Premier League UCL&UEL

ဟာဗတ်ဇ်အစား ဆိုးရွားနေတဲ့ တီမို ဗာနာကို ရီးရဲလ်နဲ့ပွဲမှာ ဘာကြောင့်ဆက်သုံးသင့်လဲ

ခိုင်ဟာဗတ်ဇ်အစား ရစရာမရှိအောင် ညံ့ဖျင်းနေတဲ့ တီဗို ဗာနာကို ရီးရဲလ်နဲ့ပွဲမှာ ဘာကြောင့်ဆက်သုံးသင့်လဲလို့ တူဟယ်လ်ကို ရှင်းပြလိုက်တဲ့ ဖရန့်ခ် လူးဘတ်ဖ်က ချယ်လ်ဆီးရဲ့ မာရက်ဇ်အဖြစ် တင်စားထားသူကို ပွဲထွက်စေဖို့ တိုက်တွန်းထားပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ဆီမီး ဒုတိယအကျော့အဖြစ် ရီးရဲလ်အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လက်ခံကစားရမယ့်ပွဲဟာ အသင်းအတွက် ဒီရာသီရဲ့ အကြီးမားဆုံးပွဲဖြစ်လာမှာဖြစ်ပြီး ရစရာမရှိအောင် ညံ့ဖျင်းနေတဲ့ တီမို ဗာနာကို ဒီလိုပွဲမျိုးမှာ သေချာပေါက်သုံးသင့်ကြောင်း နည်း​ပြတူဟယ်လ်ကို တိုက်တွန်းခံထားရတာပါ။

ချယ်လ်ဆီးကစားသမားဟောင်း လူးဘတ်ဖ်က တူဟယ်လ်အနေနဲ့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး ဗာနာရဲ့စိတ်ဓာတ်ပိုင်းကို ဖြစ်နိုင်သမျှနည်းလမ်းနဲ့ အမြန်ဆုံးဆွဲတင်ပေးပြီး သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် No.9 နေရာမှာ မဖြစ်မနေသုံးရမယ်လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဗာနာဟာ ပရီးမီးယားလိဂ်မှာ ၃၂ ပွဲကစားပြီး ၆ ဂိုးသာ သွင်းယူထားသလို အပိုင်အခွင့်အရေးကောင်းတွေကို အဖြုန်းတီးနိုင်ဆုံး ကစားသမားစာရင်းမှာ နံပါတ် ၃ ချိတ်ထားသူလည်း ဖြစ်နေတာပါ။ ဒါက တူဟယ်လ်အတွက် သူ့ကို ရီးယဲလ်နဲ့ပွဲမှာ အားကိုးဖို့ အတော်လေးခေါင်းကိုက်စရာဖြစ်ပြီး False 9 ဆန်ဆန်ကစားပြီး ခြေစွမ်းမှန်ပြန်ရလာတဲ့ ခိုင်ဟာဗတ်ဇ်ကို ပွဲထုတ်ဖို့ရှိနေတယ်ဆိုတဲ့ သုံးသပ်မှုတွေကိုလည်း တွေ့ရတယ်။

“ရီးရဲလ်နဲ့ပွဲအတွက် အထောင်တိုက်စစ်နေရာမှာတော့ ကျွန်တော်က ဗာနာကိုပဲ ရွေးစေချင်တယ်။ မက်ဒရစ်မြေမှာတုန်းက သူ့ကိုကြည့်ရတာ ဂိုးမသွင်းတတ်တော့သလို ဖြစ်နေပြီး အရမ်းစိတ်ဓာတ်ကျနေတာကို တွေ့တယ်။ တကယ်တော့ သူက စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို လုပ်နိုင်သူပါ။”

“ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးပုံ၊ ဘောလုံးထိန်းသိမ်းပုံနဲ့ ကစားပုံကိုကြည့်ရင် သူ့ရဲ့ယုံကြည်မှုကို သေချာ ပြန်တည်ဆောက်နေတာကို တွေ့ရပြီး ရသမျှ အနေအထားကနေ အသင်းကို ဆွဲတင်နေတယ်”

“သူလက်မလျှော့ဘူး။ ဗာရန်းလို ခပ်ထွားထွားခံစစ်မှူးနဲ့ ရင်ဆိုင်မယ်ဆိုရင် ဗာနာက ကောင်းကောင်း ဒုက္ခပေးနိုင်တယ်။ သူ့ရဲ့ ကိုယ်လုံးသေးသေးနဲ့ ပြေးအားနဲ့ လှစ်ခနဲ လှစ်ခနဲ ကျော်ဖြတ်သွားနိုင်လို့ပဲ။ ဒါကြောင့် ခိုင်ဟာဗတ်ဇ်အစား ဗာနာကိုပဲ သုံးစေချင်တယ်” လို့ ချယ်လ်ဆီးကစားသမားဟောင်းက ပြောသွားခဲ့တာပါ။

ဒါ့အပြင် သူ့အနေနဲ့ ဟာကင်းမ် ဇီးယက်ရှ်ကိုလည်း ညာတောင်ပံတိုက်စစ်နေရာမှာသာ သုံးစေလိုပြီး တူဟယ်လ်ရဲ့အခင်းအကျင်းမှာ လက်ရှိအသုံးပြုနေတဲ့ နောက်ချန်တိုက်စစ်မှူး နံပါတ် ၁၀ နေရာက သူ့အတွက် နေရာကောင်းမဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။

“တင်စားရမယ်ဆို သူက ချယ်လ်ဆီးရဲ့မာရက်ဇ်ဗျ။ ကစားပုံက တကယ်ဆင်တူတယ်။ ပပ်က မာရက်ဇ်ကို ညာခြမ်းမှာ အံဝင်အောင် အမြဲသုံးခဲ့တယ်။ တခြားနေရာမှာ မကစားခိုင်းဘူး။ ဖူလ်ဟမ်နဲ့ပွဲမှာ ဇီးယက်ရှ်က နံပါတ် ၁၀ နေရာနဲ့ အံမဝင်လို့ စိတ်ပျက်နေတဲ့ပုံစံကို မြင်ခဲ့ကြတယ်မဟုတ်လား။ အဲဒါဟာ သူ့ရဲ့နေရာမှန်မဟုတ်ပါဘူး”လို့ သူက တူဟယ်လ်ကို အကြံပေးသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခိုင္ဟာဗတ္ဇ္အစား ရစရာမရွိေအာင္ ညံ့ဖ်င္းေနတဲ့ တီဗို ဗာနာကို ရီးရဲလ္နဲ႔ပြဲမွာ ဘာေၾကာင့္ဆက္သုံးသင့္လဲလို႔ တူဟယ္လ္ကို ရွင္းျပလိုက္တဲ့ ဖရန႔္ခ္ လူးဘတ္ဖ္က ခ်ယ္လ္ဆီးရဲ႕ မာရက္ဇ္အျဖစ္ တင္စားထားသူကို ပြဲထြက္ေစဖို႔ တိုက္တြန္းထားပါတယ္။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ လာမယ့္ ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္ဆီမီး ဒုတိယအေက်ာ့အျဖစ္ ရီးရဲလ္အသင္းကို စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ လက္ခံကစားရမယ့္ပြဲဟာ အသင္းအတြက္ ဒီရာသီရဲ႕ အႀကီးမားဆုံးပြဲျဖစ္လာမွာျဖစ္ၿပီး ရစရာမရွိေအာင္ ညံ့ဖ်င္းေနတဲ့ တီမို ဗာနာကို ဒီလိုပြဲမ်ိဳးမွာ ေသခ်ာေပါက္သုံးသင့္ေၾကာင္း နည္း​ျပတူဟယ္လ္ကို တိုက္တြန္းခံထားရတာပါ။

ခ်ယ္လ္ဆီးကစားသမားေဟာင္း လူးဘတ္ဖ္က တူဟယ္လ္အေနနဲ႔ ယုံၾကည္မႈေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉး ဗာနာရဲ႕စိတ္ဓာတ္ပိုင္းကို ျဖစ္ႏိုင္သမွ်နည္းလမ္းနဲ႔ အျမန္ဆုံးဆြဲတင္ေပးၿပီး သူ႔ကို အေထာင္တိုက္စစ္မႉးအျဖစ္ No.9 ေနရာမွာ မျဖစ္မေနသုံးရမယ္လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ဗာနာဟာ ပရီးမီးယားလိဂ္မွာ ၃၂ ပြဲကစားၿပီး ၆ ဂိုးသာ သြင္းယူထားသလို အပိုင္အခြင့္အေရးေကာင္းေတြကို အျဖဳန္းတီးႏိုင္ဆုံး ကစားသမားစာရင္းမွာ နံပါတ္ ၃ ခ်ိတ္ထားသူလည္း ျဖစ္ေနတာပါ။ ဒါက တူဟယ္လ္အတြက္ သူ႔ကို ရီးယဲလ္နဲ႔ပြဲမွာ အားကိုးဖို႔ အေတာ္ေလးေခါင္းကိုက္စရာျဖစ္ၿပီး False 9 ဆန္ဆန္ကစားၿပီး ေျခစြမ္းမွန္ျပန္ရလာတဲ့ ခိုင္ဟာဗတ္ဇ္ကို ပြဲထုတ္ဖို႔ရွိေနတယ္ဆိုတဲ့ သုံးသပ္မႈေတြကိုလည္း ေတြ႕ရတယ္။

“ရီးရဲလ္နဲ႔ပြဲအတြက္ အေထာင္တိုက္စစ္ေနရာမွာေတာ့ ကြၽန္ေတာ္က ဗာနာကိုပဲ ေ႐ြးေစခ်င္တယ္။ မက္ဒရစ္ေျမမွာတုန္းက သူ႔ကိုၾကည့္ရတာ ဂိုးမသြင္းတတ္ေတာ့သလို ျဖစ္ေနၿပီး အရမ္းစိတ္ဓာတ္က်ေနတာကို ေတြ႕တယ္။ တကယ္ေတာ့ သူက စိတ္ဝင္စားစရာေကာင္းတဲ့ အရာေတြကို လုပ္ႏိုင္သူပါ။”

“ၿပီးခဲ့တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဂိုးဖန္တီးပုံ၊ ေဘာလုံးထိန္းသိမ္းပုံနဲ႔ ကစားပုံကိုၾကည့္ရင္ သူ႔ရဲ႕ယုံၾကည္မႈကို ေသခ်ာ ျပန္တည္ေဆာက္ေနတာကို ေတြ႕ရၿပီး ရသမွ် အေနအထားကေန အသင္းကို ဆြဲတင္ေနတယ္”

“သူလက္မေလွ်ာ့ဘူး။ ဗာရန္းလို ခပ္ထြားထြားခံစစ္မႉးနဲ႔ ရင္ဆိုင္မယ္ဆိုရင္ ဗာနာက ေကာင္းေကာင္း ဒုကၡေပးႏိုင္တယ္။ သူ႔ရဲ႕ ကိုယ္လုံးေသးေသးနဲ႔ ေျပးအားနဲ႔ လွစ္ခနဲ လွစ္ခနဲ ေက်ာ္ျဖတ္သြားႏိုင္လို႔ပဲ။ ဒါေၾကာင့္ ခိုင္ဟာဗတ္ဇ္အစား ဗာနာကိုပဲ သုံးေစခ်င္တယ္” လို႔ ခ်ယ္လ္ဆီးကစားသမားေဟာင္းက ေျပာသြားခဲ့တာပါ။

ဒါ့အျပင္ သူ႔အေနနဲ႔ ဟာကင္းမ္ ဇီးယက္ရွ္ကိုလည္း ညာေတာင္ပံတိုက္စစ္ေနရာမွာသာ သုံးေစလိုၿပီး တူဟယ္လ္ရဲ႕အခင္းအက်င္းမွာ လက္ရွိအသုံးျပဳေနတဲ့ ေနာက္ခ်န္တိုက္စစ္မႉး နံပါတ္ ၁၀ ေနရာက သူ႔အတြက္ ေနရာေကာင္းမဟုတ္ဘူးလို႔ ဆိုသြားခဲ့ပါတယ္။

“တင္စားရမယ္ဆို သူက ခ်ယ္လ္ဆီးရဲ႕မာရက္ဇ္ဗ်။ ကစားပုံက တကယ္ဆင္တူတယ္။ ပပ္က မာရက္ဇ္ကို ညာျခမ္းမွာ အံဝင္ေအာင္ အၿမဲသုံးခဲ့တယ္။ တျခားေနရာမွာ မကစားခိုင္းဘူး။ ဖူလ္ဟမ္နဲ႔ပြဲမွာ ဇီးယက္ရွ္က နံပါတ္ ၁၀ ေနရာနဲ႔ အံမဝင္လို႔ စိတ္ပ်က္ေနတဲ့ပုံစံကို ျမင္ခဲ့ၾကတယ္မဟုတ္လား။ အဲဒါဟာ သူ႔ရဲ႕ေနရာမွန္မဟုတ္ပါဘူး”လို႔ သူက တူဟယ္လ္ကို အႀကံေပးသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.