Ligue1 Premier League UCL&UEL

ကွင်းထဲမှာ အသက်ပေးရမယ်ဆိုရင်တောင် မန်စီးတီးကို အနိုင်ကန်မယ်လို့ နေမာကြုံးဝါး

PSG အသင်းရဲ့စူပါစတား နေမာက မနက်ဖြန်ညမှာ ကစားမယ့် မန်စီးတီးနဲ့ပွဲဟာ ဘုရင့်နောင်ဖောက်ဖျက်တိုက်ရမယ့်ပွဲလို့ ကြုံးဝါးသွားခဲ့ပြီး ကွင်းထဲမှာ အသက်ထွက်မယ်သွားမယ်ဆိုရင်တောင် မန်စီးတီးကို အနိုင်ကန်ရမယ်လို့ သူ့အသင်းကို သတိပေးသွားခဲ့ပါတယ်။

မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဆီမီး ပထမအကျော့မှာ ရှုံးပွဲတွေ့ခဲ့တဲ့ နေမာဟာ မန်စီးတီးကို “ပွဲမပြီးသေးဘူး”လို့ စစ်ကြေငြာပြီး ကြွေးကြော်ထားတာဖြစ်သလို ဒီနှစ်မှာ ဘယ်နည်းနဲ့ဖြစ်ဖြစ် ချန်ပီယံလိဂ်ဖလားကို ရအောင်သိမ်းပိုက်ဖို့ စိတ်ပိုင်းဖြတ်ထား​ကြောင်းလည်း ပြောပြသွားခဲ့တာပါ။

ပြင်သစ်လီဂူးမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လိုင်လီအသင်းနဲ့ တမှတ်အကွာကို ရောက်ရှိလာဖို့ နေမာက လန်းစ်နဲ့ပွဲမှာ ဂိုးသွင်းယူပြီး PSG ရဲ့ နိုင်ပွဲရှာဖွေပေးခဲ့သလို ပြည်တွင်းချန်ပီယံအိပ်မက်ကို ယူဆောင်လာပေးခဲ့တဲ့ ဒီပွဲကနေ မန်စီးတီးနဲ့ပွဲအထိ စိတ်ဓာတ်အရှိန်အဟုန်ကို မီးမြှိုက်ထားဖို့လိုအပ်ကြောင်းလည်း သူက ကောင်းကောင်းသိရှိထားတာပါ။

“အခု ကျွန်တော်တို့ ကောင်းကောင်းအနားယူပြီး အားဖြည့်နေတယ်။ ပြီးရင်တော့ ချန်ပီယံလိဂ်က ကျွန်တော်တို့ရဲ့ပစ်မှတ်ပဲ။ ပထမအကျော့မှာ မန်စီးတီးကို ခက်ခက်ခဲခဲကစားခဲ့ရတာကို မမေ့ဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲရှိရှိ ကျွန်တော်တို့ ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်ထားရပါမယ်”

“ကျွန်တော်တို့အသင်းသားတချင်းစီက ဒီပွဲ နိုင်ကိုနိုင်ရမယ်လို့ ပြင်းပြင်းထန်ထန်ကို ယုံကြည်ထားရပါမယ်။ ကျွန်တော်က ရှေ့တန်းကနေ ဒီအသင်းအတွ​က် ထိပ်ဆုံးက တိုက်ပွဲဝင်သွားမယ်။ ဒါက စစ်ပွဲတခုပါ။ ကွင်းထဲမှာ အသက်ထွက်မယ်သွားမယ်ဆိုရင်တောင် မန်စီးတီးကို အနိုင်ကန်မယ်”လို့ နေမာက မန်စီးတီးနဲ့ပွဲကြိုမှာ လက်ခမောင်းခတ်သွားခဲ့ပါတယ်။

PSG အသင်းအနေနဲ့ လာမယ့် မန်စီးတီးနဲ့ပွဲမှာ အားထားရတဲ့တိုက်စစ်မှူး အမ်ဘာပေ ဝင်ကစားဖို့ အခိုင်အမာအတည်ပြုမရသေးတဲ့ အနေအထားမှာရှိနေပြီး သူ့ရဲ့ကြံ့ခိုင်မှုက ယတိပြတ် အဆိုးအကောင်းပြောမရသေးပေမယ့် ပိုချက်တီနိုကတော့ ပြင်သစ်သားဟာ ဒီပွဲကို ဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ မန်စီတီးကို ၂ ဂိုးသွင်းရမယ်။ ပြီးရင် ဂိုးပြန်ပေးလို့မရဘူး။ အရေးအကြီးဆုံးက ဒီပွဲကို နိုင်ဖို့ပဲ။ ပွဲကောင်းတပွဲလို လှလှပပ ကစားနေမှာ မဟုတ်ဘူး။ မန်စီးတီးကို ပတ်ပတ်နပ်နပ် ကျောဖို့အတွက် ကျွန်တော့်ရဲ့ နည်းဗျူဟာတွေကို ပြင်ဆင်ထားပြီးပါပြီ”လို့လည်း PSG နည်းပြ ပိုချက်တီနိုက ပပ်ကို စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်သွားခဲ့ပါ​သေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: PSG အသင္းရဲ႕စူပါစတား ေနမာက မနက္ျဖန္ညမွာ ကစားမယ့္ မန္စီးတီးနဲ႔ပြဲဟာ ဘုရင့္ေနာင္ေဖာက္ဖ်က္တိုက္ရမယ့္ပြဲလို႔ ႀကဳံးဝါးသြားခဲ့ၿပီး ကြင္းထဲမွာ အသက္ထြက္မယ္သြားမယ္ဆိုရင္ေတာင္ မန္စီးတီးကို အႏိုင္ကန္ရမယ္လို႔ သူ႔အသင္းကို သတိေပးသြားခဲ့ပါတယ္။

မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ဆီမီး ပထမအေက်ာ့မွာ ရႈံးပြဲေတြ႕ခဲ့တဲ့ ေနမာဟာ မန္စီးတီးကို “ပြဲမၿပီးေသးဘူး”လို႔ စစ္ေၾကျငာၿပီး ေႂကြးေၾကာ္ထားတာျဖစ္သလို ဒီႏွစ္မွာ ဘယ္နည္းနဲ႔ျဖစ္ျဖစ္ ခ်န္ပီယံလိဂ္ဖလားကို ရေအာင္သိမ္းပိုက္ဖို႔ စိတ္ပိုင္းျဖတ္ထား​ေၾကာင္းလည္း ေျပာျပသြားခဲ့တာပါ။

ျပင္သစ္လီဂူးမွာ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ လိုင္လီအသင္းနဲ႔ တမွတ္အကြာကို ေရာက္ရွိလာဖို႔ ေနမာက လန္းစ္နဲ႔ပြဲမွာ ဂိုးသြင္းယူၿပီး PSG ရဲ႕ ႏိုင္ပြဲရွာေဖြေပးခဲ့သလို ျပည္တြင္းခ်န္ပီယံအိပ္မက္ကို ယူေဆာင္လာေပးခဲ့တဲ့ ဒီပြဲကေန မန္စီးတီးနဲ႔ပြဲအထိ စိတ္ဓာတ္အရွိန္အဟုန္ကို မီးျမႇိဳက္ထားဖို႔လိုအပ္ေၾကာင္းလည္း သူက ေကာင္းေကာင္းသိရွိထားတာပါ။

“အခု ကြၽန္ေတာ္တို႔ ေကာင္းေကာင္းအနားယူၿပီး အားျဖည့္ေနတယ္။ ၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္က ကြၽန္ေတာ္တို႔ရဲ႕ပစ္မွတ္ပဲ။ ပထမအေက်ာ့မွာ မန္စီးတီးကို ခက္ခက္ခဲခဲကစားခဲ့ရတာကို မေမ့ဘူး။ ဒါေပမယ့္ ဘယ္လိုအေျခအေနပဲရွိရွိ ကြၽန္ေတာ္တို႔ ေက်ာ္ျဖတ္ႏိုင္တယ္လို႔ ယုံၾကည္ထားရပါမယ္”

“ကြၽန္ေတာ္တို႔အသင္းသားတခ်င္းစီက ဒီပြဲ ႏိုင္ကိုႏိုင္ရမယ္လို႔ ျပင္းျပင္းထန္ထန္ကို ယုံၾကည္ထားရပါမယ္။ ကြၽန္ေတာ္က ေရွ႕တန္းကေန ဒီအသင္းအတြ​က္ ထိပ္ဆုံးက တိုက္ပြဲဝင္သြားမယ္။ ဒါက စစ္ပြဲတခုပါ။ ကြင္းထဲမွာ အသက္ထြက္မယ္သြားမယ္ဆိုရင္ေတာင္ မန္စီးတီးကို အႏိုင္ကန္မယ္”လို႔ ေနမာက မန္စီးတီးနဲ႔ပြဲႀကိဳမွာ လက္ခေမာင္းခတ္သြားခဲ့ပါတယ္။

PSG အသင္းအေနနဲ႔ လာမယ့္ မန္စီးတီးနဲ႔ပြဲမွာ အားထားရတဲ့တိုက္စစ္မႉး အမ္ဘာေပ ဝင္ကစားဖို႔ အခိုင္အမာအတည္ျပဳမရေသးတဲ့ အေနအထားမွာရွိေနၿပီး သူ႔ရဲ႕ႀကံ့ခိုင္မႈက ယတိျပတ္ အဆိုးအေကာင္းေျပာမရေသးေပမယ့္ ပိုခ်က္တီႏိုကေတာ့ ျပင္သစ္သားဟာ ဒီပြဲကို ဝင္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

“ကြၽန္ေတာ္တို႔ မန္စီတီးကို ၂ ဂိုးသြင္းရမယ္။ ၿပီးရင္ ဂိုးျပန္ေပးလို႔မရဘူး။ အေရးအႀကီးဆုံးက ဒီပြဲကို ႏိုင္ဖို႔ပဲ။ ပြဲေကာင္းတပြဲလို လွလွပပ ကစားေနမွာ မဟုတ္ဘူး။ မန္စီးတီးကို ပတ္ပတ္နပ္နပ္ ေက်ာဖို႔အတြက္ ကြၽန္ေတာ့္ရဲ႕ နည္းဗ်ဴဟာေတြကို ျပင္ဆင္ထားၿပီးပါၿပီ”လို႔လည္း PSG နည္းျပ ပိုခ်က္တီႏိုက ပပ္ကို စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္သြားခဲ့ပါ​ေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.