မုိနာကိုအသင္းကေန ေခၚယူခဲ့ၿပီး ပရီးမီးယားလိဂ္ကစားပုံမွာ အံမဝင္ခဲ့ဘဲ တစ္ရာသီကစားအၿပီးမွာ ေနာက္ဆုံးႏွစ္ရာသီကို အငွားနဲ႔ ထြက္ခြာထားခဲ့ရတဲ့ ကြင္းလယ္လူ တီမူး ဘာကာယိုကို,ကို ေအစီမီလန္အသင္းဆီကို ေရာင္းခ်ႏုိင္ဖို႔ ရွိေနၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရန္ပုံေငြ ရွာေဖြသြားႏုိင္ဖို႔ ရွိေနပါတယ္။
ေအစီမီလန္အသင္းကို ၂၀၁၈-၁၉ ရာသီမွာ သြားေရာက္ကစားခဲ့ၿပီး အသင္းနဲ႔ ၄၂ ပြဲအထိ ကစားခဲ့ရသလို စီးရီးေအနဲ႔ ကိုက္ညီတဲ့ ေျခစြမ္းကို ျပသႏုိင္ခဲ့တဲ့ ဘာကာယုိကို,ကို နည္းျပ ဂ်န္နာ႐ို ဂတ္တူဆိုက ေခၚယူခ်င္ခဲ့ေပမယ့္ အသင္းရဲ႕ အဲ့ဒီတုန္းက ဘတ္ဂ်က္အေျခအေနေၾကာင့္ လက္လႊတ္ခဲ့ရတာလည္းျဖစ္ပါတယ္။
ႀကံ့ခိုင္မွဳေကာင္းမြန္ၿပီး အင္အားသုံးကစားတတ္တဲ့ ဘာကာယိုကိုဟာ ျပည့္စုံတဲ့ ကြင္းလယ္လူတစ္ေယာက္ျဖစ္တယ္လို႔ အုိင္ဗရီကို႔စ္ေသြးပါတဲ့ သူ႕ကို မိုနာကိုနည္းျပ လီယိုနာဒို ဂ်ာဒင္းမ္နဲ႔ ျပင္သစ္နည္းျပ ဒီဒီေယး ေဒးရႊမ့္စ္တုိ႔က ယာယာတုိေရးနဲ႔ ႏွဳိင္းယွဥ္ခ်ီးက်ဴးထားခဲ့ေပမယ့္ အျမန္ႏွဳန္းအရေတာ့ ပရီးမီးယားလိဂ္နဲ႔ အဆင္မေျပခဲ့တာေၾကာင့္ ခ်ဲလ္ဆီးဟာ လက္ရွိရာသီမွာလည္း သူ႕ကို အသင္းေဟာင္း မိုနာကိုမွာ အငွားခ်ထားခဲ့တာပါ။
လာမယ့္ေႏြရာသီမွာေတာ့ အသင္းကို ျပင္ဆင္ဖို႔ ရွိေနတဲ့ ေအစီမီလန္အသင္းက သူ႕ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ စီစဥ္ေနၿပီး ခ်ဲလ္ဆီးဘက္က သေဘာတူညီႏုိင္ေပမယ့္ အေျပာင္းအေရႊ႕အတြက္ လိုအပ္တဲ့ ဘဏၰာေရးအခ်က္အလက္ေတြကိုေတာ့ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဖရန္႔ ကက္ဆီေယးကို အရင္ေရာင္းထုတ္ၿပီးမွ ျဖစ္ႏုိင္မယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ ေအစီမီလန္အသင္းအေနနဲ႔ ကက္ဆီေယးအတြက္ ဝယ္လက္ကို ရွာေဖြေနၿပီး သူ႕ကိုေတာ့ အာဆင္နယ္အသင္းက စိတ္ဝင္စားေနတယ္လုိ႔ သိရၿပီး အေျပာင္းအေရႊ႕ျဖစ္ေျမာက္ခဲ့ရင္ေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘာကာယိုကို,ကို ေရာင္းခ်သြားဖို႔ ေသခ်ာႏုိင္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: မိုနာကိုအသင်းကနေ ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်ကစားပုံမှာ အံမဝင်ခဲ့ဘဲ တစ်ရာသီကစားအပြီးမှာ နောက်ဆုံးနှစ်ရာသီကို အငှားနဲ့ ထွက်ခွာထားခဲ့ရတဲ့ ကွင်းလယ်လူ တီမူး ဘာကာယိုကို,ကို အေစီမီလန်အသင်းဆီကို ရောင်းချနိုင်ဖို့ ရှိနေပြီး ချဲလ်ဆီးအသင်းအနေနဲ့ ရန်ပုံငွေ ရှာဖွေသွားနိုင်ဖို့ ရှိနေပါတယ်။
အေစီမီလန်အသင်းကို ၂၀၁၈-၁၉ ရာသီမှာ သွားရောက်ကစားခဲ့ပြီး အသင်းနဲ့ ၄၂ ပွဲအထိ ကစားခဲ့ရသလို စီးရီးအေနဲ့ ကိုက်ညီတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ဘာကာယိုကို,ကို နည်းပြ ဂျန်နာရို ဂတ်တူဆိုက ခေါ်ယူချင်ခဲ့ပေမယ့် အသင်းရဲ့ အဲ့ဒီတုန်းက ဘတ်ဂျက်အခြေအနေကြောင့် လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။
ကြံ့ခိုင်မှုကောင်းမွန်ပြီး အင်အားသုံးကစားတတ်တဲ့ ဘာကာယိုကိုဟာ ပြည့်စုံတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်တယ်လို့ အိုင်ဗရီကို့စ်သွေးပါတဲ့ သူ့ကို မိုနာကိုနည်းပြ လီယိုနာဒို ဂျာဒင်းမ်နဲ့ ပြင်သစ်နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်တို့က ယာယာတိုရေးနဲ့ နှိုင်းယှဉ်ချီးကျူးထားခဲ့ပေမယ့် အမြန်နှုန်းအရတော့ ပရီးမီးယားလိဂ်နဲ့ အဆင်မပြေခဲ့တာကြောင့် ချဲလ်ဆီးဟာ လက်ရှိရာသီမှာလည်း သူ့ကို အသင်းဟောင်း မိုနာကိုမှာ အငှားချထားခဲ့တာပါ။
လာမယ့်နွေရာသီမှာတော့ အသင်းကို ပြင်ဆင်ဖို့ ရှိနေတဲ့ အေစီမီလန်အသင်းက သူ့ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ စီစဉ်နေပြီး ချဲလ်ဆီးဘက်က သဘောတူညီနိုင်ပေမယ့် အပြောင်းအရွှေ့အတွက် လိုအပ်တဲ့ ဘဏ္ဏာရေးအချက်အလက်တွေကိုတော့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖရန့် ကက်ဆီယေးကို အရင်ရောင်းထုတ်ပြီးမှ ဖြစ်နိုင်မယ်လို့ သိရပါတယ်။
ဒါကြောင့် အေစီမီလန်အသင်းအနေနဲ့ ကက်ဆီယေးအတွက် ဝယ်လက်ကို ရှာဖွေနေပြီး သူ့ကိုတော့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပြီး အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင်တော့ ချဲလ်ဆီးအသင်းအနေနဲ့ ဘာကာယိုကို,ကို ရောင်းချသွားဖို့ သေချာနိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.