Premier League

တွေ့ဆုံမှုမတိုင်ခင် နယ်သာလန်သားတွေအတွက် ကာကွယ်လိုက်ကြတဲ့ ဆိုးလ်ရှားနဲ့ ကလော့ပ်

ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် တို့ဟာ ပွဲမတိုင်ခင်မှာ တူညီတဲ့ လုပ်ရပ်တွေအနေနဲ့ သူတို့ရဲ့ အသင်းသားတွေထဲက နယ်သာလန်သားတစ်ဦးစီအတွက် ကာကွယ်ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာပျောက်ဆုံးနေခဲ့တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်အတွက် နည်းပြ ဆိုးလ်ရှားအနေနဲ့ ကစားခွင့်ကို အာမခံချက် ရှိသေးကြောင်း အတိအလင်းဆိုလိုက်တာဖြစ်ပြီး လာမယ့်ရာသီမှာ အသင်းမှာ ပိုမိုနေရာပေးသွားမယ်ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်နဲ့ စေတနာကို ပြသလိုက်တာပါ။

အပြောင်းအရွှေ့ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖွယ်ရှိနေတယ်ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်လူအတွက် နော်ဝေသားနည်းပြက လက်ရှောင်ထားဖို့ သတိပေးလိုက်တာဖြစ်သလို သူ့အတွက် တိကျတဲ့ အစီအစဉ်တွေကို ရေးဆွဲထားပြီး ကစားခွင့်နဲ့ အခန်းကဏ္ဍကို ပိုမိုပေးအပ်သွးမယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ နောက်ထပ် နယ်သာလန်သားတစ်ယောက်နဲ့ ယာဂန် ကလော့ပ်တို့ရဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီး ဂျာမန်သားကြီးအနေနဲ့ သူ့လူအတွက် ဒေါသထွက်နေတာဖြစ်သလို နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်နဲ့ လက်ရွေးစင်အသင်းကြားက လွန်ဆွဲပွဲအတွက် သူ့ဘက်က စပြီး မုန်တိုင်းဆင်လိုက်တာပါ။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူရီနမ်နွယ်ဖွား နောက်ခံလူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိအပြီးမှာ လေ့ကျင့်ရေးကွင်းမှာ ပြေးလွှားနိုင်ရုံသာ ရှိသေးပေမယ့် လက်ရွေးစင်နည်းပြ ဖရန့် ဒီဘူးဝါးက တစ်နှစ်နောက်ကျပြီး ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ အတွက် ရွေးချယ်ဖို့ လုပ်နေတာကို ကလော့ပ်က မကျေနပ်တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ဗာဂျီးလ်ကိုရော နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ကိုရော တားလို့ မရနိုင်ပါဘူး။ ဆယ်လ ဆယ့်တစ်လလောက် ဒဏ်ရာရ၊ တစ်ပတ်လောက် လေ့ကျင့်ပြီး ဘောလုံးပြန်ကစားလို့ မရနိုင်ဘူးဆိုတာ အသိဉာဏ်ရှိတဲ့သူတိုင်း သိပါတယ်။ ဒါပေမယ့် အလောတကြီးနဲ့ သူ့ကို ပြန်ကစားခိုင်းရင် ယူရို ၂၀၂၀ ဆိုတာ သူ့ရဲ့ ကစားသမားဘဝကို ထိခိုက်စေမယ့်အရာ ဖြစ်လာနိုင်တယ်ဆိုတာပါပဲ”လို့ ယာဂန် ကလော့ပ်က သတိပေးခဲ့တာပါ။

အဲဗာတန်နဲ့ပွဲမှာ ဒူးအရွတ်ကို ဆိုးဆိုးရွားရွားထိခိုက်ထားခဲ့တဲ့ ဗန်ဒိုက်အတွက် နည်းပြကြီး ကလော့ပ်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကလပ်အသင်းမှာတောင် ဂရုတစိုက်ထားပြီး မသုံးစွဲသေးချိန်မှာ နယ်သာလန်ဘက်က ခေါ်ယူမှုကို ကာကွယ်လိုနေပြီး လီဗာပူးလ်အသင်းမှာ တစ်စုံတစ်ရာ သက်သေပြနိုင်ပြီးမှ ခေါ်ယူဖို့ ကြိုတင်သတိပေးလိုက်တာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားၾကမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားနဲ႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ တို႔ဟာ ပြဲမတိုင္ခင္မွာ တူညီတဲ့ လုပ္ရပ္ေတြအေနနဲ႔ သူတို႔ရဲ႕ အသင္းသားေတြထဲက နယ္သာလန္သားတစ္ဦးစီအတြက္ ကာကြယ္ေျပာၾကားခဲ့ၾကတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေနရာေပ်ာက္ဆုံးေနခဲ့တဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္အတြက္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ကစားခြင့္ကို အာမခံခ်က္ ရွိေသးေၾကာင္း အတိအလင္းဆိုလိုက္တာျဖစ္ၿပီး လာမယ့္ရာသီမွာ အသင္းမွာ ပိုမိုေနရာေပးသြားမယ္ဆိုတဲ့ သူ႔ရဲ႕ ရည္မွန္းခ်က္နဲ႔ ေစတနာကို ျပသလိုက္တာပါ။

အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူေတြရဲ႕ ခန႔္မွန္းခ်က္အရ ေႏြရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖြယ္ရွိေနတယ္ဆိုတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ဒတ္ခ်္ကြင္းလယ္လူအတြက္ ေနာ္ေဝသားနည္းျပက လက္ေရွာင္ထားဖို႔ သတိေပးလိုက္တာျဖစ္သလို သူ႔အတြက္ တိက်တဲ့ အစီအစဥ္ေတြကို ေရးဆြဲထားၿပီး ကစားခြင့္နဲ႔ အခန္းက႑ကို ပိုမိုေပးအပ္သြးမယ္လို႔ ဆိုပါတယ္။

ဒီအခ်ိန္မွာ ေနာက္ထပ္ နယ္သာလန္သားတစ္ေယာက္နဲ႔ ယာဂန္ ကေလာ့ပ္တို႔ရဲ႕ သတင္းေတြလည္း ထြက္ေပၚလာခဲ့ၿပီး ဂ်ာမန္သားႀကီးအေနနဲ႔ သူ႔လူအတြက္ ေဒါသထြက္ေနတာျဖစ္သလို ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ လက္ေ႐ြးစင္အသင္းၾကားက လြန္ဆြဲပြဲအတြက္ သူ႔ဘက္က စၿပီး မုန္တိုင္းဆင္လိုက္တာပါ။

အသက္ ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆူရီနမ္ႏြယ္ဖြား ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္အတြင္းက ျပင္းထန္တဲ့ ဒူးဒဏ္ရာကို ရရွိအၿပီးမွာ ေလ့က်င့္ေရးကြင္းမွာ ေျပးလႊားႏိုင္႐ုံသာ ရွိေသးေပမယ့္ လက္ေ႐ြးစင္နည္းျပ ဖရန႔္ ဒီဘူးဝါးက တစ္ႏွစ္ေနာက္က်ၿပီး က်င္းပခဲ့တဲ့ ယူ႐ို ၂၀၂၀ အတြက္ ေ႐ြးခ်ယ္ဖို႔ လုပ္ေနတာကို ကေလာ့ပ္က မေက်နပ္တာလည္းျဖစ္ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ ဗာဂ်ီးလ္ကိုေရာ နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုေရာ တားလို႔ မရႏိုင္ပါဘူး။ ဆယ္လ ဆယ့္တစ္လေလာက္ ဒဏ္ရာရ၊ တစ္ပတ္ေလာက္ ေလ့က်င့္ၿပီး ေဘာလုံးျပန္ကစားလို႔ မရႏိုင္ဘူးဆိုတာ အသိဉာဏ္ရွိတဲ့သူတိုင္း သိပါတယ္။ ဒါေပမယ့္ အေလာတႀကီးနဲ႔ သူ႔ကို ျပန္ကစားခိုင္းရင္ ယူ႐ို ၂၀၂၀ ဆိုတာ သူ႔ရဲ႕ ကစားသမားဘဝကို ထိခိုက္ေစမယ့္အရာ ျဖစ္လာႏိုင္တယ္ဆိုတာပါပဲ”လို႔ ယာဂန္ ကေလာ့ပ္က သတိေပးခဲ့တာပါ။

အဲဗာတန္နဲ႔ပြဲမွာ ဒူးအ႐ြတ္ကို ဆိုးဆိုး႐ြား႐ြားထိခိုက္ထားခဲ့တဲ့ ဗန္ဒိုက္အတြက္ နည္းျပႀကီး ကေလာ့ပ္ကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကလပ္အသင္းမွာေတာင္ ဂ႐ုတစိုက္ထားၿပီး မသုံးစြဲေသးခ်ိန္မွာ နယ္သာလန္ဘက္က ေခၚယူမႈကို ကာကြယ္လိုေနၿပီး လီဗာပူးလ္အသင္းမွာ တစ္စုံတစ္ရာ သက္ေသျပႏိုင္ၿပီးမွ ေခၚယူဖို႔ ႀကိဳတင္သတိေပးလိုက္တာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.