Premier League Transfer News

ယူနိုက်တက်စတားကို သူ့ဖောက်သည် ရီးရဲလ်ဆရာတစ်ပါးနဲ့ ဒဲ့လဲမလားဆိုတဲ့ ရိုင်ယိုလာ

ဘောလုံးလောကရဲ့ စူပါအေးဂျင့်ဖြစ်တဲ့ မီနို ရိုင်ယိုလာက ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စူပါစတားနှစ်ဦးဖြစ်တဲ့ ရဲရဲတင်းတင်းပဲ အလဲအထပ်လုပ်လိုကြောင်း ပြောသွားခဲ့ပြီး အဲဒီကစားသမားနှစ်ဦးကတော့ ပေါ့ဘာနဲ့ ဟာဇက်ပါ။

ပေါ့ဘာကို ယူနိုက်တက်ကနေ ရီးရဲလ်ဆီ ပြောင်းခိုင်းဖို့ ဓာတ်ကျနေတဲ့ ရိုင်ယိုလာက ပြင်သစ်သားရဲ့ ကောလဟလတွေကို အမြဲဖန်တီးနေတာမျိုး ရှိနေပေမယ့် ဒီတခေါက်မှာတော့ ကစားသမားကိုယ်တိုင်ရဲ့ အရှိတရားဆန္ဒဖြစ်လာတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ချယ်လ်ဆီးကနေ ရီးရဲလ်အသင်းဆီ ယူရိုသန်း ၁၅၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟာဇက်ဟာလည်း အတော်လေးကြည့်ကောင်းခဲ့တဲ့ ကစားပုံကနေ ဒဏ်ရာတွေကြောင့် ရွဲနေခဲ့ပြီး အသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရွာလည်နေတာကို တွေ့ရတာတာပါ။

ဒါကြောင့် ဒီအလဲအထပ်ကနေ ကိုယ်စီကိုယ်စီ အသင်းမှာ အထိုင်မကျနိုင်တော့တဲ့ ပေါ့ဘာနဲ့ ဟာဇက်တို့အတွက် တစုံတရာ အပြောင်းအလဲတခုခု ဖြစ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လည်း ရှိနေကြပါတယ်။ ရိုင်ယိုလာအနေနဲ့လည်း ရီးရဲလ်ကသာ ဒါကိုလိုလားရင် ဖြစ်အောင်လုပ်သွားမယ်လို့ ဆိုသွားခဲ့တာက ပေါ့ဘာရဲ့ ကိုယ်ပိုင်ဆန္ဒကိုလည်း ကိုယ်စားပြုနေတယ်လို့ ယူဆခံထားရတာပါ။

“ဘောလုံးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ မနက်ဖြန်မှာ ရီးရဲလ်ကသာ ပေါ့ဘာနဲ့ဟာဇက် ဒဲ့လဲမယ်လို့သာ တစ်ခွန်းပဲပြောလိုက်… ကျွန်တော် ဖြစ်အောင်လုပ်ပြလိုက်မယ်။ နှစ်ဖက်အသင်းနဲ့ ကာယကံရှင် ဘောလုံးသမားတွေ စိတ်ကျေနပ်ဖို့ပဲ လိုတယ်လေ”လို့ သူက လက်ရှိမှာ ပြောသွားခဲ့တာပါ။

ပေါ့ဘာအနေနဲ့ ရီးရဲလ်ကိုပြောင်းဖို့ မကြာခဏ သတင်းပြေးခဲ့ပေမယ့် ဘာကြောင့် လက်တွေ့ဖြစ်မလာသေးတာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး “ဒါက မက်ဒရစ်ကို မေးသင့်တဲ့ မေးခွန်းပါ။ နောက်ပိုင်းမှာ အသင်းကြီးအချင်းချင်း သူတို့ရဲ့ အားကောင်းမောင်းသန် ကစားသမားတွေကို လွယ်လွယ်လက်မလွှတ်ချင်ကြတော့လို့ပါ”လို့ တုံ့ပြန်ခဲ့ပါသေးတယ်။

ယူနိုက်တက်တို့အနေနဲ့ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ဗဟိုတိုက်စစ်မှာ ထားလိုတာကြောင့် အဆင့်မီ တောင်ပံတိုက်စစ်သမားတယောက်ကို ရှာဖွေနေချိန်မှာ ပေါ့ဘာအနေနဲ့လည်း ပြင်သစ်သား Idol ဇီဒန်းကို လေးစားမှုတွေနဲ့အတူ လက်တွဲလိုနေတာဖြစ်တယ်လို့ သိရှိထားရကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေလာကရဲ႕ စူပါေအးဂ်င့္ျဖစ္တဲ့ မီႏို ႐ိုင္ယိုလာက ယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ စူပါစတားႏွစ္ဦးျဖစ္တဲ့ ရဲရဲတင္းတင္းပဲ အလဲအထပ္လုပ္လိုေၾကာင္း ေျပာသြားခဲ့ၿပီး အဲဒီကစားသမားႏွစ္ဦးကေတာ့ ေပါ့ဘာနဲ႔ ဟာဇက္ပါ။

ေပါ့ဘာကို ယူႏိုက္တက္ကေန ရီးရဲလ္ဆီ ေျပာင္းခိုင္းဖို႔ ဓာတ္က်ေနတဲ့ ႐ိုင္ယိုလာက ျပင္သစ္သားရဲ႕ ေကာလဟလေတြကို အၿမဲဖန္တီးေနတာမ်ိဳး ရွိေနေပမယ့္ ဒီတေခါက္မွာေတာ့ ကစားသမားကိုယ္တိုင္ရဲ႕ အရွိတရားဆႏၵျဖစ္လာတယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။

၂၀၁၉ ခုႏွစ္မွာ ခ်ယ္လ္ဆီးကေန ရီးရဲလ္အသင္းဆီ ယူ႐ိုသန္း ၁၅၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဟာဇက္ဟာလည္း အေတာ္ေလးၾကည့္ေကာင္းခဲ့တဲ့ ကစားပုံကေန ဒဏ္ရာေတြေၾကာင့္ ႐ြဲေနခဲ့ၿပီး အသင္းရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ မထိုက္တန္ဘူးဆိုတဲ့ ေဝဖန္မႈေတြနဲ႔ ႐ြာလည္ေနတာကို ေတြ႕ရတာတာပါ။

ဒါေၾကာင့္ ဒီအလဲအထပ္ကေန ကိုယ္စီကိုယ္စီ အသင္းမွာ အထိုင္မက်ႏိုင္ေတာ့တဲ့ ေပါ့ဘာနဲ႔ ဟာဇက္တို႔အတြက္ တစုံတရာ အေျပာင္းအလဲတခုခု ျဖစ္လာႏိုင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္လည္း ရွိေနၾကပါတယ္။ ႐ိုင္ယိုလာအေနနဲ႔လည္း ရီးရဲလ္ကသာ ဒါကိုလိုလားရင္ ျဖစ္ေအာင္လုပ္သြားမယ္လို႔ ဆိုသြားခဲ့တာက ေပါ့ဘာရဲ႕ ကိုယ္ပိုင္ဆႏၵကိုလည္း ကိုယ္စားျပဳေနတယ္လို႔ ယူဆခံထားရတာပါ။

“ေဘာလုံးမွာ မျဖစ္ႏိုင္တာ ဘာမွမရွိဘူး။ မနက္ျဖန္မွာ ရီးရဲလ္ကသာ ေပါ့ဘာနဲ႔ဟာဇက္ ဒဲ့လဲမယ္လို႔သာ တစ္ခြန္းပဲေျပာလိုက္… ကြၽန္ေတာ္ ျဖစ္ေအာင္လုပ္ျပလိုက္မယ္။ ႏွစ္ဖက္အသင္းနဲ႔ ကာယကံရွင္ ေဘာလုံးသမားေတြ စိတ္ေက်နပ္ဖို႔ပဲ လိုတယ္ေလ”လို႔ သူက လက္ရွိမွာ ေျပာသြားခဲ့တာပါ။

ေပါ့ဘာအေနနဲ႔ ရီးရဲလ္ကိုေျပာင္းဖို႔ မၾကာခဏ သတင္းေျပးခဲ့ေပမယ့္ ဘာေၾကာင့္ လက္ေတြ႕ျဖစ္မလာေသးတာလဲဆိုတဲ့ ေမးခြန္းနဲ႔ပတ္သက္ၿပီး “ဒါက မက္ဒရစ္ကို ေမးသင့္တဲ့ ေမးခြန္းပါ။ ေနာက္ပိုင္းမွာ အသင္းႀကီးအခ်င္းခ်င္း သူတို႔ရဲ႕ အားေကာင္းေမာင္းသန္ ကစားသမားေတြကို လြယ္လြယ္လက္မလႊတ္ခ်င္ၾကေတာ့လို႔ပါ”လို႔ တုံ႔ျပန္ခဲ့ပါေသးတယ္။

ယူႏိုက္တက္တို႔အေနနဲ႔ ဂရင္းဝုဒ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ဗဟိုတိုက္စစ္မွာ ထားလိုတာေၾကာင့္ အဆင့္မီ ေတာင္ပံတိုက္စစ္သမားတေယာက္ကို ရွာေဖြေနခ်ိန္မွာ ေပါ့ဘာအေနနဲ႔လည္း ျပင္သစ္သား Idol ဇီဒန္းကို ေလးစားမႈေတြနဲ႔အတူ လက္တြဲလိုေနတာျဖစ္တယ္လို႔ သိရွိထားရေၾကာင္း ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.