Premier League

စပါယ်ရှယ်ဝမ်းလို့ နာမည်ကြီးခဲ့တဲ့ မော်ရင်ညိုရဲ့ နည်းပြဘဝမှာ အကြီးဆုံးမှားခဲ့တဲ့ အမှား ၅ ခု

ခေတ်နောက်ကျတဲ့ နည်းဗျူဟာ
သူ့ရဲ့အကောင်းဆုံးအချိန်မှာ ဘောလုံးခေတ်တခေတ်ကို ပြောစမှတ်တွင်စေခဲ့ပြီး အပြောင်မြောက်ဆုံးနည်းဗျူဟာရှင်လို့ သတ်မှတ်ခံခဲ့ရပေမယ့် ခေတ်ရဲ့ရေစီးကြောင်းအလိုက် ပြောင်းလဲဖို့တော့ မော်ရင်ညိုက ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့တယ်။ တကျော့ပြန်ချယ်လ်ဆီးခရီးရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်နောက်ဆုံးရာသီရဲ့ အရှက်တကွဲအကျိုးနည်းဖြစ်ရပ်၊ ယူနိုက်တက်နဲ့ စပါးစ်တို့ကနေ ကန်ထုတ်ခံခဲ့ရမှုတွေက မော်ရင်ညိုရဲ့ ခေတ်မမီဘဲ ဒိတ်အောက်နေတဲ့ ဘတ်စ်ကစားကွက်နဲ့ ခံစစ်ဗျူဟာကြောင့် အဆိုပြုခံထားရပါတယ်။

ခေါင်းဆောင်မဟုတ်တဲ့ ခေါင်းရှောင်
မော်ရင်ညိုကိုကြည့်ရင်တော့ ကွင်းထဲက အရှုံးရလဒ်မှန်သမျှကို တာဝန်ခံလေ့မရှိဘဲ ငါကမှန်တယ်၊ ကစားသမားတွေကြောင့်လို့ မီဒီယာတွေရှေ့မှာ ပြောင်ပြောင်တင်းတင်း လက်ညှိုးထိုးပုံချလေ့ရှိတာက သူ့ကို အားလုံးရဲ့ချဥ်ဖတ်အဆင့်အထိ ဖြစ်စေခဲ့တယ်။

မော်ရင်ညိုရဲ့အပြစ်ဖို့ဇာတ်လမ်းမှာ လုခ်ရှောကလည်း အသုံးတော်ခံခဲ့ရဖူးသလို စပါးစ်ကနေ အထုတ်မခံရခင်အပိုင်းအခြားမှာ အသင်းရဲ့ရလဒ်ဆိုးတွေက ကစားသမားတွေကြောင့် ပုံချခဲ့လို့ အသင်းသားတွေရဲ့ သစ္စာဖောက်ခြင်းကို မကြာခဏ ခံရလေ့ရှိတဲ့ ဥပမာအတိုင်း မယ်မယ်ရရအောင်မြင်မှုမယူနိုင်ဘဲ ဖျာလိပ်ခဲ့ရပြန်တယ်။

လူငယ်တွေကို မြေမြှုပ်သူ
မော်ရင်ညိုမှာ မေးခွန်းထုတ်စရာရှိတာတွေက သူ့ရဲ့ စရိုက်တွေတင်မက ကိုယ်ကျင့်ဖောက်ပြားမှုအနေနဲ့ ကိုယ်ကျိုးကိုသာမက်မောပြီး ကောက်ရိုးမီးထတောက်တဲ့ အောင်မြင်နောက်ကိုလိုက်ပြီး လူငယ်တွေကို မျက်ကွယ်ပြုလေ့ရှိတဲ့အချက်လည်း အပါအဝင်ပါ။ လူငယ်တွေကို ပွဲမထုတ်ဘူး။ မွေးထုတ်ဖို့ စိတ်မဝင်စားတဲ့အပြင် တောက်မယ့်မီးခဲ တရဲရဲဆိုတဲ့ လူငယ်တွေကိုပါ သူ့လက်ထဲမှာ ချိုးနှိမ်ပြီး ခြေစွမ်းတွေကို မြေမြှုပ်ပစ်သူအဖြစ်လည်း သူ့ရဲ့သမိုင်းမှာ အမည်းစက်ထင်းနေခဲ့တယ်။.

မို​ဆာလားနဲ့ ဒီဘရိုင်းနားတို့ကို အပယ်ခံဘဝရောက်စေသူ
လက်ရှိဥရောပရဲ့ဘုရင်အဖြစ် ရပ်တည်ပြီး လီဗာပူးလ်၊ မန်စီးတီးအသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို လွှမ်းမိုးနေတဲ့ မိုဆာလားနဲ့ ဒီဘရိုင်းနားတို့က မော်ရင်ညိုကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီးနည်းပြဘဝမှာတော့ နေရာမရခဲ့ဖူးတဲ့အပြင် ကန်ထုတ်ခံရတယ်။ ပရီးမီးယားလိဂ်နဲ့ ဝေးရာကို လွင့်စင်ထွက်ပြီး အပယ်ခံဘဝရောက်ခဲ့ရတယ်။

ဒီဘရိုင်းနားဟာ အသင်းမှာ စတုတ္ထဦးစားပေးနေရာမှာပဲရှိတယ်လို့ ပက်ပက်စက်စက်ပြောထွက်ခဲ့ပေမယ့် ပတ္တမြားမှန်တဲ့ နွံမနစ်ခဲ့တဲ့ လက်ရှိအောင်မြင်မှုမှာ မော်ရင်ညိုကျေးဇူး မူးလို့ရှုစရာမရှိခဲ့တာကို တွေ့ရတယ်။

ဘယ်အသင်းရောက်ရောက် အဓိကကစားသမားတွေကို ပြဿနာရှာတတ်သူ/ ဂယက်စိန်
မော်ရင်ညိုက ဘယ်အသင်းရောက်ရောက် အဲဒီအသင်းရဲ့ အဓိကကစားသမားတွေနဲ့ အဆင်မပြေဖြစ်တာကို တွေ့ရတယ်။ ပတ်မွှေတယ်၊ ပြဿနာရှာတယ်၊ ချောင်ထိုးတယ်…. ဒါက သူကိုင်တွယ်သမျှ အသင်းတိုင်းမှာ ဖုံးကွယ်ထားလို့ ကိစ္စတွေဖြစ်ပြီး ထပ်တလဲလဲဗွေဖောက်တတ်သူဖြစ်တယ်။

ကာဆီးလက်စ်၊ ရာမို့စ်၊ ပေါ့ဘာ၊ ဟာဇက်၊ ဖာဘရီဂတ်စ်၊ လုခ်ရှော၊ မာစီယယ်လ်တို့က သူလုပ်သမျှ သည်းညည်းမခံနိုင်တဲ့အဆုံး အသင်းနဲ့ခွာပြဲရတဲ့ ဇာတ်လမ်းတွေက လက်ရှိစပါးစ်အထိ သူကိုးစားရတဲ့ ဟာရီကိန်းနဲ့ အတွင်းရေးမလှခဲ့ဘူးဆိုတဲ့ ဖော်ပြခံရတာတွေအထိ ဝဲဂယက်စိန်ဖြစ်ခဲ့တယ်လို့ ယူဆနိုင်တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေခတ္ေနာက္က်တဲ့ နည္းဗ်ဴဟာ
သူ႔ရဲ႕အေကာင္းဆုံးအခ်ိန္မွာ ေဘာလုံးေခတ္တေခတ္ကို ေျပာစမွတ္တြင္ေစခဲ့ၿပီး အေျပာင္ေျမာက္ဆုံးနည္းဗ်ဴဟာရွင္လို႔ သတ္မွတ္ခံခဲ့ရေပမယ့္ ေခတ္ရဲ႕ေရစီးေၾကာင္းအလိုက္ ေျပာင္းလဲဖို႔ေတာ့ ေမာ္ရင္ညိဳက ေခါင္းမာမာနဲ႔ ျငင္းဆန္ခဲ့တယ္။ တေက်ာ့ျပန္ခ်ယ္လ္ဆီးခရီးရဲ႕ စတမ္းဖို႔ဒ္ဘရစ္ခ်္ေနာက္ဆုံးရာသီရဲ႕ အရွက္တကြဲအက်ိဳးနည္းျဖစ္ရပ္၊ ယူႏိုက္တက္နဲ႔ စပါးစ္တို႔ကေန ကန္ထုတ္ခံခဲ့ရမႈေတြက ေမာ္ရင္ညိဳရဲ႕ ေခတ္မမီဘဲ ဒိတ္ေအာက္ေနတဲ့ ဘတ္စ္ကစားကြက္နဲ႔ ခံစစ္ဗ်ဴဟာေၾကာင့္ အဆိုျပဳခံထားရပါတယ္။

ေခါင္းေဆာင္မဟုတ္တဲ့ ေခါင္းေရွာင္
ေမာ္ရင္ညိဳကိုၾကည့္ရင္ေတာ့ ကြင္းထဲက အရႈံးရလဒ္မွန္သမွ်ကို တာဝန္ခံေလ့မရွိဘဲ ငါကမွန္တယ္၊ ကစားသမားေတြေၾကာင့္လို႔ မီဒီယာေတြေရွ႕မွာ ေျပာင္ေျပာင္တင္းတင္း လက္ညႇိဳးထိုးပုံခ်ေလ့ရွိတာက သူ႔ကို အားလုံးရဲ႕ခ်ဥ္ဖတ္အဆင့္အထိ ျဖစ္ေစခဲ့တယ္။

ေမာ္ရင္ညိဳရဲ႕အျပစ္ဖို႔ဇာတ္လမ္းမွာ လုခ္ေရွာကလည္း အသုံးေတာ္ခံခဲ့ရဖူးသလို စပါးစ္ကေန အထုတ္မခံရခင္အပိုင္းအျခားမွာ အသင္းရဲ႕ရလဒ္ဆိုးေတြက ကစားသမားေတြေၾကာင့္ ပုံခ်ခဲ့လို႔ အသင္းသားေတြရဲ႕ သစၥာေဖာက္ျခင္းကို မၾကာခဏ ခံရေလ့ရွိတဲ့ ဥပမာအတိုင္း မယ္မယ္ရရေအာင္ျမင္မႈမယူႏိုင္ဘဲ ဖ်ာလိပ္ခဲ့ရျပန္တယ္။

လူငယ္ေတြကို ေျမျမႇဳပ္သူ
ေမာ္ရင္ညိဳမွာ ေမးခြန္းထုတ္စရာရွိတာေတြက သူ႔ရဲ႕ စ႐ိုက္ေတြတင္မက ကိုယ္က်င့္ေဖာက္ျပားမႈအေနနဲ႔ ကိုယ္က်ိဳးကိုသာမက္ေမာၿပီး ေကာက္႐ိုးမီးထေတာက္တဲ့ ေအာင္ျမင္ေနာက္ကိုလိုက္ၿပီး လူငယ္ေတြကို မ်က္ကြယ္ျပဳေလ့ရွိတဲ့အခ်က္လည္း အပါအဝင္ပါ။ လူငယ္ေတြကို ပြဲမထုတ္ဘူး။ ေမြးထုတ္ဖို႔ စိတ္မဝင္စားတဲ့အျပင္ ေတာက္မယ့္မီးခဲ တရဲရဲဆိုတဲ့ လူငယ္ေတြကိုပါ သူ႔လက္ထဲမွာ ခ်ိဳးႏွိမ္ၿပီး ေျခစြမ္းေတြကို ေျမျမႇဳပ္ပစ္သူအျဖစ္လည္း သူ႔ရဲ႕သမိုင္းမွာ အမည္းစက္ထင္းေနခဲ့တယ္။.

မို​ဆာလားနဲ႔ ဒီဘ႐ိုင္းနားတို႔ကို အပယ္ခံဘဝေရာက္ေစသူ
လက္ရွိဥေရာပရဲ႕ဘုရင္အျဖစ္ ရပ္တည္ၿပီး လီဗာပူးလ္၊ မန္စီးတီးအသင္းတို႔နဲ႔အတူ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကို လႊမ္းမိုးေနတဲ့ မိုဆာလားနဲ႔ ဒီဘ႐ိုင္းနားတို႔က ေမာ္ရင္ညိဳကိုင္တြယ္ခဲ့တဲ့ ခ်ယ္လ္ဆီးနည္းျပဘဝမွာေတာ့ ေနရာမရခဲ့ဖူးတဲ့အျပင္ ကန္ထုတ္ခံရတယ္။ ပရီးမီးယားလိဂ္နဲ႔ ေဝးရာကို လြင့္စင္ထြက္ၿပီး အပယ္ခံဘဝေရာက္ခဲ့ရတယ္။

ဒီဘ႐ိုင္းနားဟာ အသင္းမွာ စတုတၳဦးစားေပးေနရာမွာပဲရွိတယ္လို႔ ပက္ပက္စက္စက္ေျပာထြက္ခဲ့ေပမယ့္ ပတၱျမားမွန္တဲ့ ႏြံမနစ္ခဲ့တဲ့ လက္ရွိေအာင္ျမင္မႈမွာ ေမာ္ရင္ညိဳေက်းဇူး မူးလို႔ရႈစရာမရွိခဲ့တာကို ေတြ႕ရတယ္။

ဘယ္အသင္းေရာက္ေရာက္ အဓိကကစားသမားေတြကို ျပႆနာရွာတတ္သူ/ ဂယက္စိန္
ေမာ္ရင္ညိဳက ဘယ္အသင္းေရာက္ေရာက္ အဲဒီအသင္းရဲ႕ အဓိကကစားသမားေတြနဲ႔ အဆင္မေျပျဖစ္တာကို ေတြ႕ရတယ္။ ပတ္ေမႊတယ္၊ ျပႆနာရွာတယ္၊ ေခ်ာင္ထိုးတယ္…. ဒါက သူကိုင္တြယ္သမွ် အသင္းတိုင္းမွာ ဖုံးကြယ္ထားလို႔ ကိစၥေတြျဖစ္ၿပီး ထပ္တလဲလဲေဗြေဖာက္တတ္သူျဖစ္တယ္။

ကာဆီးလက္စ္၊ ရာမို႔စ္၊ ေပါ့ဘာ၊ ဟာဇက္၊ ဖာဘရီဂတ္စ္၊ လုခ္ေရွာ၊ မာစီယယ္လ္တို႔က သူလုပ္သမွ် သည္းညည္းမခံႏိုင္တဲ့အဆုံး အသင္းနဲ႔ခြာၿပဲရတဲ့ ဇာတ္လမ္းေတြက လက္ရွိစပါးစ္အထိ သူကိုးစားရတဲ့ ဟာရီကိန္းနဲ႔ အတြင္းေရးမလွခဲ့ဘူးဆိုတဲ့ ေဖာ္ျပခံရတာေတြအထိ ဝဲဂယက္စိန္ျဖစ္ခဲ့တယ္လို႔ ယူဆႏိုင္တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.