Analysis Match Report Serie A

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရော်နယ်လ်ဒိုရဲ့ နှစ်ဂိုးနဲ့ အဆင့်သုံးရောက်တဲ့ ဂျူဗီရဲ့နိုင်ပွဲ

အင်တာမီလန်အသင်း ဗိုလ်စွဲသွားခဲ့တဲ့ စီးရီးအေရဲ့ ပွဲစဉ် ၃၄ မှာ အတ္တလန်တာ၊ အေစီမီလန်နဲ့ နာပိုလီတို့ရဲ့ ထိပ်ဆုံးလေးသင်းထဲ သာယာနေမှုကို အလိုမရှိတဲ့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရှာဖွေနေရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ခဲ့ပါတယ်။

အူဒီးနီးစ်အသင်းရဲ့ ကွင်းမှာ ပထမပိုင်းပွဲချိန် ၁၀ မိနစ်မှာ လီဗာပူးလ်က အလိုရှိနေတယ်လို့ အသံထွက်နေခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ရိုဒရီဂို ဒီပေါလ်ရဲ့ ဖရီးကစ်က အမြန်ပေးပို့မှုကို တောင်ပံကစားသမား နာဟူးလ် မိုလီနာက ညာခြမ်းကနေ အပြင်းကန်သွင်းပြီး ဂိုးသမား ရှက်ချနီကို အနိုင်ယူသွားခဲ့လို့ ဂျူဗင်တပ်စ်တို့ နောက်က လိုက်ကစားခဲ့ရတာပါ။

စတုတ်စီးတီးလား ဂျူဗီလား မသဲကွဲတဲ့ ကွင်းလယ်ဖန်တီးရှင်ဟောင်းကြီး ဆရာ ပီယာလို ကိုင်တွယ်နေတဲ့ အသင်းကတော့ ကန်တင်ပြေးကစားကွက်နဲ့ အထင်ကြီးစရာ မရှိခဲ့ဘဲ ပရီးမီးယားလိဂ်အသင်းလေးတွေတောင် ပြန်အမ်းကြမယ့် ကွာဒရာဒိုကိုလည်း တောင်ပံမှာ သုံးစွဲနေခဲ့တာက အသင်းရဲ့ တိုက်စစ်မှာ ရော်နယ်လ်ဒိုနဲ့ မိုရာတာတို့ကို ထိရောက်တဲ့ အခွင့်အရေးတွေ နည်းပါးစေခဲ့ပါတယ်။

မက်ကင်နီနဲ့ ဘန်တာကာတို့ကို အထိုင်ချထားတဲ့ ကွင်းလယ်ကတော့ ဘောလုံးထွက်တာနဲ့ ဖန်တီးမှုပိုင်းမှာ အားနည်းနေလို့ ဒုတိယပိုင်းပွဲပြီးခါနီး အူဒီးနီးစ်တို့ ကစားအားမကျခင်အထိ ရုန်းကန်ခဲ့ရသလို ပွဲချိန် ၈၁ မိနစ်မှာ သူများကို သူက ဘောလုံးမထိဘဲ ဝင်ဖျက်ပြီးမှ တစ်ဖက်လူထက်ဦးအောင် ဟန်ဆောင်လှိမ့်ချပြီး ဂိုးဧရိယာထိပ်မှာ ဖရီးကစ်ယူသွားခဲ့တဲ့ ကွာဒရာဒိုရဲ့ ဂျင်းမမိခင်အထိတော့ အိမ်ရှင်တွေ သာယာနေခဲ့တာဖြစ်ပါတယ်။

ဒါကတော့ ဘယ်လိုပဲ ကောင်းတယ်ဆိုးတယ် ဝေဖန်ပါစေ ပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဒီကနေ ရော်နယ်လ်ဒိုရဲ့ ကန်သွင်းမှုက လူတံတိုင်း ကာကွယ်တဲ့ ဒီပေါလ်ရဲ့ ဆန့်ထုတ်ထားတဲ့ တံတောင်နဲ့ထိပြီး ဒိုင်လူကြီးအတွက် ဝေဝါးစရာမလိုတဲ့ ပင်နယ်တီဖြစ်ခဲ့ချိန်မှာ ပေါ်တူဂီသားကြီးက အမှားအယွင်းမရှိဘဲ ပွဲချိန် ၈၃ မိနစ်မှာ ကန်သွင်းချေပခဲ့တာဖြစ်ပါတယ်။

ချေပဂိုးနဲ့ အားတက်သွားတဲ့ ပီယာလိုရဲ့ အနိုင်ရဖို့အတွက် ထည့်သွင်းလိုက်တဲ့ နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ရာဗျိုကတော့ အလုပ်ဖြစ်ခဲ့ပြီး ကွင်းလယ်ဘယ်ခြမ်းမှာ ကစားပုံကောင်းခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာတော့ သူ့ရဲ့ ဖြတ်တင်ဘောကို ရော်နယ်လ်ဒိုကပဲ ခေါင်းပြေးတိုက်ပြီး ထောင့်ကျဉ်းမို့ အထင်သေးတဲ့ အူဒီးနီးစ်ဂိုးသမားကို ၆ မိနစ်အတွင်း ဒုတိယဂိုးနဲ့ ပညာပေးသွားခဲ့တာဖြစ်ပါတယ်။

ဝေဖန်မှုတွေ ဘယ်လိုပဲရှိနေပါစေ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြနေဆဲဖြစ်တဲ့ ပေါ်တူဂီသားကြီးရဲ့ ရုန်းအားနဲ့ တည်ငြိမ်မှုကတော့ ဂျူဗင်တပ်စ်ပရိသတ်တွေ တောင်းပန်သင့်တဲ့ ကောင်းခြင်းမင်္ဂလာဖြစ်ခဲ့ပြီး အမှတ်ပေးဇယားမှာ နာပိုလီကို ကျော်တက်နိုင်ခဲ့သလို အမှတ်တူနေတဲ့ အတ္တလန်တာထက် ဂိုးကွာခြားမှုနည်း၊ အေစီမီလန်ထက် ဂိုးကွာခြားမှုအသာနဲ့ အဆင့် ၅ ကနေ အဆင့် ၃ အထိ ဂျူဗင်တပ်စ်တို့ တက်လှမ်းနိုင်အောင် တွန်းတင်ပေးနိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာမီလန္အသင္း ဗိုလ္စြဲသြားခဲ့တဲ့ စီးရီးေအရဲ႕ ပြဲစဥ္ ၃၄ မွာ အတၱလန္တာ၊ ေအစီမီလန္နဲ႔ နာပိုလီတို႔ရဲ႕ ထိပ္ဆုံးေလးသင္းထဲ သာယာေနမႈကို အလိုမရွိတဲ့ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရွာေဖြေနရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ အခြင့္အလမ္းေတြကို ဆုပ္ကိုင္ထားႏိုင္ဆဲျဖစ္ခဲ့ပါတယ္။

အူဒီးနီးစ္အသင္းရဲ႕ ကြင္းမွာ ပထမပိုင္းပြဲခ်ိန္ ၁၀ မိနစ္မွာ လီဗာပူးလ္က အလိုရွိေနတယ္လို႔ အသံထြက္ေနခဲ့တဲ့ ကြင္းလယ္ၾကယ္ပြင့္ ႐ိုဒရီဂို ဒီေပါလ္ရဲ႕ ဖရီးကစ္က အျမန္ေပးပို႔မႈကို ေတာင္ပံကစားသမား နာဟူးလ္ မိုလီနာက ညာျခမ္းကေန အျပင္းကန္သြင္းၿပီး ဂိုးသမား ရွက္ခ်နီကို အႏိုင္ယူသြားခဲ့လို႔ ဂ်ဴဗင္တပ္စ္တို႔ ေနာက္က လိုက္ကစားခဲ့ရတာပါ။

စတုတ္စီးတီးလား ဂ်ဴဗီလား မသဲကြဲတဲ့ ကြင္းလယ္ဖန္တီးရွင္ေဟာင္းႀကီး ဆရာ ပီယာလို ကိုင္တြယ္ေနတဲ့ အသင္းကေတာ့ ကန္တင္ေျပးကစားကြက္နဲ႔ အထင္ႀကီးစရာ မရွိခဲ့ဘဲ ပရီးမီးယားလိဂ္အသင္းေလးေတြေတာင္ ျပန္အမ္းၾကမယ့္ ကြာဒရာဒိုကိုလည္း ေတာင္ပံမွာ သုံးစြဲေနခဲ့တာက အသင္းရဲ႕ တိုက္စစ္မွာ ေရာ္နယ္လ္ဒိုနဲ႔ မိုရာတာတို႔ကို ထိေရာက္တဲ့ အခြင့္အေရးေတြ နည္းပါးေစခဲ့ပါတယ္။

မက္ကင္နီနဲ႔ ဘန္တာကာတို႔ကို အထိုင္ခ်ထားတဲ့ ကြင္းလယ္ကေတာ့ ေဘာလုံးထြက္တာနဲ႔ ဖန္တီးမႈပိုင္းမွာ အားနည္းေနလို႔ ဒုတိယပိုင္းပြဲၿပီးခါနီး အူဒီးနီးစ္တို႔ ကစားအားမက်ခင္အထိ ႐ုန္းကန္ခဲ့ရသလို ပြဲခ်ိန္ ၈၁ မိနစ္မွာ သူမ်ားကို သူက ေဘာလုံးမထိဘဲ ဝင္ဖ်က္ၿပီးမွ တစ္ဖက္လူထက္ဦးေအာင္ ဟန္ေဆာင္လွိမ့္ခ်ၿပီး ဂိုးဧရိယာထိပ္မွာ ဖရီးကစ္ယူသြားခဲ့တဲ့ ကြာဒရာဒိုရဲ႕ ဂ်င္းမမိခင္အထိေတာ့ အိမ္ရွင္ေတြ သာယာေနခဲ့တာျဖစ္ပါတယ္။

ဒါကေတာ့ ဘယ္လိုပဲ ေကာင္းတယ္ဆိုးတယ္ ေဝဖန္ပါေစ ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး ဒီကေန ေရာ္နယ္လ္ဒိုရဲ႕ ကန္သြင္းမႈက လူတံတိုင္း ကာကြယ္တဲ့ ဒီေပါလ္ရဲ႕ ဆန႔္ထုတ္ထားတဲ့ တံေတာင္နဲ႔ထိၿပီး ဒိုင္လူႀကီးအတြက္ ေဝဝါးစရာမလိုတဲ့ ပင္နယ္တီျဖစ္ခဲ့ခ်ိန္မွာ ေပၚတူဂီသားႀကီးက အမွားအယြင္းမရွိဘဲ ပြဲခ်ိန္ ၈၃ မိနစ္မွာ ကန္သြင္းေခ်ပခဲ့တာျဖစ္ပါတယ္။

ေခ်ပဂိုးနဲ႔ အားတက္သြားတဲ့ ပီယာလိုရဲ႕ အႏိုင္ရဖို႔အတြက္ ထည့္သြင္းလိုက္တဲ့ ႏွစ္ဦးထဲက တစ္ဦးျဖစ္တဲ့ ရာဗ်ိဳကေတာ့ အလုပ္ျဖစ္ခဲ့ၿပီး ကြင္းလယ္ဘယ္ျခမ္းမွာ ကစားပုံေကာင္းခဲ့သလို ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ သူ႔ရဲ႕ ျဖတ္တင္ေဘာကို ေရာ္နယ္လ္ဒိုကပဲ ေခါင္းေျပးတိုက္ၿပီး ေထာင့္က်ဥ္းမို႔ အထင္ေသးတဲ့ အူဒီးနီးစ္ဂိုးသမားကို ၆ မိနစ္အတြင္း ဒုတိယဂိုးနဲ႔ ပညာေပးသြားခဲ့တာျဖစ္ပါတယ္။

ေဝဖန္မႈေတြ ဘယ္လိုပဲရွိေနပါေစ ကိုယ့္အလုပ္ကိုယ္ အေကာင္းဆုံးလုပ္ျပေနဆဲျဖစ္တဲ့ ေပၚတူဂီသားႀကီးရဲ႕ ႐ုန္းအားနဲ႔ တည္ၿငိမ္မႈကေတာ့ ဂ်ဴဗင္တပ္စ္ပရိသတ္ေတြ ေတာင္းပန္သင့္တဲ့ ေကာင္းျခင္းမဂၤလာျဖစ္ခဲ့ၿပီး အမွတ္ေပးဇယားမွာ နာပိုလီကို ေက်ာ္တက္ႏိုင္ခဲ့သလို အမွတ္တူေနတဲ့ အတၱလန္တာထက္ ဂိုးကြာျခားမႈနည္း၊ ေအစီမီလန္ထက္ ဂိုးကြာျခားမႈအသာနဲ႔ အဆင့္ ၅ ကေန အဆင့္ ၃ အထိ ဂ်ဴဗင္တပ္စ္တို႔ တက္လွမ္းႏိုင္ေအာင္ တြန္းတင္ေပးႏိုင္ခဲ့တဲ့ ပြဲစဥ္ျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.