Premier League

ပုံပြင်ဆန်တဲ့ယုံကြည်မှုက ရောမကို ပုံပျက်စေခဲ့တဲ့ ယူနိုက်တက် 6-2 ရိုးမား ပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

ဆိုးလ်ရှားကို ကုသနိုင်စွမ်းရှိခဲ့တဲ့ ယူနိုက်တက်ပါရဂူ ဘရူနို
ဆီမီးဖိုင်နယ် ၄ ကြိမ်အထိ ရှုံးနိမ့်ထားလို့ ရင်ထဲမှာ နာကျင်မှုတွေများနေတဲ့ ဆိုးလ်ရှားကို ကုသနိုင်စွမ်းရှိတဲ့ ယူနိုက်တက်ပါရဂူ ဘရူနိုက အသင်းရဲ့ ဆီမီးကျိန်စာဆိုးတွေကို ဖယ်ရှားပေးခဲ့ပြီး အလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်သလို ပြိုင်စံရှားခြေစွမ်းပြသပြီး တသင်းလုံးကို ဦးဆောင်ဦးရွက်ပြုခဲ့တာက ၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးမှုနဲ့အတူ ယူနိုက်တက်နဲ့အတူ ဆီမီးဖိုင်နယ်ခရောင်းလမ်းကို ဖြတ်ကျော်ဖို့ ဖြစ်လာခဲ့တာပါ။

အရွယ်နဲ့ မလိုက်အောင် သားနားလွန်းနေတဲ့ ကာဗာနီ
ကာဗာနီက ဂိုးမုဆိုးစစ်စစ်အဖြစ် အသင်းတိုင်းကို အမဲလိုက်ပြီးကစားတဲ့ အထောင်တိုက်စစ်မှူးဖြစ်ပေမယ့် ဒီပွဲမှာတော့ သူက ယူနိုက်တက်မှာ လိုအပ်သလို လိုက်လျောညီထွေ ကစားသွားခဲ့ပြီး ၂ ဂိုးသွင်းလို့ ပေါ့ဘာအတွက် သပ်သပ်ရပ်ရပ် ၁ ဂိုးဖန်တီးပေးခဲ့တာက အရွယ်နဲ့မလိုက်အောင် ငယ်မူငယ်သွေးပြန်ပြီး သားနားနေတဲ့ခြေစွမ်းအဖြစ်လည်း မြင်ခဲ့ရတယ်။

အိမ်ကိုပြန်လာခဲ့ပေမယ့် မျက်နှာပျက်ခဲ့ရတဲ့ စမောလ်ဒီနီ
အသိုက်ဟောင်း အိုးထရက်ဖို့ဒ်မြေဆီ တကျော့ပြန်လည်ရောက်ရှိခဲ့ပေမယ့် ဂိုးဒါဇင်ဝက်ပေးခဲ့ရတဲ့ ရိုးမားခံစစ်ရဲ့ဦးဆောင်သူ စမောလင်းဟာ မျက်နှာပျက်ခဲ့ရပါတယ်။ အီတလီမြေမှာ ခြေစွမ်းပြလွန်းလို့ မာလ်ဒီနီကို အစွဲပြုပြီး စမောလ်ဒီနီလို့ နာမည်ပြောင်ရခဲ့ပေမယ့် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရတဲ့ အင်္ဂလန်မြေမှာတော့ သရဲနီဟောင်းဟာ စမောလင်းအဖြစ်သာ နဂိုဇာတိရုပ်ထွက်လာပြီး ယူနိုက်တက်တိုက်စစ်ကို မထိန်းနိုင်ခဲ့ပါဘူး။

ပုံပြင်ဆန်တဲ့ယုံကြည်မှုက ရောမကို ပုံပျက်စေခဲ့
ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပထမပိုင်းမှာ ရုပ်မထွက်ဘဲ လေးတိလေးကန်နဲ့ ခြောက်ကပ်ကပ်နိုင်လှတဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ဒုတိယပိုင်းမှာ လူစားမလဲဘဲ ယုံယုံကြည်ကြည်နဲ့ ဆက်သုံးစွဲခဲ့တယ်။ ဒီအကျိုးက ပုံပြင်ဆန်တဲ့ယုံကြည်မှုအဖြစ် ဂိုးဒါဇင်ဝက်ပေးခဲ့ရတဲ့ ရောမမြို့ကိုပါ ပုံပျက်သွားစေခဲ့ပြီး နောက်တဆင့်အတွက် သေချာသွားခဲ့တာပါ။

တိုက်စစ်ပိုင်းမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အဟပ်မိသွား ချက်ကောင်းက သူ့အတွက် ပုံပြင်တခုလို ရှင်းပြရခက်နေဆဲလည်းဖြစ်တယ်။

ဆိုးလ်ရှားရဲ့ အလင်းခေတ်ကိုရောက်ပြီလား
ကံဆိုးမိုးမှောင်ကျမှုတွေနဲ့အတူ ယူနိုက်တက်အတွက် ဆုဖလားတွေကို လက်လွှတ်ရပြီး နည်းပြဘဝ အောင်မြင်မှုနဲ့ကင်းကွာနေတဲ့ ဆိုးလ်ရှာက ယူရိုပါလိဂ်ဖလားဟာ သူ့ရဲ့အောင်မြင်နင်းမယ့် ပထမဆုံးခြေလှမ်းအဖြစ် မျှော်လင့်စရာ ရှိလာခဲ့ပါပြီ။ ယူနိုက်တက်ရဲ့ ခေတ်သစ်ကို ထူထောင်နေတဲ့ တပြိုင်နက်တည်းမှာပဲ ဆိုးလ်ရှားရဲ့အလင်းခေတ်ကိုပါ ရောက်စေမှာလားဆိုတာကတော့ သက်သေပြဖို့ လက်ကျန် ၂ ပွဲအလိုကို ရောက်ရှိနေပါတယ်။

ဒဏ်ရာဗရပွနဲ့ အလဲထိုးခံလိုက်ရတဲ့ ရိုးမား
ရိုးမားက အဖိုးတန် အဝေးဂိုး ၂ ဂိုးကို သိမ်းပိုက်ပြီး စိတ်အေးအေးနဲ့ ပွဲကိုသိမ်းဖို့ ကြိုးစားစရာ ရှိခဲ့ပေမယ့် ပထမပိုင်းမှာ ဒဏ်ရာရ လူနာများပြားခဲ့တာက ဒုတိယပိုင်းမှာ လူစားလဲခွင့်မရှိတော့တဲ့ အခြေအနေအထိ ဆိုက်စေခဲ့ပြီး တသင်းလုံးမောဟိုက်နေခဲ့ကြသလို အီတလီမြေမှာ လက်စားချေခွင့်ရဦးမယ့်အနေအထားမှာ ၄ ဂိုးကွာခြားချက်က သူတို့ရဲ့အိပ်မက်ကို တင်ကြိုအဆုံးသတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။

ယူရိုပါလိဂ်ချန်ပီယံဟောင်းတွေရဲ့ မျက်နှာစုံညီတွေ့ဆုံပွဲ
ပရီးမီးယားလိဂ်ကနေ စွန့်ခွာပြီး စီးရီးအေမှာ ကျက်စားနေကြတဲ့ ၂၀၁၇ ယူရိုပါလိဂ်ချန်ပီယံ ယူနိုက်တက်အသင်းက လူဟောင်းတွေဖြစ်တဲ့ စမောလင်း နဲ့ မစ်ခီတာရီယန်တို့ဟာ အိုးထရက်ဖို့မြေဆီ ပြန်လည်ခြေချခဲ့ကြတာဖြစ်ပြီး အသင်းဟောင်းကို ရင်ဆိုင်ခဲ့ရာမှာ ယူနိုက်တက်အသင်းနဲ့ ရိုးမားအသင်းတို့က ယူရိုပါလိဂ်ချန်ပီယံဟောင်း ကစားသမားတွေရဲ့ မျက်နှာစုံညီတွေ့ဆုံပွဲအဖြစ်လည်း ဒီပွဲကို တမျိုးတဖုံ အဓိပ္ပာယ်ရှိစေခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆိုးလ္ရွားကို ကုသႏိုင္စြမ္းရွိခဲ့တဲ့ ယူႏိုက္တက္ပါရဂူ ဘ႐ူႏို
ဆီမီးဖိုင္နယ္ ၄ ႀကိမ္အထိ ရႈံးနိမ့္ထားလို႔ ရင္ထဲမွာ နာက်င္မႈေတြမ်ားေနတဲ့ ဆိုးလ္ရွားကို ကုသႏိုင္စြမ္းရွိတဲ့ ယူႏိုက္တက္ပါရဂူ ဘ႐ူႏိုက အသင္းရဲ႕ ဆီမီးက်ိန္စာဆိုးေတြကို ဖယ္ရွားေပးခဲ့ၿပီး အလုပ္ျဖစ္ခဲ့တယ္လို႔ဆိုရမွာျဖစ္သလို ၿပိဳင္စံရွားေျခစြမ္းျပသၿပီး တသင္းလုံးကို ဦးေဆာင္ဦး႐ြက္ျပဳခဲ့တာက ၂ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးမႈနဲ႔အတူ ယူႏိုက္တက္နဲ႔အတူ ဆီမီးဖိုင္နယ္ခေရာင္းလမ္းကို ျဖတ္ေက်ာ္ဖို႔ ျဖစ္လာခဲ့တာပါ။

အ႐ြယ္နဲ႔ မလိုက္ေအာင္ သားနားလြန္းေနတဲ့ ကာဗာနီ
ကာဗာနီက ဂိုးမုဆိုးစစ္စစ္အျဖစ္ အသင္းတိုင္းကို အမဲလိုက္ၿပီးကစားတဲ့ အေထာင္တိုက္စစ္မႉးျဖစ္ေပမယ့္ ဒီပြဲမွာေတာ့ သူက ယူႏိုက္တက္မွာ လိုအပ္သလို လိုက္ေလ်ာညီေထြ ကစားသြားခဲ့ၿပီး ၂ ဂိုးသြင္းလို႔ ေပါ့ဘာအတြက္ သပ္သပ္ရပ္ရပ္ ၁ ဂိုးဖန္တီးေပးခဲ့တာက အ႐ြယ္နဲ႔မလိုက္ေအာင္ ငယ္မူငယ္ေသြးျပန္ၿပီး သားနားေနတဲ့ေျခစြမ္းအျဖစ္လည္း ျမင္ခဲ့ရတယ္။

အိမ္ကိုျပန္လာခဲ့ေပမယ့္ မ်က္ႏွာပ်က္ခဲ့ရတဲ့ စေမာလ္ဒီနီ
အသိုက္ေဟာင္း အိုးထရက္ဖို႔ဒ္ေျမဆီ တေက်ာ့ျပန္လည္ေရာက္ရွိခဲ့ေပမယ့္ ဂိုးဒါဇင္ဝက္ေပးခဲ့ရတဲ့ ႐ိုးမားခံစစ္ရဲ႕ဦးေဆာင္သူ စေမာလင္းဟာ မ်က္ႏွာပ်က္ခဲ့ရပါတယ္။ အီတလီေျမမွာ ေျခစြမ္းျပလြန္းလို႔ မာလ္ဒီနီကို အစြဲျပဳၿပီး စေမာလ္ဒီနီလို႔ နာမည္ေျပာင္ရခဲ့ေပမယ့္ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ရတဲ့ အဂၤလန္ေျမမွာေတာ့ သရဲနီေဟာင္းဟာ စေမာလင္းအျဖစ္သာ နဂိုဇာတိ႐ုပ္ထြက္လာၿပီး ယူႏိုက္တက္တိုက္စစ္ကို မထိန္းႏိုင္ခဲ့ပါဘူး။

ပုံျပင္ဆန္တဲ့ယုံၾကည္မႈက ေရာမကို ပုံပ်က္ေစခဲ့
ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ပထမပိုင္းမွာ ႐ုပ္မထြက္ဘဲ ေလးတိေလးကန္နဲ႔ ေျခာက္ကပ္ကပ္ႏိုင္လွတဲ့ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းကို ဒုတိယပိုင္းမွာ လူစားမလဲဘဲ ယုံယုံၾကည္ၾကည္နဲ႔ ဆက္သုံးစြဲခဲ့တယ္။ ဒီအက်ိဳးက ပုံျပင္ဆန္တဲ့ယုံၾကည္မႈအျဖစ္ ဂိုးဒါဇင္ဝက္ေပးခဲ့ရတဲ့ ေရာမၿမိဳ႕ကိုပါ ပုံပ်က္သြားေစခဲ့ၿပီး ေနာက္တဆင့္အတြက္ ေသခ်ာသြားခဲ့တာပါ။

တိုက္စစ္ပိုင္းမွာ မယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ အဟပ္မိသြား ခ်က္ေကာင္းက သူ႔အတြက္ ပုံျပင္တခုလို ရွင္းျပရခက္ေနဆဲလည္းျဖစ္တယ္။

ဆိုးလ္ရွားရဲ႕ အလင္းေခတ္ကိုေရာက္ၿပီလား
ကံဆိုးမိုးေမွာင္က်မႈေတြနဲ႔အတူ ယူႏိုက္တက္အတြက္ ဆုဖလားေတြကို လက္လႊတ္ရၿပီး နည္းျပဘဝ ေအာင္ျမင္မႈနဲ႔ကင္းကြာေနတဲ့ ဆိုးလ္ရွာက ယူ႐ိုပါလိဂ္ဖလားဟာ သူ႔ရဲ႕ေအာင္ျမင္နင္းမယ့္ ပထမဆုံးေျခလွမ္းအျဖစ္ ေမွ်ာ္လင့္စရာ ရွိလာခဲ့ပါၿပီ။ ယူႏိုက္တက္ရဲ႕ ေခတ္သစ္ကို ထူေထာင္ေနတဲ့ တၿပိဳင္နက္တည္းမွာပဲ ဆိုးလ္ရွားရဲ႕အလင္းေခတ္ကိုပါ ေရာက္ေစမွာလားဆိုတာကေတာ့ သက္ေသျပဖို႔ လက္က်န္ ၂ ပြဲအလိုကို ေရာက္ရွိေနပါတယ္။

ဒဏ္ရာဗရပြနဲ႔ အလဲထိုးခံလိုက္ရတဲ့ ႐ိုးမား
႐ိုးမားက အဖိုးတန္ အေဝးဂိုး ၂ ဂိုးကို သိမ္းပိုက္ၿပီး စိတ္ေအးေအးနဲ႔ ပြဲကိုသိမ္းဖို႔ ႀကိဳးစားစရာ ရွိခဲ့ေပမယ့္ ပထမပိုင္းမွာ ဒဏ္ရာရ လူနာမ်ားျပားခဲ့တာက ဒုတိယပိုင္းမွာ လူစားလဲခြင့္မရွိေတာ့တဲ့ အေျခအေနအထိ ဆိုက္ေစခဲ့ၿပီး တသင္းလုံးေမာဟိုက္ေနခဲ့ၾကသလို အီတလီေျမမွာ လက္စားေခ်ခြင့္ရဦးမယ့္အေနအထားမွာ ၄ ဂိုးကြာျခားခ်က္က သူတို႔ရဲ႕အိပ္မက္ကို တင္ႀကိဳအဆုံးသတ္ခံလိုက္ရတာလည္းျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ခ်န္ပီယံေဟာင္းေတြရဲ႕ မ်က္ႏွာစုံညီေတြ႕ဆုံပြဲ
ပရီးမီးယားလိဂ္ကေန စြန႔္ခြာၿပီး စီးရီးေအမွာ က်က္စားေနၾကတဲ့ ၂၀၁၇ ယူ႐ိုပါလိဂ္ခ်န္ပီယံ ယူႏိုက္တက္အသင္းက လူေဟာင္းေတြျဖစ္တဲ့ စေမာလင္း နဲ႔ မစ္ခီတာရီယန္တို႔ဟာ အိုးထရက္ဖို႔ေျမဆီ ျပန္လည္ေျခခ်ခဲ့ၾကတာျဖစ္ၿပီး အသင္းေဟာင္းကို ရင္ဆိုင္ခဲ့ရာမွာ ယူႏိုက္တက္အသင္းနဲ႔ ႐ိုးမားအသင္းတို႔က ယူ႐ိုပါလိဂ္ခ်န္ပီယံေဟာင္း ကစားသမားေတြရဲ႕ မ်က္ႏွာစုံညီေတြ႕ဆုံပြဲအျဖစ္လည္း ဒီပြဲကို တမ်ိဳးတဖုံ အဓိပၸာယ္ရွိေစခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.