Match Report Premier League

မျှော်လင့်ချက်တွေနဲ့ ဝေးကွာနေပေမယ့် ထိုက်သင့်တဲ့ နိုင်ပွဲကို ရယူတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ နောက်ခံလူ ကီရန် တီယာနီ မပါဝင်နိုင်သေးပေမယ့် ညာနောက်ခံနေရာမှာတော့ ဘယ်လာရင်ကို ပြန်လည်သုံးစွဲခဲ့ပြီး တောင်ပံတိုက်စစ်တွေကို အသုံးချလို့ရခဲ့သလို နယူးကာဆယ်လ်အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ် မပြတ်သားတဲ့ ကစားပုံတွေကို အကောင်းဆုံး အသုံးချပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ပွဲစစချင်းမှာ အိမ်ရှင်ငှက်ကျားတို့ စန်မက်ဇီမန်အားကိုးနဲ့ ထိုးဖောက်ခဲ့ပေမယ့် အယ်လ်နန်နီ ပါဝင်လာခဲ့တဲ့ ကွင်းလယ်က အဖျက်ပိုင်းကို ပိုမိုဂရုစိုက်တဲ့ ပုံစံနဲ့ ကစားနိုင်ပြီး ဒီနေ့ရဲ့ ဘရာဇီးလ်ဂန်းနားလေးယောက်ထဲက ခံစစ်သမားတွေကလည်း အမှားအယွင်းနည်းနည်းနဲ့ ကစားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာတော့ ညာတောင်ပံက ဘယ်လာရင်ရဲ့ အနိမ့်ဘောဖြတ်တင်မှုကို အနီးကပ်ချော်ကန်တဲ့ အူဘာမီယန်းရဲ့ လွဲချော်မှုက အလွဲကောင်းဖြစ်ခဲ့ပြီး သူနဲ့ထိပြီး နောက်ကို ပြန်ရောက်သွားတဲ့ ဘောလုံးကို ဧရိယာအစပ်မှာ နေရာယူထားခဲ့တဲ့ အယ်လ်နန်နီက အပြင်းကန်သွင်းပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝ ပထမဆုံးဂိုးအဖြစ် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စန်မက်ဇီမန်ကတော့ သူ့ရဲ့ တစ်ကိုယ်တော် အရည်အသွေးတွေနဲ့ အာဆင်နယ်နောက်တန်းတွေကို အလုပ်ပြန်များစေခဲ့ပေမယ့် ပိုင်ပိုင်နိုင်နိုင် အခွင့်အရေးမျိုးတော့ မရခဲ့ဘဲ ပွဲချိန် ၁၉ မိနစ်မှာ ဧည့်သည်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး မထင်မှတ်တဲ့ ပုံစံနဲ့ Chipping ကန်ချက်ကိုတော့ ဂိုးသမား ရိုင်ယန် ပုတ်ထုတ်သွားခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချာကာရဲ့ ကန်ချက်ကို ဒူဘရက်ဗ်ကာ ကာကွယ်သွားနိုင်ခဲ့သလို ထောင့်ကန်ဘောကနေ အယ်လ်နန်နီရဲ့ ဒုတိယမြောက်ဂိုး ရနိုင်ခွင့်ကိုလည်း နယူးကာဆယ်လ်ကွင်းလယ်လူ အယ်လ်မီရွန် ရှင်းထုတ်သွားခဲ့လို့ နစ်နာခဲ့ရပြီး အာဆင်နယ်တို့ရဲ့ ဂိုးကန်ချက် ၁၃ ကြိမ်က ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကျေနပ်နေခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဒွိုက်ဂိုင်းလ်ကို စောစောစီးစီး မထည့်ခဲ့တဲ့ နယူးကာဆယ်လ်တိုက်စစ်ကတော့ ထက်မြက်မှု မရှိဘဲ ရုန်းကန်ခဲ့ရသလို အာဆင်နယ်ကနေ အငှားနဲ့ လာကစားနေတဲ့ ဝီလော့ခ်ကလည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခွင့်မရှိတာကြောင့် စတိဗ် ဘရုစ်အတွက်တော့ ရွေးချယ်စရာ မရှိခဲ့ဘဲ ဂျိုလင်တန်လို ကစားသမားမျိုးတွေကတော့ သူတို့အသင်းအတွက် သွင်းဂိုးတွေ ရစေဖို့ ခက်ခဲခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဂိုးဧရိယာထိပ်မှာ အပေးအယူလုပ်ပြီး ကစားနေချိန်မှာ အော်ဒီဂွါဒ်က ဘယ်ခြမ်းမှာ လွတ်နေတဲ့ မာတီနယ်လီဆီ ထိုးပေးလိုက်တာကို ဘရာဇီးလ်လူငယ်က ဘယ်ခြေနဲ့ ဖြတ်တင်ပေးခဲ့ရာမှာ နယူးကာဆယ်လ်ခံစစ်ရှေ့ကို ကျော်ကျလာခဲ့တဲ့ ဘောလုံးကို အူဘာမီယန်းက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဒေးဗစ် လူးဝစ်ဇ် ကစားနေရင်း ဒဏ်ရာရသွားခဲ့လို့ ဝင်ကစားခဲ့တဲ့ ချိမ်းဘားစ်ကတော့ အနည်းငယ် အံမဝင်ဘဲ လေးနေခဲ့တာကို တွေ့ရပြီး ညာတောင်ပံကနေ အတွင်းပြန်ဝင်ကစားခဲ့ရာမှာ အခက်အခဲဖြစ်နေပုံ ပေါ်သလို သူနဲ့ ဂါဘရီယယ်လ်တို့အတွဲကတော့ နယူးကာဆယ်လ် တိုက်စစ်ကို တော်တော်လေး နေရာလွတ်တွေ ပေးနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂန်းနားတို့ အူဘာမီယန်းနဲ့ အော်ဒီဂွါဒ်တို့အစား ပေပေနဲ့ ပါတေးတို့ကို ထည့်ကစားပြီး ပွဲကို ထိန်းသွားခဲ့သလို ပွဲချိန် မိနစ် ၉၀ မှာတော့ မာတီနယ်လီကို နောက်ကနေ အဖျက်ကြမ်းတဲ့ နောက်ခံလူ ရှားစ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ အိမ်ရှင်တို့ ဆယ်ယောက်နဲ့ မတုံ့ပြန်နိုင်တော့တာပါ။

မိနစ် ၉၀ အပြင် နာကျင်အချိန်ပို ၄ မိနစ်ကုန်ဆုံးချိန်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးခဲ့သလို အာဆင်နယ်တို့ အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နယူးကာဆယ်လ်တို့ကတော့ ဖူလ်ဟမ်နဲ့ တန်းဆင်းဇုန်အကွာအဝေးကို ထိန်းထားနိုင်ဖို့ ဆက်လက်ကြိုးစားရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ေနာက္ခံလူ ကီရန္ တီယာနီ မပါဝင္ႏိုင္ေသးေပမယ့္ ညာေနာက္ခံေနရာမွာေတာ့ ဘယ္လာရင္ကို ျပန္လည္သုံးစြဲခဲ့ၿပီး ေတာင္ပံတိုက္စစ္ေတြကို အသုံးခ်လို႔ရခဲ့သလို နယူးကာဆယ္လ္အသင္းရဲ႕ တိုက္စစ္နဲ႔ ခံစစ္ မျပတ္သားတဲ့ ကစားပုံေတြကို အေကာင္းဆုံး အသုံးခ်ၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ပြဲစစခ်င္းမွာ အိမ္ရွင္ငွက္က်ားတို႔ စန္မက္ဇီမန္အားကိုးနဲ႔ ထိုးေဖာက္ခဲ့ေပမယ့္ အယ္လ္နန္နီ ပါဝင္လာခဲ့တဲ့ ကြင္းလယ္က အဖ်က္ပိုင္းကို ပိုမိုဂ႐ုစိုက္တဲ့ ပုံစံနဲ႔ ကစားႏိုင္ၿပီး ဒီေန႔ရဲ႕ ဘရာဇီးလ္ဂန္းနားေလးေယာက္ထဲက ခံစစ္သမားေတြကလည္း အမွားအယြင္းနည္းနည္းနဲ႔ ကစားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ ညာေတာင္ပံက ဘယ္လာရင္ရဲ႕ အနိမ့္ေဘာျဖတ္တင္မႈကို အနီးကပ္ေခ်ာ္ကန္တဲ့ အူဘာမီယန္းရဲ႕ လြဲေခ်ာ္မႈက အလြဲေကာင္းျဖစ္ခဲ့ၿပီး သူနဲ႔ထိၿပီး ေနာက္ကို ျပန္ေရာက္သြားတဲ့ ေဘာလုံးကို ဧရိယာအစပ္မွာ ေနရာယူထားခဲ့တဲ့ အယ္လ္နန္နီက အျပင္းကန္သြင္းၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ကစားသမားဘဝ ပထမဆုံးဂိုးအျဖစ္ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

စန္မက္ဇီမန္ကေတာ့ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ အရည္အေသြးေတြနဲ႔ အာဆင္နယ္ေနာက္တန္းေတြကို အလုပ္ျပန္မ်ားေစခဲ့ေပမယ့္ ပိုင္ပိုင္ႏိုင္ႏိုင္ အခြင့္အေရးမ်ိဳးေတာ့ မရခဲ့ဘဲ ပြဲခ်ိန္ ၁၉ မိနစ္မွာ ဧည့္သည္ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ၿပီး မထင္မွတ္တဲ့ ပုံစံနဲ႔ Chipping ကန္ခ်က္ကိုေတာ့ ဂိုးသမား ႐ိုင္ယန္ ပုတ္ထုတ္သြားခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ာကာရဲ႕ ကန္ခ်က္ကို ဒူဘရက္ဗ္ကာ ကာကြယ္သြားႏိုင္ခဲ့သလို ေထာင့္ကန္ေဘာကေန အယ္လ္နန္နီရဲ႕ ဒုတိယေျမာက္ဂိုး ရႏိုင္ခြင့္ကိုလည္း နယူးကာဆယ္လ္ကြင္းလယ္လူ အယ္လ္မီ႐ြန္ ရွင္းထုတ္သြားခဲ့လို႔ နစ္နာခဲ့ရၿပီး အာဆင္နယ္တို႔ရဲ႕ ဂိုးကန္ခ်က္ ၁၃ ႀကိမ္က ၃ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ေက်နပ္ေနခဲ့ရပါတယ္။

ဒုတိယပိုင္းမွာ ဒြိဳက္ဂိုင္းလ္ကို ေစာေစာစီးစီး မထည့္ခဲ့တဲ့ နယူးကာဆယ္လ္တိုက္စစ္ကေတာ့ ထက္ျမက္မႈ မရွိဘဲ ႐ုန္းကန္ခဲ့ရသလို အာဆင္နယ္ကေန အငွားနဲ႔ လာကစားေနတဲ့ ဝီေလာ့ခ္ကလည္း အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခြင့္မရွိတာေၾကာင့္ စတိဗ္ ဘ႐ုစ္အတြက္ေတာ့ ေ႐ြးခ်ယ္စရာ မရွိခဲ့ဘဲ ဂ်ိဳလင္တန္လို ကစားသမားမ်ိဳးေတြကေတာ့ သူတို႔အသင္းအတြက္ သြင္းဂိုးေတြ ရေစဖို႔ ခက္ခဲခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဂိုးဧရိယာထိပ္မွာ အေပးအယူလုပ္ၿပီး ကစားေနခ်ိန္မွာ ေအာ္ဒီဂြါဒ္က ဘယ္ျခမ္းမွာ လြတ္ေနတဲ့ မာတီနယ္လီဆီ ထိုးေပးလိုက္တာကို ဘရာဇီးလ္လူငယ္က ဘယ္ေျခနဲ႔ ျဖတ္တင္ေပးခဲ့ရာမွာ နယူးကာဆယ္လ္ခံစစ္ေရွ႕ကို ေက်ာ္က်လာခဲ့တဲ့ ေဘာလုံးကို အူဘာမီယန္းက အနီးကပ္ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ေဒးဗစ္ လူးဝစ္ဇ္ ကစားေနရင္း ဒဏ္ရာရသြားခဲ့လို႔ ဝင္ကစားခဲ့တဲ့ ခ်ိမ္းဘားစ္ကေတာ့ အနည္းငယ္ အံမဝင္ဘဲ ေလးေနခဲ့တာကို ေတြ႕ရၿပီး ညာေတာင္ပံကေန အတြင္းျပန္ဝင္ကစားခဲ့ရာမွာ အခက္အခဲျဖစ္ေနပုံ ေပၚသလို သူနဲ႔ ဂါဘရီယယ္လ္တို႔အတြဲကေတာ့ နယူးကာဆယ္လ္ တိုက္စစ္ကို ေတာ္ေတာ္ေလး ေနရာလြတ္ေတြ ေပးေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဂန္းနားတို႔ အူဘာမီယန္းနဲ႔ ေအာ္ဒီဂြါဒ္တို႔အစား ေပေပနဲ႔ ပါေတးတို႔ကို ထည့္ကစားၿပီး ပြဲကို ထိန္းသြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ မာတီနယ္လီကို ေနာက္ကေန အဖ်က္ၾကမ္းတဲ့ ေနာက္ခံလူ ရွားစ္ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ခံခဲ့ရလို႔ အိမ္ရွင္တို႔ ဆယ္ေယာက္နဲ႔ မတုံ႔ျပန္ႏိုင္ေတာ့တာပါ။

မိနစ္ ၉၀ အျပင္ နာက်င္အခ်ိန္ပို ၄ မိနစ္ကုန္ဆုံးခ်ိန္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးခဲ့သလို အာဆင္နယ္တို႔ အဆင့္ ၉ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး နယူးကာဆယ္လ္တို႔ကေတာ့ ဖူလ္ဟမ္နဲ႔ တန္းဆင္းဇုန္အကြာအေဝးကို ထိန္းထားႏိုင္ဖို႔ ဆက္လက္ႀကိဳးစားရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.