Premier League

ပရီးမီးယားလိဂ်ရဲ့ အကျော်ဇောဆုံးစာရင်းမှာ အပယ်ခံဘဝရောက်ခဲ့လို့ ပေါက်ကွဲနေတဲ့ ရိုင်ယန်ဂစ်

ပြီးခဲ့တဲ့အပတ်က အမှု ၃ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမားကြီးဂစ်ဟာ အလန်ရှီးယားရားနဲ့အတူ Hall of Fame မှာ ကနဦး ၂ဦးအဖြစ် ထည့်သွင်းရွေးချယ်ခံခဲ့ရပေမယ့် နောက်ဆုံးမိနစ်မှာမှ သီယာရီအွန်နရီနဲ့ အစားထိုးခံလိုက်ရတာဖြစ်ကြောင်း သိရပါတယ်။

အများအမြင်မှာတော့ ကွင်းတွင်းမှာ တည်ငြိမ်အေးဆေးပြီး အောင်မြင်မှုတွေနဲ့ ကြီးမြတ်သလိုရှိနေတဲ့ ဂစ်ဟာ ကွင်းပြင်ပမှာတော့ အမျိုးသမီးတွေကို နှိပ်စက်မှုနဲ့ နာမည်ပျက်တွေရှိနေတဲ့ ပြစ်ချက်ကြောင့် ပရိသတ်တွေက မဲပေးရွေးချယ်ခွင့်ရမယ့် Hall of Fame ဆန်ခါတင်လူစာရင်း၂၃ ဦးထဲကပါ ဖယ်ရှားခြင်းခံခဲ့ရပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ လုံးအပါအဝင် ဖလား ၃၅ လုံးသိမ်းပိုက်ခဲ့တဲ့ ဂစ်ဟာ အခုဖြစ်ရပ်မှာ သူ့ရဲ့သမိုင်းကြောင်းကို တံတွေးနဲ့အထွေးခံရတယ်လို့ ခံစားခဲ့ရပြီး ယမ်းပုံမီးကျ ပေါက်ကွဲနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ တဖက်မှာတော့ ဂစ်အနေနဲ့ တရားရုံးမှာ စစ်ဆေးခံရနေဆဲ အနေအထားဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်စီရင်မှုမရှိသေးတာကြောင့် အခုလိုမျိုး သူ့ကို ပရီးမီးယားလိဂ်သမိုင်းရဲ့ အမဲစက်တခုအနေနဲ့ လူရာမသွင်းခဲ့တာက မတရားဘူးလို့ ထောက်ပြသူတွေလည်း ရှိနေတာကို တွေ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂစ်အနေနဲ့ အခုလိုမျိုး အမျိုးသမီးတွေကို အနိုင်ကျင့်နှိပ်စက်မှုကြောင့် တရားစွဲဆိုခံခဲ့ရတာကြောင့် သူဟာ ယူရိုပြိုင်ပွဲမှာ ဝေးလ်အသင်းကို ကိုင်တွယ် နည်းပြခွင့်ရတော့မှာ မဟုတ်သလို ညီဖြစ်သူရဲ့ဇနီးကို ကြာခိုခဲ့ဖူးလို့ အပုပ်နံ့ ထထောင်းထောင်းထွက်ခဲ့ဖူးတဲ့ သူ့ရဲ့လူမှုရေးဘဝအရှုပ်ထုပ်ကြောင့် အဆိုပါ ခမ်းနားကြီးကျယ်လှတဲ့ Hall of Fame ထဲမှာ မြင်နေသူတွေလည်းရှိနေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ပြီးရင် ပရီးမီးယားလိဂ်ဖလားမှာ ၁၃ ကြိမ်နဲ့ အအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ယူနိုက်တက်ရဲ့ ပွဲအများဆုံး ၆၇၂ ပွဲကစားထားတဲ့ စံချိန်ရှင်လည်းဖြစ်နေတဲ့ ဂစ်က Hall of Fame စာရင်းဆန်ခါတင်မှာ ပါဝင်လာခဲ့တဲ့ ရွှေရောင်မျိုးဆက်က ယူနိုက်တက်အသင်းဖော် ရွိုင်ကိန်း၊ ပေါလ်စခိုးလ်၊ ဒေးဗစ်ဘက်ခမ်းတို့ကြား ဂုဏ်ငယ်ခဲ့ရပြီလို့လည်း ဆိုနိုင်ပါတယ်။

အကျော်ဇောဆုံး

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z