Premier League

အာဆင္နယ္ရဲ႕ ရွဳံးပြဲမရွိအသင္းထက္ လီဗာပူးလ္ကို ပီတစ္ ပိုသေဘာက်ေန

အာဆင္နယ္အသင္းမွာ ၁၉၉၇ ကေန ၂၀၀၀ ခုႏွစ္အထိ ကစားခဲ့တဲ့ ကြင္းလယ္ကစားသမားေဟာင္း အီမန္ညဴယယ္ ပီတစ္က သူ႕အေနနဲ႔ လက္ရွိ လီဗာပူးလ္အသင္းရဲ႕ ပုံစံကို အသင္းေဟာင္းရဲ႕ Invincibles အသင္းထက္ ပုိမိုၿပီး အားရမိတယ္လို႔ သူ႕ရဲ႕ သေဘာက်ေနမွဳကို ထုတ္ေဖာ္သြားခဲ့ပါတယ္။

၂၀၀၃-၀၄ ရာသီမွာ တစ္ရာသီလုံး ရွဳံးပြဲမရွိကစားခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ မွတ္တမ္းအတြက္ လက္ရွိအခ်ိန္အထိ အဂၤလန္မွာ ေျပာလို႔ မၿပီးေသးသလို ပရိသတ္ေတြကလည္း ဂုဏ္ယူလုိ႔ မဆုံးေသးခ်ိန္မွာ ပီတစ္ရဲ႕ အသင္းေဟာင္းထက္ လီဗာပူးလ္ကို ခ်ီးက်ဴးလုိက္တဲ့ စကားကေတာ့ မခံခ်င္စရာလည္းျဖစ္ေနခဲ့ပါတယ္။

“အသင္းေဟာင္းက အသင္းေဖာ္ေတြကိုေတာ့ ေလးစားပါတယ္ဗ်ာ။ ဒါေပမယ့္ လီဗာပူးလ္အသင္းရဲ႕ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ ကစားခဲ့တဲ့ ပုံစံကို ၾကည့္မိတဲ့ အခ်ိန္မွာေတာ့ ဒါဟာ တကယ့္ကို ေကာင္းမြန္တဲ့ အသင္းတစ္သင္းလုိ႔ ျမင္လာမိတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ခ်န္ပီယံလိဂ္ကို ရယူအၿပီးမွာ သူတုိ႔ရဲ႕ ပုံစံက ပိုသိသာလာခဲ့တာျဖစ္ေပမယ့္ ဒီမတုိင္ခင္ကတည္းက တစ္ဖက္အသင္းအေပၚ လႊမ္းမိုးႏုိင္တဲ့ ပုံစံကို သေဘာက်လွပါၿပီ။ ကၽြန္ေတာ့္အတြက္ေတာ့ ဒီအသင္းကို Invincibles ေတြထက္ ပုိသေဘာက်ပါတယ္”လို႔ ပီတစ္က ဆုိခဲ့တာပါ။

ပီတစ္က သူဒီလိုေျပာလုိက္လုိ႔ အာဆင္နယ္ပရိသတ္ေတြ သေဘာက်မွာ မဟုတ္ေၾကာင္း သိေပမယ့္ ႐ိုး႐ိုးသားသားပဲ ဝန္ခံခ်င္တာျဖစ္ၿပီး သူတုိ႔ရဲ႕ ကစားပုံကို ၾကည့္လိုက္တာနဲ႔ ထူးထူးျခားျခားခံစားရသလို ကစားသမားေတြကလည္း တျခားအသင္းေတြနဲ႔ ကြဲျပားျခားနားၾကတယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဆုဖလားကို ရယူႏုိင္ဖို႔ ႏိုင္ပြဲႏွစ္ပြဲသာလိုေတာ့ခ်ိန္မွာ ခုလို ရပ္နားထားရတာ ပရိသတ္ေတြအတြက္ေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာျဖစ္လိမ့္မယ္လုိ႔ ပီတစ္က စာနာစကားဆုိသြားခဲ့ၿပီး သုံးသပ္ခ်က္ေတြအရေတာ့ လီဗာပူးလ္အေနနဲ႔ အမွတ္ ၁၀၀ ေက်ာ္ရယူၿပီး ဗိုလ္စြဲႏိုင္လိမ့္မယ္လုိ႔ ဆိုေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းမှာ ၁၉၉၇ ကနေ ၂၀၀၀ ခုနှစ်အထိ ကစားခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်း အီမန်ညူယယ် ပီတစ်က သူ့အနေနဲ့ လက်ရှိ လီဗာပူးလ်အသင်းရဲ့ ပုံစံကို အသင်းဟောင်းရဲ့ Invincibles အသင်းထက် ပိုမိုပြီး အားရမိတယ်လို့ သူ့ရဲ့ သဘောကျနေမှုကို ထုတ်ဖော်သွားခဲ့ပါတယ်။

၂၀၀၃-၀၄ ရာသီမှာ တစ်ရာသီလုံး ရှုံးပွဲမရှိကစားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ မှတ်တမ်းအတွက် လက်ရှိအချိန်အထိ အင်္ဂလန်မှာ ပြောလို့ မပြီးသေးသလို ပရိသတ်တွေကလည်း ဂုဏ်ယူလို့ မဆုံးသေးချိန်မှာ ပီတစ်ရဲ့ အသင်းဟောင်းထက် လီဗာပူးလ်ကို ချီးကျူးလိုက်တဲ့ စကားကတော့ မခံချင်စရာလည်းဖြစ်နေခဲ့ပါတယ်။

“အသင်းဟောင်းက အသင်းဖော်တွေကိုတော့ လေးစားပါတယ်ဗျာ။ ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကစားခဲ့တဲ့ ပုံစံကို ကြည့်မိတဲ့ အချိန်မှာတော့ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းလို့ မြင်လာမိတယ်။ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ်ကို ရယူအပြီးမှာ သူတို့ရဲ့ ပုံစံက ပိုသိသာလာခဲ့တာဖြစ်ပေမယ့် ဒီမတိုင်ခင်ကတည်းက တစ်ဖက်အသင်းအပေါ် လွှမ်းမိုးနိုင်တဲ့ ပုံစံကို သဘောကျလှပါပြီ။ ကျွန်တော့်အတွက်တော့ ဒီအသင်းကို Invincibles တွေထက် ပိုသဘောကျပါတယ်”လို့ ပီတစ်က ဆိုခဲ့တာပါ။

ပီတစ်က သူဒီလိုပြောလိုက်လို့ အာဆင်နယ်ပရိသတ်တွေ သဘောကျမှာ မဟုတ်ကြောင်း သိပေမယ့် ရိုးရိုးသားသားပဲ ဝန်ခံချင်တာဖြစ်ပြီး သူတို့ရဲ့ ကစားပုံကို ကြည့်လိုက်တာနဲ့ ထူးထူးခြားခြားခံစားရသလို ကစားသမားတွေကလည်း တခြားအသင်းတွေနဲ့ ကွဲပြားခြားနားကြတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ဖို့ နိုင်ပွဲနှစ်ပွဲသာလိုတော့ချိန်မှာ ခုလို ရပ်နားထားရတာ ပရိသတ်တွေအတွက်တော့ တော်တော်လေး စိတ်ပျက်စရာဖြစ်လိမ့်မယ်လို့ ပီတစ်က စာနာစကားဆိုသွားခဲ့ပြီး သုံးသပ်ချက်တွေအရတော့ လီဗာပူးလ်အနေနဲ့ အမှတ် ၁၀၀ ကျော်ရယူပြီး ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ဆိုနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.