Analysis Match Report Premier League

ရုန်းကန်နေရတဲ့ အသင်းကြီးတွေ ဝမ်းသာအောင် အမှတ်လျော့ပြတဲ့ လက်စတာ

လက်စတာစီးတီးအသင်းကတော့ သူတို့ရဲ့ ပန်းဝင်ချိန်မှာ အရှိန်လျော့ကျတတ်တဲ့ အစဉ်အလာအတိုင်း ပြီးခဲ့တဲ့ရာသီက အဖြစ်မျိုးနဲ့ ထပ်မံ ရင်ဆိုင်ရဖို့ စိုးရိမ်ဖွယ်ရှိလာပြီး ချဲလ်ဆီး၊ လီဗာပူးလ်တို့လို အသင်းကြီးတွေနဲ့ စပါးစ်၊ ဝက်စ်ဟမ်းတို့လို အသင်းလတ်တွေအတွက် သွေးနံ့ကို ခံစားမိစေခဲ့ပါတယ်။

အသက်အရွယ်ထောက်လာတဲ့ တိုက်စစ်မှူး ဂျေမီ ဗာဒီ ခြေစွမ်းကျဆင်းနေပြီး ကွင်းလယ်ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝချိန်မှာ အီဟန်နာချိုတစ်ဦးတည်းကိုသာ အားကိုးနေရတဲ့ လက်စတာအသင်းဟာ စိန့်မေရီကွင်းမှာ ဆယ်ယောက်ကျန် ဆောက်သမ်တန်ကို အနိုင်မယူနိုင်ခဲ့ဘဲ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဂျိမ်းစ် မက်ဒီဆန်ရဲ့ မူလခြေစွမ်းကို မမီသေးတာနဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ရီကာဒို ပါရဲရားကို မသုံးနိုင်သေးတာက လက်စတာရဲ့ ပွဲထွက်လူစာရင်း မတည်ငြိမ်မှုကိုလည်း ဖြစ်ပေါ်စေပြီး ဟာဗီ ဘန်းစ်ပါ မပါနိုင်ချိန်မှာတော့ သူတို့ရဲ့ တိုက်စစ်ဖန်တီးမှုနဲ့ အဆုံးသတ်ပိုင်းတွေက နည်းပြ ဘရန်ဒန် ရော့ဂျားစ်အတွက် စိန်ခေါ်မှုတစ်ခုလည်းဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာကတည်းက နောက်ခံလူ ယန်နစ် ဗက်စတာဂတ် တိုက်ရိုက်အနီနဲ့ အထုတ်ခံခဲ့ရလို့ မိနစ် ၈၀ လုံးလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ဆောက်သမ်တန်တို့အနေနဲ့ အိမ်ကွင်းမှာ ပင်နယ်တီကနေ ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး အီဟန်နာချိုရဲ့ လက်ထိဘောကနေ ဝါ့ဒ်ပရောက်စ်က ပွဲချိန် ၆၁ မိနစ်မှာ အမှားအယွင်းမရှိ ဦးဆောင်ခဲ့စေပါတယ်။

ဒါပေမယ့် ပွဲချိန် ၆၇ မိနစ်မှာတော့ လက်စတာတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး အန်ဒီဒီပေးတဲ့ ဘောလုံးကို အီဟန်နာချိုက ဖြတ်တင် ပေးခဲ့တာကို ဝါရင့်နောက်ခံလူ ဂျွန်နီ အီဗန်စ်က ခေါင်းတိုက်ပြီး သရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပေမယ့် ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်နဲ့ အမှတ်ကွာသွားခဲ့သလို စတုတ္ထနေရာက ချဲလ်ဆီးအသင်းနဲ့လည်း အမှတ်ကပ်သွားတော့မယ့် အရေးကို ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

၃၄ ပွဲ ကစားပြီးသွားတဲ့ လက်စတာစီးတီးအနေနဲ့ လက်ကျန်ပွဲစဉ် လေးပွဲဟာ လုံးဝ ဖြောင့်ဖြူးသာယာနိုင်တဲ့ လမ်းမျိုး မဟုတ်သလို ပွဲစဉ် ၃၅ မှာ ရုန်းအားကောင်းနေတဲ့ နယူးကာဆယ်လ်၊ ၃၆ မှာ မန်ချက်စတာယူနိုက်တက်၊ ၃၇ မှာ ချဲလ်ဆီး၊ ၃၈ မှာ စပါးစ်တို့နဲ့ တွေ့ဆုံနေတာကြောင့် သူတို့ရဲ့ ရာသီကုန် ခရီးလမ်းကတော့ ပြီးခဲ့တဲ့နှစ်ကလိုပဲ ဖြစ်လာရင်လည်း မဆန်းဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

လက်စတာရဲ့ သရေပွဲအတွက် ထိပ်ဆုံးက ပျော်ရွှင်ရမှာကတော့ ချဲလ်ဆီးပရိသတ်တွေပဲဖြစ်ပြီး လီဗာပူးလ်နဲ့ စပါးစ်တို့လည်း ဒီအတွက် ရင်ခုန်ခွင့် ရှိနေသလို ဘာမဆိုဖြစ်သွားနိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့ ထုံးစံအတိုင်း ပွဲစဉ် ၃၄ ဟာ အခွင့်အရေးယူတတ်သူတွေအဖို့တော့ အလှည့်အပြောင်းကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာစီးတီးအသင္းကေတာ့ သူတို႔ရဲ႕ ပန္းဝင္ခ်ိန္မွာ အရွိန္ေလ်ာ့က်တတ္တဲ့ အစဥ္အလာအတိုင္း ၿပီးခဲ့တဲ့ရာသီက အျဖစ္မ်ိဳးနဲ႔ ထပ္မံ ရင္ဆိုင္ရဖို႔ စိုးရိမ္ဖြယ္ရွိလာၿပီး ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔လို အသင္းႀကီးေတြနဲ႔ စပါးစ္၊ ဝက္စ္ဟမ္းတို႔လို အသင္းလတ္ေတြအတြက္ ေသြးနံ႔ကို ခံစားမိေစခဲ့ပါတယ္။

အသက္အ႐ြယ္ေထာက္လာတဲ့ တိုက္စစ္မႉး ေဂ်မီ ဗာဒီ ေျခစြမ္းက်ဆင္းေနၿပီး ကြင္းလယ္ကစားသမားေတြ ႀကံ့ခိုင္မႈ မျပည့္ဝခ်ိန္မွာ အီဟန္နာခ်ိဳတစ္ဦးတည္းကိုသာ အားကိုးေနရတဲ့ လက္စတာအသင္းဟာ စိန႔္ေမရီကြင္းမွာ ဆယ္ေယာက္က်န္ ေဆာက္သမ္တန္ကို အႏိုင္မယူႏိုင္ခဲ့ဘဲ တစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

ဂ်ိမ္းစ္ မက္ဒီဆန္ရဲ႕ မူလေျခစြမ္းကို မမီေသးတာနဲ႔ အသင္းရဲ႕ အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ခဲ့ဖူးတဲ့ ရီကာဒို ပါရဲရားကို မသုံးႏိုင္ေသးတာက လက္စတာရဲ႕ ပြဲထြက္လူစာရင္း မတည္ၿငိမ္မႈကိုလည္း ျဖစ္ေပၚေစၿပီး ဟာဗီ ဘန္းစ္ပါ မပါႏိုင္ခ်ိန္မွာေတာ့ သူတို႔ရဲ႕ တိုက္စစ္ဖန္တီးမႈနဲ႔ အဆုံးသတ္ပိုင္းေတြက နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္အတြက္ စိန္ေခၚမႈတစ္ခုလည္းျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာကတည္းက ေနာက္ခံလူ ယန္နစ္ ဗက္စတာဂတ္ တိုက္႐ိုက္အနီနဲ႔ အထုတ္ခံခဲ့ရလို႔ မိနစ္ ၈၀ လုံးလုံး တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတဲ့ ေဆာက္သမ္တန္တို႔အေနနဲ႔ အိမ္ကြင္းမွာ ပင္နယ္တီကေန ဂိုးစတင္သြင္းယူႏိုင္ခဲ့ၿပီး အီဟန္နာခ်ိဳရဲ႕ လက္ထိေဘာကေန ဝါ့ဒ္ပေရာက္စ္က ပြဲခ်ိန္ ၆၁ မိနစ္မွာ အမွားအယြင္းမရွိ ဦးေဆာင္ခဲ့ေစပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ လက္စတာတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး အန္ဒီဒီေပးတဲ့ ေဘာလုံးကို အီဟန္နာခ်ိဳက ျဖတ္တင္ ေပးခဲ့တာကို ဝါရင့္ေနာက္ခံလူ ဂြၽန္နီ အီဗန္စ္က ေခါင္းတိုက္ၿပီး သေရတစ္မွတ္ကို ရွာေဖြႏိုင္ခဲ့ေပမယ့္ ဒုတိယေနရာက မန္ခ်က္စတာယူႏိုက္တက္နဲ႔ အမွတ္ကြာသြားခဲ့သလို စတုတၳေနရာက ခ်ဲလ္ဆီးအသင္းနဲ႔လည္း အမွတ္ကပ္သြားေတာ့မယ့္ အေရးကို ရင္ဆိုင္ခဲ့ရၿပီျဖစ္ပါတယ္။

၃၄ ပြဲ ကစားၿပီးသြားတဲ့ လက္စတာစီးတီးအေနနဲ႔ လက္က်န္ပြဲစဥ္ ေလးပြဲဟာ လုံးဝ ေျဖာင့္ျဖဴးသာယာႏိုင္တဲ့ လမ္းမ်ိဳး မဟုတ္သလို ပြဲစဥ္ ၃၅ မွာ ႐ုန္းအားေကာင္းေနတဲ့ နယူးကာဆယ္လ္၊ ၃၆ မွာ မန္ခ်က္စတာယူႏိုက္တက္၊ ၃၇ မွာ ခ်ဲလ္ဆီး၊ ၃၈ မွာ စပါးစ္တို႔နဲ႔ ေတြ႕ဆုံေနတာေၾကာင့္ သူတို႔ရဲ႕ ရာသီကုန္ ခရီးလမ္းကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကလိုပဲ ျဖစ္လာရင္လည္း မဆန္းဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္ပါတယ္။

လက္စတာရဲ႕ သေရပြဲအတြက္ ထိပ္ဆုံးက ေပ်ာ္႐ႊင္ရမွာကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြပဲျဖစ္ၿပီး လီဗာပူးလ္နဲ႔ စပါးစ္တို႔လည္း ဒီအတြက္ ရင္ခုန္ခြင့္ ရွိေနသလို ဘာမဆိုျဖစ္သြားႏိုင္တဲ့ ပရီးမီးယားလိဂ္ရဲ႕ ထုံးစံအတိုင္း ပြဲစဥ္ ၃၄ ဟာ အခြင့္အေရးယူတတ္သူေတြအဖို႔ေတာ့ အလွည့္အေျပာင္းေကာင္းတစ္ခု ျဖစ္လာႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.