Premier League Transfer News

27 Apr နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို သက်တမ်း တိုးနိုင်ခဲ့သလို ပရိသတ်တွေအနေနဲ့ ဟင်းချနိုင်ခဲ့ပြီဖြစ်ပြီး နကီးတီးယားကို စိတ်ပျက်နေတဲ့သူတွေအတွက် သတင်းကောင်းဖြစ်လာ။

– တူရကီကလပ် ဖီနာဘာချီအသင်းဆီကို ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလက အလွတ်နဲ့ ထွက်ခွင့်ပေးခဲ့တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အတွက် နောက်ဆုံးစာချုပ်မှာ ပေးချေထားခဲ့တဲ့ ပေါင်သုံးသိန်းခွဲရဲ့ ၉၀ ရာခိုင်နှုန်း ပမာဏကို အာဆင်နယ်အသင်း ဘက်က ကျခံနေရဆဲဖြစ်ပြီး ဇွန်လကုန်အထိ ပေးချသွားရဦးမှာဖြစ်ကြောင်း သိရ။

– Sportify သူဌေး ဆွီဒင်သား ဒန်နီယယ်လ် အက်ခ်ရဲ့ အာဆင်နယ်အသင်းကို ခရိုယန်ကီတွေဆီက လွှဲပြောင်းဝယ်ယူဖို့ ကိစ္စအတွက် အသင်းရဲ့ Invincible ရဲသုံးဖော်က ပူးပေါင်းကူညီဖို့ လုပ်ဆောင်နေပြီး သီယာရီ အွန်နရီ၊ ပက်ထရစ် ဗီယာရာနဲ့ ဒင်းနစ္စ ဘားကမ့်တို့ရဲ့ ဦးဆောင်မှုမှာ တခြားကစားသမားဟောင်းတွေလည်း ပါဝင်လာမလား စောင့်ကြည့်ရဖို့ရှိနေ။

– ဂိုးရှေ့မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်၊ အာရုံစူးစိုက်မှု လျော့ပါးခြင်းတွေနဲ့ လူရွှင်တော်ဆန်ဆန်ဖြစ်နေခဲ့တဲ့ ဂျာမန်ဂိုးသမား ဘန်းဒ် လီနိုရဲ့ နေရာကို လူသစ်အစားထိုးဖို့ အသင်းရဲ့ ကစားသမား ခေါ်ယူရေးဘက်ကို နည်းပြ မီခယ်လ် အာတီတာက တောင်းဆိုထားပြီး ဘီလ်ဘာအိုရဲ့ အူနိုင်း ဆိုင်မွန်ကို စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ နွေရာသီမှာ နည်းပြ အာတီတာအတွက် ကစားသမား ၃ ဦး ခေါ်ယူပေးဖို့ ရှိနေသလို လက်ရှိအင်အားထဲက အက်ဒီ နကီးတီးယားနဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်အပါအဝင် ကစားသမား ၇ ဦးကိုတော့ ရောင်းချပြီး ငွေရှာသွားဖွယ်ရှိနေ။

– ဆွီဒင်လုပ်ငန်းရှင် ဒန်နီယယ်လ် အက်ခ်အနေနဲ့ အာဆင်နယ်အသင်းကို တစ်ဦးတည်းပိုင်အဖြစ် ဝယ်ယူနိုင်ဖို့ ငွေကြေးတတ်နိုင်ကြောင်း တစ်နိုင်ငံတည်းသား ဂျာနယ်လစ် ဂျိုဟန် ဝင်ဒဲလ်က ရှင်းလင်းလိုက်ပြီး သူ့ရဲ့ Spotify ရှယ်ယာ ပေါင် ၃.၂ ဘီလီယံဖိုးဟာ ဘဏ်တွေကနေ ငွေချေးယူဖို့ပြီး ခရိုယန်ကီရဲ့ ဖြစ်နိုင်ဖွယ်ဈေး ပေါင် ၂ ဘီလီယံကို ပေးချေဖို့ လုံလောက်တယ်လို့ သုံးသပ်ခဲ့။

– အာဆင်နယ်အသင်းရဲ့ စီမံခန့်ခွဲမှုတွေကို နွေရာသီမှာ အသစ်ပြောင်းလဲပြီး တော်လှန်ရေးတစ်ခုကို စတင်သင့်ပြီလို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပြီး မက်တီယို ဂန်ဒူဇီလိုမျိုး ကစားသမားကို ရောင်းချမယ့် အစီအစဉ်အတွက် နည်းပြ အာတီတာရဲ့ အရည်အသွေးကို မေးခွန်းထုတ်ခဲ့ကြ။

– အာဆင်နယ်အသင်းရဲ့ ပရိသတ် ဒန်နီယယ်လ် အက်ခ်ရဲ့ မခံစားနိုင်မှုကနေ ပေါက်ကွဲထွက်လာခဲ့တဲ့ အသင်းကို ဝယ်ယူရေး အစီအစဉ်ကို ကစားသမားဟောင်းတစ်ယောက်အနေနဲ့ ပါဝင်ကူညီသင့်တယ်လို့ ဘီလီယံနာလုပ်ငန်းရှင် ကွင်းလယ်လူဟောင်း မက်သယူး ဖလာမီနီကို ပရိသတ်တွေ တိုက်တွန်းခဲ့ကြ။

– ဆူပါလိဂ်ကို တည်ထောင်ကစားဖို့ ကြံခဲ့ပေမယ့် အစောဆုံး ပြန်လည်နုတ်ထွက်ခဲ့ကြသလို မှားယွင်းကြောင်း ဝန်ခံခဲ့တဲ့ အင်္ဂလိပ်ကလပ် ၆ သင်းရဲ့ ပြစ်ဒဏ်တွေဟာ ကျန် ၆ သင်းထက် သက်သာဖွယ်ရှိတယ်လို့ UEFA ဥက္ကဌ အလက်ဇန်းဒါး ဆက်ဖရင်က ပြောကြားလိုက်ပြီး ပရိသတ်တချို့ကတော့ ဥရောပပွဲပယ်ပြစ်ဒဏ်ချရင်လည်း အာဆင်နယ်ကတော့ စကတည်းက မဝင်နိုင်လို့ အသက်သာဆုံးဖြစ်မယ်လို့ စကားတင်းဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို သက္တမ္း တိုးႏိုင္ခဲ့သလို ပရိသတ္ေတြအေနနဲ႔ ဟင္းခ်ႏိုင္ခဲ့ၿပီျဖစ္ၿပီး နကီးတီးယားကို စိတ္ပ်က္ေနတဲ့သူေတြအတြက္ သတင္းေကာင္းျဖစ္လာ။

– တူရကီကလပ္ ဖီနာဘာခ်ီအသင္းဆီကို ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလက အလြတ္နဲ႔ ထြက္ခြင့္ေပးခဲ့တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အတြက္ ေနာက္ဆုံးစာခ်ဳပ္မွာ ေပးေခ်ထားခဲ့တဲ့ ေပါင္သုံးသိန္းခြဲရဲ႕ ၉၀ ရာခိုင္ႏႈန္း ပမာဏကို အာဆင္နယ္အသင္း ဘက္က က်ခံေနရဆဲျဖစ္ၿပီး ဇြန္လကုန္အထိ ေပးခ်သြားရဦးမွာျဖစ္ေၾကာင္း သိရ။

– Sportify သူေဌး ဆြီဒင္သား ဒန္နီယယ္လ္ အက္ခ္ရဲ႕ အာဆင္နယ္အသင္းကို ခ႐ိုယန္ကီေတြဆီက လႊဲေျပာင္းဝယ္ယူဖို႔ ကိစၥအတြက္ အသင္းရဲ႕ Invincible ရဲသုံးေဖာ္က ပူးေပါင္းကူညီဖို႔ လုပ္ေဆာင္ေနၿပီး သီယာရီ အြန္နရီ၊ ပက္ထရစ္ ဗီယာရာနဲ႔ ဒင္းနစၥ ဘားကမ့္တို႔ရဲ႕ ဦးေဆာင္မႈမွာ တျခားကစားသမားေဟာင္းေတြလည္း ပါဝင္လာမလား ေစာင့္ၾကည့္ရဖို႔ရွိေန။

– ဂိုးေရွ႕မွာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္၊ အာ႐ုံစူးစိုက္မႈ ေလ်ာ့ပါးျခင္းေတြနဲ႔ လူ႐ႊင္ေတာ္ဆန္ဆန္ျဖစ္ေနခဲ့တဲ့ ဂ်ာမန္ဂိုးသမား ဘန္းဒ္ လီႏိုရဲ႕ ေနရာကို လူသစ္အစားထိုးဖို႔ အသင္းရဲ႕ ကစားသမား ေခၚယူေရးဘက္ကို နည္းျပ မီခယ္လ္ အာတီတာက ေတာင္းဆိုထားၿပီး ဘီလ္ဘာအိုရဲ႕ အူႏိုင္း ဆိုင္မြန္ကို ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ ေႏြရာသီမွာ နည္းျပ အာတီတာအတြက္ ကစားသမား ၃ ဦး ေခၚယူေပးဖို႔ ရွိေနသလို လက္ရွိအင္အားထဲက အက္ဒီ နကီးတီးယားနဲ႔ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္အပါအဝင္ ကစားသမား ၇ ဦးကိုေတာ့ ေရာင္းခ်ၿပီး ေငြရွာသြားဖြယ္ရွိေန။

– ဆြီဒင္လုပ္ငန္းရွင္ ဒန္နီယယ္လ္ အက္ခ္အေနနဲ႔ အာဆင္နယ္အသင္းကို တစ္ဦးတည္းပိုင္အျဖစ္ ဝယ္ယူႏိုင္ဖို႔ ေငြေၾကးတတ္ႏိုင္ေၾကာင္း တစ္ႏိုင္ငံတည္းသား ဂ်ာနယ္လစ္ ဂ်ိဳဟန္ ဝင္ဒဲလ္က ရွင္းလင္းလိုက္ၿပီး သူ႔ရဲ႕ Spotify ရွယ္ယာ ေပါင္ ၃.၂ ဘီလီယံဖိုးဟာ ဘဏ္ေတြကေန ေငြေခ်းယူဖို႔ၿပီး ခ႐ိုယန္ကီရဲ႕ ျဖစ္ႏိုင္ဖြယ္ေဈး ေပါင္ ၂ ဘီလီယံကို ေပးေခ်ဖို႔ လုံေလာက္တယ္လို႔ သုံးသပ္ခဲ့။

– အာဆင္နယ္အသင္းရဲ႕ စီမံခန႔္ခြဲမႈေတြကို ေႏြရာသီမွာ အသစ္ေျပာင္းလဲၿပီး ေတာ္လွန္ေရးတစ္ခုကို စတင္သင့္ၿပီလို႔ ပရိသတ္ေတြက ေတာင္းဆိုခဲ့ၾကၿပီး မက္တီယို ဂန္ဒူဇီလိုမ်ိဳး ကစားသမားကို ေရာင္းခ်မယ့္ အစီအစဥ္အတြက္ နည္းျပ အာတီတာရဲ႕ အရည္အေသြးကို ေမးခြန္းထုတ္ခဲ့ၾက။

– အာဆင္နယ္အသင္းရဲ႕ ပရိသတ္ ဒန္နီယယ္လ္ အက္ခ္ရဲ႕ မခံစားႏိုင္မႈကေန ေပါက္ကြဲထြက္လာခဲ့တဲ့ အသင္းကို ဝယ္ယူေရး အစီအစဥ္ကို ကစားသမားေဟာင္းတစ္ေယာက္အေနနဲ႔ ပါဝင္ကူညီသင့္တယ္လို႔ ဘီလီယံနာလုပ္ငန္းရွင္ ကြင္းလယ္လူေဟာင္း မက္သယူး ဖလာမီနီကို ပရိသတ္ေတြ တိုက္တြန္းခဲ့ၾက။

– ဆူပါလိဂ္ကို တည္ေထာင္ကစားဖို႔ ႀကံခဲ့ေပမယ့္ အေစာဆုံး ျပန္လည္ႏုတ္ထြက္ခဲ့ၾကသလို မွားယြင္းေၾကာင္း ဝန္ခံခဲ့တဲ့ အဂၤလိပ္ကလပ္ ၆ သင္းရဲ႕ ျပစ္ဒဏ္ေတြဟာ က်န္ ၆ သင္းထက္ သက္သာဖြယ္ရွိတယ္လို႔ UEFA ဥကၠဌ အလက္ဇန္းဒါး ဆက္ဖရင္က ေျပာၾကားလိုက္ၿပီး ပရိသတ္တခ်ိဳ႕ကေတာ့ ဥေရာပပြဲပယ္ျပစ္ဒဏ္ခ်ရင္လည္း အာဆင္နယ္ကေတာ့ စကတည္းက မဝင္ႏိုင္လို႔ အသက္သာဆုံးျဖစ္မယ္လို႔ စကားတင္းဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.