Premier League

မန္ခ်က္စတာစီးတီးရဲ႕ အယူခံကို ကန္႔ကြက္လႊာတင္သြင္းဖို႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြ လုပ္ေဆာင္ေန

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ UEFA ရဲ႕ ဘဏၰာေရးဆုိင္ရာ မွ်တစြာ ကစားေရးမူဝါဒ FFP ကို ခ်ဳိးေဖာက္ခဲ့လို႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ အေပၚမွာ လက္မခံဘဲ အားကစားခုံ႐ုံး CAS ကို အယူခံဝင္ခဲ့တဲ့အေပၚ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းအသင္းႀကီးေတြက ကန္႔ကြက္လႊာတင္သြင္းၿပီး ခ်န္ပီယံလိဂ္မွာ ပါမလာဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

အာဆင္နယ္၊ လီဗာပူးလ္၊ မန္ခ်က္စတာယူႏုိက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြ ပါဝင္တဲ့ အသင္းႀကီး ၆ သင္းဝင္ အသင္းေတြအပါအဝင္ ပရီးမီးယားလိဂ္ ၈ သင္းက မန္စီးတီးရဲ႕ ျပစ္ဒဏ္ကို ေရွာင္လႊဲမယ့္ လုပ္ရပ္ကို ကန္႔ကြက္ခဲ့ၾကၿပီး ျပစ္ဒဏ္ကို ဆုိင္းငံ့မယ့္ CAS က အစီအစဥ္ကို တားဆီးသြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳေတြေၾကာင့္ အားကစားခုံ႐ုံးကို အယူခံဝင္ခဲ့တဲ့အေပၚမွာ ၾကားနာစစ္ေဆးျခင္း၊ ဆုံးျဖတ္ျခင္းေတြ မျပဳလုပ္ရေသးဘူးလို႔ သိရၿပီး ပရီးမီးယားလိဂ္ ၈ သင္းအေနနဲ႔ ယူေအအီးပုိင္ရွင္ေတြရဲ႕ အသင္းကို ဒီတစ္ခါမွာလည္း ျပစ္ဒဏ္ကေန ေရွာင္လႊဲမွဳ မျပဳႏုိင္ဖို႔ ဝိုင္းဝန္းကန္႔ကြက္ခဲ့တာျဖစ္ပါတယ္။

“ဒါက ျပစ္ဒဏ္ဆိုရင္ လုံေလာက္ေနၿပီပဲဗ်ာ၊ လက္ခံလုိက္ေတာ့ေပါ့။ စီးတီးအသင္းဟာ သူတုိ႔ရဲ႕ စည္းမ်ဥ္းခ်ဳိးေဖာက္မွဳေတြကေန ေရွာင္လဲႊၿပီး ျပစ္ဒဏ္ကို ရင္မဆုိင္ဘဲ တျခားအသင္းေတြအေပၚ အသာစီးရယူေနခဲ့တာပါ။ သူတုိ႔အေနနဲ႔ တျခားအသင္းတစ္သင္းကို ခ်န္ပီယံလိဂ္ကစားခြင့္မရေအာင္ လုပ္ေနတာလည္းျဖစ္ပါတယ္။ အခု ကၽြန္ေတာ္တုိ႔က သူတုိ႔အေနနဲ႔ ျပစ္ဒဏ္ကို ဆုိင္းငံ့ထားၿပီး ပါဝင္ကစားမွာကို စိုးရိမ္ေနတာပါ။ သူတို႔က အယူခံကို အႏုိင္ရေအာင္လုပ္ၿပီး ဘာျပစ္ဒဏ္မွာ မရဘဲ လြတ္ထြက္လာဦးမွာဆုိရင္ေတာ့ ေတာ္ေတာ္ ေဒါသထြက္စရာေကာင္းတာပါပဲ”လို႔ သတင္းအရင္းအျမစ္ တစ္ခုက ဆုိပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကို UEFA ရဲ႕ ျပစ္ဒဏ္အတုိင္း ခ်မွတ္သြားဖို႔ တြန္းအားေပးခဲ့တဲ့သူေတြထဲမွာ ၿမဳိ႕ခံၿပဳိင္ဘက္ဒုဥကၠဌ အက္ဒ္ဝုဒ္ဝဒ္၊ လီဗာပူးလ္အသင္းပိုင္ရွင္ ဂၽြန္ ဟင္နရီ၊ စပါးစ္အသင္းဥကၠဌ ဒန္နီယယ္လ္ လီဗီနဲ႔ ခ်ဲလ္ဆီးအသင္းပုိင္ရွင္ ႐ိုမန္ ေအဘရာမုိဗစ္ခ်္တုိ႔ ပါဝင္ေနၾကသလို အာဆင္နယ္နဲ႔ တျခားအသင္းအခ်ဳိ႕လည္း ပူးေပါင္းပါဝင္ေနၾကတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ UEFA ရဲ့ ဘဏ္ဏာရေးဆိုင်ရာ မျှတစွာ ကစားရေးမူဝါဒ FFP ကို ချိုးဖောက်ခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အပေါ်မှာ လက်မခံဘဲ အားကစားခုံရုံး CAS ကို အယူခံဝင်ခဲ့တဲ့အပေါ် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတွေက ကန့်ကွက်လွှာတင်သွင်းပြီး ချန်ပီယံလိဂ်မှာ ပါမလာဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်၊ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးစ်နဲ့ ချဲလ်ဆီးအသင်းတွေ ပါဝင်တဲ့ အသင်းကြီး ၆ သင်းဝင် အသင်းတွေအပါအဝင် ပရီးမီးယားလိဂ် ၈ သင်းက မန်စီးတီးရဲ့ ပြစ်ဒဏ်ကို ရှောင်လွှဲမယ့် လုပ်ရပ်ကို ကန့်ကွက်ခဲ့ကြပြီး ပြစ်ဒဏ်ကို ဆိုင်းငံ့မယ့် CAS က အစီအစဉ်ကို တားဆီးသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အားကစားခုံရုံးကို အယူခံဝင်ခဲ့တဲ့အပေါ်မှာ ကြားနာစစ်ဆေးခြင်း၊ ဆုံးဖြတ်ခြင်းတွေ မပြုလုပ်ရသေးဘူးလို့ သိရပြီး ပရီးမီးယားလိဂ် ၈ သင်းအနေနဲ့ ယူအေအီးပိုင်ရှင်တွေရဲ့ အသင်းကို ဒီတစ်ခါမှာလည်း ပြစ်ဒဏ်ကနေ ရှောင်လွှဲမှု မပြုနိုင်ဖို့ ဝိုင်းဝန်းကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

“ဒါက ပြစ်ဒဏ်ဆိုရင် လုံလောက်နေပြီပဲဗျာ၊ လက်ခံလိုက်တော့ပေါ့။ စီးတီးအသင်းဟာ သူတို့ရဲ့ စည်းမျဉ်းချိုးဖောက်မှုတွေကနေ ရှောင်လွဲှပြီး ပြစ်ဒဏ်ကို ရင်မဆိုင်ဘဲ တခြားအသင်းတွေအပေါ် အသာစီးရယူနေခဲ့တာပါ။ သူတို့အနေနဲ့ တခြားအသင်းတစ်သင်းကို ချန်ပီယံလိဂ်ကစားခွင့်မရအောင် လုပ်နေတာလည်းဖြစ်ပါတယ်။ အခု ကျွန်တော်တို့က သူတို့အနေနဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားပြီး ပါဝင်ကစားမှာကို စိုးရိမ်နေတာပါ။ သူတို့က အယူခံကို အနိုင်ရအောင်လုပ်ပြီး ဘာပြစ်ဒဏ်မှာ မရဘဲ လွတ်ထွက်လာဦးမှာဆိုရင်တော့ တော်တော် ဒေါသထွက်စရာကောင်းတာပါပဲ”လို့ သတင်းအရင်းအမြစ် တစ်ခုက ဆိုပါတယ်။

မန်ချက်စတာစီးတီးအသင်းကို UEFA ရဲ့ ပြစ်ဒဏ်အတိုင်း ချမှတ်သွားဖို့ တွန်းအားပေးခဲ့တဲ့သူတွေထဲမှာ မြို့ခံပြိုင်ဘက်ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်၊ လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန် ဟင်နရီ၊ စပါးစ်အသင်းဥက္ကဌ ဒန်နီယယ်လ် လီဗီနဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်တို့ ပါဝင်နေကြသလို အာဆင်နယ်နဲ့ တခြားအသင်းအချို့လည်း ပူးပေါင်းပါဝင်နေကြတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.