Premier League Transfer News

အာဆင်နယ်အတွက် Spotify နဲ့ ပူးပေါင်းသွားမယ့် အွန်နရီ၊ ဗီယာရာနဲ့ ဘားကမ့်

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတွေကလည်း ခရိုယန်ကီအုပ်စုဆီကနေ အသင်းကို ပြန်လည်လွှဲပြောင်းရယူမယ့် Spotify သူဌေး ဒန်နီယယ်လ် အက်ခ်ရဲ့ အစီအစဉ်မှာ ပူးပေါင်းပါဝင်လာကြမှာဖြစ်ပြီး သူတို့ချစ်တဲ့ အသင်းရဲ့ အစဉ်အလာနဲ့ တန်ဖိုးထားစရာတွေ ပျောက်ဆုံးလာချိန်မှာ တစ်ညီတစ်ညွတ်တည်း စုစည်းမိခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၈၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကလေးဘဝကတည်းက အားပေးလာခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ရွှေခေတ်ကို ကောင်းကောင်းမီလိုက်တဲ့ ဆွီဒင် သူဌေး အက်ခ်အတွက်တော့ ခရိုယန်ကီတို့တွေ အသင်းကို ရောက်လာပြီးကတည်းက ဖွတ်ထက်ညစ်သွားတဲ့ ပုံစံကို စိတ်ပျက်နေတာကြာပြီဖြစ်ပြီး လက်ရှိစီမံခန့်ခွဲပုံတွေက ကစားသမားဟောင်းတွေအတွက်လည်း ရွံစရာဖြစ်နေခဲ့တာပါ။

အသင်းနဲ့ မကိုက်ညီဘဲ သူတို့သြဇာညောင်းမယ့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ၊ နည်းပြတွေကို ခေါ်ယူသုံးစွဲပြီး အာဆင်နယ်ဆိုတာ ဇယားအလယ်က အသင်းတစ်သင်းအဖြစ် ပြောင်းလဲသွားခဲ့သလို မြို့မေတ္တာခံယူမယ့် ဥရောပဆူပါလိဂ်မှာ ပါဝင်ပတ်သက်ခဲ့တာတွေကတော့ ပရိသတ်အားလုံးရဲ့ အမျက်ဒေါသနဲ့ပါ ရင်ဆိုင်စေခဲ့ရပြီး ခရိုယန်ကီရဲ့ အရုပ်ကို ကြိုးဆွဲချပြနေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အက်ခ်ဟာ အာဆင်နယ်အသင်းရဲ့ Invincibles အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ထာဝရဂိုးသွင်းဘုရင် သီယာရီ အွန်နရီ၊ ကွင်းလယ် ဖန်တီးရှင် ဒင်းနစ္စ ဘားကမ့်နဲ့ အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာတို့ကို ပူးပေါင်းဖို့ သဘောတူညီနိုင်ခဲ့ပြီး ခရိုယန်ကီဆီက အသင်းကို ပြန်လည်ရယူဖို့ အင်အားဖြည့်တင်းသွားတော့မှာဖြစ်ပါတယ်။

အွန်နရီကတော့ အာဆင်နယ်ရဲ့ လက်ရှိပုံစံကို ပွင့်ပွင့်လင်းလင်းပဲ ရှုတ်ချထားခဲ့ပြီး ဘောလုံးအသင်းမဟုတ်ဘဲ ငွေရှာနေတဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်တယ်လို့ ဆိုထားခဲ့သလို ဒီအသင်းကို တကယ်တမ်းပိုင်ဆိုင်သူတွေဟာ ပရိသတ်တွေပဲဆိုတာ အလေးမထားဘဲ လုပ်ချင်သလိုလုပ်နေတဲ့ အမေရိကန်တွေကိုလည်း ပြစ်တင်သွားခဲ့တာပါ။

စတန် ခရိုယန်ကီရဲ့ သားဖြစ်သူ အသင်းဒါရိုက်တာ ဂျော့ရှ်ကတော့ အာဆင်နယ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားခဲ့ပေမယ့် ပရိသတ်တွေကို ကိုယ်စားပြုတဲ့ အက်ခ်နဲ့ ကစားသမားဟောင်းတွေ၊ ဗြိတိန်မင်းစိုးရာဇာပိုင်းနဲ့ အကျွမ်းတဝင်ရှိတဲ့သူတွေကတော့ ပူးပေါင်းတိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်နေကြပြီလည်းဖြစ်ပါတယ်။

ခရိုယန်ကီတို့ဘက်က ကြိုးစားမှုတစ်ခုအနေနဲ့တော့ စီအီးအို ဗီနိုင်း ဗင်ကာတီရှမ်ကို ပရိသတ်တွေနဲ့ကြားမှာ ရင်ကြားစေ့ပေးနိုင်ဖို့ ကြိုးစားနေပြီး လူမျိုးအရ ပြောရရင် အနည်းငယ် အားနည်းချက်ရှိနေတဲ့ အိန္ဒိယသားဟာ ဘောင်ဝင်အောင် စည်းရုံးနိုင်ပါ့မလားဆိုတာကတော့ သံသယရှိစရာ ဖြစ်နေချိန်မှာ ရဲသုံးဖော်ဦးဆောင်တဲ့ အက်ခ်ရဲ့ အဖွဲ့အနေနဲ့ ဂုတ်သွေးစုပ်နေသူတွေကို မောင်းထုတ်နိုင်မလားကတော့ ပိုမိုစိတ်ဝင်စားစရာကောင်းလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းေတြကလည္း ခ႐ိုယန္ကီအုပ္စုဆီကေန အသင္းကို ျပန္လည္လႊဲေျပာင္းရယူမယ့္ Spotify သူေဌး ဒန္နီယယ္လ္ အက္ခ္ရဲ႕ အစီအစဥ္မွာ ပူးေပါင္းပါဝင္လာၾကမွာျဖစ္ၿပီး သူတို႔ခ်စ္တဲ့ အသင္းရဲ႕ အစဥ္အလာနဲ႔ တန္ဖိုးထားစရာေတြ ေပ်ာက္ဆုံးလာခ်ိန္မွာ တစ္ညီတစ္ၫြတ္တည္း စုစည္းမိခဲ့ၾကတယ္လို႔ သိရပါတယ္။

၁၉၈၃ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး ကေလးဘဝကတည္းက အားေပးလာခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ေ႐ႊေခတ္ကို ေကာင္းေကာင္းမီလိုက္တဲ့ ဆြီဒင္ သူေဌး အက္ခ္အတြက္ေတာ့ ခ႐ိုယန္ကီတို႔ေတြ အသင္းကို ေရာက္လာၿပီးကတည္းက ဖြတ္ထက္ညစ္သြားတဲ့ ပုံစံကို စိတ္ပ်က္ေနတာၾကာၿပီျဖစ္ၿပီး လက္ရွိစီမံခန႔္ခြဲပုံေတြက ကစားသမားေဟာင္းေတြအတြက္လည္း ႐ြံစရာျဖစ္ေနခဲ့တာပါ။

အသင္းနဲ႔ မကိုက္ညီဘဲ သူတို႔ၾသဇာေညာင္းမယ့္ အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူေတြ၊ နည္းျပေတြကို ေခၚယူသုံးစြဲၿပီး အာဆင္နယ္ဆိုတာ ဇယားအလယ္က အသင္းတစ္သင္းအျဖစ္ ေျပာင္းလဲသြားခဲ့သလို ၿမိဳ႕ေမတၱာခံယူမယ့္ ဥေရာပဆူပါလိဂ္မွာ ပါဝင္ပတ္သက္ခဲ့တာေတြကေတာ့ ပရိသတ္အားလုံးရဲ႕ အမ်က္ေဒါသနဲ႔ပါ ရင္ဆိုင္ေစခဲ့ရၿပီး ခ႐ိုယန္ကီရဲ႕ အ႐ုပ္ကို ႀကိဳးဆြဲခ်ျပေနၾကသူေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ အက္ခ္ဟာ အာဆင္နယ္အသင္းရဲ႕ Invincibles အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ ထာဝရဂိုးသြင္းဘုရင္ သီယာရီ အြန္နရီ၊ ကြင္းလယ္ ဖန္တီးရွင္ ဒင္းနစၥ ဘားကမ့္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာတို႔ကို ပူးေပါင္းဖို႔ သေဘာတူညီႏိုင္ခဲ့ၿပီး ခ႐ိုယန္ကီဆီက အသင္းကို ျပန္လည္ရယူဖို႔ အင္အားျဖည့္တင္းသြားေတာ့မွာျဖစ္ပါတယ္။

အြန္နရီကေတာ့ အာဆင္နယ္ရဲ႕ လက္ရွိပုံစံကို ပြင့္ပြင့္လင္းလင္းပဲ ရႈတ္ခ်ထားခဲ့ၿပီး ေဘာလုံးအသင္းမဟုတ္ဘဲ ေငြရွာေနတဲ့ ကုမၸဏီတစ္ခုပဲ ျဖစ္တယ္လို႔ ဆိုထားခဲ့သလို ဒီအသင္းကို တကယ္တမ္းပိုင္ဆိုင္သူေတြဟာ ပရိသတ္ေတြပဲဆိုတာ အေလးမထားဘဲ လုပ္ခ်င္သလိုလုပ္ေနတဲ့ အေမရိကန္ေတြကိုလည္း ျပစ္တင္သြားခဲ့တာပါ။

စတန္ ခ႐ိုယန္ကီရဲ႕ သားျဖစ္သူ အသင္းဒါ႐ိုက္တာ ေဂ်ာ့ရွ္ကေတာ့ အာဆင္နယ္ကို ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ျငင္းဆန္ထားခဲ့ေပမယ့္ ပရိသတ္ေတြကို ကိုယ္စားျပဳတဲ့ အက္ခ္နဲ႔ ကစားသမားေဟာင္းေတြ၊ ၿဗိတိန္မင္းစိုးရာဇာပိုင္းနဲ႔ အကြၽမ္းတဝင္ရွိတဲ့သူေတြကေတာ့ ပူးေပါင္းတိုက္ခိုက္ၿပီး ျပန္လည္သိမ္းပိုက္ႏိုင္ဖို႔ ျပင္ဆင္ေနၾကၿပီလည္းျဖစ္ပါတယ္။

ခ႐ိုယန္ကီတို႔ဘက္က ႀကိဳးစားမႈတစ္ခုအေနနဲ႔ေတာ့ စီအီးအို ဗီႏိုင္း ဗင္ကာတီရွမ္ကို ပရိသတ္ေတြနဲ႔ၾကားမွာ ရင္ၾကားေစ့ေပးႏိုင္ဖို႔ ႀကိဳးစားေနၿပီး လူမ်ိဳးအရ ေျပာရရင္ အနည္းငယ္ အားနည္းခ်က္ရွိေနတဲ့ အိႏၵိယသားဟာ ေဘာင္ဝင္ေအာင္ စည္း႐ုံးႏိုင္ပါ့မလားဆိုတာကေတာ့ သံသယရွိစရာ ျဖစ္ေနခ်ိန္မွာ ရဲသုံးေဖာ္ဦးေဆာင္တဲ့ အက္ခ္ရဲ႕ အဖြဲ႕အေနနဲ႔ ဂုတ္ေသြးစုပ္ေနသူေတြကို ေမာင္းထုတ္ႏိုင္မလားကေတာ့ ပိုမိုစိတ္ဝင္စားစရာေကာင္းလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.