဗာရက်တီတို့ကတော့ မထောက်ပံ့နိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ ဧရိယာထဲတောင် ကောင်းကောင်းမဝင်နိုင်ဘဲ အချိန်ကုန်နေပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာလည်း စီးတီးတို့ကပဲ ထိရောက်တဲ့ တိုက်စစ်ဖန်တီးမှုတွေကို လုပ်ဆောင်ပြနိုင်ခဲ့ပြီး ကီလော် နာဗက်စ် မကြာခဏ အလုပ်များနေခဲ့ရသလို အားနည်းတဲ့ တောင်ပံခံစစ်တွေကြောင့်လည်း ပီအက်စ်ဂျီတို့ ပိုမိုရုန်းကန်ခဲ့ရသလို ပိုချက်တီနိုကတော့ ကွင်းလယ်ကိုပဲ အာရုံစိုက်မှုနဲ့အတူ ဟာရဲရားအစား ဒရက်ဆလာနဲ့ အီကာဒီအစား မွိုက်စ် ကီးန်တို့ကို လူစားလဲခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ထိုးနှက်ခံခဲ့ရပြန်ပြီး တန်ပြန်တိုက်စစ်ကနေ ဘောလုံးရသွားခဲ့တဲ့ ဖိုဒန်က ဒီဘရိုင်းနားနဲ့ ဝမ်းတူးရိုက်ပြီး ဘယ်ခြမ်းကနေ အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဘယ်သူမှ လောက်လောက်လားလား တားဆီးမယ့်သူ မရှိတာကြောင့် ညာခြမ်းကနေ လွတ်လွတ်ကျွတ်ကျွတ် စောင့်စားနေခဲ့တဲ့ မာရက်ဇ်က သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့သလို ဧည့်သည်တွေကို ဦးချိုးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဖာနန်ဒင်ညိုကို မထိတထိ သွားကန်တဲ့ ဒီမာရီယာ အနီနဲ့ အထုတ်ခံခဲ့ရပြီး VAR ပြန်ကြည့်ရာမှာလည်း ဒိုင်အဖွဲ့က အတည်ပြုခဲ့တာကြောင့် ပီအက်စ်ဂျီတို့ ၁၀ ယောက်သာ ကျန်တော့ချိန်မှာ ဘာစီလိုနာကနေ မက်ဆီ့လောင်းရိပ်အောက် တစ်သက်လုံးနေသင့်တဲ့ နေမာကတော့ မလိုအပ်တဲ့ ဘောလုံးကိုင်ဆွဲပြေးမှုတွေနဲ့သာ စက္ကန့်မိနစ်တွေကို ဖြတ်ကျော်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဖိုဒန်တို့အစား ဂျေဆူးစ်၊ စတာလင်နဲ့ အဂွေရိုတို့ကို လဲကစားသွားပြီး ပီအက်စ်ဂျီတို့ကို ပညာသားပါပါနဲ့ ထိန်းကစားသွားခဲ့သလို စိတ်ဓာတ်ရော လူအင်အားပါ ကျဆင်းသွားခဲ့တဲ့ ပိုချက်တီနိုတို့အဖွဲ့ကတော့ ဘာမှ ပြောလောက်အောင် တုံ့ပြန်နိုင်ခြင်း မရှိတော့ဘဲ နှစ်ဂိုး-ဂိုးမရှိရလဒ်၊ နှစ်ကျော့ပေါင်း လေးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်ချက်စတာစီးတီးတို့အနေနဲ့ ၂၀၁၉ ခုနှစ်က လွဲချော်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီး ဂွါဒီယိုလာနဲ့ မပြည့်ဝသေးတဲ့ ရည်မှန်းချက်တွေအတွက် အနီးဆုံးနေရာအထိ ခြေလှမ်းနိုင်ခဲ့သလို All English Final ဖြစ်မဖြစ်ကိုတော့ မနက်ဖြန် ချဲလ်ဆီး-ရီးရဲလ်မက်ဒရစ်ပွဲစဉ်မှာ အဖြေပေါ်မှာဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးလိုခ်င္ေဇာနဲ႔ ကစားလာမယ့္ ပီအက္စ္ဂ်ီအသင္းကို ခပ္မာမာ တုံ႔ျပန္ၿပီး တန္ျပန္တိုက္စစ္ကေန အေကာင္းဆုံးထိုးႏွက္ႏိုင္မယ့္ လူစာရင္းကို ထုတ္သုံးလာခဲ့ၿပီး ၄-၆-၀ ကစားကြက္မွာ ဘာနာဒို ေဆးလ္ဗား၊ ဖာနန္ဒင္ညိဳ၊ ဖိုဒန္နဲ႔ ဂြန္ဒိုးဝမ္တို႔လို စေကးျပည့္သူေတြကို တစ္ၿပိဳင္တည္း ခင္းက်င္းလာခဲ့တာကေတာ့ ဂြါဒီယိုလာရဲ႕ ပြဲႀကိဳအေကာင္းဆုံး ျပင္ဆင္မႈလည္းျဖစ္ခဲ့ပါတယ္။

အမ္ဘာေပနာေနတဲ့ ပီအက္စ္ဂ်ီကေတာ့ သူတို႔ရဲ႕ နဂိုကတည္းကမွ ရွိစုမဲ့စုအားဟာ သူနဲ႔ ေနမာႏွစ္ေယာက္သာ ရွိတာမို႔ ဒီေန႔ ထုတ္သုံးခဲ့တဲ့ လူစာရင္းထဲက က်န္တဲ့ ကြင္းတြင္းကစားသမား ၉ ေယာက္ထဲမွာ အသင္းေခါင္းေဆာင္ မားကင္ေညာ့စ္ကလြဲလို႔ ဘယ္သူမွ မန္စီးတီးကစားသမားေတြကို နည္းစနစ္ပိုင္းအရေရာ စိတ္ဓာတ္၊ အရည္အေသြးပိုင္းေတြပါ လိုက္မမီခဲ့တာကိုလည္း ေတြ႕ရပါတယ္။

မန္ခ်က္စတာစီးတီးတို႔ အိမ္ကြင္းအစ္တီဟတ္မွာ ေဘာလုံးရတာနဲ႔ တိုက္စစ္ကို အမွားအယြင္းနည္းနည္းနဲ႔ အျမန္ဆုံး ေဘာလုံးေပးပို႔တဲ့ ပုံစံကို သုံးစြဲခဲ့ရာမွာ ခံစစ္လူထုတ္ပုံပါ အေျပာင္းအလဲလုပ္ထားတဲ့ ပီအက္စ္ဂ်ီတို႔ ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဖိုဒန္နဲ႔ မာရက္ဇ္တို႔ရဲ႕ ေတာင္ပံေတြက သူတို႔ကို အႏၲရာယ္ေပးႏႈန္း ျမင့္မားခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ ဇင္ခ်န္ကို လက္ထိတယ္ဆိုၿပီး ပီအက္စ္ဂ်ီဘက္က ဝိုင္းေတာင္းၾကတာကို ဘုမသိ ဘမသိနဲ႔ ပင္နယ္တီေပးလိုက္တဲ့ ဒိုင္လူႀကီး ႁဗြန္းကိုက္ပါးစ္အတြက္ကေတာ့ VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္ခဲ့ရတဲ့ ေနာက္ပိုင္းမွာ ေတာ္ေတာ္ေလး အသိတရားထည့္ၿပီး အလုပ္လုပ္သြားခဲ့သလို ပြဲရွိန္ျမင့္မားမႈကို လိုက္လံထိန္းခ်ဳပ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ကြင္းလယ္မွာ ဖန္တီးမႈမရွိဘဲ Pressing ေလာက္သာ အျမင့္ဆုံးလုပ္ႏိုင္ၿပီး ပိတ္ဆို႔ေနတဲ့ ပီအက္စ္ဂ်ီခံစစ္ကို အီဒါဆန္ရဲ႕ ကန္တင္ေပးမႈကေန ေဖာက္ထြက္သြားခဲ့တဲ့ ဇင္ခ်န္ကိုက အလယ္ကို ျပန္ထည့္ေပးတာကို ဒီဘ႐ိုင္းနား ကန္ရာမွာ မားကင္ေညာ့စ္နဲ႔ထိၿပီး ျပန္ထြက္လာတာကို ဖ်က္ထုတ္ဖို႔ တစ္နာရီေလာက္ၾကာေအာင္ စဥ္းစားေနတဲ့ ကင္ပမ္ဘီရဲ႕ေရွ႕ကေန မာရက္ဇ္က အခ်ိန္မဆိုင္းဘဲ ကန္သြင္းခဲ့လို႔ စီးတီးတို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရလို႔ တက္ဖိလာတဲ့ ပီအက္စ္ဂ်ီဘက္က မားကင္ေညာ့စ္ရဲ႕ ေခါင္းတိုက္ခ်က္ ဘားထိထြက္ခဲ့သလို Build-up Play ကေန ေဘာလုံးျဖန႔္ဖို႔ ၾကာေနတဲ့ ဘာနာဒို ေဆးလ္ဗားဆီက လုယူၿပီး ကန္သြင္းတဲ့ ဒီမာရီယာရဲ႕ ကန္ခ်က္ကလည္း အီဒါဆန္ မမီေလာက္ေပမယ့္ ဂိုးေပါက္နဲ႔ လြဲသြားခဲ့လို႔ စီးတီးတို႔ ကံဘယ္ေလာက္ျမင့္ေနတယ္ဆိုတာ သိသာခဲ့ပါတယ္။

ေဘာလုံးကိုင္လြန္းၿပီး သူ႔ကို တည္ကစားရင္ ဘာမွ ျဖစ္မလာႏိုင္တဲ့ ေနမာနဲ႔ အ႐ြယ္က်လာတဲ့ ဒီမာရီယာတို႔ကို အမ္ဘာေပ မရွိခ်ိန္မွာ အီကာဒီကလည္း မကူညီႏိုင္ခဲ့ဘဲ ကြင္းလယ္က ေဘာလုံးမထြက္၊ ဖန္တီးမႈ မရွိတဲ့ ပါေရးဒက္စ္၊ ဟာရဲရားနဲ႔ ပက္စ္ကာရာမွာတုန္းက ပီယာလိုလက္သစ္ဆိုၿပီး အလုအယက္ျဖစ္ခဲ့ၾကၿပီး လက္ရွိမွာ ဘာအခင္းအက်င္းမွ မလုပ္ႏိုင္တဲ့ ဗာရက္တီတို႔ကေတာ့ မေထာက္ပံ့ႏိုင္ခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ဧရိယာထဲေတာင္ ေကာင္းေကာင္းမဝင္ႏိုင္ဘဲ အခ်ိန္ကုန္ေနၿပီး ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာလည္း စီးတီးတို႔ကပဲ ထိေရာက္တဲ့ တိုက္စစ္ဖန္တီးမႈေတြကို လုပ္ေဆာင္ျပႏိုင္ခဲ့ၿပီး ကီေလာ္ နာဗက္စ္ မၾကာခဏ အလုပ္မ်ားေနခဲ့ရသလို အားနည္းတဲ့ ေတာင္ပံခံစစ္ေတြေၾကာင့္လည္း ပီအက္စ္ဂ်ီတို႔ ပိုမို႐ုန္းကန္ခဲ့ရသလို ပိုခ်က္တီႏိုကေတာ့ ကြင္းလယ္ကိုပဲ အာ႐ုံစိုက္မႈနဲ႔အတူ ဟာရဲရားအစား ဒရက္ဆလာနဲ႔ အီကာဒီအစား မြိဳက္စ္ ကီးန္တို႔ကို လူစားလဲခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ထိုးႏွက္ခံခဲ့ရျပန္ၿပီး တန္ျပန္တိုက္စစ္ကေန ေဘာလုံးရသြားခဲ့တဲ့ ဖိုဒန္က ဒီဘ႐ိုင္းနားနဲ႔ ဝမ္းတူး႐ိုက္ၿပီး ဘယ္ျခမ္းကေန အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ဘယ္သူမွ ေလာက္ေလာက္လားလား တားဆီးမယ့္သူ မရွိတာေၾကာင့္ ညာျခမ္းကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေစာင့္စားေနခဲ့တဲ့ မာရက္ဇ္က သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ သြင္းယူေပးႏိုင္ခဲ့သလို ဧည့္သည္ေတြကို ဦးခ်ိဳးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဖာနန္ဒင္ညိဳကို မထိတထိ သြားကန္တဲ့ ဒီမာရီယာ အနီနဲ႔ အထုတ္ခံခဲ့ရၿပီး VAR ျပန္ၾကည့္ရာမွာလည္း ဒိုင္အဖြဲ႕က အတည္ျပဳခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီတို႔ ၁၀ ေယာက္သာ က်န္ေတာ့ခ်ိန္မွာ ဘာစီလိုနာကေန မက္ဆီ့ေလာင္းရိပ္ေအာက္ တစ္သက္လုံးေနသင့္တဲ့ ေနမာကေတာ့ မလိုအပ္တဲ့ ေဘာလုံးကိုင္ဆြဲေျပးမႈေတြနဲ႔သာ စကၠန႔္မိနစ္ေတြကို ျဖတ္ေက်ာ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘာနာဒို ေဆးလ္ဗား၊ ဒီဘ႐ိုင္းနား၊ ဖိုဒန္တို႔အစား ေဂ်ဆူးစ္၊ စတာလင္နဲ႔ အေဂြ႐ိုတို႔ကို လဲကစားသြားၿပီး ပီအက္စ္ဂ်ီတို႔ကို ပညာသားပါပါနဲ႔ ထိန္းကစားသြားခဲ့သလို စိတ္ဓာတ္ေရာ လူအင္အားပါ က်ဆင္းသြားခဲ့တဲ့ ပိုခ်က္တီႏိုတို႔အဖြဲ႕ကေတာ့ ဘာမွ ေျပာေလာက္ေအာင္ တုံ႔ျပန္ႏိုင္ျခင္း မရွိေတာ့ဘဲ ႏွစ္ဂိုး-ဂိုးမရွိရလဒ္၊ ႏွစ္ေက်ာ့ေပါင္း ေလးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ၂၀၁၉ ခုႏွစ္က လြဲေခ်ာ္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ကလပ္အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ တက္လွမ္းႏိုင္ခဲ့ၿပီး ဂြါဒီယိုလာနဲ႔ မျပည့္ဝေသးတဲ့ ရည္မွန္းခ်က္ေတြအတြက္ အနီးဆုံးေနရာအထိ ေျခလွမ္းႏိုင္ခဲ့သလို All English Final ျဖစ္မျဖစ္ကိုေတာ့ မနက္ျဖန္ ခ်ဲလ္ဆီး-ရီးရဲလ္မက္ဒရစ္ပြဲစဥ္မွာ အေျဖေပၚမွာျဖစ္ေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.