Premier League

နယူးကာဆယ် ဝ-၂ အာဆင်နယ်ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ်ပြောစရာ 7 ချက်

ပရော်ဖက်ရှင်နယ်ဆန်တဲ့ နိုးထမှု
အာဆင်နယ်က ဗီလာရီးရဲလ်ကို အရေးနိမ့်အပြီးမှာ အဝေးဂိုး တဂိုးတော့ အိမ်ပြန်သယ်နိုင်ခဲ့ပြီး ဒါက ညံ့ဖျင်းတဲ့ ခြေစွမ်းကို ဖုံးကွယ်ပေးသလို ယူရိုပါလိဂ်ဖိုင်နယ်အတွက် အခွင့်အရေးတွေကို ပေးသွားခဲ့ချိန်မှာ ဒီပွဲမှာ အာတီတာအနေနဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ နိုးထမှုတခုကို လိုအပ်ခဲ့တဲ့မတိုင်း အာဆင်နယ်က ထိုက်တန်တဲ့ နိုင်ပွဲကို ရယူသွားခဲ့တာဟာ နောက်တကျော့ ဗီလာရီးရဲလ်နဲ့ပွဲမှာ တစ်အားဖြစ်လာစေမှာပါ။

မာနယ်လီရဲ့ဒေါသကို အသုံးချမှု
အာတီတာက မာတီနယ်လီကို သူ့ရဲ့ပါရမီနဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ကောင်းကောင်းချီးကျူးသလောက် ဆာကာ၊ စမစ်သ်ရိုးတို့လောက် အားကိုးခြင်းမခံရသေးဘဲ တကယ်တမ်းပွဲထွက်အသုံးပြုခြင်းမှာတော့ နည်းပါးတာကို တွေ့ရပေမယ့် မာတီနယ်လီကတော့ သူ့ရဲ့ဒေါသကို ခြေစွမ်းပေါက်ကွဲမှုအဖြစ် ပြောင်းလဲပြီး အာတီတာကိုယ်တိုင်က ကျေနပ်ရလောက်အောင် သက်သေပြနေပြီဆိုတာ တပွဲနဲ့တပွဲ ပိုသိသာစေသလို အူဘာမီယန်းရဲ့ဂိုးကိုလည်း သူကဖန်တီးပေးသွားခဲ့တာပါ။

ခါးတသက်သက်နဲ့ ဆိမ့်တဲ့ လူးဝစ်ဇ်
ဒေးဗစ် လူးဝစ္စဇ်ရဲ့ကစားဟန်က ရူးမိုက်မှုတချို့ ပြုလုပ်တတ်ပေမယ့် အခုလို ခံစစ်ကျောက်ချကစားတဲ့ နယူးကာဆယ်လိုအသင်းမျိုးရဲ့ ကစားပုံနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဝှက်ဖဲတချက်လို အသုံးဝင်တာတွေ့ရပြီး သူက ဒီပွဲရဲ့အညှာကို ကိုင်နိုင်တဲ့သူဖြစ်ခဲ့တာပါ။

ဘရာဇီးလ်သားဆီက နယူးကာဆယ်ရဲ့ ချက်ကောင်းကိုပစ်တဲ့ အဝေးဘော၊ အမြင့်ဘောတွေကြောင့်ပဲ အာဆင်နယ်က စောစောစီးစီး အဖွင့်ဂိုးနဲ့အတူ ယုံယုံကြည်ကြည်နဲ့ နိုင်ပွဲကို ယူသွားနိုင်ခဲ့ပါတယ်။

ရှုံးပေမယ့် တန်းဆင်းတာကို ရှောင်လွှဲဖို့ နီးစပ်သွားတဲ့ ငှက်ကျား
အခုပွဲ အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ ငှက်ကျားတို့က ဒီရာသီမှာ တန်းဆင်းရမယ့်အရေးနဲ့ ကြုံနေချိန်မှာ ဖူလ်ဟမ်ရဲ့ ရှုံးပွဲကဖြစ်လာခဲ့ပြီး လက်ကျန်ပွဲအရေအတွက်နဲ့ ချိန်ထိုးကြည့်တဲ့အခါ အဆင့် ၁၇ မှာ ၇ မှတ်အသာရထားတာကြောင့် စတိဘရုစ်ရဲ့အသင်းက တန်းမဆင်းရဖို့ အခြေအနေကောင်းသွားပြီလို့ ဆိုရမှာပါ။

ယူရိုပါပွဲကြိုမှာ တောက်ပနေတဲ့ အူဘာမီယန်း
ဧပြီအစောပိုင်းက လီဗာပူးလ်ကို အရေးနိမ့်တဲ့ပွဲနောက်ပိုင်း အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းမှာ မမြင်တွေ့ရတော့တဲ့ အူဘာမီယန်းကို ဒီနေ့မှာ တကျော့ပြန် ပွဲထွက်ကစားတာကို မြင်ခဲ့ရပြီး အဆုံးသတ်ပိုင်း ပြန်အားကောင်းတာကို တွေ့ရတယ်။ အယ်လ်နီနီရဲ့ အဖွင့်ဂိုးကို သူကဖန်တီးပေးခဲ့တာဖြစ်ပြီး ကိုယ်တိုင်ကလည်း ဒုတိယဦးဆောင်ဂိုးကို သွင်းယူခဲ့လို့ ယုံကြည်မှုပေးခဲ့တဲ့ အာတီတာကို ကျေနပ်စေခဲ့တယ်။

လီနိုကို ခြိမ်းခြောက်လာတဲ့ ရိုင်ယန်
ဒီရာသီမှာ တတိယအကြိမ်မြောက် ပွဲထွက်ခွင့်ကို မမျှော်လင့်ဘဲရခဲ့တဲ့ မက်သယူး ရိုင်ယန်က အာဆင်နယ်ရဲ့ဂိုးပေါက်ကို စိတ်ချစေခဲ့ပြီး သူ့ရဲ့လက်စွမ်းပြမှုက တသင်းလုံးကို စိတ်အေးစေခဲ့တာကို တွေ့ရတယ်။ ပထမနှစ်ပွဲမှာ အရှုံးနဲ့ သရေသာ ရခဲ့ပြီး ဂိုးပေးခဲ့ရတဲ့ ရိုင်ယန်က ဒီပွဲမှာ အနိုင်ရလဒ်နဲ့အတူ ပေးဂိုးမရှိအောင် စွမ်းဆောင်ခဲ့လို့ လီနိုရဲ့ နေရာကို ခြိမ်းခြောက်ဖို့ သူ့ကို အမြဲတမ်းစာချုပ်ချုပ်ဆိုဖွယ်လည်း ရှိလာနေပါတယ်။

အကြံထုတ်နေတဲ့ အာတီတာ
ချာကာကို ဘယ်နောက်ခံနေရာမှာ ဆက်သုံးခဲ့တဲ့ အာတီတာက ဒီနေ့ပွဲမှာ ခံစစ်လေးယောက်တန်းကို အသုံးပြုပြီး ချာကာကို ကွင်းလယ်မှာ ပြန်ကစားခိုင်းတာ ဒါမှမဟုတ် သူ့ကို အနားပေးထားတာမျိုး လုပ်နိုင်ပေမယ့် ၂ မျိုးစလုံးငြင်းပယ်သွားခဲ့ပြီး ဗီလာရီးရဲလ်ကို ရင်ဆိုင်မယ့် ကစားကွက်ကို အသင်းသားတွေ ကြိုတင် အသားကျနေအောင် အကြံထုတ်သွားခဲ့တာကိုလည်း တွေ့ခဲ့ရတယ်လို့လည်း ဆိုချင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ႏိုးထမႈ
အာဆင္နယ္က ဗီလာရီးရဲလ္ကို အေရးနိမ့္အၿပီးမွာ အေဝးဂိုး တဂိုးေတာ့ အိမ္ျပန္သယ္ႏိုင္ခဲ့ၿပီး ဒါက ညံ့ဖ်င္းတဲ့ ေျခစြမ္းကို ဖုံးကြယ္ေပးသလို ယူ႐ိုပါလိဂ္ဖိုင္နယ္အတြက္ အခြင့္အေရးေတြကို ေပးသြားခဲ့ခ်ိန္မွာ ဒီပြဲမွာ အာတီတာအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ႏိုးထမႈတခုကို လိုအပ္ခဲ့တဲ့မတိုင္း အာဆင္နယ္က ထိုက္တန္တဲ့ ႏိုင္ပြဲကို ရယူသြားခဲ့တာဟာ ေနာက္တေက်ာ့ ဗီလာရီးရဲလ္နဲ႔ပြဲမွာ တစ္အားျဖစ္လာေစမွာပါ။

မာနယ္လီရဲ႕ေဒါသကို အသုံးခ်မႈ
အာတီတာက မာတီနယ္လီကို သူ႔ရဲ႕ပါရမီနဲ႔ေျခစြမ္းနဲ႔ ပတ္သက္ၿပီး ေကာင္းေကာင္းခ်ီးက်ဴးသေလာက္ ဆာကာ၊ စမစ္သ္႐ိုးတို႔ေလာက္ အားကိုးျခင္းမခံရေသးဘဲ တကယ္တမ္းပြဲထြက္အသုံးျပဳျခင္းမွာေတာ့ နည္းပါးတာကို ေတြ႕ရေပမယ့္ မာတီနယ္လီကေတာ့ သူ႔ရဲ႕ေဒါသကို ေျခစြမ္းေပါက္ကြဲမႈအျဖစ္ ေျပာင္းလဲၿပီး အာတီတာကိုယ္တိုင္က ေက်နပ္ရေလာက္ေအာင္ သက္ေသျပေနၿပီဆိုတာ တပြဲနဲ႔တပြဲ ပိုသိသာေစသလို အူဘာမီယန္းရဲ႕ဂိုးကိုလည္း သူကဖန္တီးေပးသြားခဲ့တာပါ။

ခါးတသက္သက္နဲ႔ ဆိမ့္တဲ့ လူးဝစ္ဇ္
ေဒးဗစ္ လူးဝစၥဇ္ရဲ႕ကစားဟန္က ႐ူးမိုက္မႈတခ်ိဳ႕ ျပဳလုပ္တတ္ေပမယ့္ အခုလို ခံစစ္ေက်ာက္ခ်ကစားတဲ့ နယူးကာဆယ္လိုအသင္းမ်ိဳးရဲ႕ ကစားပုံနဲ႔ ထိပ္တိုက္ေတြ႕တဲ့အခါ ဝွက္ဖဲတခ်က္လို အသုံးဝင္တာေတြ႕ရၿပီး သူက ဒီပြဲရဲ႕အညႇာကို ကိုင္ႏိုင္တဲ့သူျဖစ္ခဲ့တာပါ။ ဘရာဇီးလ္သားဆီက နယူးကာဆယ္ရဲ႕ ခ်က္ေကာင္းကိုပစ္တဲ့ အေဝးေဘာ၊ အျမင့္ေဘာေတြေၾကာင့္ပဲ အာဆင္နယ္က ေစာေစာစီးစီး အဖြင့္ဂိုးနဲ႔အတူ ယုံယုံၾကည္ၾကည္နဲ႔ ႏိုင္ပြဲကို ယူသြားႏိုင္ခဲ့ပါတယ္။

ရႈံးေပမယ့္ တန္းဆင္းတာကို ေရွာင္လႊဲဖို႔ နီးစပ္သြားတဲ့ ငွက္က်ား
အခုပြဲ အိမ္ကြင္းမွာ ရႈံးခဲ့တဲ့ ငွက္က်ားတို႔က ဒီရာသီမွာ တန္းဆင္းရမယ့္အေရးနဲ႔ ႀကဳံေနခ်ိန္မွာ ဖူလ္ဟမ္ရဲ႕ ရႈံးပြဲကျဖစ္လာခဲ့ၿပီး လက္က်န္ပြဲအေရအတြက္နဲ႔ ခ်ိန္ထိုးၾကည့္တဲ့အခါ အဆင့္ ၁၇ မွာ ၇ မွတ္အသာရထားတာေၾကာင့္ စတိဘ႐ုစ္ရဲ႕အသင္းက တန္းမဆင္းရဖို႔ အေျခအေနေကာင္းသြားၿပီလို႔ ဆိုရမွာပါ။

ယူ႐ိုပါပြဲႀကိဳမွာ ေတာက္ပေနတဲ့ အူဘာမီယန္း
ဧၿပီအေစာပိုင္းက လီဗာပူးလ္ကို အေရးနိမ့္တဲ့ပြဲေနာက္ပိုင္း အာဆင္နယ္ရဲ႕ ပြဲထြက္လူစာရင္းမွာ မျမင္ေတြ႕ရေတာ့တဲ့ အူဘာမီယန္းကို ဒီေန႔မွာ တေက်ာ့ျပန္ ပြဲထြက္ကစားတာကို ျမင္ခဲ့ရၿပီး အဆုံးသတ္ပိုင္း ျပန္အားေကာင္းတာကို ေတြ႕ရတယ္။ အယ္လ္နီနီရဲ႕ အဖြင့္ဂိုးကို သူကဖန္တီးေပးခဲ့တာျဖစ္ၿပီး ကိုယ္တိုင္ကလည္း ဒုတိယဦးေဆာင္ဂိုးကို သြင္းယူခဲ့လို႔ ယုံၾကည္မႈေပးခဲ့တဲ့ အာတီတာကို ေက်နပ္ေစခဲ့တယ္။

လီႏိုကို ၿခိမ္းေျခာက္လာတဲ့ ႐ိုင္ယန္
ဒီရာသီမွာ တတိယအႀကိမ္ေျမာက္ ပြဲထြက္ခြင့္ကို မေမွ်ာ္လင့္ဘဲရခဲ့တဲ့ မက္သယူး ႐ိုင္ယန္က အာဆင္နယ္ရဲ႕ဂိုးေပါက္ကို စိတ္ခ်ေစခဲ့ၿပီး သူ႔ရဲ႕လက္စြမ္းျပမႈက တသင္းလုံးကို စိတ္ေအးေစခဲ့တာကို ေတြ႕ရတယ္။ ပထမႏွစ္ပြဲမွာ အရႈံးနဲ႔ သေရသာ ရခဲ့ၿပီး ဂိုးေပးခဲ့ရတဲ့ ႐ိုင္ယန္က ဒီပြဲမွာ အႏိုင္ရလဒ္နဲ႔အတူ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ခဲ့လို႔ လီႏိုရဲ႕ ေနရာကို ၿခိမ္းေျခာက္ဖို႔ သူ႔ကို အၿမဲတမ္းစာခ်ဳပ္ခ်ဳပ္ဆိုဖြယ္လည္း ရွိလာေနပါတယ္။

အႀကံထုတ္ေနတဲ့ အာတီတာ
ခ်ာကာကို ဘယ္ေနာက္ခံေနရာမွာ ဆက္သုံးခဲ့တဲ့ အာတီတာက ဒီေန႔ပြဲမွာ ခံစစ္ေလးေယာက္တန္းကို အသုံးျပဳၿပီး ခ်ာကာကို ကြင္းလယ္မွာ ျပန္ကစားခိုင္းတာ ဒါမွမဟုတ္ သူ႔ကို အနားေပးထားတာမ်ိဳး လုပ္ႏိုင္ေပမယ့္ ၂ မ်ိဳးစလုံးျငင္းပယ္သြားခဲ့ၿပီး ဗီလာရီးရဲလ္ကို ရင္ဆိုင္မယ့္ ကစားကြက္ကို အသင္းသားေတြ ႀကိဳတင္ အသားက်ေနေအာင္ အႀကံထုတ္သြားခဲ့တာကိုလည္း ေတြ႕ခဲ့ရတယ္လို႔လည္း ဆိုခ်င္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.