Premier League

ယူနိုက်တက်နဲ့ အလွမ်းသင့်နေလို့ ကစားသမားဘဝနဲ့တင်မက နည်းပြဘဝနဲ့ပါ ဖြတ်သန်းချင်နေတဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်ကစားသမားဘဝမှာ နာမည်ကောင်းတွေ ရရှိထားတဲ့ ဘရူနို ဖာနန်ဒက်စ်က ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးထားတဲ့အပြင် ယူရိုပါလိဂ်ဆီမီးအဆင့်အထိ ပို့ဆောင်ထားခဲ့ပြီးဖြစ်သလို သူ့အနေနဲ့ လုပ်ဆောင်မှုအသီးအပွင့်တွေအတွက် ယူနိုက်တက်နည်းပြဘဝနဲ့ပါ မှတ်ကျောက်တင်ခံသွားကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

သူပြောင်းရွှေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ ၁ နှစ် ၃ လ သက်တမ်းအတွင်း ယူနိုက်တက်နဲ့ ဘရူနိုတို့ဟာ အကျိုးရှိတဲ့ပေါင်းစည်းမှုအနေနဲ့ လှပတဲ့ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့ပြီး ယူနိုက်တက်ရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ စိန်ခေါ်မှုအထိ ရောက်လာခဲ့သလို ဒါကဘရူနိုရဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့တယ်။

ရိုးမားနဲ့ ကစားမယ့် ယူရိုပါလိဂ်ဆီမီးမှာလည်း သူ့အနေနဲ့ ဆိုးလ်ရှားရဲ့ တောင့်တင်းတဲ့ လက်ရုံးအဖြစ် ပွဲထွက်လာဦးမှာဖြစ်သလို အသင်းကို အဓိက အကျိုးပြုခဲ့တဲ့ သူ့ရဲ့ခြေစွမ်းက ဘောလုံးသမားတဦးအဖြစ်သာမက နည်းပြတဦးရဲ့အမြင်တွေကိုပါ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ချီးကျူးမှုတွေလည်း ရှိနေပါတယ်။

သူက ကွင်းတွင်းမှာ အသင်းဖော်တွေကို ဦးဆောင်မှုအကောင်းဆုံး ပေးနိုင်သလို သူ့ရဲ့ခံယူချက်ကို အနှစ်သာရအဖြစ် ဖော်ဆောင်နေတာကတော့ နိုင်လိုစိတ်ပြင်းပြတဲ့ အောင်စိတ်၊ ချန်ပီယံဖြစ်လိုစိတ်၊ အောင်မြင်မှုဆာလောင်စိတ်တွေက တကျော့ပြန်ယူနိုက်တက်ရဲ့သမိုင်းသစ်ကို ရေးထိုးဖို့အတွက် အသင့်ဖြစ်နေတာကိုလည်း တွေ့ရတယ်။

ဒီနေ့ညမှာတော့ သူ့ရဲ့ အစွမ်းအစကို ထပ်မံကြေငြာပြီး ယူနိုက်တက်ကို ဥရောပဗိုလ်လုပွဲဆီ ပို့ဆောင်ပေးဦးမလားဆိုတာက စိတ်ဝင်စားစရာကောင်းနေပြီး ယူရိုပါလိဂ်ဖလားကို သိမ်းပိုက်ဖို့က ဆိုးလ်ရှားနဲ့ ဘရူနိုတို့ပေါင်းစည်းမှုရဲ့ ယူနိုက်တက်ကို နောက်တဆင့်မြှင့်တင်ဖို့အတွက် ကနဦးမိုင်တိုင်အမှတ်လည်း ဖြစ်နေတာပါ။

” ကစားသမားဘဝက အနားယူရင်တော့ ကျွန်တော်က နည်းပြလုပ်ချင်တယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော့်အတွက် အကြီးကျယ်ဆုံးအသင်းဖြစ်တဲ့ ယူနိုက်တက်ကို နည်းပြချင်ပါတယ်။ ဒါက ကျွန်တော့်ဆန္ဒပါ။ အနာဂတ်မှာ ကျွန်တော်ဒီစကားကို ပြောထားခဲ့ပါလားလို့ လူတွေကို သိစေချင်ပါတယ် ”

” တကယ်လို့ ကျွန်တော်က နည်းပြလောကထဲ ရောက်လာရင်တော့ ယူနိုက်တက်ပရိသတ်တွေ​​က ကျွန်တော့်ကိုနည်းပြခန့်ဖို့ အသင်းကို ဖိအားပေးလို့ ရတာပေါ့ဗျာ။ ကျွန်တော့်တဘဝလုံး​က ဘောလုံးနဲ့ပဲစပြီး ဘောလုံးနဲ့ပဲ အဆုံးသတ်မှာပါ။ ဒါက ကျွန်တော့်ရဲ့အနာဂတ်ဆိုလည်း မမှားပါဘူး ” လို့ သူက ရိုးမားနဲ့ပွဲကြိုမှာ ရင်ဖွင့်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ယူႏိုက္တက္ကစားသမားဘဝမွာ နာမည္ေကာင္းေတြ ရရွိထားတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ဒီရာသီမွာ ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ၂၄ ဂိုးသြင္းၿပီး ၁၄ ဂိုးဖန္တီးထားတဲ့အျပင္ ယူ႐ိုပါလိဂ္ဆီမီးအဆင့္အထိ ပို႔ေဆာင္ထားခဲ့ၿပီးျဖစ္သလို သူ႔အေနနဲ႔ လုပ္ေဆာင္မႈအသီးအပြင့္ေတြအတြက္ ယူႏိုက္တက္နည္းျပဘဝနဲ႔ပါ မွတ္ေက်ာက္တင္ခံသြားေၾကာင္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

သူေျပာင္းေ႐ႊ႕လာခဲ့တဲ့ လြန္ခဲ့တဲ့ ၁ ႏွစ္ ၃ လ သက္တမ္းအတြင္း ယူႏိုက္တက္နဲ႔ ဘ႐ူႏိုတို႔ဟာ အက်ိဳးရွိတဲ့ေပါင္းစည္းမႈအေနနဲ႔ လွပတဲ့ဇာတ္လမ္းတပုဒ္ျဖစ္ခဲ့ၿပီး ယူႏိုက္တက္ရဲ႕ ေျခစြမ္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ စိန္ေခၚမႈအထိ ေရာက္လာခဲ့သလို ဒါကဘ႐ူႏိုရဲ႕ သက္ေရာက္မႈေတြ ျဖစ္ခဲ့တယ္။

႐ိုးမားနဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္ဆီမီးမွာလည္း သူ႔အေနနဲ႔ ဆိုးလ္ရွားရဲ႕ ေတာင့္တင္းတဲ့ လက္႐ုံးအျဖစ္ ပြဲထြက္လာဦးမွာျဖစ္သလို အသင္းကို အဓိက အက်ိဳးျပဳခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းက ေဘာလုံးသမားတဦးအျဖစ္သာမက နည္းျပတဦးရဲ႕အျမင္ေတြကိုပါ ပိုင္ဆိုင္ထားတယ္ဆိုတဲ့ ခ်ီးက်ဴးမႈေတြလည္း ရွိေနပါတယ္။

သူက ကြင္းတြင္းမွာ အသင္းေဖာ္ေတြကို ဦးေဆာင္မႈအေကာင္းဆုံး ေပးႏိုင္သလို သူ႔ရဲ႕ခံယူခ်က္ကို အႏွစ္သာရအျဖစ္ ေဖာ္ေဆာင္ေနတာကေတာ့ ႏိုင္လိုစိတ္ျပင္းျပတဲ့ ေအာင္စိတ္၊ ခ်န္ပီယံျဖစ္လိုစိတ္၊ ေအာင္ျမင္မႈဆာေလာင္စိတ္ေတြက တေက်ာ့ျပန္ယူႏိုက္တက္ရဲ႕သမိုင္းသစ္ကို ေရးထိုးဖို႔အတြက္ အသင့္ျဖစ္ေနတာကိုလည္း ေတြ႕ရတယ္။

ဒီေန႔ညမွာေတာ့ သူ႔ရဲ႕ အစြမ္းအစကို ထပ္မံေၾကျငာၿပီး ယူႏိုက္တက္ကို ဥေရာပဗိုလ္လုပြဲဆီ ပို႔ေဆာင္ေပးဦးမလားဆိုတာက စိတ္ဝင္စားစရာေကာင္းေနၿပီး ယူ႐ိုပါလိဂ္ဖလားကို သိမ္းပိုက္ဖို႔က ဆိုးလ္ရွားနဲ႔ ဘ႐ူႏိုတို႔ေပါင္းစည္းမႈရဲ႕ ယူႏိုက္တက္ကို ေနာက္တဆင့္ျမႇင့္တင္ဖို႔အတြက္ ကနဦးမိုင္တိုင္အမွတ္လည္း ျဖစ္ေနတာပါ။

” ကစားသမားဘဝက အနားယူရင္ေတာ့ ကြၽန္ေတာ္က နည္းျပလုပ္ခ်င္တယ္။ ျဖစ္ႏိုင္ရင္ေတာ့ ကြၽန္ေတာ့္အတြက္ အႀကီးက်ယ္ဆုံးအသင္းျဖစ္တဲ့ ယူႏိုက္တက္ကို နည္းျပခ်င္ပါတယ္။ ဒါက ကြၽန္ေတာ့္ဆႏၵပါ။ အနာဂတ္မွာ ကြၽန္ေတာ္ဒီစကားကို ေျပာထားခဲ့ပါလားလို႔ လူေတြကို သိေစခ်င္ပါတယ္ ”

” တကယ္လို႔ ကြၽန္ေတာ္က နည္းျပေလာကထဲ ေရာက္လာရင္ေတာ့ ယူႏိုက္တက္ပရိသတ္ေတြ​​က ကြၽန္ေတာ့္ကိုနည္းျပခန္႔ဖို႔ အသင္းကို ဖိအားေပးလို႔ ရတာေပါ့ဗ်ာ။ ကြၽန္ေတာ့္တဘဝလုံး​က ေဘာလုံးနဲ႔ပဲစၿပီး ေဘာလုံးနဲ႔ပဲ အဆုံးသတ္မွာပါ။ ဒါက ကြၽန္ေတာ့္ရဲ႕အနာဂတ္ဆိုလည္း မမွားပါဘူး ” လို႔ သူက ႐ိုးမားနဲ႔ပြဲႀကိဳမွာ ရင္ဖြင့္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z