Ligue1 Match Report Premier League UCL&UEL

ပီအက်စ်ဂျီကို အလဲထိုးပြီး ပထမဆုံး UCL ဖိုင်နယ်ကို ခြေတစ်လှမ်းလှမ်းတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းကို သွားရောက်ကစားရတာဟာ မလွယ်ကူတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ပရိသတ်တွေအတွက်ကတော့ ပွဲကောင်းတစ်ပွဲဖြစ်တာနဲ့အညီ အားလုံးစောင့်စားခဲ့ကြပြီး နှစ်သင်းစလုံးရဲ့ လူစုံထုတ်လာခဲ့ပုံမှာ အကြိတ်အနယ်ရှိခဲ့ကြပါတယ်။

ပီအက်စ်ဂျီရဲ့ ၄-၃-၃ ပုံစံနဲ့ နေမာ၊ အမ်ဘာပေ၊ ဒီမာရီယာတို့ရဲ့ တိုက်စစ်တွဲလုံးကို အသုံးပြုလာတဲ့ ပိုချက်တီနိုဟာ ဂွါဒီယိုလာကို ထုံးစံအတိုင်း ဒုက္ခပေးနိုင်ခဲ့ပြီး တိုက်စစ်မှူးမသုံးဘဲ ၄-၆-၀ နဲ့ ကစားတဲ့ မန်စီးတီးတို့ရဲ့ ကစားကွက်ကတော့ ပွဲအစပိုင်းတွေမှာ ပါရီသားတွေရဲ့ ခံစစ်ကို တုံ့ပြန်ဖို့ ထိရောက်မှု နည်းခဲ့တာကို တွေ့ရပါတယ်။

မန်စီးတီးကွင်းလယ်က ဘောလုံးပျက်တိုင်း နေမာက မကြာခဏ ဖိအားပေး ခြိမ်းခြောက်နိုင်ခဲ့သလို ဒီမာရီယာနဲ့ အမ်ဘာပေတို့ကလည်း ဖလော်ရန်ဇီရဲ့ Overlapping တွေနဲ့ တိုက်စစ်ဆင်ခဲ့ကြချိန်မှာ ဂွါဒီယိုလာကတော့ ပီအက်စ်ဂျီရဲ့ အားအနည်းဆုံးနေရာဖြစ်တဲ့ ဘယ်နောက်ခံလူ ဘက်ကာကို ပစ်မှတ်ထားပြီး ပြန်လည်ထိုးဖောက်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီမာရီယာရဲ့ လှပတဲ့ ထောင့်ကန်ဘောကို ဒီယက်စ် မကာကွယ်နိုင်အောင် တားထားတဲ့ ပါရေးဒက်စ်ရဲ့ ဖိအားပေးမှုကနေ လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်ခွင့်ရသွားခဲ့တဲ့ အသင်းခေါင်းဆောင် မားကင်ညော့စ်က ခေါင်းတိုက်သွင်းခဲ့ရာမှာ အီဒါဆန် လှုပ်မရခဲ့ဘဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ ဘာနာဒို ဆေးလ်ဗားက ဘက်ကာရဲ့ အားနည်းမှုကနေ ထောင့်ကျဉ်းအနေအထားက ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးသမား နာဗက်စ် ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာ လွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရတဲ့ ဖိုဒန်ကတော့ တီမို ဗာနာနဲ့ တော်တော်လေး တူနေခဲ့တာကြောင့် ဂိုးသမားဆီကိုပဲ ရောက်သွားခဲ့လို့ ချေပဂိုးမဖြစ်ခဲ့ဘဲ နစ်နာခဲ့ရသလို ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ပီအက်စ်ဂျီတို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာတော့ မန်စီးတီးတို့ရဲ့ Pressing တွေက ပိုမိုအလုပ်ဖြစ်လာပြီး ပီအက်စ်ဂျီတို့ ဒါကို ပြန် Break နိုင်ဖို့ ခက်ခက်ခဲခဲ ကစားနေရသလို ဂါနာ ဂယ်ယေးနဲ့ ပါရေးဒက်စ်တို့ဟာ Ball Carrier တွေ မဟုတ်ကြတာကြောင့် နေမာနဲ့ အမ်ဘာပေပါ နောက်ဆင်းပြီး ဘောလုံးယူ၊ ခံစစ်ကူရတဲ့အထိ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဂွါဒီယိုလာအနေနဲ့ ချေပဂိုးပြန်ရနိုင်ဖို့ ပီအက်စ်ဂျီရဲ့ ကျဆင်းလာတဲ့ ညာတောင်ပံမှာ ဘောလုံးရနေပေမယ့် ဘယ်သန် မဟုတ်တာကြောင့် ဖြတ်တင်ဘောတွေ မလုပ်နိုင်တဲ့ ကန်ဆယ်လိုအစား ဇင်ချန်ကို,ကို ထည့်သွင်းခဲ့ပြီး အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ ထောင့်ကန်ဘောကတစ်ဆင့် မန်စီးတီးတို့ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဇင်ချန်ကို ပေးတဲ့ ဘောလုံးကို ဒီဘရိုင်းနားက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ ပုံစံနဲ့ ဖြတ်တင်ဘောမက ကန်ချက်မကျနဲ့ ဝေ့ဝိုက်တင်ခဲ့ရာမှာ ဘယ်သူနဲ့မှ မထိလိုက်ဘဲ မြေထောက်ပြီး ဂိုးထဲကို ဝင်သွားခဲ့တာကို ပီအက်စ်ဂျီဂိုးသမား နာဗက်စ် ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ကံဆိုးခဲ့ပြီး မလိုအပ်ဘဲ ဖျက်ထုတ်မှုကနေ ပေးခဲ့ရတဲ့ ဖရီးကစ်ကနေ မာရက်ဇ်က ကန်သွင်းခဲ့ရာမှာ လူတံတိုင်းကာထားတဲ့ မားကင်ညော့စ်နဲ့ ကမ်ပမ်ဘေတို့ရဲ့ ကြားကနေ ဝင်သွားခဲ့တာက ဂိုးပေါက်တည့်တည့်ဝင်သွားခဲ့ပြီး ဂိုးသမား နာဗက်စ်ကတော့ ခံစစ်ညံ့ဖျင်းပုံအတွက် ပေါက်ကွဲခဲ့သလို စီးတီးတို့ကတော့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ပီအက်စ်ဂျီတို့အတွက် အဆိုးကနေ ပိုမိုဆိုးဝါးတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီး တစ်ဂိုးရှုံးနေချိန်မှာ ကစားအားကလွဲရင် ဦးနှောက်မပါတဲ့ ကွင်းလယ်လူ ဂါနာ ဂယ်ယေးရဲ့ ဂွန်ဒိုးဝမ်ရဲ့ ခြေထောက်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုကနေ အနီထိခဲ့ပြီး တစ်ယောက်လျော့နဲ့ပါ ကစားခဲ့ရသလို အဲ့ဒီအချိန်အထိ လူစားလဲဖို့ နှောင့်နှေးနေတဲ့ ပိုချက်တီနိုအတွက် သင်ခန်းစာပါဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဒါနီလို ပါရဲရားကို အဖျက်မှားတဲ့ ဒီဘရိုင်းနားကို အနီထိအောင် ဝိုင်းဝန်းဖိအားပေးခဲ့ကြပေမယ့်လည်း ဒိုင်လူကြီး ဖဲလစ် ဘရစ်ချ်က အဝါနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်သွားခဲ့ပြီး ၂ မိနစ်အကြာမှာတော့ ဖိုဒန်က သူ့ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုနဲ့ ဂိုးဧရိယာထဲက ကန်ခွင့်ကို ဂိုးသမားဆီပဲ ကန်ပြီး အလဟဿလုပ်ပစ်သွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေနဲ့ နာကျင်အချိန်ပို ၄ မိနစ်ကိုတော့ မန်စီးတီးတို့က ပါးပါးနပ်နပ်ပဲ ထိန်းချုပ်ကစားသွားခဲ့သလို အိုင်ဒီယာသစ် ထပ်ထွက်မလာတော့တဲ့ ပိုချက်တီနိုတို့ ဒီလောက်နဲ့ပဲ ရပ်ခဲ့ရပြီး ဂွါဒီယိုလာကတော့ စိတ်ရှည်သည်းခံမှုနဲ့ ဒုတိယပိုင်း အပြောင်းအလဲတွေနဲ့အတူ နှစ်ဂိုး-တစ်ဂိုး ရလဒ်နဲ့ အဝေးကွင်းမှာ ပျော်ရွှင်နိုင်ခဲ့သလို သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ခြေတစ်ဖက်လှမ်းနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ ကြင္းကို သြားေရာက္ကစားရတာဟာ မလြယ္ကူတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ေပမယ့္ ပရိသတ္ေတြအတြက္ကေတာ့ ပြဲေကာင္းတစ္ပြဲျဖစ္တာနဲ႔အညီ အားလုံးေစာင့္စားခဲ့ၾကၿပီး ႏွစ္သင္းစလုံးရဲ႕ လူစုံထုတ္လာခဲ့ပုံမွာ အႀကိတ္အနယ္ရွိခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီရဲ႕ ၄-၃-၃ ပုံစံနဲ႔ ေနမာ၊ အမ္ဘာေပ၊ ဒီမာရီယာတို႔ရဲ႕ တိုက္စစ္တြဲလုံးကို အသုံးျပဳလာတဲ့ ပိုခ်က္တီႏိုဟာ ဂြါဒီယိုလာကို ထုံးစံအတိုင္း ဒုကၡေပးႏိုင္ခဲ့ၿပီး တိုက္စစ္မႉးမသုံးဘဲ ၄-၆-၀ နဲ႔ ကစားတဲ့ မန္စီးတီးတို႔ရဲ႕ ကစားကြက္ကေတာ့ ပြဲအစပိုင္းေတြမွာ ပါရီသားေတြရဲ႕ ခံစစ္ကို တုံ႔ျပန္ဖို႔ ထိေရာက္မႈ နည္းခဲ့တာကို ေတြ႕ရပါတယ္။

မန္စီးတီးကြင္းလယ္က ေဘာလုံးပ်က္တိုင္း ေနမာက မၾကာခဏ ဖိအားေပး ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ဒီမာရီယာနဲ႔ အမ္ဘာေပတို႔ကလည္း ဖေလာ္ရန္ဇီရဲ႕ Overlapping ေတြနဲ႔ တိုက္စစ္ဆင္ခဲ့ၾကခ်ိန္မွာ ဂြါဒီယိုလာကေတာ့ ပီအက္စ္ဂ်ီရဲ႕ အားအနည္းဆုံးေနရာျဖစ္တဲ့ ဘယ္ေနာက္ခံလူ ဘက္ကာကို ပစ္မွတ္ထားၿပီး ျပန္လည္ထိုးေဖာက္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီမာရီယာရဲ႕ လွပတဲ့ ေထာင့္ကန္ေဘာကို ဒီယက္စ္ မကာကြယ္ႏိုင္ေအာင္ တားထားတဲ့ ပါေရးဒက္စ္ရဲ႕ ဖိအားေပးမႈကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေျပးထြက္ခြင့္ရသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ မားကင္ေညာ့စ္က ေခါင္းတိုက္သြင္းခဲ့ရာမွာ အီဒါဆန္ လႈပ္မရခဲ့ဘဲ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ဘာနာဒို ေဆးလ္ဗားက ဘက္ကာရဲ႕ အားနည္းမႈကေန ေထာင့္က်ဥ္းအေနအထားက ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား နာဗက္စ္ ကာကြယ္သြားခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာ လြတ္လြတ္ကြၽတ္ကြၽတ္ကန္ခြင့္ရတဲ့ ဖိုဒန္ကေတာ့ တီမို ဗာနာနဲ႔ ေတာ္ေတာ္ေလး တူေနခဲ့တာေၾကာင့္ ဂိုးသမားဆီကိုပဲ ေရာက္သြားခဲ့လို႔ ေခ်ပဂိုးမျဖစ္ခဲ့ဘဲ နစ္နာခဲ့ရသလို ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ပီအက္စ္ဂ်ီတို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စခ်ိန္မွာေတာ့ မန္စီးတီးတို႔ရဲ႕ Pressing ေတြက ပိုမိုအလုပ္ျဖစ္လာၿပီး ပီအက္စ္ဂ်ီတို႔ ဒါကို ျပန္ Break ႏိုင္ဖို႔ ခက္ခက္ခဲခဲ ကစားေနရသလို ဂါနာ ဂယ္ေယးနဲ႔ ပါေရးဒက္စ္တို႔ဟာ Ball Carrier ေတြ မဟုတ္ၾကတာေၾကာင့္ ေနမာနဲ႔ အမ္ဘာေပပါ ေနာက္ဆင္းၿပီး ေဘာလုံးယူ၊ ခံစစ္ကူရတဲ့အထိ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဂြါဒီယိုလာအေနနဲ႔ ေခ်ပဂိုးျပန္ရႏိုင္ဖို႔ ပီအက္စ္ဂ်ီရဲ႕ က်ဆင္းလာတဲ့ ညာေတာင္ပံမွာ ေဘာလုံးရေနေပမယ့္ ဘယ္သန္ မဟုတ္တာေၾကာင့္ ျဖတ္တင္ေဘာေတြ မလုပ္ႏိုင္တဲ့ ကန္ဆယ္လိုအစား ဇင္ခ်န္ကို,ကို ထည့္သြင္းခဲ့ၿပီး အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကတစ္ဆင့္ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ဇင္ခ်န္ကို ေပးတဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက ခဲတစ္လုံးတည္းနဲ႔ ငွက္ႏွစ္ေကာင္ပစ္တဲ့ ပုံစံနဲ႔ ျဖတ္တင္ေဘာမက ကန္ခ်က္မက်နဲ႔ ေဝ့ဝိုက္တင္ခဲ့ရာမွာ ဘယ္သူနဲ႔မွ မထိလိုက္ဘဲ ေျမေထာက္ၿပီး ဂိုးထဲကို ဝင္သြားခဲ့တာကို ပီအက္စ္ဂ်ီဂိုးသမား နာဗက္စ္ ၾကည့္ေန႐ုံပဲ တတ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ကံဆိုးခဲ့ၿပီး မလိုအပ္ဘဲ ဖ်က္ထုတ္မႈကေန ေပးခဲ့ရတဲ့ ဖရီးကစ္ကေန မာရက္ဇ္က ကန္သြင္းခဲ့ရာမွာ လူတံတိုင္းကာထားတဲ့ မားကင္ေညာ့စ္နဲ႔ ကမ္ပမ္ေဘတို႔ရဲ႕ ၾကားကေန ဝင္သြားခဲ့တာက ဂိုးေပါက္တည့္တည့္ဝင္သြားခဲ့ၿပီး ဂိုးသမား နာဗက္စ္ကေတာ့ ခံစစ္ညံ့ဖ်င္းပုံအတြက္ ေပါက္ကြဲခဲ့သလို စီးတီးတို႔ကေတာ့ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔အတြက္ အဆိုးကေန ပိုမိုဆိုးဝါးတဲ့ အေနအထားကို ေရာက္ရွိသြားခဲ့ၿပီး တစ္ဂိုးရႈံးေနခ်ိန္မွာ ကစားအားကလြဲရင္ ဦးေႏွာက္မပါတဲ့ ကြင္းလယ္လူ ဂါနာ ဂယ္ေယးရဲ႕ ဂြန္ဒိုးဝမ္ရဲ႕ ေျခေထာက္ကို ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္မႈကေန အနီထိခဲ့ၿပီး တစ္ေယာက္ေလ်ာ့နဲ႔ပါ ကစားခဲ့ရသလို အဲ့ဒီအခ်ိန္အထိ လူစားလဲဖို႔ ေႏွာင့္ေႏွးေနတဲ့ ပိုခ်က္တီႏိုအတြက္ သင္ခန္းစာပါျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဒါနီလို ပါရဲရားကို အဖ်က္မွားတဲ့ ဒီဘ႐ိုင္းနားကို အနီထိေအာင္ ဝိုင္းဝန္းဖိအားေပးခဲ့ၾကေပမယ့္လည္း ဒိုင္လူႀကီး ဖဲလစ္ ဘရစ္ခ်္က အဝါနဲ႔ မွန္မွန္ကန္ကန္ ဆုံးျဖတ္သြားခဲ့ၿပီး ၂ မိနစ္အၾကာမွာေတာ့ ဖိုဒန္က သူ႔ရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္မႈနဲ႔ ဂိုးဧရိယာထဲက ကန္ခြင့္ကို ဂိုးသမားဆီပဲ ကန္ၿပီး အလဟႆလုပ္ပစ္သြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြနဲ႔ နာက်င္အခ်ိန္ပို ၄ မိနစ္ကိုေတာ့ မန္စီးတီးတို႔က ပါးပါးနပ္နပ္ပဲ ထိန္းခ်ဳပ္ကစားသြားခဲ့သလို အိုင္ဒီယာသစ္ ထပ္ထြက္မလာေတာ့တဲ့ ပိုခ်က္တီႏိုတို႔ ဒီေလာက္နဲ႔ပဲ ရပ္ခဲ့ရၿပီး ဂြါဒီယိုလာကေတာ့ စိတ္ရွည္သည္းခံမႈနဲ႔ ဒုတိယပိုင္း အေျပာင္းအလဲေတြနဲ႔အတူ ႏွစ္ဂိုး-တစ္ဂိုး ရလဒ္နဲ႔ အေဝးကြင္းမွာ ေပ်ာ္႐ႊင္ႏိုင္ခဲ့သလို သူတို႔ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဖိုင္နယ္ဆီ ေျခတစ္ဖက္လွမ္းႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.