Analysis Match Report Premier League

ရှက်ဖီးလ်ဒ်ကို အနိုင်ယူတဲ့ မေဆန်၊ ဟက်ထရစ်ရှင် ဘေးလ်၊ စင်ဒရဲလားမဖြစ်သေးတဲ့ ဟာရီကိန်း

ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနည်းပြ ရိုင်ယန် မေဆန်တစ်ယောက် ရာနှုန်းပြည့် ပရီးမီးယားလိဂ်နိုင်ပွဲအဖြစ် နှစ်ပွဲကစား နှစ်ပွဲနိုင်တဲ့ ရလဒ်ကို ပိုင်ဆိုင်သွားခဲ့ပြီး တကယ့်အရည်အသွေးမှန်ကို ပြသနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါတယ်။

ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်ပွဲနားခဲ့ရအပြီးမှာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် ကြိုးစားနေခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကတော့ အလောတကြီးနဲ့ အခွင့်အရေးများစွာကို ဖြုန်းတီးနေခဲ့ပြီး လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တစ်ဂိုးမှ ပါဝင်ပတ်သက်နိုင်ခြင်းမရှိခဲ့သလို ရွှေဖိနပ်နဲ့ တော်မယ့် စင်ဒရဲလားတော့ မဖြစ်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။

ရှေ့ပွဲတွေက ဂိုးမသွင်းနိုင်ရင်တောင် ဖန်တီးမှုမြင့်မားခဲ့တဲ့ အင်္ဂလန်ကပ္ပတိန်ရဲ့ အလွဲနဲ့ အလုပ်မဖြစ်ချိန်တွေမှာ ဟက်ထရစ်သွင်းဂိုးနဲ့ အစားဝင်ပေးခဲ့သူကတော့ အငှားခေါ်ယူထားတဲ့ ဂါရက်သ် ဘေးလ်ပဲဖြစ်ပြီး ပွဲချိန် ၃၆၊ ၆၁ နဲ့ ၆၉ မိနစ်တွေမှာ တိကျတဲ့ ဘယ်ခြေကန်ချက် သုံးကြိမ်နဲ့ စပါးစ်တို့ရဲ့ နိုင်ပွဲကို လှပစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာ လူကျွံလို့ ဂိုးမရတဲ့ ဒရာမာကင်းလေး ဆွန်ဟောင်မင်ကတော့ ဘာ့ဂ်ဗိန်းပေးတဲ့ ဘောလုံးကို ချော်လဲပြီး ပြိုကွဲသွားတဲ့ ရှက်ဖီးလ်ဒ်နောက်တန်းရဲ့ ရှေ့ကနေ အဝေးတိုင်ကို ကန်သွင်းယူခဲ့ပြီး နည်းပြ မေဆန်ရဲ့ ကွဲပြားခြားနားပြီး မော်ရင်ညိုနဲ့ မတူညီတဲ့ နည်းစနစ်တွေရဲ့ အလုပ်ဖြစ်ပုံကို ထင်ရှားသွားစေခဲ့ပါတယ်။

ပွဲအပြီးမှာ ဂါရက် ဘေးလ်ကတော့ အထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း မော်ရင်ညိုကို ထပ်မံတူးဆွခဲ့ပြီး သူတို့အသင်းအနေနဲ့ ဂိုးနဲ့ပိုပြီး ခပ်နီးနီးကစားခွင့်ရှိတာဟာ သွင်းဂိုးတွေကို ပိုမိုရယူစေနိုင်ကြောင်းဆိုခဲ့သလို ဘတ်စ်ကားကွက်ထက် သဘာဝကျတဲ့ တိုက်စစ်ကစားကွက်ကမှ စပါးစ်အသင်းရဲ့ အမှတ်တံဆိပ်ဖြစ်စေတယ်လို့လည်း ဆိုခဲ့ပါတယ်။

လွယ်ကူတဲ့ ပြိုင်ဘက်ဖြစ်တဲ့ တန်းဆင်း ရှက်ဖီးလ်ဒ်နဲ့ပွဲမှာ ဘာမှ ပါဝင်ပတ်သက်နိုင်ခြင်းမရှိခဲ့တဲ့ ဟာရီကိန်းကတော့ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၁ ဂိုးနဲ့ပဲ ဆက်လက်ကျေနပ်နေရချိန်မှာ လက်ကျန်ပွဲတွေဖြစ်တဲ့ လိဒ်စ်၊ ဝုလ်ဗ်စ်၊ ဗီလာနဲ့ လက်စတာပွဲတွေမှာ ဒီစုဆောင်းမှုကို တိုးမြှင့်နိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပြီး အနီးဆုံးပြိုင်ဘက် စိန့်၊ ဝက်စ်ဘရွန်း၊ ဘန်လေ၊ ပဲလေ့စ်၊ မန်ယူတို့နဲ့ ငါးပွဲ ကျန်ချိန်မှာ တစ်ဂိုးအကွာကနေ ဘာလုပ်ပြနိုင်မလဲ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

နည်းပြ မေဆန်အတွက်တော့ အိမ်ကွင်းနှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲစလုံး ကိုယ့်ထက် အားနည်းတဲ့ အသင်းတွေကို အနိုင်ရခဲ့တာက ချီးကျူးဖို့ အများကြီးတော့ မရှိသေးချိန်မှာ လိဒ်စ်၊ လက်စတာတို့နဲ့ အဝေးကွင်း၊ ကစားရခက်တဲ့ ဝုလ်ဗ်စ်နဲ့ အိမ်ကွင်းစာမေးပွဲတွေကို ဖြေဆိုပြီးမှ အောင်မှတ်ပေးဖို့ အကဲဖြတ်ရမှာဖြစ်ပြီး လက်ကျန်ပွဲတွေမှာ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းကို ကျော်ပြီး အဆင့်လေးကိုသာ ရောက်နိုင်ခဲ့ရင်တော့ ဂုဏ်ထူးမှတ်ပေးဖို့ လက်တွန့်စရာ မရှိလောက်ဘူးလို့လည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို အိမ္ကြင္းမွာ လက္ခံကစားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးနည္းျပ ႐ိုင္ယန္ ေမဆန္တစ္ေယာက္ ရာႏႈန္းျပည့္ ပရီးမီးယားလိဂ္ႏိုင္ပြဲအျဖစ္ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္တဲ့ ရလဒ္ကို ပိုင္ဆိုင္သြားခဲ့ၿပီး တကယ့္အရည္အေသြးမွန္ကို ျပသႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့ပါတယ္။

ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ တစ္ပြဲနားခဲ့ရအၿပီးမွာ ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ဆုအတြက္ ႀကိဳးစားေနခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းကေတာ့ အေလာတႀကီးနဲ႔ အခြင့္အေရးမ်ားစြာကို ျဖဳန္းတီးေနခဲ့ၿပီး ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ တစ္ဂိုးမွ ပါဝင္ပတ္သက္ႏိုင္ျခင္းမရွိခဲ့သလို ေ႐ႊဖိနပ္နဲ႔ ေတာ္မယ့္ စင္ဒရဲလားေတာ့ မျဖစ္ခဲ့ဘူးလို႔ပဲ ဆိုရမွာပါ။

ေရွ႕ပြဲေတြက ဂိုးမသြင္းႏိုင္ရင္ေတာင္ ဖန္တီးမႈျမင့္မားခဲ့တဲ့ အဂၤလန္ကပၸတိန္ရဲ႕ အလြဲနဲ႔ အလုပ္မျဖစ္ခ်ိန္ေတြမွာ ဟက္ထရစ္သြင္းဂိုးနဲ႔ အစားဝင္ေပးခဲ့သူကေတာ့ အငွားေခၚယူထားတဲ့ ဂါရက္သ္ ေဘးလ္ပဲျဖစ္ၿပီး ပြဲခ်ိန္ ၃၆၊ ၆၁ နဲ႔ ၆၉ မိနစ္ေတြမွာ တိက်တဲ့ ဘယ္ေျခကန္ခ်က္ သုံးႀကိမ္နဲ႔ စပါးစ္တို႔ရဲ႕ ႏိုင္ပြဲကို လွပေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာ လူကြၽံလို႔ ဂိုးမရတဲ့ ဒရာမာကင္းေလး ဆြန္ေဟာင္မင္ကေတာ့ ဘာ့ဂ္ဗိန္းေပးတဲ့ ေဘာလုံးကို ေခ်ာ္လဲၿပီး ၿပိဳကြဲသြားတဲ့ ရွက္ဖီးလ္ဒ္ေနာက္တန္းရဲ႕ ေရွ႕ကေန အေဝးတိုင္ကို ကန္သြင္းယူခဲ့ၿပီး နည္းျပ ေမဆန္ရဲ႕ ကြဲျပားျခားနားၿပီး ေမာ္ရင္ညိဳနဲ႔ မတူညီတဲ့ နည္းစနစ္ေတြရဲ႕ အလုပ္ျဖစ္ပုံကို ထင္ရွားသြားေစခဲ့ပါတယ္။

ပြဲအၿပီးမွာ ဂါရက္ ေဘးလ္ကေတာ့ အထုတ္ပယ္ခံခဲ့ရတဲ့ နည္းျပေဟာင္း ေမာ္ရင္ညိဳကို ထပ္မံတူးဆြခဲ့ၿပီး သူတို႔အသင္းအေနနဲ႔ ဂိုးနဲ႔ပိုၿပီး ခပ္နီးနီးကစားခြင့္ရွိတာဟာ သြင္းဂိုးေတြကို ပိုမိုရယူေစႏိုင္ေၾကာင္းဆိုခဲ့သလို ဘတ္စ္ကားကြက္ထက္ သဘာဝက်တဲ့ တိုက္စစ္ကစားကြက္ကမွ စပါးစ္အသင္းရဲ႕ အမွတ္တံဆိပ္ျဖစ္ေစတယ္လို႔လည္း ဆိုခဲ့ပါတယ္။

လြယ္ကူတဲ့ ၿပိဳင္ဘက္ျဖစ္တဲ့ တန္းဆင္း ရွက္ဖီးလ္ဒ္နဲ႔ပြဲမွာ ဘာမွ ပါဝင္ပတ္သက္ႏိုင္ျခင္းမရွိခဲ့တဲ့ ဟာရီကိန္းကေတာ့ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၁ ဂိုးနဲ႔ပဲ ဆက္လက္ေက်နပ္ေနရခ်ိန္မွာ လက္က်န္ပြဲေတြျဖစ္တဲ့ လိဒ္စ္၊ ဝုလ္ဗ္စ္၊ ဗီလာနဲ႔ လက္စတာပြဲေတြမွာ ဒီစုေဆာင္းမႈကို တိုးျမႇင့္ႏိုင္မလား ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး အနီးဆုံးၿပိဳင္ဘက္ စိန႔္၊ ဝက္စ္ဘ႐ြန္း၊ ဘန္ေလ၊ ပဲေလ့စ္၊ မန္ယူတို႔နဲ႔ ငါးပြဲ က်န္ခ်ိန္မွာ တစ္ဂိုးအကြာကေန ဘာလုပ္ျပႏိုင္မလဲ စိတ္ဝင္စားဖို႔ ေကာင္းေနခဲ့ပါတယ္။

နည္းျပ ေမဆန္အတြက္ေတာ့ အိမ္ကြင္းႏွစ္ပြဲကစားၿပီးခ်ိန္မွာ ႏွစ္ပြဲစလုံး ကိုယ့္ထက္ အားနည္းတဲ့ အသင္းေတြကို အႏိုင္ရခဲ့တာက ခ်ီးက်ဴးဖို႔ အမ်ားႀကီးေတာ့ မရွိေသးခ်ိန္မွာ လိဒ္စ္၊ လက္စတာတို႔နဲ႔ အေဝးကြင္း၊ ကစားရခက္တဲ့ ဝုလ္ဗ္စ္နဲ႔ အိမ္ကြင္းစာေမးပြဲေတြကို ေျဖဆိုၿပီးမွ ေအာင္မွတ္ေပးဖို႔ အကဲျဖတ္ရမွာျဖစ္ၿပီး လက္က်န္ပြဲေတြမွာ လီဗာပူးလ္နဲ႔ ဝက္စ္ဟမ္းကို ေက်ာ္ၿပီး အဆင့္ေလးကိုသာ ေရာက္ႏိုင္ခဲ့ရင္ေတာ့ ဂုဏ္ထူးမွတ္ေပးဖို႔ လက္တြန႔္စရာ မရွိေလာက္ဘူးလို႔လည္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.