Premier League

ၿဗိတိန္ႏိုင္ငံကို ေဝဖန္လုိက္ၿပီး မန္စီးတီးရဲ႕ ကစားသမားေတြအေပၚ ဂ႐ုစိုက္မွဳကို ဇင္ခ်န္ကို ခ်ီးက်ဴး

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဘယ္ေနာက္ခံနဲ႔ ေတာင္ပံကစားသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မွဳအတြက္ ၿဗိတိန္ႏုိင္ငံရဲ႕ အဆုံးအျဖတ္ခ်မွတ္မွဳဟာ ေနာက္က်လြန္းတယ္လုိ႔ ျပစ္တင္ေဝဖန္လိုက္ၿပီး သူတုိ႔ေတြအေနနဲ႔ အသင္းရဲ႕ ဂ႐ုစိုက္ေစာင့္ေရွာက္မွဳေတြ ေကာင္းမြန္လုိ႔သာ အဆင္ေျပခဲ့တာျဖစ္ေၾကာင္း ဆုိလုိက္ပါတယ္။

ၿဗိတိန္အေနနဲ႔ ကစားပြဲေတြကို ဆက္ကစားမယ္လို႔ ေၾကျငာခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂၽြန္ဆင္ရဲ႕ ေၾကျငာခ်က္က ဟာသျဖစ္ခဲ့ရၿပီး နာရီပုိင္း အတြင္းမွာပဲ အာဆင္နယ္နည္းျပ မိုက္ကယ္ အာတီတာအပါအဝင္ ေရာဂါလကၡဏာ ျပသသူေတြနဲ႔ စစ္ေဆးေတြ႕ရွိသူေတြ ေပၚေပါက္လာခဲ့လို႔ ပြဲေတြကို ရပ္တန္႔ခဲ့ရတာလည္းျဖစ္ပါတယ္။

“ဒီမွာပဲ ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ရွိတယ္။ သူ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ေရာဂါရဲ႕ လကၡဏာေတြလည္း အကုန္လုံးနီးပါး ေတြ႕ရတယ္။ ဒါေပမယ့္ သူက အလုပ္ကို ဆက္သြားေနရတုန္းပဲ။ ခုခ်ိန္အထိ ကၽြန္ေတာ့္အမ်ဳိးေတြမွာ ေရာဂါမရွိေသးတာကေတာ့ ဘုရားသခင္ရဲ႕ ေက်းဇူးေတာ္ပဲ”လို႔ ဇင္ခ်န္ကိုက ယူကရိန္း မီဒီယာတစ္ခုကို ေျပာပါတယ္။

“မန္ခ်က္စတာစီးတီးကေတာ့ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြအေပၚ အလြန္ပဲ ဂ႐ုစိုက္ပါတယ္။ မနက္ႏုိးတာနဲ႔ ဆရာဝန္က မက္ေဆ့ပုိ႔ၿပီး ကၽြန္ေတာ့္အေျခအေနဘယ္လိုလဲေမးတယ္။ ေနာက္ၿပီး မိသားစုေတြနဲ႔ မိတ္ေဆြေတြေရာ အိုေကရဲ႕လားတဲ့။ သူတုိ႔က တစ္ပတ္ကို ၆ ရက္ အစားအစာေတြ ပုိ႔ေပးၿပီး ႀကံ့ခိုင္ေရးအေထာက္အကူျပဳပစၥည္းေတြလည္း ယူလာေပးခဲ့ပါတယ္”လို႔ ဇင္ခ်န္ကိုက ဆုိပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ သူတုိ႔ကစားသမားနဲ႔ မိသားစုေတြအေပၚမွာ အခ်ိန္နဲ႔ တစ္ေျပးညီ ေစာင့္ေရွာက္ႏုိင္မွဳကို ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီရဲ႕ မိသားစုဝင္တစ္ဦးမွာ ကို႐ိုနာဗုိင္းရပ္စ္ သံသယလကၡဏာေတြ႕ရွိမွဳမွာလည္း သိသာခဲ့ၿပီး ဒီအတြက္ မန္ဒီနဲ႔ ကစားသမားတခ်ဳိ႕က အသိအမွတ္ျပဳ ခ်ီးက်ဴးခဲ့ၾကေသးတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံနဲ့ တောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက် ဗြိတိန်နိုင်ငံရဲ့ အဆုံးအဖြတ်ချမှတ်မှုဟာ နောက်ကျလွန်းတယ်လို့ ပြစ်တင်ဝေဖန်လိုက်ပြီး သူတို့တွေအနေနဲ့ အသင်းရဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေ ကောင်းမွန်လို့သာ အဆင်ပြေခဲ့တာဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

ဗြိတိန်အနေနဲ့ ကစားပွဲတွေကို ဆက်ကစားမယ်လို့ ကြေငြာခဲ့တဲ့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ ကြေငြာချက်က ဟာသဖြစ်ခဲ့ရပြီး နာရီပိုင်း အတွင်းမှာပဲ အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာအပါအဝင် ရောဂါလက္ခဏာ ပြသသူတွေနဲ့ စစ်ဆေးတွေ့ရှိသူတွေ ပေါ်ပေါက်လာခဲ့လို့ ပွဲတွေကို ရပ်တန့်ခဲ့ရတာလည်းဖြစ်ပါတယ်။

“ဒီမှာပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရဲ့ လက္ခဏာတွေလည်း အကုန်လုံးနီးပါး တွေ့ရတယ်။ ဒါပေမယ့် သူက အလုပ်ကို ဆက်သွားနေရတုန်းပဲ။ ခုချိန်အထိ ကျွန်တော့်အမျိုးတွေမှာ ရောဂါမရှိသေးတာကတော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ”လို့ ဇင်ချန်ကိုက ယူကရိန်း မီဒီယာတစ်ခုကို ပြောပါတယ်။

“မန်ချက်စတာစီးတီးကတော့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအပေါ် အလွန်ပဲ ဂရုစိုက်ပါတယ်။ မနက်နိုးတာနဲ့ ဆရာဝန်က မက်ဆေ့ပို့ပြီး ကျွန်တော့်အခြေအနေဘယ်လိုလဲမေးတယ်။ နောက်ပြီး မိသားစုတွေနဲ့ မိတ်ဆွေတွေရော အိုကေရဲ့လားတဲ့။ သူတို့က တစ်ပတ်ကို ၆ ရက် အစားအစာတွေ ပို့ပေးပြီး ကြံ့ခိုင်ရေးအထောက်အကူပြုပစ္စည်းတွေလည်း ယူလာပေးခဲ့ပါတယ်”လို့ ဇင်ချန်ကိုက ဆိုပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ သူတို့ကစားသမားနဲ့ မိသားစုတွေအပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ စောင့်ရှောက်နိုင်မှုကို နောက်ခံလူ ဘင်ဂျမင် မန်ဒီရဲ့ မိသားစုဝင်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာတွေ့ရှိမှုမှာလည်း သိသာခဲ့ပြီး ဒီအတွက် မန်ဒီနဲ့ ကစားသမားတချို့က အသိအမှတ်ပြု ချီးကျူးခဲ့ကြသေးတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.