Premier League

မက်ဆီဦးညွတ်ရတဲ့ ဖိုဒင်နဲ့မောင့်တို့က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရင်ဆိုင်တွေ့ဆုံတော့မှာလား?

ဥရောပရဲ့ ဘောလုံးပါရမီအထူးဆုံး လူငယ်သွေးသစ် ၁၅ ဦးကို ရွေးထုတ်ပြခဲ့ဖူးတဲ့ မက်ဆီရဲ့ လူငယ်တွေအပေါ်ထားတဲ့ သဘောထားတွေက အထင်ကြီးစရာရှိခဲ့ပြီး သူ့ရဲ့ခေတ်လွန်မှာ မက်ဆီကိုယ်တိုင် ဦးညွတ်ရတဲ့ တက်သစ်စလူငယ်တွေထဲမှာ ဖီးလ်ဖိုဒင်နဲ့ မောင့်တို့လည်း ပါဝင်နေတာပါ။

မန်စီးတီးကွင်းလယ်တိုက်စစ်မှူး ဖီးလ်ဖိုဒင်နဲ့ ချယ်လ်ဆီးကွင်းလယ်ဖန်တီးရှင် မေဆန်မောင့်တို့ဟာ ကိုယ့်မြေကိုယ်ရေက အင်္ဂလန်ပရီးမီးယားလိဂ်မှာတင် ခြေစွမ်းပြနေတာမဟုတ်ဘဲ ဥရောပရဲ့ အကြီးဆုံးပွဲတွေမှာပါ ထဲထဲဝင်ဝင် လေးလေးနက်နက် ကစားပြနေတာဖြစ်တယ်။

အင်္ဂလန်သားတို့က သူတို့ရဲ့အစွမ်းအစကို ကြေငြာနေမှုက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရီးရဲလ်ကို သွင်းယူခဲ့တဲ့ ချယ်လ်ဆီးရဲ့ဦးဆောင်ဂိုးကို အနုပညာလက်ရာတခုလို ပုံဖော်ပေးသွားခဲ့တဲ့ မောင့်ရဲ့ကိုယ်ရည်ကိုယ်သွေးက အနာဂတ်အတွက် မျှော်လင့်စရာအထိ မြင်တွေ့ခဲ့ရသလို တူဟယ်လ်အတွက် မပါမဖြစ်ကစားသမားအဖြစ် အကျိုးပြုနေတယ်။

ဖိုဒင်ရဲ့ မန်စီးတီးအတွက် ဖလား ၃ လုံး အိပ်မက်ကို ထုဆစ်နေပုံက ပပ်ကိုယ်တိုင် သူ့ဘဝမှာ တွေ့ဖူးသမျှ ဘောလုံးဗီဇအပြင်းဆုံးကစားသမားလို့ ဝန်ခံယူခဲ့ရတဲ့အထိ ထူးခြားနေတာဖြစ်သလို မန်စီးတီးရဲ့နိုင်ပွဲတိုင်းမှာ သူ့ရဲ့အရေးပါမှုက ဘယ်လောက်ထိတာသွားလဲဆိုတာ သက်သေပြနေသလို မန်စီးတီးရဲ့အနာဂတ်အဖြစ် မျှော်လင့်ခံထားရတယ်။

သူတို့နှစ်ဦးစလုံးက ချန်ပီယံလိဂ်ဆီမီးအဆင့်မှာ ဒိတ်ဒိတ်ကြဲခြေစွမ်းနဲ့ တလောကလုံးကို မောင်းတီးခဲ့တာက မက်ဆီရဲ့ အထူးတလည်ချီးကျုးမှုကို စိတ်မပျက်စေခဲ့ဘဲ မှန်ကန်စေခဲ့သလို အခုထက်ပိုရင့်ကျက်လာမယ့် ခြေစွမ်းတွေက သန္ဓေတည်ပေါက်ဖွားလာတော့မှာပါ။

” မောင့်ရဲ့ကစားပုံကို ကြည့်ရတာနဲ့တင် ကျွန်တော့်အတွက် ထင်ရှားနေပါတယ်။ သူ့ဆီမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တယောက်ဖြစ်လာနိုင်စွမ်းရှိတဲ့ အလားအလာကောင်းကို ပိုင်ဆိုင်ထားတာ ထင်းနေတယ် ” လို့ မက်ဆီရဲ့ထုတ်ဖော်မှုက မောင့်သာ ချယ်လ်ဆီးအတွက် ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ပေးနိုင်ခဲ့ရင်ဆိုတဲ့ မှတ်ကျောက်တင်ခံမှုက အထူးကျေနပ်စရာဖြစ်လာမယ်။

အင်္ဂလန်အသင်းဖော်ဖိုဒင်ဟာ စိတ်လှုပ်ရှားသိပ်ကောင်းတဲ့ ကစားပွဲတွေကို သမိုင်းလှလှရေးသွားလိမ့်မယ်ဆိုတဲ့ မက်ဆီရဲ့ဟောကိန်းက သွေးထွက်အောင် မှန်ကန်လာဖို့ရှိနေတာကလည်း ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ all-English Final အဖြစ် ဖိုဒင်နဲ့မောင့်တို့က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရင်ဆိုင်တွေ့ဆုံကြမလားဆိုတဲ့မေးခွန်းက မက်ဆီကို ဘယ်လောက်အာမခံနိုင်မလဲလို့ မေးစရာမလိုတော့အောင် ကောင်းသောနိမိတ်၊ ကောင်းသာလက္ခဏာတခုဖြစ်နေကြောင်း ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဥေရာပရဲ႕ ေဘာလုံးပါရမီအထူးဆုံး လူငယ္ေသြးသစ္ ၁၅ ဦးကို ေ႐ြးထုတ္ျပခဲ့ဖူးတဲ့ မက္ဆီရဲ႕ လူငယ္ေတြအေပၚထားတဲ့ သေဘာထားေတြက အထင္ႀကီးစရာရွိခဲ့ၿပီး သူ႔ရဲ႕ေခတ္လြန္မွာ မက္ဆီကိုယ္တိုင္ ဦးၫြတ္ရတဲ့ တက္သစ္စလူငယ္ေတြထဲမွာ ဖီးလ္ဖိုဒင္နဲ႔ ေမာင့္တို႔လည္း ပါဝင္ေနတာပါ။

မန္စီးတီးကြင္းလယ္တိုက္စစ္မႉး ဖီးလ္ဖိုဒင္နဲ႔ ခ်ယ္လ္ဆီးကြင္းလယ္ဖန္တီးရွင္ ေမဆန္ေမာင့္တို႔ဟာ ကိုယ့္ေျမကိုယ္ေရက အဂၤလန္ပရီးမီးယားလိဂ္မွာတင္ ေျခစြမ္းျပေနတာမဟုတ္ဘဲ ဥေရာပရဲ႕ အႀကီးဆုံးပြဲေတြမွာပါ ထဲထဲဝင္ဝင္ ေလးေလးနက္နက္ ကစားျပေနတာျဖစ္တယ္။

အဂၤလန္သားတို႔က သူတို႔ရဲ႕အစြမ္းအစကို ေၾကျငာေနမႈက ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ရီးရဲလ္ကို သြင္းယူခဲ့တဲ့ ခ်ယ္လ္ဆီးရဲ႕ဦးေဆာင္ဂိုးကို အႏုပညာလက္ရာတခုလို ပုံေဖာ္ေပးသြားခဲ့တဲ့ ေမာင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးက အနာဂတ္အတြက္ ေမွ်ာ္လင့္စရာအထိ ျမင္ေတြ႕ခဲ့ရသလို တူဟယ္လ္အတြက္ မပါမျဖစ္ကစားသမားအျဖစ္ အက်ိဳးျပဳေနတယ္။

ဖိုဒင္ရဲ႕ မန္စီးတီးအတြက္ ဖလား ၃ လုံး အိပ္မက္ကို ထုဆစ္ေနပုံက ပပ္ကိုယ္တိုင္ သူ႔ဘဝမွာ ေတြ႕ဖူးသမွ် ေဘာလုံးဗီဇအျပင္းဆုံးကစားသမားလို႔ ဝန္ခံယူခဲ့ရတဲ့အထိ ထူးျခားေနတာျဖစ္သလို မန္စီးတီးရဲ႕ႏိုင္ပြဲတိုင္းမွာ သူ႔ရဲ႕အေရးပါမႈက ဘယ္ေလာက္ထိတာသြားလဲဆိုတာ သက္ေသျပေနသလို မန္စီးတီးရဲ႕အနာဂတ္အျဖစ္ ေမွ်ာ္လင့္ခံထားရတယ္။

သူတို႔ႏွစ္ဦးစလုံးက ခ်န္ပီယံလိဂ္ဆီမီးအဆင့္မွာ ဒိတ္ဒိတ္ႀကဲေျခစြမ္းနဲ႔ တေလာကလုံးကို ေမာင္းတီးခဲ့တာက မက္ဆီရဲ႕ အထူးတလည္ခ်ီးက်ဳးမႈကို စိတ္မပ်က္ေစခဲ့ဘဲ မွန္ကန္ေစခဲ့သလို အခုထက္ပိုရင့္က်က္လာမယ့္ ေျခစြမ္းေတြက သေႏၶတည္ေပါက္ဖြားလာေတာ့မွာပါ။

” ေမာင့္ရဲ႕ကစားပုံကို ၾကည့္ရတာနဲ႔တင္ ကြၽန္ေတာ့္အတြက္ ထင္ရွားေနပါတယ္။ သူ႔ဆီမွာ ကမာၻ႔အေကာင္းဆုံးေတြထဲက တေယာက္ျဖစ္လာႏိုင္စြမ္းရွိတဲ့ အလားအလာေကာင္းကို ပိုင္ဆိုင္ထားတာ ထင္းေနတယ္ ” လို႔ မက္ဆီရဲ႕ထုတ္ေဖာ္မႈက ေမာင့္သာ ခ်ယ္လ္ဆီးအတြက္ ဒုတိယေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ေပးႏိုင္ခဲ့ရင္ဆိုတဲ့ မွတ္ေက်ာက္တင္ခံမႈက အထူးေက်နပ္စရာျဖစ္လာမယ္။

အဂၤလန္အသင္းေဖာ္ဖိုဒင္ဟာ စိတ္လႈပ္ရွားသိပ္ေကာင္းတဲ့ ကစားပြဲေတြကို သမိုင္းလွလွေရးသြားလိမ့္မယ္ဆိုတဲ့ မက္ဆီရဲ႕ေဟာကိန္းက ေသြးထြက္ေအာင္ မွန္ကန္လာဖို႔ရွိေနတာကလည္း ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးတို႔ရဲ႕ all-English Final အျဖစ္ ဖိုဒင္နဲ႔ေမာင့္တို႔က ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ရင္ဆိုင္ေတြ႕ဆုံၾကမလားဆိုတဲ့ေမးခြန္းက မက္ဆီကို ဘယ္ေလာက္အာမခံႏိုင္မလဲလို႔ ေမးစရာမလိုေတာ့ေအာင္ ေကာင္းေသာနိမိတ္၊ ေကာင္းသာလကၡဏာတခုျဖစ္ေနေၾကာင္း ေရးသားတင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.