Bundesliga Premier League

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဆန္ခ်ဳိကို ေခၚယူႏုိင္ဖို႔ မန္ခ်က္စတာယူႏုိက္တက္ ခက္ခဲသြားႏုိင္

ဥေရာပတစ္လႊားမွာ ပ်ံ႕ႏွံ႔ေနတဲ့ COVID-19 ကမာၻ႕ကပ္ေရာဂါေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္အသင္းက အသည္းအသန္ အလိုရွိေနတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိတစ္ေယာက္ မိခင္ေျမကို ျပန္မလာႏုိင္တဲ့ အေျခအေနကို ႀကဳံရႏိုင္ၿပီး ေခၚယူဖို႔ ခက္ခဲသြားႏုိင္ေျခနဲ႔လည္း ရင္ဆုိင္ေနရပါတယ္။

အဂၤလန္ႏုိင္ငံဟာ ဂ်ာမနီႏုိင္ငံထက္ ကို႐ိုနာဗုိင္းရပ္စ္ ထိန္းခ်ဳပ္ေရးမွာ ေျခတစ္လွမ္းေလာက္ ေနာက္က်ေနခဲ့ၿပီး ရက္ပုိင္းအတြင္းကမွ ၿဗိတိန္ ေတာ္ဝင္အိမ္ေရွ႕မင္းသား ခ်ားလ္စ္အေနနဲ႔ ဒီေရာဂါကူးစက္မွဳကို ခံစားခဲ့ရၿပီး ကမာၻ႕အေက်ာ္ၾကားဆုံး ထိပ္တန္းပုဂၢဳိလ္တစ္ဦးမွာ ေတြ႕ရွိမွဳလည္း ျဖစ္ခဲ့ပါတယ္။

ဆန္ခ်ဳိအေနနဲ႔ ဒီလိုမ်ဳိး ေရာဂါပ်ံ႕ႏွံ႔မွဳေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ႏုိင္ငံရပ္ျခားကို အသင္းေျပာင္းေရႊ႕ဖို႔ ႀကဳိတင္ကာကြယ္မွဳေတြအရ ျဖစ္ႏုိင္ေျခ နည္းလာခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ေရာ ေစာင့္ၾကည့္ေနတဲ့ ခ်ဲလ္ဆီးအတြက္ပါ အဆင္မေျပမွဳေတြနဲ႔ ရင္ဆုိင္ရေတာ့မွာလည္း ျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ေတာင္ပံကစားသမားကို ေဒါ့မြန္အသင္းလက္ထဲကေန ေခၚယူႏုိင္ဖို႔ ဂ်ာမန္အင္အားႀကီး ဘုိင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ၾကားဝင္လာဖြယ္ရွိေနၿပီး ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ႏုိင္ငံရပ္ျခားက အေျပာင္းအေရႊ႕ေတြ စိတ္မခ်ရခ်ိန္မွာ သူတုိ႔အေနနဲ႔ မန္စီးတီးရဲ႕ လီရြဳိင္း ဆာေနးကို ေခၚယူဖို႔ ခက္မယ့္အတူတူ ဆန္ခ်ဳိကို အစားထိုးေခၚယူသြားဖို႔လည္း ရွိေနခဲ့တာျဖစ္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳမွာ ႏုိင္ငံတြင္း ပ်ံ႕ႏွံ႔မွဳထက္ Imported Case ေတြဟာ ပုိမိုစိုးရိမ္စရာေကာင္းေနၿပီး လာမယ့္အေျပာင္းအေရႊ႕ကာလမွာ တစ္ႏုိင္ငံကေန တစ္ႏိုင္ငံကို ေျပာင္းေရႊ႕တာမ်ဳိးထက္ ႏိုင္ငံအတြင္း ကလပ္အသင္းခ်င္းခ်င္း ေျပာင္းေရႊ႕တာမ်ဳိး ပုိမိုမ်ားျပားလာႏိုင္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဥရောပတစ်လွှားမှာ ပျံ့နှံ့နေတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက အသည်းအသန် အလိုရှိနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုတစ်ယောက် မိခင်မြေကို ပြန်မလာနိုင်တဲ့ အခြေအနေကို ကြုံရနိုင်ပြီး ခေါ်ယူဖို့ ခက်ခဲသွားနိုင်ခြေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အင်္ဂလန်နိုင်ငံဟာ ဂျာမနီနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ ခြေတစ်လှမ်းလောက် နောက်ကျနေခဲ့ပြီး ရက်ပိုင်းအတွင်းကမှ ဗြိတိန် တော်ဝင်အိမ်ရှေ့မင်းသား ချားလ်စ်အနေနဲ့ ဒီရောဂါကူးစက်မှုကို ခံစားခဲ့ရပြီး ကမ္ဘာ့အကျော်ကြားဆုံး ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးမှာ တွေ့ရှိမှုလည်း ဖြစ်ခဲ့ပါတယ်။

ဆန်ချိုအနေနဲ့ ဒီလိုမျိုး ရောဂါပျံ့နှံ့မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံရပ်ခြားကို အသင်းပြောင်းရွှေ့ဖို့ ကြိုတင်ကာကွယ်မှုတွေအရ ဖြစ်နိုင်ခြေ နည်းလာခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက်ရော စောင့်ကြည့်နေတဲ့ ချဲလ်ဆီးအတွက်ပါ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားကို ဒေါ့မွန်အသင်းလက်ထဲကနေ ခေါ်ယူနိုင်ဖို့ ဂျာမန်အင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ကြားဝင်လာဖွယ်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံရပ်ခြားက အပြောင်းအရွှေ့တွေ စိတ်မချရချိန်မှာ သူတို့အနေနဲ့ မန်စီးတီးရဲ့ လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ ခက်မယ့်အတူတူ ဆန်ချိုကို အစားထိုးခေါ်ယူသွားဖို့လည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ နိုင်ငံတွင်း ပျံ့နှံ့မှုထက် Imported Case တွေဟာ ပိုမိုစိုးရိမ်စရာကောင်းနေပြီး လာမယ့်အပြောင်းအရွှေ့ကာလမှာ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ပြောင်းရွှေ့တာမျိုးထက် နိုင်ငံအတွင်း ကလပ်အသင်းချင်းချင်း ပြောင်းရွှေ့တာမျိုး ပိုမိုများပြားလာနိုင်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.