Premier League

အာဆင္ဝင္းဂါးရဲ႕ အေျပာင္းအေရႊ႕ကို လီဗာပူးလ္ မမီခဲ့လို႔ အဲ့ဒီတုန္းက ဖလားမရတာလို႔ ကာေရဂါဆို

စကိုင္းစပုိ႔စ္ရဲ႕ ေဘာလုံးကၽြမ္းက်င္သူ လီဗာပူးလ္ကစားသမားေဟာင္း ေဂ်မီ ကာေရဂါက သူတုိ႔ရဲ႕အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အတြက္ ၿပဳိင္ဆိုင္ႏုိင္စြမ္းရွိေနခဲ့ခ်ိန္မွာ အေျပာင္းအေရႊ႕လုပ္ေဆာင္မွဳပုိင္းမွာ ညံ့ဖ်င္းခဲ့ၿပီး အာဆင္နယ္နဲ႔ အာဆင္းဝင္းဂါးတုိ႔ရဲ႕ ကၽြမ္းက်င္မွဳကို လုိက္မမီခဲ့လို႔ ဆုဖလားနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ေၾကာင္း ဆုိလိုက္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းက ပရီးမီးယားလိဂ္ကို စိုးမုိးထားခ်ိန္မွာ အာဆင္နယ္အသင္းဟာ နည္းျပသစ္ အာဆင္ဝင္းဂါးကို ၁၉၉၆ ခုႏွစ္မွာ ခန္႔အပ္ခဲ့မွဳနဲ႔အတူ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္တဲ့အသင္းတစ္သင္းျဖစ္လာခဲ့ၿပီး ကစားသမားေကာင္းေတြကို ေဈးသက္သက္သာသာနဲ႔ ေခၚယူၿပီး ခ်န္ပီယံဆုကို ခြဲယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိလီဗာပူးလ္အသင္းရဲ႕ အေျပာင္းအေရႊ႕ေဈးကြက္မွာ အလြန္တရာကၽြမ္းက်င္ပါးနပ္တဲ့ အေျခအေနကို ပုိင္ဆိုင္ထားေပမယ့္လည္း အဲ့ဒီတုန္းက သူတုိ႔အေနနဲ႔ ကစားသမားေခၚယူမွဳေတြမွာ အာဆင္ဝင္းဂါးကို ဘယ္လိုမွ လိုက္မမီခဲ့လို႔ စိန္ေခၚသူအျဖစ္နဲ႔သာ ပရီးမီးယားလိဂ္နဲ႔ ေဝးခဲ့ရတာလို႔ ကာေရဂါက သုံးသပ္ျပပါတယ္။

“ကၽြန္ေတာ္တုိ႔ အဲ့ဒီတုန္းက အာဆင္နယ္နဲ႔ အတူတူေလာက္ ေငြသုံးခဲ့တာပဲ။ ကၽြန္ေတာ္တုိ႔ရဲ႕ နည္းျပျဖစ္တဲ့ ဂ်ရတ္ အူးလီေယးကို ခ်စ္ပါတယ္။ ဒါေပမယ့္ အာဆင္ဝင္းဂါးကေတာ့ အေျပာင္းအေရႊ႕မွာ တကယ့္ ဉာဏ္ႀကီးရွင္ပါ။ ကၽြန္ေတာ္တုိ႔ ေပါင္ ၁၁ သန္းနဲ႔ ေခၚခဲ့တဲ့ ဟက္စကီးနဲ႔ ဒီပမာဏနဲ႔ပဲ ေခၚခဲ့တဲ့ သူတုိ႔ရဲ႕ အြန္နရီ၊ ေပါင္ ၆ သန္းစီနဲ႔ ေခၚခဲ့တဲ့ နစ္ခ္ ဘမ္ဘီနဲ႔ သူတုိ႔ရဲ႕ ပီရက္စ္တုိ႔ကို ယွဥ္ၾကည့္ႏိုင္သလို ဆိုးလ္ ကမ္းဘဲလ္ကို သူတုိ႔ေတြ အလြတ္နဲ႔ေခၚၿပီး တကယ့္ဆူပါစတားေတြအျဖစ္ အာဆင္နယ္မွာ ေပၚထြက္လာခဲ့ၾကတာပါ”လို႔ အာဆင္ဝင္းဂါးကို ကာေရဂါက ခ်ီးက်ဴးသြားပါတယ္။

ကာေရဂါက ဒီေနာက္ပုိင္းမွာေတာ့ မိမိတုိ႔အသင္းအေနနဲ႔ ရီယို ဖာဒီနန္ကို ေပါင္သန္း ၃၀ နဲ႔ ေခၚခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လုပ္ရပ္ကို ၾကည့္ၿပီး သင္ခန္းစာယူႏိုင္ခဲ့ၿပီလုိ႔ ဆိုလိုက္ၿပီး လက္ရွိမွာ လီဗာပူးလ္ ဗန္ဒိုက္နဲ႔ အယ္လီဆန္ကို ေခၚယူခဲ့တဲ့ ရင္းႏွီးျမႇဳပ္ႏွံမွဳနဲ႔ ႏွဳိင္းယွဥ္ၿပီး သုံးသပ္ျပသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စကိုင်းစပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူ လီဗာပူးလ်ကစားသမားဟောင်း ဂျေမီ ကာရေဂါက သူတို့ရဲ့အသင်းအနေနဲ့ ပရီးမီးယားလိဂ်အတွက် ပြိုင်ဆိုင်နိုင်စွမ်းရှိနေခဲ့ချိန်မှာ အပြောင်းအရွှေ့လုပ်ဆောင်မှုပိုင်းမှာ ညံ့ဖျင်းခဲ့ပြီး အာဆင်နယ်နဲ့ အာဆင်းဝင်းဂါးတို့ရဲ့ ကျွမ်းကျင်မှုကို လိုက်မမီခဲ့လို့ ဆုဖလားနဲ့ လွဲချော်ခဲ့တာဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ကို စိုးမိုးထားချိန်မှာ အာဆင်နယ်အသင်းဟာ နည်းပြသစ် အာဆင်ဝင်းဂါးကို ၁၉၉၆ ခုနှစ်မှာ ခန့်အပ်ခဲ့မှုနဲ့အတူ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ကစားသမားကောင်းတွေကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူပြီး ချန်ပီယံဆုကို ခွဲယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိလီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ အလွန်တရာကျွမ်းကျင်ပါးနပ်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပေမယ့်လည်း အဲ့ဒီတုန်းက သူတို့အနေနဲ့ ကစားသမားခေါ်ယူမှုတွေမှာ အာဆင်ဝင်းဂါးကို ဘယ်လိုမှ လိုက်မမီခဲ့လို့ စိန်ခေါ်သူအဖြစ်နဲ့သာ ပရီးမီးယားလိဂ်နဲ့ ဝေးခဲ့ရတာလို့ ကာရေဂါက သုံးသပ်ပြပါတယ်။

“ကျွန်တော်တို့ အဲ့ဒီတုန်းက အာဆင်နယ်နဲ့ အတူတူလောက် ငွေသုံးခဲ့တာပဲ။ ကျွန်တော်တို့ရဲ့ နည်းပြဖြစ်တဲ့ ဂျရတ် အူးလီယေးကို ချစ်ပါတယ်။ ဒါပေမယ့် အာဆင်ဝင်းဂါးကတော့ အပြောင်းအရွှေ့မှာ တကယ့် ဉာဏ်ကြီးရှင်ပါ။ ကျွန်တော်တို့ ပေါင် ၁၁ သန်းနဲ့ ခေါ်ခဲ့တဲ့ ဟက်စကီးနဲ့ ဒီပမာဏနဲ့ပဲ ခေါ်ခဲ့တဲ့ သူတို့ရဲ့ အွန်နရီ၊ ပေါင် ၆ သန်းစီနဲ့ ခေါ်ခဲ့တဲ့ နစ်ခ် ဘမ်ဘီနဲ့ သူတို့ရဲ့ ပီရက်စ်တို့ကို ယှဉ်ကြည့်နိုင်သလို ဆိုးလ် ကမ်းဘဲလ်ကို သူတို့တွေ အလွတ်နဲ့ခေါ်ပြီး တကယ့်ဆူပါစတားတွေအဖြစ် အာဆင်နယ်မှာ ပေါ်ထွက်လာခဲ့ကြတာပါ”လို့ အာဆင်ဝင်းဂါးကို ကာရေဂါက ချီးကျူးသွားပါတယ်။

ကာရေဂါက ဒီနောက်ပိုင်းမှာတော့ မိမိတို့အသင်းအနေနဲ့ ရီယို ဖာဒီနန်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ လုပ်ရပ်ကို ကြည့်ပြီး သင်ခန်းစာယူနိုင်ခဲ့ပြီလို့ ဆိုလိုက်ပြီး လက်ရှိမှာ လီဗာပူးလ် ဗန်ဒိုက်နဲ့ အယ်လီဆန်ကို ခေါ်ယူခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ပြသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.