Premier League Transfer News

အသင်းသစ် ရှာဖွေဖို့ အေးဂျင့်တွေကို စေလိုက်ပြီဖြစ်တဲ့ အန်းဖီးလ်ရဲ့ ဖာရိုး

လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှုး မိုဆာလားဟာ ရာသီကုန်မှာ အသင်းကိုစွန့်ခွာတော့မှာဖြစ်ပြီး သူ့အတွက် အသင်းသစ်ရှာပေးဖို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေနဲ့ အေးဂျင့်တွေဆီ မောင်းတီးထားလိုက်ပြီလို့ သတင်းတွေက ဖော်ပြနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်က အဆုံးအဖြတ်ဖြစ်လာမယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ အကောင်းဆုံးခြေစွမ်းရရှိနေတဲ့ လက်ရှိအရွယ်ကောင်းမှာ အောင်မြင်မှုတွေအသစ်တွေကို ရယူလိုနေတာဖြစ်ပြီး လီဗာပူးလ်ရဲ့ ဒီရာသီခြေချော်မှုနဲ့ တွက်ဆကြည့်ရင် စာချုပ် ၂ နှစ်သာကျန်နေတဲ့သူ့ကို ပြောင်းရွှေ့ကြေးခပ်မြင့်မြင့်နဲ့ ရောင်းထုတ်ဖို့ကလည်း အသင်းဘက်က အရှုံးမရှိတဲ့အနေအထားဖြစ်နေတယ်။.

မို​ဆာလားက စပိန်ဘီလူးကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နှစ်သင်းကိုသာ မျက်စိကျနေတယ်လို့ သိရပြီး လီဗာပူးလ်ဘက်ကတည်း မိုဆာလား သို့ မာနေးကို သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းရရှိနေချိန်မှာ ရောင်းထုတ်ပြီး အမြတ်ရှာဖို့ အစီအစဥ်ရှိနေတယ်လို့လည်း သိရတယ်။

“ကျွန်တော့်အထင်ကတော့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ဟာ တကယ့်ထိပ်သီးကလပ်တွေပါ။ အပြောင်းအရွှေ့ဖြစ်နိုင်မဖြစ်နိုင်ဆိုတာတော့ ကျွန်တော့်အသင်းရဲ့ လက်ထဲကို ဝကွ​က်အပ်ထားပါတယ်”လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာက မိုဆာလားရဲ့ အရိပ်အမြွက်ဆိုခဲ့မှုဟာ လီဗာပူးလ်နဲ့ မိုဆလားတို့ နှစ်ဦးနှစ်ဖက် Win-Win Situation ကို ဖော်ဆောင်လိုစိတ်ကိုလည်း တွေ့ရတယ်။

မိုဆာလားက အသက် ၂၈ နှစ်နဲ့ အတောက်ပဆုံးခြေစွမ်းရှိချိန်မှာ အရွယ်မလွန်ခင် အခုထက်ပိုပြီး အမြင့်ပျံချင်သလို လီဗာပူးလ်ကလည်း သူ့နေရာ အဆင်သင့်ပြန်ဖြည့်ဖို့ ဝယ်စရာလူစာရင်းထဲက ရွက်ပုန်းသီးတွေကို ကင်းထောက်ထားပြီးသား ရှိနေတယ်လို့ သတင်းကဆိုတယ်။

လီဗာပူးလ်အတွက် ၁၉၈ ပွဲကစားပြီး ၁၂၃ ဂိုးသွင်းထားတဲ့ သူ့လို ကမ္ဘာ့အဆင့်မီတိုက်စစ်မှုးမျိုးကို လက်လွှတ်ဖို့ဆိုတာ ကလော့ပ်အနေနဲ့ ရူးမိုက်ရာကျတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် ကိုဗစ်ကြောင့် အထိနာနေတဲ့ အသင်းရဲ့စီးပွားရေးကို နာလန်ထူဖို့ ရွေးချယ်စရာတခုတည်းသော နည်းလမ်းလည်းဖြစ်နေတာပါ။

Transfermarkt ရဲ့ သတ်မှတ်ချက်အရ လက်ရှိပေါက်စျေး ပေါင် ၉၉ သန်းတန်ကြေးရှိတဲ့ မိုဆာလားကို ဥရောပအထက်တန်းလွှာအသင်းတွေထဲက ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီတို့က ဝယ်ယူဖွယ် ရှိလာမှာ မဟုတ်ဘဲ စပိန်တခေတ်ကို ပြန်လည်တည်ဆောက်ဖို့ ရှိနေတဲ့ ဘာဆာ၊ ရီးရဲလ်တို့ကသာ ညှိနှိုင်းစျေးနဲ့ ဝယ်ယူသွားဖွယ်ရှိကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းရဲ႕တိုက္စစ္မႈး မိုဆာလားဟာ ရာသီကုန္မွာ အသင္းကိုစြန္႔ခြာေတာ့မွာျဖစ္ၿပီး သူ႔အတြက္ အသင္းသစ္ရွာေပးဖို႔ နီးစပ္တဲ့အသိုင္းအဝိုင္းေတြနဲ႔ ေအးဂ်င့္ေတြဆီ ေမာင္းတီးထားလိုက္ၿပီလို႔ သတင္းေတြက ေဖာ္ျပေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္က အဆုံးအျဖတ္ျဖစ္လာမယ္လို႔ ဆိုပါတယ္။

သူ႔အေနနဲ႔ အေကာင္းဆုံးေျခစြမ္းရရွိေနတဲ့ လက္ရွိအ႐ြယ္ေကာင္းမွာ ေအာင္ျမင္မႈေတြအသစ္ေတြကို ရယူလိုေနတာျဖစ္ၿပီး လီဗာပူးလ္ရဲ႕ ဒီရာသီေျခေခ်ာ္မႈနဲ႔ တြက္ဆၾကည့္ရင္ စာခ်ဳပ္ ၂ ႏွစ္သာက်န္ေနတဲ့သူ႔ကို ေျပာင္းေ႐ႊ႕ေၾကးခပ္ျမင့္ျမင့္နဲ႔ ေရာင္းထုတ္ဖို႔ကလည္း အသင္းဘက္က အရႈံးမရွိတဲ့အေနအထားျဖစ္ေနတယ္။.

မို​ဆာလားက စပိန္ဘီလူးႀကီးေတြျဖစ္တဲ့ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ႏွစ္သင္းကိုသာ မ်က္စိက်ေနတယ္လို႔ သိရၿပီး လီဗာပူးလ္ဘက္ကတည္း မိုဆာလား သို႔ မာေနးကို သူတို႔ရဲ႕ အေကာင္းဆုံးေျခစြမ္းရရွိေနခ်ိန္မွာ ေရာင္းထုတ္ၿပီး အျမတ္ရွာဖို႔ အစီအစဥ္ရွိေနတယ္လို႔လည္း သိရတယ္။

“ကြၽန္ေတာ့္အထင္ကေတာ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ဟာ တကယ့္ထိပ္သီးကလပ္ေတြပါ။ အေျပာင္းအေ႐ႊ႕ျဖစ္ႏိုင္မျဖစ္ႏိုင္ဆိုတာေတာ့ ကြၽန္ေတာ့္အသင္းရဲ႕ လက္ထဲကို ဝကြ​က္အပ္ထားပါတယ္”လို႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာက မိုဆာလားရဲ႕ အရိပ္အႁမြက္ဆိုခဲ့မႈဟာ လီဗာပူးလ္နဲ႔ မိုဆလားတို႔ ႏွစ္ဦးႏွစ္ဖက္ Win-Win Situation ကို ေဖာ္ေဆာင္လိုစိတ္ကိုလည္း ေတြ႕ရတယ္။

မိုဆာလားက အသက္ ၂၈ ႏွစ္နဲ႔ အေတာက္ပဆုံးေျခစြမ္းရွိခ်ိန္မွာ အ႐ြယ္မလြန္ခင္ အခုထက္ပိုၿပီး အျမင့္ပ်ံခ်င္သလို လီဗာပူးလ္ကလည္း သူ႔ေနရာ အဆင္သင့္ျပန္ျဖည့္ဖို႔ ဝယ္စရာလူစာရင္းထဲက ႐ြက္ပုန္းသီးေတြကို ကင္းေထာက္ထားၿပီးသား ရွိေနတယ္လို႔ သတင္းကဆိုတယ္။

လီဗာပူးလ္အတြက္ ၁၉၈ ပြဲကစားၿပီး ၁၂၃ ဂိုးသြင္းထားတဲ့ သူ႔လို ကမာၻ႔အဆင့္မီတိုက္စစ္မႈးမ်ိဳးကို လက္လႊတ္ဖို႔ဆိုတာ ကေလာ့ပ္အေနနဲ႔ ႐ူးမိုက္ရာက်တယ္ဆိုတဲ့ ေဝဖန္မႈေတြ ရွိေနေပမယ့္ ကိုဗစ္ေၾကာင့္ အထိနာေနတဲ့ အသင္းရဲ႕စီးပြားေရးကို နာလန္ထူဖို႔ ေ႐ြးခ်ယ္စရာတခုတည္းေသာ နည္းလမ္းလည္းျဖစ္ေနတာပါ။

Transfermarkt ရဲ႕ သတ္မွတ္ခ်က္အရ လက္ရွိေပါက္ေစ်း ေပါင္ ၉၉ သန္းတန္ေၾကးရွိတဲ့ မိုဆာလားကို ဥေရာပအထက္တန္းလႊာအသင္းေတြထဲက ဂ်ဴဗင္တပ္စ္နဲ႔ ပီအက္စ္ဂ်ီတို႔က ဝယ္ယူဖြယ္ ရွိလာမွာ မဟုတ္ဘဲ စပိန္တေခတ္ကို ျပန္လည္တည္ေဆာက္ဖို႔ ရွိေနတဲ့ ဘာဆာ၊ ရီးရဲလ္တို႔ကသာ ညႇိႏႈိင္းေစ်းနဲ႔ ဝယ္ယူသြားဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.