Premier League Transfer News

29 Apr နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဗီလာရီးရဲလ်နဲ့ အဝေးကွင်းမှာ ကစားရမယ့် ပွဲစဉ်အတွက် အာဆင်နယ်အသင်းရဲ့ အရေးပါတဲ့ ကစားသမားသုံးဦးဖြစ်တဲ့ နောက်ခံလူ ကီရန် တီယာနီ၊ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ အလက်ဇန်းဒါး လာကာဇက်တို့ ပြန်လည်ပါဝင်နိုင်ဖို့ သေချာနေ။

– ဥရုဂွေးကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ လာမယ့်ရာသီမှာ အာဆင်နယ်အသင်းအတွက် ကစားပေးတော့မှာ မဟုတ်ကြောင်း ဖခင်ဖြစ်သူက ထုတ်ဖော်လိုက်ပြီး ဘိုကာဂျူနီယာက သူ့ကို မခေါ်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့ အီတလီလိဂ်ပြိုင်ပွဲတွေကို ပြောင်းရွှေ့ကစားဖို့ ရည်ရွယ်ထားကြောင်းဆို။

– အာဆင်နယ်အသင်းရဲ့ ကြံ့ခိုင်ရေးမှူးချုပ် ဘရူနို မာဇီယော့တီကို နေမာနဲ့ သီယာဂို ဆေးလ်ဗားတို့က ချီးကျူးထားခဲ့ကြတာဟာ အလကားမဟုတ်ဘဲ ထိုက်တန်ကြောင်းကို သူ့ရဲ့ စီမံကုသမှုတွေနဲ့အတူ ကစားသမားတွေကို ဒဏ်ရာကနေ မြန်မြန်ဆန်ဆန် ပြန်လည် သက်သာစေခဲ့ပြီး ပြသခဲ့တယ်လို့ ပရိသတ်တွေ ချီးကျူးနေကြ။

– တိုက်စစ်မှူးဟောင်း နွမ်ကဝို ကနူးက ခေါ်ဆောင်လာပေးခဲ့ပေမယ့် ပေါင် ၄ သန်းနဲ့ စာချုပ်ချုပ်ဆိုဖို့ မလုပ်နိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရတဲ့ ဗီလာရီးရဲလ်တောင်ပံကစားသမား ဆမ်မြူယယ်လ် ချုခ်ဝူဇီကို ခေါ်ယူဖို့ အာဆင်နယ်တို့ အလိုရှိနေကြောင်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲမကစားခင်မှာ အသံထွက်လာခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ဗီလာရီးရဲလ်အသင်းကို အနိုင်ကစားနိုင်မယ်လို့ ဆိုနိုင်ပြီဖြစ်တယ်လို့ အသင်းတိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ပြောကြားလိုက်ပြီး ဂန်းနားတွေရဲ့ လူအင်အားစာရင်းမှာ ပွဲထွက်နိုင်မယ့်သူအဖြစ် နောက်ခံလူ ကီရန် တီယာနီ ပါဝင်လာမှုအပေါ် ညွှန်းဆိုသွားခဲ့။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းရဲ့ လူအိုခြေကျတွေ ပိုင်ဆိုင်ထားတဲ့ ညာနောက်ခံလူနေရာအတွက် စိတ်ဖြောင့်ဖြောင့် မထားနိုင်ဘဲနေရဦးမှာဖြစ်ပြီး နော့ဝစ်ချ်စီးတီးအသင်းရဲ့ တန်းပြန်တက်လာနိုင်မှုက မက်စ် အာရွန်စ်ရဲ့ တန်ဖိုးကို မြင့်တက်စေခဲ့သလို ခရိုယန်ကီတွေ လက်ထဲမှာ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေနည်းလာ။

– အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာကို စိတ်ပျက်နေခဲ့တဲ့ Spotify သူဌေး ဒွန်နီယယ်လ် အီယက်ခ်က သူ့အနေနဲ့ အသင်းကို ဝယ်ယူဖို့ လုံလောက်တဲ့ ငွေကြေးကို စုဆောင်းထားခဲ့ပြီးပြီဖြစ်ပြီး ခရိုယန်ကီတွေ မငြင်းနိုင်အောင် ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်သွား။

– ဒွန်နီယယ်လ် အီယက်ခ်ရဲ့ အာဆင်နယ်အသင်းကို အမေရိကန်ပိုင်ရှင်တွေဆီက လွှဲပြောင်းရယူရေးအတွက် ကူညီနေခဲ့တဲ့ ပက်ထရစ် ဗီယာရာ၊ သီယာရီ အွန်နရီနဲ့ ဒင်းနစ္စ ဘားကမ့်တို့ရဲ့ အဖွဲ့ထဲကို ဂိုးသမား ယန်းလေးမန်းလည်း ပူးပေါင်းဖွယ်ရှိနေပြီး Invincible ဂိုးသမားဟောင်းအနေနဲ့ ကူညီဖို့ စကားကမ်းလှမ်းထား။

– ဗီလာရီးရဲလ်အသင်းနဲ့ ဒီနေ့ညမှာ ကစားရမယ့် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ဂါဘရီယယ်လ် မာတီနယ်လီကို ထည့်သွင်းဖို့ ဘောလုံးကျွမ်းကျင်သူ တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က တိုက်တွန်းလိုက်ပြီး သူ့ရဲ့ မြန်နှုန်းနဲ့ အရည်အသွေးက အဝါရောင် ရေငုပ်သင်္ဘောတွေရဲ့ ခံစစ်ကွပ်လပ်တွေကို ထိုးနှက်နိုင်လိမ့်မယ်လို့ အကြံပြုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဗီလာရီးရဲလ္နဲ႔ အေဝးကြင္းမွာ ကစားရမယ့္ ပြဲစဥ္အတြက္ အာဆင္နယ္အသင္းရဲ႕ အေရးပါတဲ့ ကစားသမားသုံးဦးျဖစ္တဲ့ ေနာက္ခံလူ ကီရန္ တီယာနီ၊ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ အလက္ဇန္းဒါး လာကာဇက္တို႔ ျပန္လည္ပါဝင္ႏိုင္ဖို႔ ေသခ်ာေန။

– ဥ႐ုေဂြးကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ လာမယ့္ရာသီမွာ အာဆင္နယ္အသင္းအတြက္ ကစားေပးေတာ့မွာ မဟုတ္ေၾကာင္း ဖခင္ျဖစ္သူက ထုတ္ေဖာ္လိုက္ၿပီး ဘိုကာဂ်ဴနီယာက သူ႔ကို မေခၚႏိုင္ခဲ့တဲ့ ျပင္သစ္နဲ႔ အီတလီလိဂ္ၿပိဳင္ပြဲေတြကို ေျပာင္းေ႐ႊ႕ကစားဖို႔ ရည္႐ြယ္ထားေၾကာင္းဆို။

– အာဆင္နယ္အသင္းရဲ႕ ႀကံ့ခိုင္ေရးမႉးခ်ဳပ္ ဘ႐ူႏို မာဇီေယာ့တီကို ေနမာနဲ႔ သီယာဂို ေဆးလ္ဗားတို႔က ခ်ီးက်ဴးထားခဲ့ၾကတာဟာ အလကားမဟုတ္ဘဲ ထိုက္တန္ေၾကာင္းကို သူ႔ရဲ႕ စီမံကုသမႈေတြနဲ႔အတူ ကစားသမားေတြကို ဒဏ္ရာကေန ျမန္ျမန္ဆန္ဆန္ ျပန္လည္ သက္သာေစခဲ့ၿပီး ျပသခဲ့တယ္လို႔ ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– တိုက္စစ္မႉးေဟာင္း ႏြမ္ကဝို ကႏူးက ေခၚေဆာင္လာေပးခဲ့ေပမယ့္ ေပါင္ ၄ သန္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ မလုပ္ႏိုင္ခဲ့ဘဲ လက္လႊတ္ခဲ့ရတဲ့ ဗီလာရီးရဲလ္ေတာင္ပံကစားသမား ဆမ္ျမဴယယ္လ္ ခ်ဳခ္ဝူဇီကို ေခၚယူဖို႔ အာဆင္နယ္တို႔ အလိုရွိေနေၾကာင္း ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ ပြဲမကစားခင္မွာ အသံထြက္လာခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ဗီလာရီးရဲလ္အသင္းကို အႏိုင္ကစားႏိုင္မယ္လို႔ ဆိုႏိုင္ၿပီျဖစ္တယ္လို႔ အသင္းတိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က ေျပာၾကားလိုက္ၿပီး ဂန္းနားေတြရဲ႕ လူအင္အားစာရင္းမွာ ပြဲထြက္ႏိုင္မယ့္သူအျဖစ္ ေနာက္ခံလူ ကီရန္ တီယာနီ ပါဝင္လာမႈအေပၚ ၫႊန္းဆိုသြားခဲ့။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသင္းရဲ႕ လူအိုေျခက်ေတြ ပိုင္ဆိုင္ထားတဲ့ ညာေနာက္ခံလူေနရာအတြက္ စိတ္ေျဖာင့္ေျဖာင့္ မထားႏိုင္ဘဲေနရဦးမွာျဖစ္ၿပီး ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ တန္းျပန္တက္လာႏိုင္မႈက မက္စ္ အာ႐ြန္စ္ရဲ႕ တန္ဖိုးကို ျမင့္တက္ေစခဲ့သလို ခ႐ိုယန္ကီေတြ လက္ထဲမွာ ေခၚယူႏိုင္ဖို႔ ျဖစ္ႏိုင္ေျခနည္းလာ။

– အာဆင္နယ္ပရိသတ္တစ္ဦးျဖစ္ၿပီး ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနတာကို စိတ္ပ်က္ေနခဲ့တဲ့ Spotify သူေဌး ဒြန္နီယယ္လ္ အီယက္ခ္က သူ႔အေနနဲ႔ အသင္းကို ဝယ္ယူဖို႔ လုံေလာက္တဲ့ ေငြေၾကးကို စုေဆာင္းထားခဲ့ၿပီးၿပီျဖစ္ၿပီး ခ႐ိုယန္ကီေတြ မျငင္းႏိုင္ေအာင္ ကမ္းလွမ္းသြားဖို႔ စီစဥ္ေနတယ္လို႔ ထုတ္ျပန္သြား။

– ဒြန္နီယယ္လ္ အီယက္ခ္ရဲ႕ အာဆင္နယ္အသင္းကို အေမရိကန္ပိုင္ရွင္ေတြဆီက လႊဲေျပာင္းရယူေရးအတြက္ ကူညီေနခဲ့တဲ့ ပက္ထရစ္ ဗီယာရာ၊ သီယာရီ အြန္နရီနဲ႔ ဒင္းနစၥ ဘားကမ့္တို႔ရဲ႕ အဖြဲ႕ထဲကို ဂိုးသမား ယန္းေလးမန္းလည္း ပူးေပါင္းဖြယ္ရွိေနၿပီး Invincible ဂိုးသမားေဟာင္းအေနနဲ႔ ကူညီဖို႔ စကားကမ္းလွမ္းထား။

– ဗီလာရီးရဲလ္အသင္းနဲ႔ ဒီေန႔ညမွာ ကစားရမယ့္ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မွာ ဂါဘရီယယ္လ္ မာတီနယ္လီကို ထည့္သြင္းဖို႔ ေဘာလုံးကြၽမ္းက်င္သူ တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က တိုက္တြန္းလိုက္ၿပီး သူ႔ရဲ႕ ျမန္ႏႈန္းနဲ႔ အရည္အေသြးက အဝါေရာင္ ေရငုပ္သေဘၤာေတြရဲ႕ ခံစစ္ကြပ္လပ္ေတြကို ထိုးႏွက္ႏိုင္လိမ့္မယ္လို႔ အႀကံျပဳသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.