Bundesliga Premier League

လုိက္ပ္ဇစ္ကေန ထြက္ခြင့္ေတာင္းလုိက္တဲ့ အူပါမီကာႏိုနဲ႔ အာဆင္နယ္ နီးစပ္ေတာ့မလား

အာဆင္နယ္အသင္းက စိတ္ဝင္စားေနတဲ့ ေနာက္ခံလူ ဒါယို အူပါမီကာႏုိဟာ လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ဘြန္ဒက္စ္လီဂါကလပ္ RB လုိက္ပ္ဇစ္အသင္းကေန ထြက္ခြာဖို႔အတြက္ ေျပာင္းေရႊ႕ခြင့္ေတာင္းခံလုိက္ၿပီလို႔ ဂ်ာမနီအေျခစိုက္ အားကစားသတင္းဌာန Bild က ေဖာ္ျပလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက အာဆင္နယ္အသင္းနဲ႔ နီးစပ္ခဲ့ဖူးၿပီး သူတုိ႔အသင္းဘက္ ေတာင္းဆိုတဲ့ ေပါင္ ၇၂ သန္းကို ဘယ္လိုမွ ညႇိမရႏုိင္ခဲ့လို႔သာ ဒီကစားသမားနဲ႔ ဂန္းနားေတြ မနီးစပ္ခဲ့တာျဖစ္ၿပီး တာဝန္ရွိသူေတြအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕ကာလေတြအထိ ေစာင့္ဆုိင္းရဖို႔ ရွိေနခဲ့တာပါ။

အူပါမီကာႏိုရဲ႕ စာခ်ဳပ္ပါ အခ်က္အလက္ေတြအရ သူ႕ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ တစ္ရာသီကို ေပါင္ ၁၇ သန္း ေလ်ာ့က်ေလ့ရွိၿပီး လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာဆုိရင္ေတာ့ အာဆင္နယ္အသင္းအေနနဲ႔ တတ္ႏုိင္မယ့္ ပမာဏကိုလည္း ေရာက္လာႏုိင္မွာျဖစ္လုိ႔ အေျခအေနေတြက ပုိၿပီး စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္ေနာက္ခံလူဟာ RB လုိက္ပ္ဇစ္အသင္းအတြက္ အဓိကေနရာကေန ပါဝင္ကစားေပးထားခဲ့ၿပီး အသင္းအတြက္ ၿပဳိင္ပြဲစုံ ၂၉ ပြဲ ကစားေပးထားခဲ့သလို ႏုိင္ငံအသင္းရဲ႕ ယူ-၂၁ နဲ႔လည္း ၁၄ ပြဲ အစမ္းသပ္ခံခဲ့ၿပီးျဖစ္လို႔ ဥေရာပအဆင့္မွာ တစ္ဆင့္ျမင့္တဲ့ ပရီးမီးယားလိဂ္နဲ႔ ကစားဖို႔ အဆင္သင့္ျဖစ္ေနသူလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အဓိက အားကိုးေနရတဲ့ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အသက္အရြယ္ႀကီးရင့္လာသလို ေျခစြမ္းမွာ သံသယ ျဖစ္စရာေတြ ရွိေနခဲ့တဲ့ ဆုိကရာတစ္၊ မူစတာဖီတုိ႔အေနနဲ႔လည္း အသင္းကေန ထြက္ခြာသြားႏုိင္လို႔ အရန္သင့္သုံးလုိ႔ရမယ့္ လူငယ္ခံစစ္မွဴး အူပါမီကာႏို အတြက္ တာဝန္ရွိသူေတြ ေႏြရာသီမွာ ဘယ္ေလာက္ႀကဳိးစားသြားႏုိင္မလဲဆုိတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုဟာ လာမယ့်အပြောင်းအရွှေ့ကာလမှာ ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့အတွက် ပြောင်းရွှေ့ခွင့်တောင်းခံလိုက်ပြီလို့ ဂျာမနီအခြေစိုက် အားကစားသတင်းဌာန Bild က ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းနဲ့ နီးစပ်ခဲ့ဖူးပြီး သူတို့အသင်းဘက် တောင်းဆိုတဲ့ ပေါင် ၇၂ သန်းကို ဘယ်လိုမှ ညှိမရနိုင်ခဲ့လို့သာ ဒီကစားသမားနဲ့ ဂန်းနားတွေ မနီးစပ်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလတွေအထိ စောင့်ဆိုင်းရဖို့ ရှိနေခဲ့တာပါ။

အူပါမီကာနိုရဲ့ စာချုပ်ပါ အချက်အလက်တွေအရ သူ့ရဲ့ စာချုပ်လျော်ကြေးဟာ တစ်ရာသီကို ပေါင် ၁၇ သန်း လျော့ကျလေ့ရှိပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာဆိုရင်တော့ အာဆင်နယ်အသင်းအနေနဲ့ တတ်နိုင်မယ့် ပမာဏကိုလည်း ရောက်လာနိုင်မှာဖြစ်လို့ အခြေအနေတွေက ပိုပြီး စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ RB လိုက်ပ်ဇစ်အသင်းအတွက် အဓိကနေရာကနေ ပါဝင်ကစားပေးထားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားပေးထားခဲ့သလို နိုင်ငံအသင်းရဲ့ ယူ-၂၁ နဲ့လည်း ၁၄ ပွဲ အစမ်းသပ်ခံခဲ့ပြီးဖြစ်လို့ ဥရောပအဆင့်မှာ တစ်ဆင့်မြင့်တဲ့ ပရီးမီးယားလိဂ်နဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေသူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အဓိက အားကိုးနေရတဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်ရဲ့ အသက်အရွယ်ကြီးရင့်လာသလို ခြေစွမ်းမှာ သံသယ ဖြစ်စရာတွေ ရှိနေခဲ့တဲ့ ဆိုကရာတစ်၊ မူစတာဖီတို့အနေနဲ့လည်း အသင်းကနေ ထွက်ခွာသွားနိုင်လို့ အရန်သင့်သုံးလို့ရမယ့် လူငယ်ခံစစ်မှူး အူပါမီကာနို အတွက် တာဝန်ရှိသူတွေ နွေရာသီမှာ ဘယ်လောက်ကြိုးစားသွားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.