Premier League

မေဒေးနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ထူးခြား သတင်းများ စုစည်းမှု

အာဆင်နယ်ရဲ့အဝတ်လဲခန်းထဲမှာ စည်းလုံးမှုပြိုကွဲနေတယ်လို့ သိရပြီး အာတီတာဟာ စီနီယာကစားသမားတွေနဲ့ အသင်းသားတွေရဲ့ ယုံကြည်မှုကို မရရှိတော့သလို နည်းပြရဲ့ အူဘာမီယန်းအပေါ် တင်းမာတဲ့ဆက်ဆံမှုတွေနဲ့ ကိုယ်အားသန်သလို ကစားခွင့်မရတဲ့ ပါတေးရဲ့စိတ်ပျက်မှုတွေကြောင့် အတွင်းရေးမှာအက်ကွဲနေ။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်တဲ့ ရာဖေးလ် ဗာရန်းဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားလိုတဲ့ဆန္ဒ ရှိနေပြီး သူ့ကိုလိုက်နေတဲ့ မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ကာ ငွေဖြုန်းအားရှိနေတဲ့ ချယ်လ်ဆီးအသင်းက လာမယ့်နွေမှာ ပေါင် ၆၁ သန်းနဲ့ လက်ဦးမှုရယူဖွယ်ရှိနေ။

လာမယ့်ရာသီအတွက် ဝက်ဖို့ဒ်အသင်းဟာ နော်ဝစ်ချ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီဖြစ်လို့ ဗလင်စီယာနည်းပြဟောင်း Xisco Munoz ရဲ့ ကိုင်တွယ်မှုမှာ ၄-၃-၃ စတိုင်လ်နဲ့ တောက်ပခဲ့တဲ့ အစ္စမေလာ ဆားရ်၊ ယောပက်ဒရို၊ ကန်ဆီမာ၊ ဝယ်လ်ဟုချ်တို့ရဲ့ခြေစွမ်းက ပရီးမီးယားလိဂ်ရဲ့ အသွေးအမွေးသစ်ကို ယူဆောင်လာမှာဖြစ်။

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ လာမယ့်နွေမှာ ရာသီကြိုချစ်ကြည်ရေးပွဲစဥ်အဖြစ် အိုးထရက်ဖို့ဒ်နဲ့ အန်ဖီးလ်မြေမှာ တကျော့စီကစားသွားမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါအပြီးမှာ ပရိသတ်တွေ ကွင်းထဲပြန်လာရေး ဆွဲဆောင်နိုင်ဖို့ရည်ရွယ်ထား။

ကွင်းလယ်နေရာမှာသာ ကစားဖို့ စိတ်အားသန်နေတဲ့ မိတ်လန်းနိုင်းလ်ဟာ အခွင့်အရေးမပေးချင် အာတီတာရဲ့ ခေါင်းမာမှုကြောင့် အာဆင်နယ်ကို စွန့်ခွာသွားဖို့ရှိနေပြီး ၂၃ နှစ်သားကို ဝက်စ်ဘရွမ်းမှာ ဆက်ထိန်းထားလိုတဲ့ ဆမ်အလာဒိုက်စ်နဲ့အတူ လိဒ်စ်၊ မိုနာကို၊ ဝုဗ်စ်အသင်းတို့က သူ့ကို ခေါ်ယူဖို့ တန်းစီနေ။

ပေါင်သန်း ၅၀၀ ပေးသုံးမယ်ဆိုရင်တော့ မိမိအသင်းက မန်စီးတီးထက်လျော့စရာ တကွက်မှမရှိဘူးလို့ လက်စတာနည်းပြရော့ဂျားစ်က ခပ်ဝင့်ဝင့်ပြောကြားသွားခဲ့ပြီး အသက် ၂၀ နှစ်သားကဲ့လို့ ဗာဒီရဲ့ မမောမပန်း ပြေးလွှားနေမှုရဲ့ လျှိုဝှက်ချက်က ပွဲကစားခါနီးတိုင်း ရက်ဘူးလ်အားဖြည့်အချိုရည် ၂ ဘူးသောက်ခြင်းဖြစ်ကြောင်းဆို။

ဒူးဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသထားတဲ့ ကော်တင်ညိုဟာ ဒီရာသီ ဘာစီလိုနာမှာ နေရာပျောက်နေတာကြောင့် ပရီးမီးယားလိဂ်ကို တကျော့ပြန်ပူးပေါင်းလာဖို့ ရှိနေပြီး ၂၈ နှစ်သားဟာ အန်ဆလော့တီရဲ့ အဲဗာတန်အသင်းကို မျက်စိကျနေသလို မာဆေးဆိုက်ဒါဘီအသင်းမှာ ကစားမယ်ဆိုရင်တော့ လီဗာပူးလ်ပရိသတ်တွေရဲ့ အမျက်တော်ရှခံရမှာဖြစ်။

လင်ဂတ်ရဲ့ခြေစွမ်းကို သိပ်ကိုအထင်ကြီးနေတဲ့ ဝက်စ်ဟမ်းနည်းပြဒေးဗစ်မွိုက်စ်နဲ့ ယူနိုက်တက်နည်းပြဆိုးလ်ရှားတို့ဟာ ခေါင်းချင်းရိုက်ကာ သူ့ရဲ့ဆုံးဖြတ်သွားကြမှာဖြစ်ပြီး ဆိုးရှားလ်အနေနဲ့ လင်ဂတ်ကိုအသုံးချကာ ငွေသားအလိုက်ကိုပါ ထပ်ပေါင်းထည့်ပေးပြီး ဒေကလန်ရိုက်စ်ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်ဖို့ စီစဥ်နေကြောင်းသိရ။

ဥပုသ်စောင့်နေတာ​ကြောင့် ၁၅ နာရီကြာ ဗိုက်ထဲအစာမရှိတဲ့ ဖိုဖာနာဟာ ဝက်စ်ဘရွမ်းနဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို မိနစ် ၆၀ ကြာ အေးအေးဆေးဆေးကစားနိုင်ခဲ့ခြင်းကို လက်စတာနည်းပြရော့ဂျားစ်က အံ့အားသင့်နေပြီး တကယ့်အာဂလူလို့ ချီးကျူးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ရဲ႕အဝတ္လဲခန္းထဲမွာ စည္းလုံးမႈၿပိဳကြဲေနတယ္လို႔ သိရၿပီး အာတီတာဟာ စီနီယာကစားသမားေတြနဲ႔ အသင္းသားေတြရဲ႕ ယုံၾကည္မႈကို မရရွိေတာ့သလို နည္းျပရဲ႕ အူဘာမီယန္းအေပၚ တင္းမာတဲ့ဆက္ဆံမႈေတြနဲ႔ ကိုယ္အားသန္သလို ကစားခြင့္မရတဲ့ ပါေတးရဲ႕စိတ္ပ်က္မႈေတြေၾကာင့္ အတြင္းေရးမွာအက္ကြဲေန။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးေတာ့မွာမဟုတ္တဲ့ ရာေဖးလ္ ဗာရန္းဟာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ကစားလိုတဲ့ဆႏၵ ရွိေနၿပီး သူ႔ကိုလိုက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ကို ေက်ာ္ျဖတ္ကာ ေငြျဖဳန္းအားရွိေနတဲ့ ခ်ယ္လ္ဆီးအသင္းက လာမယ့္ေႏြမွာ ေပါင္ ၆၁ သန္းနဲ႔ လက္ဦးမႈရယူဖြယ္ရွိေန။

လာမယ့္ရာသီအတြက္ ဝက္ဖို႔ဒ္အသင္းဟာ ေနာ္ဝစ္ခ်္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့ၿပီျဖစ္လို႔ ဗလင္စီယာနည္းျပေဟာင္း Xisco Munoz ရဲ႕ ကိုင္တြယ္မႈမွာ ၄-၃-၃ စတိုင္လ္နဲ႔ ေတာက္ပခဲ့တဲ့ အစၥေမလာ ဆားရ္၊ ေယာပက္ဒ႐ို၊ ကန္ဆီမာ၊ ဝယ္လ္ဟုခ်္တို႔ရဲ႕ေျခစြမ္းက ပရီးမီးယားလိဂ္ရဲ႕ အေသြးအေမြးသစ္ကို ယူေဆာင္လာမွာျဖစ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ဟာ လာမယ့္ေႏြမွာ ရာသီႀကိဳခ်စ္ၾကည္ေရးပြဲစဥ္အျဖစ္ အိုးထရက္ဖို႔ဒ္နဲ႔ အန္ဖီးလ္ေျမမွာ တေက်ာ့စီကစားသြားမွာျဖစ္ၿပီး ကိုဗစ္ကပ္ေရာဂါအၿပီးမွာ ပရိသတ္ေတြ ကြင္းထဲျပန္လာေရး ဆြဲေဆာင္ႏိုင္ဖို႔ရည္႐ြယ္ထား။

ကြင္းလယ္ေနရာမွာသာ ကစားဖို႔ စိတ္အားသန္ေနတဲ့ မိတ္လန္းႏိုင္းလ္ဟာ အခြင့္အေရးမေပးခ်င္ အာတီတာရဲ႕ ေခါင္းမာမႈေၾကာင့္ အာဆင္နယ္ကို စြန္႔ခြာသြားဖို႔ရွိေနၿပီး ၂၃ ႏွစ္သားကို ဝက္စ္ဘ႐ြမ္းမွာ ဆက္ထိန္းထားလိုတဲ့ ဆမ္အလာဒိုက္စ္နဲ႔အတူ လိဒ္စ္၊ မိုနာကို၊ ဝုဗ္စ္အသင္းတို႔က သူ႔ကို ေခၚယူဖို႔ တန္းစီေန။

ေပါင္သန္း ၅၀၀ ေပးသုံးမယ္ဆိုရင္ေတာ့ မိမိအသင္းက မန္စီးတီးထက္ေလ်ာ့စရာ တကြက္မွမရွိဘူးလို႔ လက္စတာနည္းျပေရာ့ဂ်ားစ္က ခပ္ဝင့္ဝင့္ေျပာၾကားသြားခဲ့ၿပီး အသက္ ၂၀ ႏွစ္သားကဲ့လို႔ ဗာဒီရဲ႕ မေမာမပန္း ေျပးလႊားေနမႈရဲ႕ လွ်ိဳဝွက္ခ်က္က ပြဲကစားခါနီးတိုင္း ရက္ဘူးလ္အားျဖည့္အခ်ိဳရည္ ၂ ဘူးေသာက္ျခင္းျဖစ္ေၾကာင္းဆို။

ဒူးဒဏ္ရာကို ဒုတိယအႀကိမ္ ခြဲစိတ္ကုသထားတဲ့ ေကာ္တင္ညိဳဟာ ဒီရာသီ ဘာစီလိုနာမွာ ေနရာေပ်ာက္ေနတာေၾကာင့္ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္ပူးေပါင္းလာဖို႔ ရွိေနၿပီး ၂၈ ႏွစ္သားဟာ အန္ဆေလာ့တီရဲ႕ အဲဗာတန္အသင္းကို မ်က္စိက်ေနသလို မာေဆးဆိုက္ဒါဘီအသင္းမွာ ကစားမယ္ဆိုရင္ေတာ့ လီဗာပူးလ္ပရိသတ္ေတြရဲ႕ အမ်က္ေတာ္ရွခံရမွာျဖစ္။

လင္ဂတ္ရဲ႕ေျခစြမ္းကို သိပ္ကိုအထင္ႀကီးေနတဲ့ ဝက္စ္ဟမ္းနည္းျပေဒးဗစ္မြိဳက္စ္နဲ႔ ယူႏိုက္တက္နည္းျပဆိုးလ္ရွားတို႔ဟာ ေခါင္းခ်င္း႐ိုက္ကာ သူ႔ရဲ႕ဆုံးျဖတ္သြားၾကမွာျဖစ္ၿပီး ဆိုးရွားလ္အေနနဲ႔ လင္ဂတ္ကိုအသုံးခ်ကာ ေငြသားအလိုက္ကိုပါ ထပ္ေပါင္းထည့္ေပးၿပီး ေဒကလန္႐ိုက္စ္ကို အိုးထရက္ဖို႔ဒ္ဆီ ေခၚေဆာင္ဖို႔ စီစဥ္ေနေၾကာင္းသိရ။

ဥပုသ္ေစာင့္ေနတာ​ေၾကာင့္ ၁၅ နာရီၾကာ ဗိုက္ထဲအစာမရွိတဲ့ ဖိုဖာနာဟာ ဝက္စ္ဘ႐ြမ္းနဲ႔ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့သလို မိနစ္ ၆၀ ၾကာ ေအးေအးေဆးေဆးကစားႏိုင္ခဲ့ျခင္းကို လက္စတာနည္းျပေရာ့ဂ်ားစ္က အံ့အားသင့္ေနၿပီး တကယ့္အာဂလူလို႔ ခ်ီးက်ဴးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.