Article Premier League

ယူနိုက်တက်နဲ့ ရော်နယ်လ်ဒိုတို့ တစ်ကျော့ပြန်ပေါင်းစည်းမှုက ပရိသတ်ကို ဂျင်းရုံသက်သက်လား

တချို့ကိစ္စတွေက အတိတ်ကအရိပ်တွေအဖြစ်သာ လွှတ်ချထားပြီး စိတ်ကူးမယဥ်တော့သင့်တော့တာ မဟုတ်ရင်တောင် ပျော်ရွှင်ခဲ့သမျှတွေကို စိတ်ကူးအိပ်မက်ပြတိုက်ထဲမှာ တခမ်းတနား သိဒ္ဓိတင်ထားခြင်းသက်သက်ကသာ နှစ်ဖက်အကျိုးကို ပိုပြီးထိရောက်စေတာမျိုး ရှိတတ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ပြန်ပေါင်းထုပ်ဇာတ်လမ်းက အရမ်းဟော့နေတဲ့ကိစ္စဖြစ်သလို ငွေကြေးသာအရာရာဆိုတဲ့ မော်ဒန်ဘောလုံးလောကမှာ အခုလို ဧရာမအပြောင်းအရွှေ့အရေးက မဖြစ်လာနိုင်စရာအကြောင်းလည်း မရှိနိုင်တာပါ။

ယူနိုက်တက်အသင်းက ဆိုးလ်ရှားနဲ့လက်တွဲမှုနဲ့အတူ တဆင့်ချင်းစီ ပျိုးထောင်နေတဲ့ အနာဂတ်စီမံကိန်းနဲ့ အသင်းရဲ့ တကယ့်ရေရှည်အကျိုးကို ကြည့်မယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ကို လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်နဲ့ ဇာစ်မြစ်တွေက မေးခွန်းထုတ်စရာ ရှိလာပါပြီ။

အသင်းပရိသတ်တွေလည်း ကျေနပ်မယ်။ ရော်နယ်လ်ဒိုနဲ့ အလွမ်းသင့်ခဲ့ရတဲ့ အိုးထရက်ဖို့ဒ်ကလည်း စိုပြည်လာမယ်။ ပရိသတ်တွေရဲ့ ဆာဖာဂီခေတ်ဟောင်းသမိုင်းမှာ မပါမဖြစ်ကစားသမားက အသင်းရဲ့အနာဂတ်တည်ဆောက်ရေးမှာ ”ငါတို့ရဲ့အားပဲ” ဆိုတဲ့ မျှော်လင့်ချက်တွေက အချစ်အလွမ်းပြဇာတ်တပုဒ်အလားပါပဲ။

တကယ်တမ်းလက်တွေ့နဲ့ တိုက်စစ်ကြည့်ရင်တော့ ရော်နယ်လ်ဒိုက နေဝင်ဘုရင်အဖြစ်သာ တခန်းရပ်ရတော့မယ့် အသက် ၃၆ နှစ်အရွယ်ပါ။ သူလာမယ်ဆိုရင်တော့ ဆိုးလ်ရှားလည်း ငြင်းနိုင်စွမ်းရှိမှာ မဟုတ်တာကြောင့် သူ့အတွက် သုံးရမယ့် ငွေပမာဏက မနည်းလှသလို ဂလေဇာတို့က ရော်နယ်လ်ဒိုရဲ့ပုံရိပ်နဲ့ စီးပွားရှာနေချိန်မှာ ယူနိုက်တက်က ရော်နယ်ဒိုလို သက်ကြားအိုအရွယ်နဲ့ ဆက်ရွေ့နေရဖို့ ရှိလာမယ်။

အာမယ် ဂျယ်လိုတို့ ဥပမာလို တက်သစ်စလူငယ်တွေနဲ့ ဒေါင်းတင်မောင်းတင် ဖြည့်တင်းရမယ့် အသင်းရဲ့ ကွင်းလယ်ခံစစ်၊ ဗဟိုခံစစ်မှူး၊ ညာတောင်ပံတိုက်စစ်နေရာတွေက ငွေအင်အားအရ အဆင့်မီတဲ့လူကို ထပ်ဖြည့်နိုင်တော့မှာမဟုတ်ဘဲ အခုလက်ရှိအပေါက်အပြဲအတိုင်း ဒုတိယတန်းစား ကစားသမားတွေနဲ့သာ တဝဲလည်လည် ကျန်ရစ်ခဲ့ဖို့ များပါတယ်။

တကယ်တမ်း ရော်နယ်လ်ဒိုအတွက် အရှူံးမရှိတဲ့ အနေအထားမှာ ယူနိုက်တက်က သူ့ဆီက ဘာပြန်ရမလဲလို့ တွေးကြည့်ရင်တော့ သူ့ရဲ့ ယူနိုက်တက်အတိတ်ဟောင်းက အောင်မြင်မှုဆုဖလားတွေကို ပြန်လည်ဆောင်ကျဥ်းပေးနိုင်ပြီး အသင်းကို ဦးဆောင်နိုင်ဖို့ဆိုတာ အခွင့်အရေးကအင်မတန်နည်းပါးပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်က အမြင့်ဆုံးခြေစွမ်းတွေက ငယ်မူငယ်သွေးမပြန်နိုင်တော့တာ ဂျူဗင်တပ်စ်နဲ့ လက်ရှိဥရောပကျရှုံးမှုတွေက သက်သေပါ။ သူက ကာဗာနီတို့လို ရေတိုအတွက်သာဖြစ်တယ့။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရဖို့လည်း မဖြစ်နိုင်ဘူး။

အသက်အရွယ်က စကားပြောလာချိန်မှာ ယူနိုက်တက်ရဲ့ကွင်းတွင်းခြေစွမ်းက မဆုတ်ယုတ်ဘူးလို့ အာမမခံနိုင်ဘူး။ ယူနိုက်တက်က ရော်နယ်လ်ဒိုကြောင့် ကွင်းထဲမှာ တကယ်လိုအပ်တဲ့လူငယ်တွေကို ဝယ်မဖြည့်နိုင်ဘူးဆိုရင်တော့ အသင်းမှာ တဖူနာရမယ်။ အသင်းက ဆာလောင်မွတ်သိပ်နေတဲ့ တကျော့ပြန် ကွင်းတွင်းအောင်မြင်မှုကိုပါ ရော်နယ်လ်ဒိုကြောင့် ထပ်ပြီးပိတ်ဆို့သွားမယ်ဆိုရင်တော့ အသင်းကသာ မိအေးနှစ်ခါနာပါမယ်။

တဖက်ကကြည့်ရင်တော့ မျှော်မှန်းသလောက်သာ ခြေစွမ်းပြပြီး ရော်နယ်လ်ဒိုက အသင်းကို ကွင်းတွင်းအောင်မြင်မှုရအောင် ဆွဲတင်နိုင်ခဲ့ရင်တော့ စူပါလိဂ်အရှုပ်တော်ပုံကြောင့် ပရိသတ်တွေအမျက်ကို ပြန်လည်သက်သာစေမယ့် အချိုကျွေးမှုနဲ့အတူ ရော်နယ်လ်ဒိုရဲ့နောက်ကွယ်က ငွေကြေးစီးဆင်းလာမယ့် စီးပွားရေးအရအကျိုးအမြတ်တွေက တချက်ခုတ် နှစ်ချက်ပြတ်ဖို့ ဂလေဇာတို့က ဒီအပြောင်းအရွှေ့ကို ရည်ရွယ်ခဲ့ရင်တောင်မှ ယူနိုက်တက်ပရိသတ်တွေက သူ့ကို မကြိုဆိုချင်စရာအကြောင်းမရှိကြောင်းလည်း တင်ဆက်ပေးချင်ပါတယ်။

ယူနိုက်တက်နဲ့ ရော်နယ်လ်ဒိုတို့ တကျော့ပြန်ပေါင်းစည်းမှုက နှစ်ပင်လိမ်အဖြည့်ခံသက်သက် ပရိသတ်စိတ်အဆာပြေဖို့ ဦးတည်နေတာဆိုရင်တော့
ကွင်းထဲမှာ ရော်နယ်လ်ဒိုရှိနေပါတယ်ဆိုတဲ့ အတုအ​ယောင်စိတ်အဆာပြေမှုနဲ့ အသင်းရဲ့ မိုးထဲရေထဲက အရေးတကြီးအနာဂတ်နဲ့ အလဲအထပ်လုပ်သင့်ရဲ့လား၊ တန်ရဲ့လားဆိုတာကတော့ ပရိသတ်တွေအနေနဲ့ တွက်ဆစရာတွေ ရှိနေပါကြောင်း….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တခ်ိဳ႕ကိစၥေတြက အတိတ္ကအရိပ္ေတြအျဖစ္သာ လႊတ္ခ်ထားၿပီး စိတ္ကူးမယဥ္ေတာ့သင့္ေတာ့တာ မဟုတ္ရင္ေတာင္ ေပ်ာ္႐ႊင္ခဲ့သမွ်ေတြကို စိတ္ကူးအိပ္မက္ျပတိုက္ထဲမွာ တခမ္းတနား သိဒၶိတင္ထားျခင္းသက္သက္ကသာ ႏွစ္ဖက္အက်ိဳးကို ပိုၿပီးထိေရာက္ေစတာမ်ိဳး ရွိတတ္ပါတယ္။

လက္ရွိမွာ ယူႏိုက္တက္နဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ျပန္ေပါင္းထုပ္ဇာတ္လမ္းက အရမ္းေဟာ့ေနတဲ့ကိစၥျဖစ္သလို ေငြေၾကးသာအရာရာဆိုတဲ့ ေမာ္ဒန္ေဘာလုံးေလာကမွာ အခုလို ဧရာမအေျပာင္းအေ႐ႊ႕အေရးက မျဖစ္လာႏိုင္စရာအေၾကာင္းလည္း မရွိႏိုင္တာပါ။

ယူႏိုက္တက္အသင္းက ဆိုးလ္ရွားနဲ႔လက္တြဲမႈနဲ႔အတူ တဆင့္ခ်င္းစီ ပ်ိဳးေထာင္ေနတဲ့ အနာဂတ္စီမံကိန္းနဲ႔ အသင္းရဲ႕ တကယ့္ေရရွည္အက်ိဳးကို ၾကည့္မယ္ဆိုရင္ေတာ့ ဒီအေျပာင္းအေ႐ႊ႕ကို လုပ္ေဆာင္ရျခင္း ရည္႐ြယ္ခ်က္နဲ႔ ဇာစ္ျမစ္ေတြက ေမးခြန္းထုတ္စရာ ရွိလာပါၿပီ။

အသင္းပရိသတ္ေတြလည္း ေက်နပ္မယ္။ ေရာ္နယ္လ္ဒိုနဲ႔ အလြမ္းသင့္ခဲ့ရတဲ့ အိုးထရက္ဖို႔ဒ္ကလည္း စိုျပည္လာမယ္။ ပရိသတ္ေတြရဲ႕ ဆာဖာဂီေခတ္ေဟာင္းသမိုင္းမွာ မပါမျဖစ္ကစားသမားက အသင္းရဲ႕အနာဂတ္တည္ေဆာက္ေရးမွာ ”ငါတို႔ရဲ႕အားပဲ” ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြက အခ်စ္အလြမ္းျပဇာတ္တပုဒ္အလားပါပဲ။

တကယ္တမ္းလက္ေတြ႕နဲ႔ တိုက္စစ္ၾကည့္ရင္ေတာ့ ေရာ္နယ္လ္ဒိုက ေနဝင္ဘုရင္အျဖစ္သာ တခန္းရပ္ရေတာ့မယ့္ အသက္ ၃၆ ႏွစ္အ႐ြယ္ပါ။ သူလာမယ္ဆိုရင္ေတာ့ ဆိုးလ္ရွားလည္း ျငင္းႏိုင္စြမ္းရွိမွာ မဟုတ္တာေၾကာင့္ သူ႔အတြက္ သုံးရမယ့္ ေငြပမာဏက မနည္းလွသလို ဂေလဇာတို႔က ေရာ္နယ္လ္ဒိုရဲ႕ပုံရိပ္နဲ႔ စီးပြားရွာေနခ်ိန္မွာ ယူႏိုက္တက္က ေရာ္နယ္ဒိုလို သက္ၾကားအိုအ႐ြယ္နဲ႔ ဆက္ေ႐ြ႕ေနရဖို႔ ရွိလာမယ္။

အာမယ္ ဂ်ယ္လိုတို႔ ဥပမာလို တက္သစ္စလူငယ္ေတြနဲ႔ ေဒါင္းတင္ေမာင္းတင္ ျဖည့္တင္းရမယ့္ အသင္းရဲ႕ ကြင္းလယ္ခံစစ္၊ ဗဟိုခံစစ္မႉး၊ ညာေတာင္ပံတိုက္စစ္ေနရာေတြက ေငြအင္အားအရ အဆင့္မီတဲ့လူကို ထပ္ျဖည့္ႏိုင္ေတာ့မွာမဟုတ္ဘဲ အခုလက္ရွိအေပါက္အၿပဲအတိုင္း ဒုတိယတန္းစား ကစားသမားေတြနဲ႔သာ တဝဲလည္လည္ က်န္ရစ္ခဲ့ဖို႔ မ်ားပါတယ္။

တကယ္တမ္း ေရာ္နယ္လ္ဒိုအတြက္ အရႉံးမရွိတဲ့ အေနအထားမွာ ယူႏိုက္တက္က သူ႔ဆီက ဘာျပန္ရမလဲလို႔ ေတြးၾကည့္ရင္ေတာ့ သူ႔ရဲ႕ ယူႏိုက္တက္အတိတ္ေဟာင္းက ေအာင္ျမင္မႈဆုဖလားေတြကို ျပန္လည္ေဆာင္က်ဥ္းေပးႏိုင္ၿပီး အသင္းကို ဦးေဆာင္ႏိုင္ဖို႔ဆိုတာ အခြင့္အေရးကအင္မတန္နည္းပါးပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္က အျမင့္ဆုံးေျခစြမ္းေတြက ငယ္မူငယ္ေသြးမျပန္ႏိုင္ေတာ့တာ ဂ်ဴဗင္တပ္စ္နဲ႔ လက္ရွိဥေရာပက်ရႈံးမႈေတြက သက္ေသပါ။ သူက ကာဗာနီတို႔လို ေရတိုအတြက္သာျဖစ္တယ့။ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရဖို႔လည္း မျဖစ္ႏိုင္ဘူး။

အသက္အ႐ြယ္က စကားေျပာလာခ်ိန္မွာ ယူႏိုက္တက္ရဲ႕ကြင္းတြင္းေျခစြမ္းက မဆုတ္ယုတ္ဘူးလို႔ အာမမခံႏိုင္ဘူး။ ယူႏိုက္တက္က ေရာ္နယ္လ္ဒိုေၾကာင့္ ကြင္းထဲမွာ တကယ္လိုအပ္တဲ့လူငယ္ေတြကို ဝယ္မျဖည့္ႏိုင္ဘူးဆိုရင္ေတာ့ အသင္းမွာ တဖူနာရမယ္။ အသင္းက ဆာေလာင္မြတ္သိပ္ေနတဲ့ တေက်ာ့ျပန္ ကြင္းတြင္းေအာင္ျမင္မႈကိုပါ ေရာ္နယ္လ္ဒိုေၾကာင့္ ထပ္ၿပီးပိတ္ဆို႔သြားမယ္ဆိုရင္ေတာ့ အသင္းကသာ မိေအးႏွစ္ခါနာပါမယ္။

တဖက္ကၾကည့္ရင္ေတာ့ ေမွ်ာ္မွန္းသေလာက္သာ ေျခစြမ္းျပၿပီး ေရာ္နယ္လ္ဒိုက အသင္းကို ကြင္းတြင္းေအာင္ျမင္မႈရေအာင္ ဆြဲတင္ႏိုင္ခဲ့ရင္ေတာ့ စူပါလိဂ္အရႈပ္ေတာ္ပုံေၾကာင့္ ပရိသတ္ေတြအမ်က္ကို ျပန္လည္သက္သာေစမယ့္ အခ်ိဳေကြၽးမႈနဲ႔အတူ ေရာ္နယ္လ္ဒိုရဲ႕ေနာက္ကြယ္က ေငြေၾကးစီးဆင္းလာမယ့္ စီးပြားေရးအရအက်ိဳးအျမတ္ေတြက တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ဖို႔ ဂေလဇာတို႔က ဒီအေျပာင္းအေ႐ႊ႕ကို ရည္႐ြယ္ခဲ့ရင္ေတာင္မွ ယူႏိုက္တက္ပရိသတ္ေတြက သူ႔ကို မႀကိဳဆိုခ်င္စရာအေၾကာင္းမရွိေၾကာင္းလည္း တင္ဆက္ေပးခ်င္ပါတယ္။

ယူႏိုက္တက္နဲ႔ ေရာ္နယ္လ္ဒိုတို႔ တေက်ာ့ျပန္ေပါင္းစည္းမႈက ႏွစ္ပင္လိမ္အျဖည့္ခံသက္သက္ ပရိသတ္စိတ္အဆာေျပဖို႔ ဦးတည္ေနတာဆိုရင္ေတာ့
ကြင္းထဲမွာ ေရာ္နယ္လ္ဒိုရွိေနပါတယ္ဆိုတဲ့ အတုအ​ေယာင္စိတ္အဆာေျပမႈနဲ႔ အသင္းရဲ႕ မိုးထဲေရထဲက အေရးတႀကီးအနာဂတ္နဲ႔ အလဲအထပ္လုပ္သင့္ရဲ႕လား၊ တန္ရဲ႕လားဆိုတာကေတာ့ ပရိသတ္ေတြအေနနဲ႔ တြက္ဆစရာေတြ ရွိေနပါေၾကာင္း….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.