Bundesliga Premier League

ဆာေနးအတြက္ ဘိုင္ယန္နဲ႔ မန္ခ်က္စတာစီးတီးတုိ႔ စကားေျပာေနၿပီး အလဲအထပ္လုပ္ဖြယ္ရွိ

မန္ခ်က္စတာစီးတီးအသင္းကေန ထြက္ခြာဖို႔ မ်ားေနတဲ့ ဂ်ာမန္ေတာင္ပံကစားသမား လီ႐ြဳိင္း ဆာေနးအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေဆြးေႏြးမွဳေတြ စတင္ေနၿပီျဖစ္ၿပီး ေႏြရာသီအတြက္ ႀကဳိတင္ညႇိႏွဳိင္းမွဳေတြ ျပဳလုပ္ေနရာမွာ ကစားသမားအလဲအထပ္ပုံစံမ်ဳိးနဲ႔ အေျပာင္းအေရႊ႕ျဖစ္ေပၚဖြယ္ရွိေနပါတယ္။

ဒူးအရြတ္စုတ္ျပဲတဲ့ ဒဏ္ရာကေန သက္သာလာခဲ့ၿပီး ႀကံ့ခိုင္မွဳျပည့္ဝေအာင္ ေဆာင္ရြက္ေနခဲ့တဲ့ ဂ်ာမန္လက္ေရြးစင္ေတာင္ပံသမားအတြက္ မန္ခ်က္စတာစီးတီးအေနနဲ႔ ဘုိင္ယန္ျမဴးနစ္ကေန ထြက္ခြာမယ္လုိ႔ သတင္းေျပးေနတဲ့ ေဒးဗစ္ အလာဘာကို အလိုရွိေနတာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ နည္းစနစ္ပိုင္းအတြက္ အဓိကက်မယ့္သူလုိ႔လည္း ရွဳျမင္ထားပါတယ္။

ဂ်ာမန္ကစားသမားေတြအတြက္ေတာ့ ဘုိင္ယန္ျမဴးနစ္ဆုိတာဟာ သူတုိ႔ရဲ႕ ကစားသမားဘဝမွာ မျဖစ္မေန အေရာက္သြားရမယ့္ ေနရာတစ္ခု ျဖစ္ေနၿပီး ဒါဟာ သူတို႔ေတြအားလုံးရဲ႕ ငယ္ဘဝအိပ္မက္လည္းျဖစ္ေနလုိ႔ မန္စီးတီးအေနနဲ႔ ဆာေနးကို ဆက္လက္ထိန္းသိမ္းထားႏုိင္ဖို႔ထက္ သူ႕ရဲ႕ အေျပာင္းအေရႊ႕ကေန အက်ဳိးရွိဖို႔ပဲ လုပ္ေဆာင္သြားဖို႔ ရွိေနပါတယ္။

ဘိုင္ယန္နည္းျပေဟာင္း ဂြါဒီယိုလာအေနနဲ႔ သူနဲ႔ လက္တြဲဖူးသလို တုိက္စစ္ေရာ ခံစစ္မွာပါ စိတ္ခ်ရၿပီး လိုအပ္ရင္ သုံးေယာက္တန္းေနာက္ခံအစြန္လူအျဖစ္ပါ အသုံးေတာ္ခံႏုိင္တဲ့ နည္းစနစ္ပုိင္းအရ တန္ဖိုးရွိမယ့္ အသက္ ၂၇ ႏွစ္အရြယ္ ၾသစႀတီးယားလက္ေရြးစင္ကို ရရွိမယ္ဆုိရင္ေတာ့ ဆာေနးကို လက္လႊတ္ဖို႔ အဆင္သင့္ရွိေနတာပါ။

ကစားသမားဘဝကို ကြင္းလယ္လူအျဖစ္ စတင္ခဲ့တဲ့ ေဒးဗစ္ အလာဘာအေနနဲ႔ လိုအပ္ရင္ ဆာေနးရဲ႕ ဘယ္ေတာင္ပံမွာပါ တုိက္စစ္ကစားႏုိင္သလို ဂြါဒီယိုလာရဲ႕ Inverted Full Back Role မွာပါ အေကာင္းဆုံး အံဝင္ႏုိင္လို႔ မန္ခ်က္စတာစီးတီးတုိ႔အေနနဲ႔ ဒီအေျပာင္းအေရႊ႕ကေန ေပါင္သန္းဆယ္ဂဏန္းကိုလည္း ျပန္လည္ရွာေဖြသြားႏုိင္မွာျဖစ္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: TRIBAL FOOTBALL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာဖို့ များနေတဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်း ဆာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပြီး နွေရာသီအတွက် ကြိုတင်ညှိနှိုင်းမှုတွေ ပြုလုပ်နေရာမှာ ကစားသမားအလဲအထပ်ပုံစံမျိုးနဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိနေပါတယ်။

ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကနေ သက်သာလာခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝအောင် ဆောင်ရွက်နေခဲ့တဲ့ ဂျာမန်လက်ရွေးစင်တောင်ပံသမားအတွက် မန်ချက်စတာစီးတီးအနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ်လို့ သတင်းပြေးနေတဲ့ ဒေးဗစ် အလာဘာကို အလိုရှိနေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းအတွက် အဓိကကျမယ့်သူလို့လည်း ရှုမြင်ထားပါတယ်။

ဂျာမန်ကစားသမားတွေအတွက်တော့ ဘိုင်ယန်မြူးနစ်ဆိုတာဟာ သူတို့ရဲ့ ကစားသမားဘဝမှာ မဖြစ်မနေ အရောက်သွားရမယ့် နေရာတစ်ခု ဖြစ်နေပြီး ဒါဟာ သူတို့တွေအားလုံးရဲ့ ငယ်ဘဝအိပ်မက်လည်းဖြစ်နေလို့ မန်စီးတီးအနေနဲ့ ဆာနေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ထက် သူ့ရဲ့ အပြောင်းအရွှေ့ကနေ အကျိုးရှိဖို့ပဲ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

ဘိုင်ယန်နည်းပြဟောင်း ဂွါဒီယိုလာအနေနဲ့ သူနဲ့ လက်တွဲဖူးသလို တိုက်စစ်ရော ခံစစ်မှာပါ စိတ်ချရပြီး လိုအပ်ရင် သုံးယောက်တန်းနောက်ခံအစွန်လူအဖြစ်ပါ အသုံးတော်ခံနိုင်တဲ့ နည်းစနစ်ပိုင်းအရ တန်ဖိုးရှိမယ့် အသက် ၂၇ နှစ်အရွယ် သြစတြီးယားလက်ရွေးစင်ကို ရရှိမယ်ဆိုရင်တော့ ဆာနေးကို လက်လွှတ်ဖို့ အဆင်သင့်ရှိနေတာပါ။

ကစားသမားဘဝကို ကွင်းလယ်လူအဖြစ် စတင်ခဲ့တဲ့ ဒေးဗစ် အလာဘာအနေနဲ့ လိုအပ်ရင် ဆာနေးရဲ့ ဘယ်တောင်ပံမှာပါ တိုက်စစ်ကစားနိုင်သလို ဂွါဒီယိုလာရဲ့ Inverted Full Back Role မှာပါ အကောင်းဆုံး အံဝင်နိုင်လို့ မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီအပြောင်းအရွှေ့ကနေ ပေါင်သန်းဆယ်ဂဏန်းကိုလည်း ပြန်လည်ရှာဖွေသွားနိုင်မှာဖြစ်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: TRIBAL FOOTBALL
PHOTOS CREDIT TO OWNERS
SPORTS A2Z.