Match Report Premier League

ဖူလ်ဟမ်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူပြီး အဆင့်လေးဝင်ဖို့ ထိုက်တန်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်ပိုင်းမှာ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ နှစ်ယောက်စလုံးကို ရီးရဲလ်မက်ဒရစ်နဲ့ ကစားဖို့အတွက် အနားပေးခဲ့လို့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ကစားရပေမယ့် ကွင်းလယ်စိုးမိုးနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အတွေ့အကြုံနုတဲ့ ကစားသမားတွေကြောင့် ခံစစ်နဲ့ တိုက်စစ်ကြားမှာ ရုန်းကန်နေခဲ့ရပါတယ်။

လူငယ်ကွင်းလယ်လူ ဂီးလ်မိုးဟာ အသင်းကြီးအတွက် အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံရသူဖြစ်ပေမယ့် ကွင်းလယ်မှာ ဦးဆောင်ကစားဖို့အတွက် ကိုယ်လုံးကိုယ်ထည်ကအစ လိုအပ်ချက်တွေ များနေသေးသလို ဖူလ်ဟမ်ကစားသမားတွေရဲ့ ပစ်မှတ်အဖြစ် ဖိအားပေးခံနေခဲ့ရပြီး ချဲလ်ဆီးတို့အနေနဲ့ ဘောလုံးဖြန့်ဝေမှုတွေမှာ အခက်အခဲကိုပဲ ဖြစ်စေခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းအနေနဲ့ ပြိုင်ဘက်အသင်းမှာ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ မပါကတည်းက အင်အားသုံးပြီး လုပ်အားနှုန်းကောင်းကောင်းနဲ့ တုံ့ပြန်ကစားလာခဲ့သလို မကြာခဏဆိုသလို ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ခံစစ်နဲ့ ဂိုးသမား မန်ဒီတို့ရဲ့ ကာကွယ်မှုတွေကို ကောင်းခဲ့လို့သာ တူဟယ်လ်ရဲ့ လူချွေတာမှုက Backfired မဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ခံစစ်ကနေ စတင်ခဲ့တဲ့ သီယာဂို ဆေးလ်ဗားရဲ့ အဝေးဘောကို မေဆန်မောင့်က သပ်ရပ်လှပလွန်းတဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ ရယူခဲ့ပြီး ပြေးတက်သွားတဲ့ ဟာဗတ်ဇ်ဆီ အချိန်ကိုက် မျှောထိုးပေးခဲ့တာကို ဂျာမန်တိုက်စစ်မှူးက တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးသမားကို အနိုင်ယူကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းပေမယ့် စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ စကော့ ပါကားလို နည်းပြမျိုးကို ပိုင်ဆိုင်ထားတဲ့ ဖူလ်ဟမ်အသင်းအနေနဲ့ သူတို့နည်းပြရဲ့ အသင်းဟောင်းကို ရှိန်မနေဘဲ ကစားခဲ့သလို ဂီးလ်မိုးကတော့ တော်တော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ပြီး မာဂျာနဲ့ အိုင်နာတို့ရဲ့ ကန်ချက်တွေကို ဂိုးသမား မန်ဒီ ကာကွယ်ပုံ ကောင်းလွန်းခဲ့လို့သာ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး မကြာခင် ၄၉ မိနစ်မှာတော့ ချဲလ်ဆီးတို့ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရရှိခဲ့ပြန်ပြီး ဒီဂိုးကတော့ သူတို့ရဲ့ ခံစစ်နဲ့ လူကျွံဘောဖမ်းပုံကို အထင်ကြီးလွန်းတဲ့ ဖူလ်ဟမ်နောက်တန်းရဲ့ အမှားကနေ တီမို ဗာနာက ထိုးပေးလိုက်တာကို ဖြတ်ကျော်သွားခဲ့တဲ့ ဟာဗတ်ဇ်ကပဲ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ တကယ့်အဆုံးသတ်သမားကောင်းတစ်ယောက်ရဲ့ စွမ်းရည်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ကွင်းလယ်ကနေ ဘောလုံးမကစားဘဲ နောက်တန်းနဲ့ ရှေ့တန်း တိုက်ရိုက် ဘောလုံးပေးပို့မှုတွေနဲ့ ဖူလ်ဟမ်ရဲ့ Pressing ကို ရှောင်လွှဲသွားခဲ့တာကိုတော့ ချီးကျူးရမှာဖြစ်ပြီး ပွဲချိန် ၆၂ မိနစ်မှာ ဟာဗတ်ဇ် ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးမျိုး ကြုံခဲ့ပေမယ့် တစ်ဖက်ခံစစ်က ပိတ်ဆို့သွားခဲ့လို့သာ လွဲချော်ခဲ့ရတာလည်းဖြစ်ပါတယ်။

တူဟယ်လ် ပွဲချိန်ပြည့်သုံးစွဲသွားတဲ့ ဂီးလ်မိုးကတော့ သူ့ရဲ့ အရပ်အမောင်း၊ ကြံ့ခိုင်မှုတွေနဲ့ ဒီလို ကွင်းလယ်ခံစစ်တာဝန်ပါယူရတဲ့ Pivot နေရာမျိုးမှာ အဆင်မပြေဘဲ ဖူလ်ဟမ်လို အသင်းမျိုးနဲ့မို့လို့သာ ကံကောင်းခဲ့တာဖြစ်သလို သူ့နောက်က ဇူးမားကလည်း အချိန်ပြည့် မျက်စိဒေါက်ထောက်ကြည့်ပြီး ထောက်ကူပေးခဲ့လို့ ဟာကွက်က ထင်သလောက် မကြီးမားခဲ့တာဖြစ်ပြီး စွန့်စားမှုတိုင်းဟာ အကောင်းချည်းပဲတော့ ဖြစ်မနေနိုင်ဘူးလို့လည်း သုံးသပ်မိပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးတို့ကတော့ ရမှတ် ၆၁ မှတ်နဲ့ တတိယနေရာနဲ့ ၂ မှတ်အကွာကို ရောက်လာခဲ့သလို အဆင့် ၄ အတွင်းမှာ ရပ်တည်နိုင်ဖို့ အလားအလာကောင်းလာခဲ့သလို ပွဲကျပ်တွေ ကြုံနေတဲ့ လက်စတာအသင်းဆီက နေရာကို လုယူဖို့လည်း ဖြစ်နိုင်ခြေများလာခဲ့ပြီး နည်းပြ တူဟယ်လ်ရဲ့ မောင်းနှင်အားကတော့ အသင်းရဲ့ နေရာမှန်ကို ပြန်လာနိုင်မှုမှာ ချီးကျူးခံရဖို့ ထိုက်တန်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ကြင္းလယ္ပိုင္းမွာ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ႏွစ္ေယာက္စလုံးကို ရီးရဲလ္မက္ဒရစ္နဲ႔ ကစားဖို႔အတြက္ အနားေပးခဲ့လို႔ ဖူလ္ဟမ္ကို အိမ္ကြင္းမွာ ကစားရေပမယ့္ ကြင္းလယ္စိုးမိုးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး အေတြ႕အႀကဳံႏုတဲ့ ကစားသမားေတြေၾကာင့္ ခံစစ္နဲ႔ တိုက္စစ္ၾကားမွာ ႐ုန္းကန္ေနခဲ့ရပါတယ္။

လူငယ္ကြင္းလယ္လူ ဂီးလ္မိုးဟာ အသင္းႀကီးအတြက္ အနာဂတ္မွာ ထြန္းေတာက္လာမယ့္ ကစားသမားအျဖစ္ သတ္မွတ္ခံရသူျဖစ္ေပမယ့္ ကြင္းလယ္မွာ ဦးေဆာင္ကစားဖို႔အတြက္ ကိုယ္လုံးကိုယ္ထည္ကအစ လိုအပ္ခ်က္ေတြ မ်ားေနေသးသလို ဖူလ္ဟမ္ကစားသမားေတြရဲ႕ ပစ္မွတ္အျဖစ္ ဖိအားေပးခံေနခဲ့ရၿပီး ခ်ဲလ္ဆီးတို႔အေနနဲ႔ ေဘာလုံးျဖန႔္ေဝမႈေတြမွာ အခက္အခဲကိုပဲ ျဖစ္ေစခဲ့ပါတယ္။

ဖူလ္ဟမ္အသင္းအေနနဲ႔ ၿပိဳင္ဘက္အသင္းမွာ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ မပါကတည္းက အင္အားသုံးၿပီး လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ တုံ႔ျပန္ကစားလာခဲ့သလို မၾကာခဏဆိုသလို ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ခံစစ္နဲ႔ ဂိုးသမား မန္ဒီတို႔ရဲ႕ ကာကြယ္မႈေတြကို ေကာင္းခဲ့လို႔သာ တူဟယ္လ္ရဲ႕ လူေခြၽတာမႈက Backfired မျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဂိုးစတင္သြင္းယူႏိုင္ခဲ့ၿပီး ခံစစ္ကေန စတင္ခဲ့တဲ့ သီယာဂို ေဆးလ္ဗားရဲ႕ အေဝးေဘာကို ေမဆန္ေမာင့္က သပ္ရပ္လွပလြန္းတဲ့ ေဘာလုံးအထိန္းအသိမ္းနဲ႔ ရယူခဲ့ၿပီး ေျပးတက္သြားတဲ့ ဟာဗတ္ဇ္ဆီ အခ်ိန္ကိုက္ ေမွ်ာထိုးေပးခဲ့တာကို ဂ်ာမန္တိုက္စစ္မႉးက တည္တည္ၿငိမ္ၿငိမ္နဲ႔ ဂိုးသမားကို အႏိုင္ယူကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အေဝးကြင္းေပမယ့္ စိတ္ဓာတ္ခြန္အားေပးႏိုင္တဲ့ စေကာ့ ပါကားလို နည္းျပမ်ိဳးကို ပိုင္ဆိုင္ထားတဲ့ ဖူလ္ဟမ္အသင္းအေနနဲ႔ သူတို႔နည္းျပရဲ႕ အသင္းေဟာင္းကို ရွိန္မေနဘဲ ကစားခဲ့သလို ဂီးလ္မိုးကေတာ့ ေတာ္ေတာ္ေလး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနခဲ့ၿပီး မာဂ်ာနဲ႔ အိုင္နာတို႔ရဲ႕ ကန္ခ်က္ေတြကို ဂိုးသမား မန္ဒီ ကာကြယ္ပုံ ေကာင္းလြန္းခဲ့လို႔သာ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းျပန္စၿပီး မၾကာခင္ ၄၉ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေနာက္ထပ္ဦးေဆာင္ဂိုးတစ္ဂိုး ထပ္မံရရွိခဲ့ျပန္ၿပီး ဒီဂိုးကေတာ့ သူတို႔ရဲ႕ ခံစစ္နဲ႔ လူကြၽံေဘာဖမ္းပုံကို အထင္ႀကီးလြန္းတဲ့ ဖူလ္ဟမ္ေနာက္တန္းရဲ႕ အမွားကေန တီမို ဗာနာက ထိုးေပးလိုက္တာကို ျဖတ္ေက်ာ္သြားခဲ့တဲ့ ဟာဗတ္ဇ္ကပဲ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ တကယ့္အဆုံးသတ္သမားေကာင္းတစ္ေယာက္ရဲ႕ စြမ္းရည္နဲ႔ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးတို႔ ကြင္းလယ္ကေန ေဘာလုံးမကစားဘဲ ေနာက္တန္းနဲ႔ ေရွ႕တန္း တိုက္႐ိုက္ ေဘာလုံးေပးပို႔မႈေတြနဲ႔ ဖူလ္ဟမ္ရဲ႕ Pressing ကို ေရွာင္လႊဲသြားခဲ့တာကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္ၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာ ဟာဗတ္ဇ္ ဟက္ထရစ္ရႏိုင္တဲ့ အခြင့္အေရးမ်ိဳး ႀကဳံခဲ့ေပမယ့္ တစ္ဖက္ခံစစ္က ပိတ္ဆို႔သြားခဲ့လို႔သာ လြဲေခ်ာ္ခဲ့ရတာလည္းျဖစ္ပါတယ္။

တူဟယ္လ္ ပြဲခ်ိန္ျပည့္သုံးစြဲသြားတဲ့ ဂီးလ္မိုးကေတာ့ သူ႔ရဲ႕ အရပ္အေမာင္း၊ ႀကံ့ခိုင္မႈေတြနဲ႔ ဒီလို ကြင္းလယ္ခံစစ္တာဝန္ပါယူရတဲ့ Pivot ေနရာမ်ိဳးမွာ အဆင္မေျပဘဲ ဖူလ္ဟမ္လို အသင္းမ်ိဳးနဲ႔မို႔လို႔သာ ကံေကာင္းခဲ့တာျဖစ္သလို သူ႔ေနာက္က ဇူးမားကလည္း အခ်ိန္ျပည့္ မ်က္စိေဒါက္ေထာက္ၾကည့္ၿပီး ေထာက္ကူေပးခဲ့လို႔ ဟာကြက္က ထင္သေလာက္ မႀကီးမားခဲ့တာျဖစ္ၿပီး စြန႔္စားမႈတိုင္းဟာ အေကာင္းခ်ည္းပဲေတာ့ ျဖစ္မေနႏိုင္ဘူးလို႔လည္း သုံးသပ္မိပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးတို႔ကေတာ့ ရမွတ္ ၆၁ မွတ္နဲ႔ တတိယေနရာနဲ႔ ၂ မွတ္အကြာကို ေရာက္လာခဲ့သလို အဆင့္ ၄ အတြင္းမွာ ရပ္တည္ႏိုင္ဖို႔ အလားအလာေကာင္းလာခဲ့သလို ပြဲက်ပ္ေတြ ႀကဳံေနတဲ့ လက္စတာအသင္းဆီက ေနရာကို လုယူဖို႔လည္း ျဖစ္ႏိုင္ေျခမ်ားလာခဲ့ၿပီး နည္းျပ တူဟယ္လ္ရဲ႕ ေမာင္းႏွင္အားကေတာ့ အသင္းရဲ႕ ေနရာမွန္ကို ျပန္လာႏိုင္မႈမွာ ခ်ီးက်ဴးခံရဖို႔ ထိုက္တန္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.