Premier League
အယ်လစ်ဆန်ကို ချီးကျူးလိုက်တဲ့ လီဗာပူးလ်ဂိုးနည်းပြ
လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် ဘက်ကာဟာ အကြောက်အရွံ့ကင်းမဲ့ပြီး ရဲရင့်သူဖြစ်ကြောင်းနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ရှေ့တိုးလုပ်ဆောင်တတ်ခြင်းဟာ သူ့ကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် ဆက်လက်ရှိနေစေတာဖြစ်ကြောင်း ဂိုးနည်းပြ ဂျွန် အက်ခ်ျတာဘာ့ဂ်က ပြောကြားလိုက်ပါတယ်။
အက်ခ်ျတာဘာ့ဂ်က ဒီအသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ဘောလုံးကို သူရယူပြီးတာနဲ့ ဘယ်လိုတန်ပြန်တိုက်စစ်ဆင်ရမယ်ဆိုတာကို စတင်လုပ်ဆောင်သူဖြစ်ပြီး အမြန်ဆုံးပြန်ကစားတတ်သူဖြစ်သလို သူနဲ့ မိုဟာမက် ဆာလားဟာ မျက်လုံးချင်းဆုံလိုက်မိတာနဲ့ ဘာလုပ်ကြမယ်ဆိုတာကို အလိုလိုနားလည်မှု ရှိထားသူတွေဖြစ်ကြတယ်လို့လည်း ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
REF: DAILY MAIL
SPORTS A2Z.
UNICODE: လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် ဘက်ကာဟာ အကြောက်အရွံ့ကင်းမဲ့ပြီး ရဲရင့်သူဖြစ်ကြောင်းနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ရှေ့တိုးလုပ်ဆောင်တတ်ခြင်းဟာ သူ့ကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် ဆက်လက်ရှိနေစေတာဖြစ်ကြောင်း ဂိုးနည်းပြ ဂျွန် အက်ချ်တာဘာ့ဂ်က ပြောကြားလိုက်ပါတယ်။
ရိုးမားအသင်းမှာ စတင်တောက်ပလာခဲ့တဲ့ အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်မှာလည်း အလျင်အမြန် အသားကျခဲ့ပြီး သူ့ရဲ့ စိတ်ချရတဲ့ ဂိုးပေါက်စောင့်ရှောက်မှုတွေနဲ့အတူ လီဗာပူးလ်အသင်းနဲ့ ပထမရာသီမှာပဲ ကားရီးယပ်စ်ကြောင့် ကြေကွဲနေရတဲ့ ပရိသတ်တွေကို ချန်ပီယံလိဂ်ဖလားနဲ့ နှစ်သိမ့်ပေးနိုင်ခဲ့တာပါ။
အသင်းကို ပေါင် ၆၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ်လက်ရွေးစင်ဟာ သူနဲ့ နိုင်ငံ့အသင်းမှာ အပြိုင်အဆိုင်ဖြစ်နေခဲ့တဲ့ မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်ထက်လည်း အသာရနေခဲ့ပြီး လက်ရှိအနေအထားအရလည်း ဆီလီဆားတို့ရဲ့ ဂိုးပေါက်ကို သူကပဲ ဆက်လက် ထိန်းသိမ်းသွားနိုင်ဖွယ်ရှိနေပါတယ်။
“ကျွန်တော်မြင်ဖူးသမျှထဲမှာတော့ သူက အကြောက်အလန့်မရှိတဲ့ ဂိုးသမားပဲ။ သူဘာလုပ်လုပ် သူ့ကိုယ်သူ ယုံကြည်မှုရှိပြီး ခိုင်ခိုင်မာမာ ကိုင်စွဲထားတတ်တယ်။ သူ့စိတ်ထဲမှာ ဘာလုပ်ရမယ်ဆိုတာကို ကြိုသိနေတတ်သလို တွန့်ဆုတ်တယ်ဆိုတာမျိုးလဲ မရှိတဲ့သူပါ။ သူ့ဟာ ဂိုးသမားဖြစ်ဖို့ မွေးဖွားလာသူဖြစ်ပြီး ပွဲကို ဖတ်ရှုမှုနဲ့ ဆုံးဖြတ်ချက်တွေ အလွန်ကောင်းမွန်ပါတယ်”လို့ အက်ချ်တာဘာ့ဂ်က အသင်းရဲ့ ဝက်ဘ်ဆိုက်ကို ပြောပါတယ်။
အက်ချ်တာဘာ့ဂ်က ဒီအသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ဘောလုံးကို သူရယူပြီးတာနဲ့ ဘယ်လိုတန်ပြန်တိုက်စစ်ဆင်ရမယ်ဆိုတာကို စတင်လုပ်ဆောင်သူဖြစ်ပြီး အမြန်ဆုံးပြန်ကစားတတ်သူဖြစ်သလို သူနဲ့ မိုဟာမက် ဆာလားဟာ မျက်လုံးချင်းဆုံလိုက်မိတာနဲ့ ဘာလုပ်ကြမယ်ဆိုတာကို အလိုလိုနားလည်မှု ရှိထားသူတွေဖြစ်ကြတယ်လို့လည်း ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.