Analysis Premier League

ပဲလေ့စ် 0-2 မန်စီးတီး ပွဲအပြီး မှတ်မှတ်ရရပြောစရာ အချက် ၇ ချက်

၁။ စိတ်ဒုံးဒုံးချလိုက်မှ ရဲတင်းသွားတဲ့ အဂွေရို
သူက Selhust Park မှာ ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တယ်။ ဒီဂိုးက မန်စီးတီးကို ပရီးမီးယားလိဂ်ဖလားယူပေးနိုင်တဲ့ တစ်အားဖြစ်စေခဲ့ဂိုးလည်းဖြစ်တယ်။ ဧရိယာထဲကနေ ဂိုးထောင့်ကျဉ်းကနေ Half-Volley ဆွဲပြီး ကန်သွင်းယူသွားခဲ့တဲ့ ၃၂ နှစ်သားရဲ့ ရဲတင်းမှုတွေကိုလည်း တွေ့ရသလို စွန့်ခွာရတော့မယ့် မန်စီးတီးအတွက် စိတ်ဒုံးဒုံးချလိုက်နိုင်တာကိုလည်း တွေ့ရတယ်ယ

၂။ ဒီနေ့ညမှာ မန်စီးတီး ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ကျွတ်တမ်းဝင်မှာလား
ပြီးခဲ့တဲ့ရာသီက ဇွန်လမှာ လီဗာပူးလ်က ချန်ပီယံဖြစ်ခဲ့တာက မန်စီးတီးက ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးဖြစ်ပါတယ်။ အခုတကြိမ်မှာတော့ ဒီညမှာ လီဗာပူးလ်က ယူနိုက်တက်ကို အနိုင်ယူခဲ့ရင်တော့ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ကျွတ်တမ်းဝင်ဖို့ ကျိန်းသေပေါက်ဖြစ်လာမှာပါ။ ရမှတ် ၁၀ မှတ်ကွာဟမှုက လက်ကျန်ပွဲတွေကို ဆက်ကြည့်စရာမလိုတော့ပါ။

၃။ ဘယ်သူ့ကိုမှ ဗိုလ်မထားချင်တဲ့ ပက်ပ်
မန်စီးတီးတို့အနေနဲ့ ဒီညကစားမယ့် အိုးထရက်ဖို့ဒ်မြေက အနောက်မြောက်ဒါဘီကို ရည်ရွယ်ရှိရှိ စောင့်ကြည့်ရတော့မှာဖြစ်တယ်။ မန်စီးတီးကို တင်ကြိုပြီး စောစောစီးစီးပဲ ဖလားပေးလိုက်မလားဆိုတဲ့ ဆုံးဖြတ်ချက်ထဲက ယူနိုက်တက်က လှုပ်ရှားလာမှာဖြစ်လို့ ဘယ်သူ့ကိုမှ ဗိုလ်မထားချင်တဲ့ ပက်ပ်က အမြန်ဆုံးချန်ပီယံဖြစ်ဖို့ သူ့ရဲ့ထုံးစံအတိုင်း ခေါင်းပြောင်ပြောင်ကြီးကို တစိမ့်စိမ့်ပွတ်ရင်း စိတ်လှုပ်ရှားနေဦးမှာ အသေအချာပါ။

၄။ စီးတီးရဲ့ ပထမပိုင်းခြေစွမ်းတွေက ပိုချက်တီနိုအတွက် သဲလွန်စဖြစ်လာမှာလား
ပက်ပ်ရဲ့အသင်းက ပထမအပိုင်း ညံ့နေကျထုံးစံကို PSG နဲ့ပွဲကနေ အခု ပဲလေ့စ်နဲ့ပွဲအထိ ယူဆောင်လာတာကို တွေ့ရတယ်။ ပထမပိုင်းမှာ အလုပ်မဖြစ်သလို ဒုတိယပိုင်းက မန်စီးတီးရဲ့အတောက်ပဆုံးအချိန်ဖြစ်တာကိုလည်း ထပ်တွေ့ရတယ်။ ပက်ပ် မပျော်ရွှင်တဲ့ စီးတီးရဲ့ပထမပိုင်းခြေစွမ်းတွေက ချန်ပီယံလိဂ်နောက်တစ်ကျော့မှာ ပိုချက်တီနိုအတွက် သဲလွန်စဖြစ်လာမယ်ဆိုရင်တော့ ရင်ခံရတော့မှာပါ။

၅။ အဝေးကွင်း ၁၁ ပွဲဆက်အနိုင်နဲ့ ဂိုး ၇၀၀ ပြည့်
၂၀၀၈ ခုနှစ်က ချယ်လ်ဆီးအသင်းနဲ့ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းတို့ရဲ့ အဝေးကွင်း ၁၁ ပွဲဆက်အနိုင်မှတ်တမ်းကို လက်ရှိပက်ပ်ရဲ့အသင်းက လိုက်မီသွားခဲ့တာဖြစ်ပြီး ဖယ်ရန် တောရက်စ်ရဲ့ ဒုတိယဦးဆောင်းဂိုးက သူ့ရဲ့လက်ထက်မှာ စီးတီးရဲ့သွင်းဂိုး ၇၀၀ ပြည့်မြာက်စေခဲ့တာလည်းဖြစ်ပါတယ်။

၆။ ၁၁ ပွဲဆက် ဂိုးပေါက်ပျောက်တဲ့ စတာလင်
ခြေငုပ်နေတဲ့ စတာလင်က မန်စီးတီးကို သွင်းဂိုးတွေနဲ့ မထောက်ပံ့နိုင်တော့တာ ကြာပြီဖြစ်သလို ဂိုးဖန်တီးမှုအရ နောက်ဆုံး ၁၁ ပွဲဆက်မှာ တစ်ကြိမ်သာပြုလုပ်ထားလို့ မယ်မယ်ရရမရှိတာကိုတွေ့နေရတာက ရာသီမကုန်ခင် ဂွါဒီယိုလာအနေနဲ့ ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာ ကြည့်ရမှာပါ။

၇။ မူလဇာတိရုပ်ပေါ်လာမယ့် တိုက်ပွဲ
စီးတီးကို စောင့်ကြိုနေတဲ့ လာမယ့်တိုက်ပွဲက ချန်ပီယံလိဂ်ဆီမီးနောက်တစ်ကျော့အဖြစ် PSG နဲ့ ကစားရမှာဖြစ်ပြီး ရေနံငွေထုပ်ချင်း စီးချင်းထိုးကြမယ့်ပွဲမှာ ပက်ပ်ရဲ့အသင်းက ချန်ပီယံလိဂ်ဖလား တပ်မက်ရူးသွပ်မှုနဲ့အပြိုင် ချန်ပီယံလိဂ်ဖိုင်နယ်မှာ အလဲထိုးခံခဲ့ရဖူးတဲ့ ပိုချက်တီနိုရဲ့ အမာရွတ်တွေက အားပြိုင်မှာဖြစ်ပြီး ဆာလောင်စိတ်ပိုများတဲ့အသင်းက မူလဇာတိရုပ်ပေါ်လာမယ့် တိုက်ပွဲလို့ ဆိုချင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ စိတ္ဒုံးဒုံးခ်လိုက္မွ ရဲတင္းသြားတဲ့ အေဂြ႐ို
သူက Selhust Park မွာ ပထမဆုံးအႀကိမ္ ဂိုးသြင္းႏိုင္ခဲ့တယ္။ ဒီဂိုးက မန္စီးတီးကို ပရီးမီးယားလိဂ္ဖလားယူေပးႏိုင္တဲ့ တစ္အားျဖစ္ေစခဲ့ဂိုးလည္းျဖစ္တယ္။ ဧရိယာထဲကေန ဂိုးေထာင့္က်ဥ္းကေန Half-Volley ဆြဲၿပီး ကန္သြင္းယူသြားခဲ့တဲ့ ၃၂ ႏွစ္သားရဲ႕ ရဲတင္းမႈေတြကိုလည္း ေတြ႕ရသလို စြန္႔ခြာရေတာ့မယ့္ မန္စီးတီးအတြက္ စိတ္ဒုံးဒုံးခ်လိုက္ႏိုင္တာကိုလည္း ေတြ႕ရတယ္ယ

၂။ ဒီေန႔ညမွာ မန္စီးတီး ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ကြၽတ္တမ္းဝင္မွာလား
ၿပီးခဲ့တဲ့ရာသီက ဇြန္လမွာ လီဗာပူးလ္က ခ်န္ပီယံျဖစ္ခဲ့တာက မန္စီးတီးက ခ်ယ္လ္ဆီးကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးျဖစ္ပါတယ္။ အခုတႀကိမ္မွာေတာ့ ဒီညမွာ လီဗာပူးလ္က ယူႏိုက္တက္ကို အႏိုင္ယူခဲ့ရင္ေတာ့ မန္စီးတီးက ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ကြၽတ္တမ္းဝင္ဖို႔ က်ိန္းေသေပါက္ျဖစ္လာမွာပါ။ ရမွတ္ ၁၀ မွတ္ကြာဟမႈက လက္က်န္ပြဲေတြကို ဆက္ၾကည့္စရာမလိုေတာ့ပါ။

၃။ ဘယ္သူ႔ကိုမွ ဗိုလ္မထားခ်င္တဲ့ ပက္ပ္
မန္စီးတီးတုိ႔အေနနဲ႔ ဒီညကစားမယ့္ အိုးထရက္ဖို႔ဒ္ေျမက အေနာက္ေျမာက္ဒါဘီကို ရည္႐ြယ္ရွိရွိ ေစာင့္ၾကည့္ရေတာ့မွာျဖစ္တယ္။ မန္စီးတီးကို တင္ႀကိဳၿပီး ေစာေစာစီးစီးပဲ ဖလားေပးလိုက္မလားဆိုတဲ့ ဆုံးျဖတ္ခ်က္ထဲက ယူႏိုက္တက္က လႈပ္ရွားလာမွာျဖစ္လို႔ ဘယ္သူ႔ကိုမွ ဗိုလ္မထားခ်င္တဲ့ ပက္ပ္က အျမန္ဆုံးခ်န္ပီယံျဖစ္ဖို႔ သူ႔ရဲ႕ထုံးစံအတိုင္း ေခါင္းေျပာင္ေျပာင္ႀကီးကို တစိမ့္စိမ့္ပြတ္ရင္း စိတ္လႈပ္ရွားေနဦးမွာ အေသအခ်ာပါ။

၄။ စီးတီးရဲ႕ ပထမပိုင္းေျခစြမ္းေတြက ပိုခ်က္တီႏိုအတြက္ သဲလြန္စျဖစ္လာမွာလား
ပက္ပ္ရဲ႕အသင္းက ပထမအပိုင္း ညံ့ေနက်ထုံးစံ​ကို PSG နဲ႔ပြဲကေန အခု ပဲေလ့စ္နဲ႔ပြဲအထိ ယူေဆာင္လာတာကို ေတြ႕ရတယ္။ ပထမပိုင္းမွာ အလုပ္မျဖစ္သလို ဒုတိယပိုင္းက မန္စီးတီးရဲ႕အေတာက္ပဆုံးအခ်ိန္ျဖစ္တာကိုလည္း ထပ္ေတြ႕ရတယ္။ ပက္ပ္ မေပ်ာ္႐ႊင္တဲ့ စီးတီးရဲ႕ပထမပိုင္းေျခစြမ္းေတြက ခ်န္ပီယံလိဂ္ေနာက္တစ္ေက်ာ့မွာ ပိုခ်က္တီႏိုအတြက္ သဲလြန္စျဖစ္လာမယ္ဆိုရင္ေတာ့ ရင္ခံရေတာ့မွာပါ။

၅။ အေဝးကြင္း ၁၁ ပြဲဆက္အႏိုင္နဲ႔ ဂိုး ၇၀၀ ျပည့္
၂၀၀၈ ခုႏွစ္က ခ်ယ္လ္ဆီးအသင္းနဲ႔ ၂၀၁၇ ခုႏွစ္က မန္စီးတီးအသင္းတို႔ရဲ႕ အေဝးကြင္း ၁၁ ပြဲဆက္အႏိုင္မွတ္တမ္းကို လက္ရွိပက္ပ္ရဲ႕အသင္းက လိုက္မီသြားခဲ့တာျဖစ္ၿပီး ဖယ္ရန္ ေတာရက္စ္ရဲ႕ ဒုတိယဦးေဆာင္းဂိုးက သူ႕ရဲ႕လက္ထက္မွာ စီးတီးရဲ႕သြင္းဂိုး ၇၀၀ ျပည့္ျမာက္ေစခဲ့တာလည္းျဖစ္ပါတယ္။

၆။ ၁၁ ပြဲဆက္ ဂိုးေပါက္ေပ်ာက္တဲ့ စတာလင္
ေျခငုပ္ေနတဲ့ စတာလင္က မန္စီးတီးကို သြင္းဂိုးေတြနဲ႔ မေထာက္ပံ့ႏိုင္ေတာ့တာ ၾကာၿပီျဖစ္သလို ဂိုးဖန္တီးမႈအရ ေနာက္ဆုံး ၁၁ ပြဲဆက္မွာ တစ္ႀကိမ္သာျပဳလုပ္ထားလို႔ မယ္မယ္ရရမရွိတာကိုေတြ႕ေနရတာက ရာသီမကုန္ခင္ ဂြါဒီယိုလာအေနနဲ႔ ဘယ္လိုေျဖရွင္းေပးႏိုင္မလဲဆိုတာ ၾကည့္ရမွာပါ။

၇။ မူလဇာတိ႐ုပ္ေပၚလာမယ့္ တိုက္ပြဲ
စီးတီးကို ေစာင့္​ႀကိဳေနတဲ့ လာမယ့္တိုက္ပြဲက ခ်န္ပီယံလိဂ္ဆီမီးေနာက္တစ္ေက်ာ့အျဖစ္ PSG နဲ႔ ကစားရမွာျဖစ္ၿပီး ေရနံေငြထုပ္ခ်င္း စီးခ်င္းထိုးၾကမယ့္ပြဲမွာ ပက္ပ္ရဲ႕အသင္းက ခ်န္ပီယံလိဂ္ဖလား တပ္မက္႐ူးသြပ္မႈနဲ႔အၿပိဳင္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ အလဲထိုးခံခဲ့ရဖူးတဲ့ ပိုခ်က္တီႏိုရဲ႕ အမာရြတ္ေတြက အားၿပိဳင္မွာျဖစ္ၿပီး ဆာေလာင္စိတ္ပိုမ်ားတဲ့အသင္းက မူလဇာတိ႐ုပ္ေပၚလာမယ့္ တိုက္ပြဲလို႔ ဆိုခ်င္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.