Premier League

ခ်ဲလ္ဆီးအသင္းမွာ ဆက္မေနခဲ့မိတာ မွားတယ္လုိ႔ ဝန္ခံေျပာၾကားလိုက္တဲ့ ဘားလက္

ခ်ဲလ္ဆီးအသင္းနဲ႔အတူ ကြင္းလယ္မွာ ေျခစြမ္းျပႏုိင္ခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားေတြကို ရယူႏုိင္ခဲ့တဲ့ မိုက္ကယ္(မီရွာေအး) ဘားလက္က သူ႕အေနနဲ႔ အသင္းရဲ႕ကမ္းလွမ္းမွဳကို လက္ခံၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာပဲ ကစားသမားဘဝကို အဆုံးမသတ္ခဲ့မိတာ မွားယြင္းေၾကာင္း ဝန္ခံေျပာၾကားလုိက္ပါတယ္။

အေနာက္လန္ဒန္အသင္းကေန ထြက္ခြာခ်ိန္မွာ အသက္ ၃၄ ႏွစ္ ရွိေနၿပီျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္အခ်ိန္မွာ ခ်ဲလ္ဆီးဘက္က အသင္းရဲ႕ အသက္ ၃၀ ေက်ာ္ ကစားသမားေတြကို တစ္ႏွစ္သာ သက္တမ္းတုိးတဲ့ မူဝါဒအတုိင္း ကမ္းလွမ္းခဲ့တာကို သေဘာမတူညီႏုိင္ခဲ့တဲ့အတြက္ ဘားလက္ဟာ အသင္းေဟာင္း ေလဗာကူဆင္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့တာလည္းျဖစ္ပါတယ္။

ေဘယာေလဗာကူဆင္အသင္းမွာ ႏွစ္ရာသီကစားခဲ့ၿပီး ကစားသမားဘဝကေန အနားယူခဲ့တဲ့ ဘားလက္က သူ႕အေနနဲ႔ ဒါဟာ အမွားလုပ္ခဲ့မိတာလို႔ ခံစားေနရၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၴဝင္တစ္ေယာက္အျဖစ္နဲ႔ အသင္းမွာ အနားယူတဲ့အထိ ကစားခဲ့သင့္ေၾကာင္းနဲ႔ အဲ့ဒီတုန္းက အေျခအေနေၾကာင္း ျပန္ေျပာျပခဲ့ပါတယ္။

“ကာလို(အန္ဆယ္ေလာ့တီ)က ကၽြန္ေတာ့္ကို ဆက္ရွိေနေစခ်င္တယ္။ ဒါေပမယ့္ အသင္းက ဒီအရြယ္ကစားသမားေတြကို တစ္ႏွစ္ပဲ ကမ္းလွမ္းခ်ိန္မွာ ကၽြန္ေတာ္က ႏွစ္ႏွစ္လိုခ်င္ခဲ့တာနဲ႔ အဆင္မေျပခဲ့တာပါ။ အခုေတာ့ ဒါဟာ မွားတယ္လို႔ ကၽြန္ေတာ္ ျမင္ေနပါၿပီ။ ေလဗာကူဆင္ကို ကၽြန္ေတာ္ ျပန္ျဖစ္မယ္လုိ႔ မထင္ခဲ့ဘူး။ ေနာက္ဆုံးေန႔အထိ ခ်ဲလ္ဆီးနဲ႔ ကၽြန္ေတာ္ ေဆြးေႏြးလုိ႔ အဆင္ေျပႏုိင္ဦးမယ္လို႔ ထင္ေနခဲ့တာပါ။ ကစားသမားဘဝေနာက္ဆုံးအခ်ိန္အထိ ဒီမွာ ဆက္ေနျဖစ္ဖို႔ တကယ္ေတာ့ ေမွ်ာ္လင့္ခဲ့မိပါတယ္”လို႔ ဘားလက္က လြမ္းဆြတ္ေနတဲ့ ပုံစံနဲ႔ဆုိပါတယ္။

ဂ်ာမန္ကြင္းလယ္ကစားသမားေဟာင္းရဲ႕ ခ်ဲလ္ဆီးကစားသမားဘဝဟာ ေအာင္ျမင္မွဳေတြ ရရွိခဲ့ၿပီး သူ႕ရဲ႕ေနာက္ဆုံးပြဲျဖစ္တဲ့ အက္ဖ္ေအဖလား ဖိုင္နယ္ကိုေတာ့ ဒဏ္ရာနဲ႔ အဆုံးသတ္ခဲ့ရတာနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပင္နယ္တီနဲ႔ ရွဳံးနိမ့္ခဲ့တာတုိ႔ပဲ ေျပာစရာရွိခဲ့ၿပီး အသင္းရဲ႕ ကစားသမားေကာင္းေတြထဲက တစ္ဦးအျဖစ္ ပရိသတ္ေတြရဲ႕ အားေပးမွဳကိုလည္း ရရွိထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းနဲ့အတူ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေကို ရယူနိုင်ခဲ့တဲ့ မိုက်ကယ်(မီရှာအေး) ဘားလက်က သူ့အနေနဲ့ အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ ကစားသမားဘဝကို အဆုံးမသတ်ခဲ့မိတာ မှားယွင်းကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

အနောက်လန်ဒန်အသင်းကနေ ထွက်ခွာချိန်မှာ အသက် ၃၄ နှစ် ရှိနေပြီဖြစ်ပြီး အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့်အချိန်မှာ ချဲလ်ဆီးဘက်က အသင်းရဲ့ အသက် ၃၀ ကျော် ကစားသမားတွေကို တစ်နှစ်သာ သက်တမ်းတိုးတဲ့ မူဝါဒအတိုင်း ကမ်းလှမ်းခဲ့တာကို သဘောမတူညီနိုင်ခဲ့တဲ့အတွက် ဘားလက်ဟာ အသင်းဟောင်း လေဗာကူဆင်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဘေယာလေဗာကူဆင်အသင်းမှာ နှစ်ရာသီကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဘားလက်က သူ့အနေနဲ့ ဒါဟာ အမှားလုပ်ခဲ့မိတာလို့ ခံစားနေရပြီး ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ယောက်အဖြစ်နဲ့ အသင်းမှာ အနားယူတဲ့အထိ ကစားခဲ့သင့်ကြောင်းနဲ့ အဲ့ဒီတုန်းက အခြေအနေကြောင်း ပြန်ပြောပြခဲ့ပါတယ်။

“ကာလို(အန်ဆယ်လော့တီ)က ကျွန်တော့်ကို ဆက်ရှိနေစေချင်တယ်။ ဒါပေမယ့် အသင်းက ဒီအရွယ်ကစားသမားတွေကို တစ်နှစ်ပဲ ကမ်းလှမ်းချိန်မှာ ကျွန်တော်က နှစ်နှစ်လိုချင်ခဲ့တာနဲ့ အဆင်မပြေခဲ့တာပါ။ အခုတော့ ဒါဟာ မှားတယ်လို့ ကျွန်တော် မြင်နေပါပြီ။ လေဗာကူဆင်ကို ကျွန်တော် ပြန်ဖြစ်မယ်လို့ မထင်ခဲ့ဘူး။ နောက်ဆုံးနေ့အထိ ချဲလ်ဆီးနဲ့ ကျွန်တော် ဆွေးနွေးလို့ အဆင်ပြေနိုင်ဦးမယ်လို့ ထင်နေခဲ့တာပါ။ ကစားသမားဘဝနောက်ဆုံးအချိန်အထိ ဒီမှာ ဆက်နေဖြစ်ဖို့ တကယ်တော့ မျှော်လင့်ခဲ့မိပါတယ်”လို့ ဘားလက်က လွမ်းဆွတ်နေတဲ့ ပုံစံနဲ့ဆိုပါတယ်။

ဂျာမန်ကွင်းလယ်ကစားသမားဟောင်းရဲ့ ချဲလ်ဆီးကစားသမားဘဝဟာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲဖြစ်တဲ့ အက်ဖ်အေဖလား ဖိုင်နယ်ကိုတော့ ဒဏ်ရာနဲ့ အဆုံးသတ်ခဲ့ရတာနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာတို့ပဲ ပြောစရာရှိခဲ့ပြီး အသင်းရဲ့ ကစားသမားကောင်းတွေထဲက တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.