Premier League

ညညဆို အိပ်မပျော်ရဘူးလို့ ညည်းတွားပြီး အကွက်သစ်ဆင်သွားခဲ့တဲ့ ပပ်- PSG 1:2 မန်စီးတီး ပွဲအပြီး ထုတ်နုတ်ပြောစရာ ၇ ချက်

သန်းခေါင်ထက်လည်း ညကပိုနက်နိုင်သေးတဲ့ PSG
ပထမပိုင်းမှာ အားပြတ်သလို ကစားသွားတဲ့မန်စီးတီးရဲ့အမှားအယွင်းကပဲ ပွဲအစ ၁၅ မိနစ်မှာ မာကွင့်ဟို့စ်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရချိန်မှာ ပပ်ရဲ့အသင်းက ဒီပွဲတခုလုံးကို PSG လက်ထဲကိုထိုးထည့်လိုက်ပြီလား ထင်မှတ်မှားစရာဖြစ်ခဲ့ပေမယ့် ကိုယ့်ဒုက္ခကိုယ် လက်ယက်ခေါ်ခဲ့ပြီး ဒုတိယပိုင်းမှာ မန်စီးတီးကို ချေပဂိုးရော အနိုင်ဂိုးပါခွင့်ပြုခဲ့ရတဲ့ PSG က နောက်တကျော့မှာ မရုန်းနိုင်ရင်တော့ ချန်ပီယံလိဂ်ကျိန်စာဆိုးနဲ့အတူ သန်းခေါင်ထက်လည်း ညကပိုနက်နိုင်ပါသေးတယ်။

ဦးဦးဖျားဖျား သမိုင်းဝင်အောင်မြင်မှုအတွက် ၂ ပွဲအလို
မန်စီးတီးက ကလပ်အသင်းသမိုင်းဝင်အဖြစ် ဥရောပအောင်မြင်မှုနဲ့ ဦးဦးဖျားဖျား မိတ်ဆက်ဖို့ ပပ်အတွက် ၂ ပွဲသာလိုအပ်တော့ပါတယ်။ ပါရီမှာ အဝေးဂိုးအသာရခဲ့တာက ခြေတလှမ်းသာစေခဲ့တယ်။ အကုန်လုံးကဝိုင်းပြီး လက်ညှိုးထိုးဝေဖန်ခဲ့ကြချိန်မှာ ချန်ပီယံလိဂ်မှာ အတိတ်က လွဲချော်ခဲ့တဲ့ အမှားတွေကို ပြင်ဆင်​ပြီး သွားမယ့်သွား အရောက်သွားမယ်ဆိုတဲ့ ခံယူချက်နဲ့ ပါရီကိုသိမ်းပိုက်ခဲ့တဲ့ ပပ်ကို ထောက်ခံမှုအပြည့်ပေးခဲ့တဲ့ မန်စီးတီးအသင်းထိပ်ပိုင်းခေါင်းဆောင်တွေအတွက်လည်း ဒီနိုင်ပွဲက ချိုမြိန်သာယာခဲ့တယ်။

သွားမယ့်သွား ရောက်အောင်သွားမယ်ဆိုတဲ့ ဒီဘရိုင်းနား
ဒီနေ့ပွဲက ဒီဘရိုင်းနားရဲ့ တည်ငြိမ်အေးဆေးမှုကို ခိုင်ကျည်တဲ့ သန္ဒိဌာန်မပျက် ဦးဆောင်မှုပေးနေတဲ့ ခြေစွမ်းနဲ့အတူ တွဲမြင်ခဲ့ရတာက ဦးညွတ်စရာဖြစ်ခဲ့တယ်။

သူက ပထမပိုင်းရှုံးနေချိန်မှာ အသင်းကို ရေဆန်ကိုလှော်ခတ်စေခဲ့ပြီး သွားမယ့်သွား ရောက်အောင်သွားမယ်ဆိုတဲ့ ပပ်နဲ့ ဒီဘရိုင်းနား ချန်ပီယံလိဂ်ဖလား ဘုံသဘောတူညီချက်က သမိုင်းကြောင်လှပလာဖို့လည်း ရှိနေတာကို သူ့ရဲ့ အသင်းကိုမောင်းနှင်မှုမှာ မြင်တွေ့ခဲ့ရတာက ထင်းနေတယ်။

ခြေမကိုင်မိ လက်မကိုင်မိ အမ်ဘာပေအတွက် ဖိုဒင်နောက်ကောက်ချတာခံရမယ့် နှစ်လား
ပြင်သစ်သားက ဒီနေ့ ကိုယ့်အိမ်ကွင်းမှာကိုယ် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီး ခိုင်လ် ဝေါ်လ်ကာရဲ့ အိတ်ကပ်ထဲမှာ မွန်းကျပ်နေခဲ့တယ်။ သူ့ကို ထိန်းချုပ်ဖို့တွေးတိုင်း ညညဆို အိပ်မပျော်ရဘူးလို့ ညည်းတွားခဲ့တဲ့ ပပ်ကသာ အမ်ဘာပေကို လှုပ်မရအောင် အကွ​က်သစ်ဆင်သွားခဲ့တာကို တွေ့ရတယ်။

ဂိုးပေါက်တည့်ကန်သွင်းမှု တကြိမ်မှ မရှိခဲ့ဘဲ ဘောလုံးကျော်ဖြတ်မှု ၂ ကြိမ်မှာ ၁ ကြိမ်သာအောင်မြင်မှု ရှိခဲ့တာက မန်စီးတီးကို သူလုပ်ရမယ့်အလုပ်တိုင်းက ကန့်သတ်ခံထားခဲ့ရတာကို တွေ့ရတယ်။

မိုးထဲရေထဲရောက်တိုင်း တန်ဖိုးကြီးလာတဲ့ မာရက်ဇ်
ဒေါ့မန်နဲ့ပွဲတုန်းက ပင်နယ်တီကို တည်တည်ငြိမ်ငြိမ်ပဲ ကန်သွင်းယူပြီး မန်စီးတီးကို နောက်တဆင့်တက်စေခဲ့သလို အခုပွဲမှာလည်း သူက မန်စီးတီးရဲ့အလိုအပ်ဆုံး အနိုင်ဂိုးကို ဖရီးကစ်ကနေ ကန်သွင်းယူသွားခဲ့တာက ပပ်ရဲ့အသင်းက နောက်တကျော့အိမ်ကွင်းမှာ အဝေးဂိုးအားသာချက်နဲ့အတူ စိတ်အေးစေခဲ့ပြီဖြစ်ပါတယ်။

ကျားသေမို့ အသက်သွင်းမရနိုင်တော့ဘူးလား ပိုချက်တီနို
PSG ရဲ့ ချန်ပီယံလိဂ်မှတ်တမ်းတွေက ချန်ပီယံဖြစ်ဖို့ အမြဲလွဲချော်နေခဲ့တာကို တွေ့ရမယ်။ ဥရောပခရီးတိုင်းမှာ အသည်းကွဲနေခဲ့ရတာက ဓမ္မတာလိုဖြစ်နေတယ်။ ဒီအသင်းရဲ့ခံယူချက်ပိုင်းမှာ တစုံတရာယိုပေါက်ရှိနေသလားဆိုတာ ပိုချက်တီနိုအနေနဲ့ သေချာပြန်စဥ်းစားရပါမယ်။

ကစားပွဲကို လျင်မြန်တဲ့ ပြတ်သားတဲ့ခြေစွမ်းတွေနဲ့ အညှာကကိုင်ထားခဲ့တဲ့ PSG က အနိုင်ရလဒ်နဲ့ ပွဲကိုထိန်းချုပ်ထားချိန်မှာ ရိုလာကိုစတာလိုပဲ အရာရာပြောင်းပြန်ဖြစ်သွားခဲ့တာက ၇ မိနစ်အတွင်းပါ။ PSG အသင်းရဲ့ အောင်စိတ်ဟာ ကျားသေမို့ အသက်သွင်းမရနိုင်တော့ဘူးလားဆိုတဲ့ မေးခွန်းက ပိုချက်တီနိုရဲ့ စိန်ခေါ်မှုဖြစ်လာမှာပါ။

ရေနံငွေထုပ်တွေရဲ့ လွန်ဆွဲတိုက်ပွဲမှာ မပါမဖြစ်အိပ်မက်
ငွေထုပ်နဲ့တည်ဆောက်ထားတဲ့ ဒီနှစ်သင်း​အတွက် အကြီးမားဆုံး မပါမဖြစ်အိပ်မက်က ဥရောပချန်ပီယံလိဂ်ဖလားကို စားသုံးလိုမှုဖြစ်တယ်။ အထက်တန်းလွှာအသင်းနှစ်သင်းရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ ထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်သလို အောင်မြင်မှုကို ငွေနဲ့ဝယ်လို့ရတယ်ဆိုတာ သက်သေပြနေတဲ့ အသင်းပိုင်ရှင်တွေရဲ့ရုန်းကန်မှုလည်းဖြစ်တယ်။

ဘယ်အသင်းကပဲ ဗိုလ်လုပွဲတက်သည်ဖြစ်စေ အဆိုပါအသင်းကပဲ ဗိုလ်စွဲဖို့ အခြေအနေအကောင်းဆုံးဖြစ်နေပြီး ဒါက ဒီချန်ပီယံလိဂ်အိပ်မက်ကို နှစ်ရှည်လများ ဆက်လက်ဝါးမျိုစားသုံးဖို့လည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

သန္းေခါင္ထက္လည္း ညကပိုနက္ႏိုင္ေသးတဲ့ PSG
ပထမပိုင္းမွာ အားျပတ္သလို ကစားသြားတဲ့မန္စီးတီးရဲ႕အမွားအယြင္းကပဲ ပြဲအစ ၁၅ မိနစ္မွာ မာကြင့္ဟို႔စ္ရဲ႕ဦးေဆာင္ဂိုးကို ခြင့္ျပဳလိုက္ရခ်ိန္မွာ ပပ္ရဲ႕အသင္းက ဒီပြဲတခုလုံးကို PSG လက္ထဲကိုထိုးထည့္လိုက္ၿပီလား ထင္မွတ္မွားစရာျဖစ္ခဲ့ေပမယ့္ ကိုယ့္ဒုကၡကိုယ္ လက္ယက္ေခၚခဲ့ၿပီး ဒုတိယပိုင္းမွာ မန္စီးတီးကို ေခ်ပဂိုးေရာ အႏိုင္ဂိုးပါခြင့္ျပဳခဲ့ရတဲ့ PSG က ေနာက္တေက်ာ့မွာ မ႐ုန္းႏိုင္ရင္ေတာ့ ခ်န္ပီယံလိဂ္က်ိန္စာဆိုးနဲ႔အတူ သန္းေခါင္ထက္လည္း ညကပိုနက္ႏိုင္ပါေသးတယ္။

ဦးဦးဖ်ားဖ်ား သမိုင္းဝင္ေအာင္ျမင္မႈအတြက္ ၂ ပြဲအလို
မန္စီးတီးက ကလပ္အသင္းသမိုင္းဝင္အျဖစ္ ဥေရာပေအာင္ျမင္မႈနဲ႔ ဦးဦးဖ်ားဖ်ား မိတ္ဆက္ဖို႔ ပပ္အတြက္ ၂ ပြဲသာလိုအပ္ေတာ့ပါတယ္။ ပါရီမွာ အေဝးဂိုးအသာရခဲ့တာက ေျခတလွမ္းသာေစခဲ့တယ္။ အကုန္လုံးကဝိုင္းၿပီး လက္ညႇိဳးထိုးေဝဖန္ခဲ့ၾကခ်ိန္မွာ ခ်န္ပီယံလိဂ္မွာ အတိတ္က လြဲေခ်ာ္ခဲ့တဲ့ အမွားေတြကို ျပင္ဆင္​ၿပီး သြားမယ့္သြား အေရာက္သြားမယ္ဆိုတဲ့ ခံယူခ်က္နဲ႔ ပါရီကိုသိမ္းပိုက္ခဲ့တဲ့ ပပ္ကို ေထာက္ခံမႈအျပည့္ေပးခဲ့တဲ့ မန္စီးတီးအသင္းထိပ္ပိုင္းေခါင္းေဆာင္ေတြအတြက္လည္း ဒီႏိုင္ပြဲက ခ်ိဳၿမိန္သာယာခဲ့တယ္။

သြားမယ့္သြား ေရာက္ေအာင္သြားမယ္ဆိုတဲ့ ဒီဘ႐ိုင္းနား
ဒီေန႔ပြဲက ဒီဘ႐ိုင္းနားရဲ႕ တည္ၿငိမ္ေအးေဆးမႈကို ခိုင္က်ည္တဲ့ သႏၵိဌာန္မပ်က္ ဦးေဆာင္မႈေပးေနတဲ့ ေျခစြမ္းနဲ႔အတူ တြဲျမင္ခဲ့ရတာက ဦးၫြတ္စရာျဖစ္ခဲ့တယ္။ သူက ပထမပိုင္းရႈံးေနခ်ိန္မွာ အသင္းကို ေရဆန္ကိုေလွာ္ခတ္ေစခဲ့ၿပီး သြားမယ့္သြား ေရာက္ေအာင္သြားမယ္ဆိုတဲ့ ပပ္နဲ႔ ဒီဘ႐ိုင္းနား ခ်န္ပီယံလိဂ္ဖလား ဘုံသေဘာတူညီခ်က္က သမိုင္းေၾကာင္လွပလာဖို႔လည္း ရွိေနတာကို သူ႔ရဲ႕ အသင္းကိုေမာင္းႏွင္မႈမွာ ျမင္ေတြ႕ခဲ့ရတာက ထင္းေနတယ္။

ေျခမကိုင္မိ လက္မကိုင္မိ အမ္ဘာေပအတြက္ ဖိုဒင္ေနာက္ေကာက္ခ်တာခံရမယ့္ ႏွစ္လား
ျပင္သစ္သားက ဒီေန႔ ကိုယ့္အိမ္ကြင္းမွာကိုယ္ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနၿပီး ခိုင္လ္ ေဝၚလ္ကာရဲ႕ အိတ္ကပ္ထဲမွာ မြန္းက်ပ္ေနခဲ့တယ္။ သူ႔ကို ထိန္းခ်ဳပ္ဖို႔ေတြးတိုင္း ညညဆို အိပ္မေပ်ာ္ရဘူးလို႔ ညည္းတြားခဲ့တဲ့ ပပ္ကသာ အမ္ဘာေပကို လႈပ္မရေအာင္ အကြ​က္သစ္ဆင္သြားခဲ့တာကို ေတြ႕ရတယ္။ ဂိုးေပါက္တည့္ကန္သြင္းမႈ တႀကိမ္မွ မရွိခဲ့ဘဲ ေဘာလုံးေက်ာ္ျဖတ္မႈ ၂ ႀကိမ္မွာ ၁ ႀကိမ္သာေအာင္ျမင္မႈ ရွိခဲ့တာက မန္စီးတီးကို သူလုပ္ရမယ့္အလုပ္တိုင္းက ကန္႔သတ္ခံထားခဲ့ရတာကို ေတြ႕ရတယ္။

မိုးထဲေရထဲေရာက္တိုင္း တန္ဖိုးႀကီးလာတဲ့ မာရက္ဇ္
ေဒါ့မန္နဲ႔ပြဲတုန္းက ပင္နယ္တီကို တည္တည္ၿငိမ္ၿငိမ္ပဲ ကန္သြင္းယူၿပီး မန္စီးတီးကို ေနာက္တဆင့္တက္ေစခဲ့သလို အခုပြဲမွာလည္း သူက မန္စီးတီးရဲ႕အလိုအပ္ဆုံး အႏိုင္ဂိုးကို ဖရီးကစ္ကေန ကန္သြင္းယူသြားခဲ့တာက ပပ္ရဲ႕အသင္းက ေနာက္တေက်ာ့အိမ္ကြင္းမွာ အေဝးဂိုးအားသာခ်က္နဲ႔အတူ စိတ္ေအးေစခဲ့ၿပီျဖစ္ပါတယ္။

က်ားေသမို႔ အသက္သြင္းမရႏိုင္ေတာ့ဘူးလား ပိုခ်က္တီႏို
PSG ရဲ႕ ခ်န္ပီယံလိဂ္မွတ္တမ္းေတြက ခ်န္ပီယံျဖစ္ဖို႔ အၿမဲလြဲေခ်ာ္ေနခဲ့တာကို ေတြ႕ရမယ္။ ဥေရာပခရီးတိုင္းမွာ အသည္းကြဲေနခဲ့ရတာက ဓမၼတာလိုျဖစ္ေနတယ္။ ဒီအသင္းရဲ႕ခံယူခ်က္ပိုင္းမွာ တစုံတရာယိုေပါက္ရွိေနသလားဆိုတာ ပိုခ်က္တီႏိုအေနနဲ႔ ေသခ်ာျပန္စဥ္းစားရပါမယ္။ ကစားပြဲကို လ်င္ျမန္တဲ့ ျပတ္သားတဲ့ေျခစြမ္းေတြနဲ႔ အညႇာကကိုင္ထားခဲ့တဲ့ PSG က အႏိုင္ရလဒ္နဲ႔ ပြဲကိုထိန္းခ်ဳပ္ထားခ်ိန္မွာ ႐ိုလာကိုစတာလိုပဲ အရာရာေျပာင္းျပန္ျဖစ္သြားခဲ့တာက ၇ မိနစ္အတြင္းပါ။ PSG အသင္းရဲ႕ ေအာင္စိတ္ဟာ က်ားေသမို႔ အသက္သြင္းမရႏိုင္ေတာ့ဘူးလားဆိုတဲ့ ေမးခြန္းက ပိုခ်က္တီႏိုရဲ႕ စိန္ေခၚမႈျဖစ္လာမွာပါ။

ေရနံေငြထုပ္ေတြရဲ႕ လြန္ဆြဲတိုက္ပြဲမွာ မပါမျဖစ္အိပ္မက္
ေငြထုပ္နဲ႔တည္ေဆာက္ထားတဲ့ ဒီႏွစ္သင္း​အတြက္ အႀကီးမားဆုံး မပါမျဖစ္အိပ္မက္က ဥေရာပခ်န္ပီယံလိဂ္ဖလားကို စားသုံးလိုမႈျဖစ္တယ္။ အထက္တန္းလႊာအသင္းႏွစ္သင္းရဲ႕ ကမာၻ႔အေကာင္းဆုံးကစားသမားေတြ ထိပ္တိုက္ေတြ႕ဆုံမႈလည္းျဖစ္သလို ေအာင္ျမင္မႈကို ေငြနဲ႔ဝယ္လို႔ရတယ္ဆိုတာ သက္ေသျပေနတဲ့ အသင္းပိုင္ရွင္ေတြရဲ႕႐ုန္းကန္မႈလည္းျဖစ္တယ္။ ဘယ္အသင္းကပဲ ဗိုလ္လုပြဲတက္သည္ျဖစ္ေစ အဆိုပါအသင္းကပဲ ဗိုလ္စြဲဖို႔ အေျခအေနအေကာင္းဆုံးျဖစ္ေနၿပီး ဒါက ဒီခ်န္ပီယံလိဂ္အိပ္မက္ကို ႏွစ္ရွည္လမ်ား ဆက္လက္ဝါးမ်ိဳစားသုံးဖို႔လည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z