Premier League

အမ္တီတီကို မန္ခ်က္စတာယူႏုိက္တက္ဆီ ေရာင္းခ်ဖို႔ ျပင္ဆင္ေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းအေနနဲ႔ ေႏြရာသီမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ စီးပြားေရးလုပ္ဖို႔ စိတ္ဝင္စားေနၿပီး သူတုိ႔ရဲ႕ ျပင္သစ္ေနာက္ခံလူ ဆင္ျမဴယယ္ အမ္တီတီကို သင့္ေတာ္တဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းလာခဲ့မယ္ဆုိရင္ ေရာင္းခ်ေပးသြားဖို႔ အဆင္သင့္ရွိေၾကာင္း ဆိုလိုက္ပါတယ္။

နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ခံစစ္ပုိင္းအတြက္ ဟာရီ မက္ဂြဳိင္းယားနဲ႔ တြဲဖက္ကစားမယ့္ ဗဟိုေနာက္ခံလူတစ္ေယာက္ကို ထပ္မံ အလိုရွိေနၿပီး ျပင္သစ္အသင္းနဲ႔ ကမာၻ႕ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့ အမ္တီတီကို အင္တာမီလန္ရဲ႕ ဝါရင့္ေနာက္ခံလူ ဂိုဒင္နဲ႔အတူ ပစ္မွတ္ေလးငါးခုထဲက တစ္ခုအျဖစ္ ထည့္သြင္းထားတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္သစ္ မက္ဂြဳိင္းယားဟာ ခံစစ္မွာ အဓိကကစားသမားအျဖစ္ ဦးေဆာင္ကစားေနေပမယ့္ သူနဲ႔ အတြဲညီမယ့္ ကစားသမားအျဖစ္ လက္ရွိေနာက္ခံလူေတြထဲက တစ္ဦးကိုမွ် ဆုိးလ္ရွားက ရွဳျမင္ထားျခင္းမရွိဘဲ လင္ဒီေလာ့ဖ္ကလြဲရင္ က်န္တဲ့ ဗဟိုေနာက္ခံလူေတြကို ေရာင္းထုတ္ၿပီး အသစ္လဲဖို႔ စဥ္းစားေနတာပါ။

ဆုိးလ္ရွားရဲ႕ နည္းစနစ္ပုိင္းေျပာင္းလဲမွဳျဖစ္တဲ့ ၃-၅-၂ ကစားကြက္ေတြမွာ ဘယ္ေနာက္ခံလူ လုခ္ေရွာကို ဘယ္ျခမ္းဗဟိုခံစစ္အထိပါ သုံးစြဲခဲ့တဲ့အထိ ဖီးလ္ဂ်ဳံးစ္၊ ႐ိုဟိုနဲ႔ ဘုိင္လီတုိ႔ရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္မွဳမရွိဘဲ ခ်န္လွပ္ထားခဲ့တာလည္းျဖစ္ၿပီး စေမာလင္းကိုလည္း ႐ိုးမားကို ေရာင္းခ်ဖို႔ ေသခ်ာသေလာက္ရွိေနခဲ့ၿပီျဖစ္ပါတယ္။

လက္ရွိရာသီမတုိင္ခင္ ၿပီးခဲ့တဲ့ ႏွစ္ရာသီအတြင္း ဒဏ္ရာျပႆနာနဲ႔ ရင္ဆုိင္ခဲ့ရလို႔ ေနရာေပ်ာက္ဆုံးခဲ့ရတဲ့ အမ္တီတီအေနနဲ႔ လက္ရွိမွာေတာ့ ဒဏ္ရာကင္းစင္ခဲ့ၿပီျဖစ္ေပမယ့္ အသင္းမွာေတာ့ တစ္ေနရာ ျပန္လည္ရယူဖို႔က မလြယ္ကူေတာ့ခ်ိန္မွာ ယူႏုိက္တက္ရဲ႕ စိတ္ဝင္စားမွဳအေပၚ ဘာစီလိုနာတုိ႔က ေပါင္ ၄၆ သန္းနဲ႔ ေရာင္းခ်သြားဖို႔ ဆက္သြယ္လာခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားနေပြီး သူတို့ရဲ့ ပြင်သစ်နောက်ခံလူ ဆင်မြူယယ် အမ်တီတီကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ရောင်းချပေးသွားဖို့ အဆင်သင့်ရှိကြောင်း ဆိုလိုက်ပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ခံစစ်ပိုင်းအတွက် ဟာရီ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားမယ့် ဗဟိုနောက်ခံလူတစ်ယောက်ကို ထပ်မံ အလိုရှိနေပြီး ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အမ်တီတီကို အင်တာမီလန်ရဲ့ ဝါရင့်နောက်ခံလူ ဂိုဒင်နဲ့အတူ ပစ်မှတ်လေးငါးခုထဲက တစ်ခုအဖြစ် ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် မက်ဂွိုင်းယားဟာ ခံစစ်မှာ အဓိကကစားသမားအဖြစ် ဦးဆောင်ကစားနေပေမယ့် သူနဲ့ အတွဲညီမယ့် ကစားသမားအဖြစ် လက်ရှိနောက်ခံလူတွေထဲက တစ်ဦးကိုမျှ ဆိုးလ်ရှားက ရှုမြင်ထားခြင်းမရှိဘဲ လင်ဒီလော့ဖ်ကလွဲရင် ကျန်တဲ့ ဗဟိုနောက်ခံလူတွေကို ရောင်းထုတ်ပြီး အသစ်လဲဖို့ စဉ်းစားနေတာပါ။

ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းပြောင်းလဲမှုဖြစ်တဲ့ ၃-၅-၂ ကစားကွက်တွေမှာ ဘယ်နောက်ခံလူ လုခ်ရှောကို ဘယ်ခြမ်းဗဟိုခံစစ်အထိပါ သုံးစွဲခဲ့တဲ့အထိ ဖီးလ်ဂျုံးစ်၊ ရိုဟိုနဲ့ ဘိုင်လီတို့ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မှုမရှိဘဲ ချန်လှပ်ထားခဲ့တာလည်းဖြစ်ပြီး စမောလင်းကိုလည်း ရိုးမားကို ရောင်းချဖို့ သေချာသလောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

လက်ရှိရာသီမတိုင်ခင် ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရလို့ နေရာပျောက်ဆုံးခဲ့ရတဲ့ အမ်တီတီအနေနဲ့ လက်ရှိမှာတော့ ဒဏ်ရာကင်းစင်ခဲ့ပြီဖြစ်ပေမယ့် အသင်းမှာတော့ တစ်နေရာ ပြန်လည်ရယူဖို့က မလွယ်ကူတော့ချိန်မှာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုအပေါ် ဘာစီလိုနာတို့က ပေါင် ၄၆ သန်းနဲ့ ရောင်းချသွားဖို့ ဆက်သွယ်လာခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.