Premier League Transfer News

29 Apr နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အသံတွေ ထွက်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ရောင်းချချင်နေတဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၈၀ ရရှိဖို့ မျှော်လင့်နေတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းက သတင်းထွက်ပေါ်လာ။

– ဂျူဗင်တပ်စ်အသင်းက ထွက်ခွာတော့မယ့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပီအက်စ်ဂျီအသင်းက အလိုရှိနေပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဘက်က အရေးသာနေလိမ့်မယ်လို့ ပါရီသားတွေရဲ့ တိုက်စစ်မှူး နေမာက ထုတ်ဖော်ပြောကြားသွားခဲ့။

– အေစီမီလန်အသင်းအနေနဲ့ လက်ရှိအချိန်အထိ စာချုပ်သစ်ကိစ္စကို မဆွေးနွေးသေးဘဲ အင်တင်တင်လုပ်နေခဲ့တဲ့ ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာနဲ့ အေးဂျင့် မီနို ရိုင်ယိုလာတို့ကို မေလကုန်မတိုင်ခင် Yes or No အဖြေပေးဖို့ ရာဇသံပေးလိုက်ပြီး ယူနိုက်တက်တို့အနေနဲ့ ခေါ်ယူနိုင်ဖို့ အဆင်သင့်စောင့်ဆိုင်းနေ။

– လာမယ့်တနင်္ဂနွေနေ့မှာ အိုးလ်ထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ်အသင်းရဲ့ လူစာရင်းကို နောက်ခံလူ နာသန် ဖိလစ်နဲ့ ကွင်းလယ်လူ ချာဒန် ရှာကျီရီတို့ လွဲချော်မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ သတင်းကောင်းဖြစ်နေ။

– ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ များနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို နွေရာသီမှာ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ ယူနိုက်တက်တို့အနေနဲ့ မျှော်လင့်နေပြီး ဂျာမန်ကလပ်ရဲ့ ဘွန်ဒက်စ်လီဂါရပ်တည်မှုမှာ အခြေအနေ သိပ်မကောင်းတဲ့ ပုံစံက စကား ပြောလိမ့်မယ်လို့ ယူဆနေ။

– ရိုးမားအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို သူ့ရဲ့အသင်းဟောင်း ရောမသားတွေက အံ့အားသင့်အောင်လုပ်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာစေနိုင်မယ်လို့ ယူဆနေကြောင်း ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါက ပွဲကြိုလေတိုက်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် နိုင်ပွဲကို ရယူကြဖို့ အသင်းဖော်တွေ အားလုံးကို ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရီယန်က တိုက်တွန်းလိုက်ပြီး အာမေးနီးယားသားအနေနဲ့ အသင်းဟောင်းနဲ့တုန်းက ရယူခဲ့တဲ့ အောင်မြင်မှုကို ရိုးမားနဲ့ ထပ်မံရယူနိုင်ဖို့ ဆန္ဒရှိနေ။

– ရိုးမားအသင်းနည်းပြ ပေါ်လို ဖွန်ဆီကာက မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ရပ်တန့်ပြီး ရလဒ်ကောင်း ရယူချင်တယ်ဆိုရင် ကစားသမားနှစ်ဦးကို ဘာမှ မလုပ်နိုင်အောင် ထိန်းချုပ်ရမှာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကို ရည်ညွှန်းပြောကြားသွားခဲ့။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ဆီမီးဖိုင်နယ်အဆင့်တွေမှာ ရပ်တန့်နေခဲ့ရတာတွေအတွက် တုံ့ပြန်ဖို့ တွန်းအားကို ပိုင်ဆိုင်ထားပြီး ရိုးမားနဲ့ပွဲမှာ ပြသရမှာဖြစ်ကြောင်းနဲ့ နောက်ခံလူ လုခ်ရှောကလည်း စိတ်ပျက်ခဲ့ရမှုအားလုံးအတွက် ပေါက်ကွဲပြနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အသံေတြ ထြက္ေနၿပီး ရီးရဲလ္မက္ဒရစ္အသင္းကလည္း ေရာင္းခ်ခ်င္ေနတဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း ၈၀ ရရွိဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ နီးစပ္ရာအသိုင္းအဝိုင္းက သတင္းထြက္ေပၚလာ။

– ဂ်ဴဗင္တပ္စ္အသင္းက ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ပီအက္စ္ဂ်ီအသင္းက အလိုရွိေနေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းဘက္က အေရးသာေနလိမ့္မယ္လို႔ ပါရီသားေတြရဲ႕ တိုက္စစ္မႉး ေနမာက ထုတ္ေဖာ္ေျပာၾကားသြားခဲ့။

– ေအစီမီလန္အသင္းအေနနဲ႔ လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ကိစၥကို မေဆြးေႏြးေသးဘဲ အင္တင္တင္လုပ္ေနခဲ့တဲ့ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာနဲ႔ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာတို႔ကို ေမလကုန္မတိုင္ခင္ Yes or No အေျဖေပးဖို႔ ရာဇသံေပးလိုက္ၿပီး ယူႏိုက္တက္တို႔အေနနဲ႔ ေခၚယူႏိုင္ဖို႔ အဆင္သင့္ေစာင့္ဆိုင္းေန။

– လာမယ့္တနဂၤေႏြေန႔မွာ အိုးလ္ထရက္ဖို႔ဒ္ကို လာေရာက္ယွဥ္ၿပိဳင္ကစားမယ့္ လီဗာပူးလ္အသင္းရဲ႕ လူစာရင္းကို ေနာက္ခံလူ နာသန္ ဖိလစ္နဲ႔ ကြင္းလယ္လူ ခ်ာဒန္ ရွာက်ီရီတို႔ လြဲေခ်ာ္မွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ေတာ့ သတင္းေကာင္းျဖစ္ေန။

– ေဒါ့မြန္အသင္းကေန ထြက္ခြာဖို႔ မ်ားေနတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို ေႏြရာသီမွာ ေဈးသက္သက္သာသာနဲ႔ ေခၚယူႏိုင္ဖို႔ ယူႏိုက္တက္တို႔အေနနဲ႔ ေမွ်ာ္လင့္ေနၿပီး ဂ်ာမန္ကလပ္ရဲ႕ ဘြန္ဒက္စ္လီဂါရပ္တည္မႈမွာ အေျခအေန သိပ္မေကာင္းတဲ့ ပုံစံက စကား ေျပာလိမ့္မယ္လို႔ ယူဆေန။

– ႐ိုးမားအသင္းနဲ႔ ရင္ဆိုင္ကစားရမယ့္ ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို သူ႔ရဲ႕အသင္းေဟာင္း ေရာမသားေတြက အံ့အားသင့္ေအာင္လုပ္ၿပီး ယူ႐ိုပါလိဂ္ကေန ထြက္ခြာေစႏိုင္မယ္လို႔ ယူဆေနေၾကာင္း ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါက ပြဲႀကိဳေလတိုက္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံရမယ့္ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္အတြက္ ႏိုင္ပြဲကို ရယူၾကဖို႔ အသင္းေဖာ္ေတြ အားလုံးကို ကြင္းလယ္လူ ဟင္းနရစ္ မစ္ခီတာရီယန္က တိုက္တြန္းလိုက္ၿပီး အာေမးနီးယားသားအေနနဲ႔ အသင္းေဟာင္းနဲ႔တုန္းက ရယူခဲ့တဲ့ ေအာင္ျမင္မႈကို ႐ိုးမားနဲ႔ ထပ္မံရယူႏိုင္ဖို႔ ဆႏၵရွိေန။

– ႐ိုးမားအသင္းနည္းျပ ေပၚလို ဖြန္ဆီကာက မန္ခ်က္စတာယူႏိုက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ရပ္တန႔္ၿပီး ရလဒ္ေကာင္း ရယူခ်င္တယ္ဆိုရင္ ကစားသမားႏွစ္ဦးကို ဘာမွ မလုပ္ႏိုင္ေအာင္ ထိန္းခ်ဳပ္ရမွာျဖစ္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔ကို ရည္ၫႊန္းေျပာၾကားသြားခဲ့။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက ဆီမီးဖိုင္နယ္အဆင့္ေတြမွာ ရပ္တန႔္ေနခဲ့ရတာေတြအတြက္ တုံ႔ျပန္ဖို႔ တြန္းအားကို ပိုင္ဆိုင္ထားၿပီး ႐ိုးမားနဲ႔ပြဲမွာ ျပသရမွာျဖစ္ေၾကာင္းနဲ႔ ေနာက္ခံလူ လုခ္ေရွာကလည္း စိတ္ပ်က္ခဲ့ရမႈအားလုံးအတြက္ ေပါက္ကြဲျပႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.