Premier League

ပရီးမီးယားလိဂ္ဟာ သူ႕အတြက္ အရမ္းခက္ခဲတယ္လုိ႔ ဆီဆက္ညြန္ ဝန္ခံ

စပါးစ္အသင္းကို ဖူလ္ဟမ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ႐ိုင္ယန္ ဆီဆက္ညြန္က ပရီးမီးယားလိဂ္ဟာ သူအသားက်ေနတဲ့ပုံစံ၊ ႀကဳိးစားအားထုတ္မွဳနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ပတ္ဝန္းက်င္ေတြနဲ႔ ႏွဳိင္းယွဥ္ရင္ ခက္ခဲလြန္းေနတယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

ဒီအသက္ ၁၉ ႏွစ္အရြယ္ အဂၤလန္ကစားသမားဟာ စပါးစ္အသင္းကို တန္းဆင္းသြားတဲ့ ဖူလ္ဟမ္အသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေႏြရာသီက ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး နည္းျပအဆက္ဆက္မွာ ပြဲထြက္ခြင့္ရဖို႔ လက္ရွိအခ်ိန္အထိ ႐ုန္းကန္ေနခဲ့ရသူလည္းျဖစ္ပါတယ္။

ႏိုဝင္ဘာလမွာ နည္းျပသစ္ျဖစ္လာခဲ့တဲ့ ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာေတာ့ ေျပာင္းလဲလာခဲ့တဲ့ အခန္းက႑နဲ႔အတူ သူ႕ရဲ႕ကစားခြင့္က ပုိမိုရရွိလာခဲ့ၿပီး လက္ရွိအခ်ိန္အထိ ၉ ပြဲကစားထားခဲ့သလို အက္ဖ္ေအဖလားမွာ ပဥၥမအဆင့္တက္ေရာက္ေအာင္ ကူညီႏုိင္ခဲ့ေပမယ္လည္း ခုလုိမ်ဳိး ခက္ခဲေၾကာင္းဆုိခဲ့တာလည္းျဖစ္ပါတယ္။

“ခုေတာ့ ပုိေကာင္းလာခဲ့သလိုပါပဲ။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းကေတာ့ ဆုိးရြားတဲ့ ပုံစံေတြ၊ အခြင့္အေရးေတြကို အသုံးမခ်ႏုိင္ခဲ့ေပမယ့္ အေကာင္းအတြက္ပဲ အျမဲတမ္း ေမွ်ာ္လင့္ထားခဲ့ၿပီး အခုေတာ့ ေရာက္ရွိလာၿပီထင္ပါတယ္။ ကၽြန္ေတာ္ စပါးစ္ကို ေရာက္လာတုန္းကေတာ့ အရမ္းခက္ခဲ ေနခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ျပန္ရွာေတြ႕ႏိုင္ၿပီလုိ႔ ထင္ပါတယ္။ ကစားခြင့္ရေလ ယုံၾကည္မွဳရေလပါပဲ”လို႔ ဆီဆက္ညြန္က ဆုိပါတယ္။

ဆီဆက္ညြန္က စပါးစ္ကို ေရာက္ရွိလာခဲ့တဲ့ အစမွာပဲ ဒဏ္ရာရရွိသြားခဲ့လို႔ ပုိမို႐ုန္းကန္ခဲ့ရေၾကာင္းနဲ႔ ဒဏ္ရာေပ်ာက္ကင္းလာခ်ိန္မွာေတာ့ ေမာ္ရင္ဟိုရဲ႕ သေဘာက်မွဳရဖို႔ အရမ္းကို ႀကဳိးစားခဲ့ရေၾကာင္း၊ ခုလို ပြဲကစားခြင့္ေတြ ရေနတာနဲ႔ ဒဏ္ရာကင္းစင္ေနႏုိင္ခဲ့တာအတြက္ ဘုရားသခင္ကို ေက်းဇူးတင္တဲ့အေၾကာင္းကိုလည္း ပဲြအၿပီးမွာ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: စပါးစ်အသင်းကို ဖူလ်ဟမ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်တောင်ပံကစားသမား ရိုင်ယန် ဆီဆက်ညွန်က ပရီးမီးယားလိဂ်ဟာ သူအသားကျနေတဲ့ပုံစံ၊ ကြိုးစားအားထုတ်မှုနဲ့ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်တွေနဲ့ နှိုင်းယှဉ်ရင် ခက်ခဲလွန်းနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီအသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ စပါးစ်အသင်းကို တန်းဆင်းသွားတဲ့ ဖူလ်ဟမ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ နွေရာသီက ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နည်းပြအဆက်ဆက်မှာ ပွဲထွက်ခွင့်ရဖို့ လက်ရှိအချိန်အထိ ရုန်းကန်နေခဲ့ရသူလည်းဖြစ်ပါတယ်။

နိုဝင်ဘာလမှာ နည်းပြသစ်ဖြစ်လာခဲ့တဲ့ မော်ရင်ဟိုရဲ့ လက်အောက်မှာတော့ ပြောင်းလဲလာခဲ့တဲ့ အခန်းကဏ္ဍနဲ့အတူ သူ့ရဲ့ကစားခွင့်က ပိုမိုရရှိလာခဲ့ပြီး လက်ရှိအချိန်အထိ ၉ ပွဲကစားထားခဲ့သလို အက်ဖ်အေဖလားမှာ ပဉ္စမအဆင့်တက်ရောက်အောင် ကူညီနိုင်ခဲ့ပေမယ်လည်း ခုလိုမျိုး ခက်ခဲကြောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

“ခုတော့ ပိုကောင်းလာခဲ့သလိုပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကတော့ ဆိုးရွားတဲ့ ပုံစံတွေ၊ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပေမယ့် အကောင်းအတွက်ပဲ အမြဲတမ်း မျှော်လင့်ထားခဲ့ပြီး အခုတော့ ရောက်ရှိလာပြီထင်ပါတယ်။ ကျွန်တော် စပါးစ်ကို ရောက်လာတုန်းကတော့ အရမ်းခက်ခဲ နေခဲ့ပြီး အခုအချိန်မှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာတွေ့နိုင်ပြီလို့ ထင်ပါတယ်။ ကစားခွင့်ရလေ ယုံကြည်မှုရလေပါပဲ”လို့ ဆီဆက်ညွန်က ဆိုပါတယ်။

ဆီဆက်ညွန်က စပါးစ်ကို ရောက်ရှိလာခဲ့တဲ့ အစမှာပဲ ဒဏ်ရာရရှိသွားခဲ့လို့ ပိုမိုရုန်းကန်ခဲ့ရကြောင်းနဲ့ ဒဏ်ရာပျောက်ကင်းလာချိန်မှာတော့ မော်ရင်ဟိုရဲ့ သဘောကျမှုရဖို့ အရမ်းကို ကြိုးစားခဲ့ရကြောင်း၊ ခုလို ပွဲကစားခွင့်တွေ ရနေတာနဲ့ ဒဏ်ရာကင်းစင်နေနိုင်ခဲ့တာအတွက် ဘုရားသခင်ကို ကျေးဇူးတင်တဲ့အကြောင်းကိုလည်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.