Premier League

ဒေါင်ဒေါင်မြည်တိုက်စစ်မှူးမရှိလို့ မျော့နေတဲ့ အာဆင်နယ်တိုက်စစ် အပါအဝင် ဗီလာရီးရဲလ် 2-1 အာဆင်နယ်ပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

ဂုဏ်ယူစရာထက် ရှက်စရာပိုများခဲ့တဲ့ အာတီတာ
အာဆင်နယ်ကို ၁ နှစ်ခွဲသာ ကိုင်တွယ်ခဲ့ရတဲ့ နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထဲမှာ ကျရှုံးခဲ့တဲ့ အာတီတာက အတွင်းသိအဆင်းသိဖြစ်တဲ့ အမ်မရီကို မကျော်ဖြတ်နိုင်ခဲ့ဘဲ စပိန်သားအချင်းချင်း တွေ့ဆုံခဲ့ကြတဲ့ စပိန်မြေမှာ ဂုဏ်ယူစရာထက် ရှက်စရာပိုများခဲ့ရပါတယ်။ ရလဒ်အရ ယူရိုပါလိဂ်ချန်ပီယံ ၃ ကြိမ်ဆွတ်ခူးထားခဲ့တဲ့ အမ်မရီက ပညာပြတာကို ခံခဲ့ရတာလည်းဖြစ်သလို ခြေစွမ်းအရလည်း ဂုဏ်ယူစရာမရှိခဲ့တာကို တွေ့ရတယ်။

ပေပေရဲ့အဝေးဂိုးကြောင့် အသက်ရှင်ခဲ့ရတဲ့ ဂန်းနား
လီနိုရဲ့ ကြီးကြီးမားမား အကျိုးရှိစေတဲ့ ထိရောက်လွန်းတဲ့ အကြိမ်ကြိမ် လက်စွမ်းပြကာကွယ်မှုတွေက ပေပေရဲ့ အဝေးဂိုးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အာဆင်နယ်ကို အသက်ရှင်စေခဲ့တယ်။ ပထမပိုင်းအပြီးမှာ ၂ ဂိုးပြတ်နဲ့ အသက်ငင်နေတဲ့ အာဆင်နယ်နည်းပြအာတီတာဟာ ဆီဘာယော့စ်ပါ အထုတ်ခံလိုက်ရတဲ့အခါ ပေပေရဲ့အဝေးကွင်း ပင်နယ်တီ ကြောင့်သာ နောက်တကျော့အတွက် မျှော်လင့်စရာရှိလာခဲ့ပြီး အသက်ရှုပေါက်ရခဲ့တယ်လို့ ဆိုရမှာပါ။

အာဆင်ဝင်းဂါးခေတ်လွန်မှာ ဘုန်းကြီးရူးနဲ့ လှေလူးဖြစ်ခဲ့ပြီလား
အာတီတာက အမ်းမရိတ်စ်မြေက အခြေအနေဆိုးတွေကို မြေလှန်ပြီး ကိုယ်ပိုင်ဘောလုံးဒဿနနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့သော်ငြား ဒီနေ့ပွဲကလို ပထမပိုင်း ၄၅ မိနစ်အထိ ခြေစွမ်းနဲ့ ရလဒ်ဆိုးရွားနေခြင်းက အာဆင်ဝင်းဂါးခေတ်လွန်မှာ ဘုန်းကြီးရူးနဲ့ လှေလူးဖြစ်ခဲ့ပြီလားဆိုတဲ့ မေးခွန်းတွေက ဂယက်တွေရိုက်လာစေခဲ့ပြီး ခပ်ချာချာဖြစ်နေတဲ့ လက်ရှိခြေစွမ်းအရ အမ်းမရိတ်စ်မြေက ဒုတိယအကျော့မှာ အာဆင်နယ်ရဲ့သမိုင်းအသစ်ကို ရေးထိုးသွားမလားဆိုတာကတော့ အားအင်တွေ ယုတ်လျော့စေပြီး အားရစရာနည်းပါလွန်းခဲ့တယ်။

အသင်းဟောင်းကို ရန်ငါစည်းပြတ်တဲ့ အမ်မရီ
အာဆင်နယ်က တက်ကြွစိတ်၊ လုပ်ကိုင်လိုစိတ်ကင်းမဲ့နေချိန်မှာ အင်္ဂလန်မြေမှာ အထိုင်မကျခဲ့ဖူးတဲ့ အူနိုင်း အမ်မရီက အသင်းဟောင်းကို ရန်ငါစည်း ခပ်ပြတ်ပြတ် ဆက်ဆံသွားခဲ့တယ်။ အမ်းမရိတ်စ်မှာ အကောင်အထည်ဖေါ်ဖို့ ကျရှုံးခဲ့တဲ့ နည်းဗျူဟာတွေကို ဗီလာရီးရဲလ်နဲ့ အသုံးချခဲ့တာကလည်း ချွန်ထွက်နေတာကို ထွက်ရပြီး အသင်းဟောင်းနဲ့ ပတ်သတ်ရင် ကိုယ်ပိုင်ခံစားချက်တွေကို မေ့ထားတယ်ဆိုတဲ့ သူ့စကားကို ပေါ်လွင်စေခဲ့ပြီး ကိုယ့်အလုပ်ကိုယ် ပီပီပြင်ပြင်ပဲ လုပ်သွားခဲ့တာပါ။

ကိုယ်ပိုင်အင်အားနဲ့ အသင်းကို ထူထူထောင်ထောင်ဖြစ်စေခဲ့တဲ့ ဆာကာ
ဘာကာယိုဆာကာက အသက် ၁၉ နှစ်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြခဲ့ပြီး အာဆင်နယ်ရဲ့ မိုးထဲလေထဲ အခြေအနေမှာ ပခုံးထမ်းတင်သွားခဲ့ပြီး အသင်းကို ကိုယ်ပိုင်အင်အားနဲ့ ထူထူထောင်ထောင်ဖြစ်စေခဲ့တယ်။ မငြီးမငြူနဲ့ ခိုင်းသမျှ ကစားပေးပြီး တသင်းလုံးက ရုန်းကန်နေရချိန်မှာ ဗီလာရီးရဲလ်ခံစစ်ကို ဒုက္ခပင်လယ်ဝေစေခဲ့သူက ဆာကာဖြစ်တယ်။

သူ့ကြောင့် ပင်နယ်တီရခဲ့သလို သူ့ရဲ့ရုန်းအားကြောင့်ပဲ စပိန်အသင်းက တယောက်အထုတ်ခံခဲ့ရတာကြောင့် လက်ကျန် ၁၅ မိနစ်မှာ အာဆင်နယ်က ၁၀ ယောက်၊ ၁၀ ယောက် ကစားခွင့်ရခဲ့တယ်။

ဖားလား ငါးလား သက်သေပြရမယ့်သူ
ဂိုးရလဒ်အရ ဒုတိယအကျော့က ဘာမဆိုဖြစ်နေနိုင်ပါသေးတယ်။ လိုရာပန်းတိုင်က ယူရိုပါလိဂ်ဖလားဆိုရင် နောက်တပွဲမှာ အာတီတာက ဖားလား ငါးလား သေချာပေါက် သက်သေပြရမှာပါ။ အမ်မရီကို ပတ်ပတ်နပ်နပ်ကျောဖို့အတွက် အာတီတာတယောက် သင်ခန်းစာတွေကို ကျွတ်ကျွတ်ဝါးပြီး ပြင်ဆင်လာဖွယ်လည်း ရှိနေပါတယ်။

ဒေါင်ဒေါင်မြည်တိုက်စစ်မှူးမရှိလို့ မျော့နေတဲ့ တိုက်စစ်
အူဘာမီယန်း၊ မာတီနယ်လီ၊ နကီးတီးယားတို့ကို အရန်ခုံမှာ ချန်ထားခဲ့တဲ့ အာဆင်နယ်တိုက်စစ်က နဂိုမူလဇာတိရုပ်ပါ ပျောက်ဆုံးနေပြီး စမစ်သ်ရိုးက အထောင်တိုက်စစ်မှူးဆန်ဆန် ကစားရတဲ့အထိဖြစ်လာတယ်။ ပပ်အောင်မြင်နေတဲ့ တိုက်စစ်မှူးစစ်စစ်အသုံးမပြုတဲ့ False 9 ဟန်က အာတီတာအတွက် အာဆင်နယ်မှာ တကယ် လွဲချော်ပြီး False ဖြစ်နေပြီလားလို့ ပြန်ဆန်းစစ်ရပါမယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂုဏ္ယူစရာထက္ ရွက္စရာပိုမ်ားခဲ့တဲ့ အာတီတာ
အာဆင္နယ္ကို ၁ ႏွစ္ခြဲသာ ကိုင္တြယ္ခဲ့ရတဲ့ နည္းျပေဟာင္း အူႏိုင္း အမ္မရီလက္ထဲမွာ က်ရႈံးခဲ့တဲ့ အာတီတာက အတြင္းသိအဆင္းသိျဖစ္တဲ့ အမ္မရီကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘဲ စပိန္သားအခ်င္းခ်င္း ေတြ႕ဆုံခဲ့ၾကတဲ့ စပိန္ေျမမွာ ဂုဏ္ယူစရာထက္ ရွက္စရာပိုမ်ားခဲ့ရပါတယ္။ ရလဒ္အရ ယူ႐ိုပါလိဂ္ခ်န္ပီယံ ၃ ႀကိမ္ဆြတ္ခူးထားခဲ့တဲ့ အမ္မရီက ပညာျပတာကို ခံခဲ့ရတာလည္းျဖစ္သလို ေျခစြမ္းအရလည္း ဂုဏ္ယူစရာမရွိခဲ့တာကို ေတြ႕ရတယ္။

ေပေပရဲ႕အေဝးဂိုးေၾကာင့္ အသက္ရွင္ခဲ့ရတဲ့ ဂန္းနား
လီႏိုရဲ႕ ႀကီးႀကီးမားမား အက်ိဳးရွိေစတဲ့ ထိေရာက္လြန္းတဲ့ အႀကိမ္ႀကိမ္ လက္စြမ္းျပကာကြယ္မႈေတြက ေပေပရဲ႕ အေဝးဂိုးနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ အာဆင္နယ္ကို အသက္ရွင္ေစခဲ့တယ္။ ပထမပိုင္းအၿပီးမွာ ၂ ဂိုးျပတ္နဲ႔ အသက္ငင္ေနတဲ့ အာဆင္နယ္နည္းျပအာတီတာဟာ ဆီဘာေယာ့စ္ပါ အထုတ္ခံလိုက္ရတဲ့အခါ ေပေပရဲ႕အေဝးကြင္း ပင္နယ္တီ ေၾကာင့္သာ ေနာက္တေက်ာ့အတြက္ ေမွ်ာ္လင့္စရာရွိလာခဲ့ၿပီး အသက္ရႈေပါက္ရခဲ့တယ္လို႔ ဆိုရမွာပါ။

အာဆင္ဝင္းဂါးေခတ္လြန္မွာ ဘုန္းႀကီး႐ူးနဲ႔ ေလွလူးျဖစ္ခဲ့ၿပီလား
အာတီတာက အမ္းမရိတ္စ္ေျမက အေျခအေနဆိုးေတြကို ေျမလွန္ၿပီး ကိုယ္ပိုင္ေဘာလုံးဒႆနနဲ႔ ကိုယ္ပိုင္ယဥ္ေက်းမႈကို တည္ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့ေသာ္ျငား ဒီေန႔ပြဲကလို ပထမပိုင္း ၄၅ မိနစ္အထိ ေျခစြမ္းနဲ႔ ရလဒ္ဆိုး႐ြားေနျခင္းက အာဆင္ဝင္းဂါးေခတ္လြန္မွာ ဘုန္းႀကီး႐ူးနဲ႔ ေလွလူးျဖစ္ခဲ့ၿပီလားဆိုတဲ့ ေမးခြန္းေတြက ဂယက္ေတြ႐ိုက္လာေစခဲ့ၿပီး ခပ္ခ်ာခ်ာျဖစ္ေနတဲ့ လက္ရွိေျခစြမ္းအရ အမ္းမရိတ္စ္ေျမက ဒုတိယအေက်ာ့မွာ အာဆင္နယ္ရဲ႕သမိုင္းအသစ္ကို ေရးထိုးသြားမလားဆိုတာကေတာ့ အားအင္ေတြ ယုတ္ေလ်ာ့ေစၿပီး အားရစရာနည္းပါလြန္းခဲ့တယ္။

အသင္းေဟာင္းကို ရန္ငါစည္းျပတ္တဲ့ အမ္မရီ
အာဆင္နယ္က တက္ႂကြစိတ္၊ လုပ္ကိုင္လိုစိတ္ကင္းမဲ့ေနခ်ိန္မွာ အဂၤလန္ေျမမွာ အထိုင္မက်ခဲ့ဖူးတဲ့ အူႏိုင္း အမ္မရီက အသင္းေဟာင္းကို ရန္ငါစည္း ခပ္ျပတ္ျပတ္ ဆက္ဆံသြားခဲ့တယ္။ အမ္းမရိတ္စ္မွာ အေကာင္အထည္ေဖၚဖို႔ က်ရႈံးခဲ့တဲ့ နည္းဗ်ဴဟာေတြကို ဗီလာရီးရဲလ္နဲ႔ အသုံးခ်ခဲ့တာကလည္း ခြၽန္ထြက္ေနတာကို ထြက္ရၿပီး အသင္းေဟာင္းနဲ႔ ပတ္သတ္ရင္ ကိုယ္ပိုင္ခံစားခ်က္ေတြကို ေမ့ထားတယ္ဆိုတဲ့ သူ႔စကားကို ေပၚလြင္ေစခဲ့ၿပီး ကိုယ့္အလုပ္ကိုယ္ ပီပီျပင္ျပင္ပဲ လုပ္သြားခဲ့တာပါ။

ကိုယ္ပိုင္အင္အားနဲ႔ အသင္းကို ထူထူေထာင္ေထာင္ျဖစ္ေစခဲ့တဲ့ ဆာကာ
ဘာကာယိုဆာကာက အသက္ ၁၉ ႏွစ္အ႐ြယ္နဲ႔ မလိုက္ေအာင္ ေျခစြမ္းျပခဲ့ၿပီး အာဆင္နယ္ရဲ႕ မိုးထဲေလထဲ အေျခအေနမွာ ပခုံးထမ္းတင္သြားခဲ့ၿပီး အသင္းကို ကိုယ္ပိုင္အင္အားနဲ႔ ထူထူေထာင္ေထာင္ျဖစ္ေစခဲ့တယ္။ မၿငီးမျငဴနဲ႔ ခိုင္းသမွ် ကစားေပးၿပီး တသင္းလုံးက ႐ုန္းကန္ေနရခ်ိန္မွာ ဗီလာရီးရဲလ္ခံစစ္ကို ဒုကၡပင္လယ္ေဝေစခဲ့သူက ဆာကာျဖစ္တယ္။

သူ႔ေၾကာင့္ ပင္နယ္တီရခဲ့သလို သူ႔ရဲ႕႐ုန္းအားေၾကာင့္ပဲ စပိန္အသင္းက တေယာက္အထုတ္ခံခဲ့ရတာေၾကာင့္ လက္က်န္ ၁၅ မိနစ္မွာ အာဆင္နယ္က ၁၀ ေယာက္၊ ၁၀ ေယာက္ ကစားခြင့္ရခဲ့တယ္။

ဖားလား ငါးလား သက္ေသျပရမယ့္သူ
ဂိုးရလဒ္အရ ဒုတိယအေက်ာ့က ဘာမဆိုျဖစ္ေနႏိုင္ပါေသးတယ္။ လိုရာပန္းတိုင္က ယူ႐ိုပါလိဂ္ဖလားဆိုရင္ ေနာက္တပြဲမွာ အာတီတာက ဖားလား ငါးလား ေသခ်ာေပါက္ သက္ေသျပရမွာပါ။ အမ္မရီကို ပတ္ပတ္နပ္နပ္ေက်ာဖို႔အတြက္ အာတီတာတေယာက္ သင္ခန္းစာေတြကို ကြၽတ္ကြၽတ္ဝါးၿပီး ျပင္ဆင္လာဖြယ္လည္း ရွိေနပါတယ္။

ေဒါင္ေဒါင္ျမည္တိုက္စစ္မႉးမရွိလို႔ ေမ်ာ့ေနတဲ့ တိုက္စစ္
အူဘာမီယန္း၊ မာတီနယ္လီ၊ နကီးတီးယားတို႔ကို အရန္ခုံမွာ ခ်န္ထားခဲ့တဲ့ အာဆင္နယ္တိုက္စစ္က နဂိုမူလဇာတိ႐ုပ္ပါ ေပ်ာက္ဆုံးေနၿပီး စမစ္သ္႐ိုးက အေထာင္တိုက္စစ္မႉးဆန္ဆန္ ကစားရတဲ့အထိျဖစ္လာတယ္။ ပပ္ေအာင္ျမင္ေနတဲ့ တိုက္စစ္မႉးစစ္စစ္အသုံးမျပဳတဲ့ False 9 ဟန္က အာတီတာအတြက္ အာဆင္နယ္မွာ တကယ္ လြဲေခ်ာ္ၿပီး False ျဖစ္ေနၿပီလားလို႔ ျပန္ဆန္းစစ္ရပါမယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.