Analysis Premier League

ဆွန်ကို ငိုစေခဲ့ပြီး ကိန်းကို ဖလားငတ်စေခဲ့တဲ့ မန်စီးတီး 1-0 စပါး ပွဲအပြီး ဆိုဖွယ်ရာ အချက်များ

ပထမပိုင်းမှာ ဂိုးရဖို့ပြာယာခတ်လွန်းနေတဲ့ မန်စီးတီး
စတာလင်း၊ ဖိုဒင်တို့က ဂိုးရဖို့ အသည်းအသန်ကြိုးစားနေပေမယ့် ပထမပိုင်းမှာ စပါးစ် ဂိုးပေါက်နဲ့ မိတ်ဆက်ပေးဖို့ကို အတော်လေးခက်နေတယ်။ ဒီဘရိုင်းနားရဲ့ ထိန်းကျောင်းမှုနဲ့ တိုက်စစ်ကို စီးထားနိုင်သလောက် မာရက်ဇ်ရဲ့အခွင့်အရေးတွေကလည်း အသင်းလိုက်အားဖြင့်ကို ဂိုးရဖို့ လောပြီး ပျာနေလို့ သောင်းကျန်းချင်သလောက် သောင်းကျန်းနေသလောက် ကမူးရှုးထိုးအနေအထားနဲ့သာ အဆုံးသတ်ခဲ့လို့ ပပ်ကို စိတ်အေးစေမယ့်ဂိုးကို စောစောမရခဲ့တာပါ။

ဂိုးမများပေမယ့် အကြမ်းအရမ်းတွေနဲ့ ရင်ခုန်စရာတွေပေးတဲ့ ဗိုလ်လုပွဲ
ဒီပွဲက ဂိုးမများဘဲ ပြီးခဲ့ပေမယ့် ဗိုလ်လုပွဲပီပြင်ပြီး သူသေကိုယ်သေယှဉ်တိုက်ကြတဲ့ မာန်မျိုးကိုတွေ့ရတယ်။ အကြမ်းအရမ်းတွေနဲ့ ရင်ခုန်စရာတွေကို ပေးခဲ့တယ်။ စပါးရဲ့တန်ပြန်တိုက်စစ် ၂ ကြိမ်ကို လာပေါ့တေးရဲ့ဖျက်ထုတ်မှုတွေက ချိန်သားလွဲခဲ့လို့ အဝါကတ် ၂ ကြိမ် မထိခဲ့တာကပဲ မန်စီးတီးကို တယောက်မလျော့စေဘဲနဲ့ ဒီပွဲရဲ့ရသကို ဆက်ထိန်းသွားသလားလို့ ယူဆစရာပါ။

ဟာရီကိန်းအတွက် မျှော်တိုင်းဝေးနေတဲ့ ဆုဖလား
ဒဏ်ရာကနေ ဒီဖိုင်နယ်အမီ ပြန်သက်သာလာခဲ့တယ်ဆိုပြီး တိုက်စစ်မှူးဟာရီကိန်းက ပွဲထွက်ကစားခဲ့တယ်။ အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ဒါကစပါးစ်နဲ့အတူ အောင်မြင်မှုကို သူဘယ်လောက်ငံ့လင့်ဆာလောင်မွတ်သိပ်နေလဲဆိုတာကို ပြလိုက်တာပါ။ ဟာရီကိန်းက ကမ္ဘာ့အဆင့်တိုက်စစ်မှူးပါ။ သူ့မှာ အရွယ်ကောင်းကိုရောက်လာပြီး ခြေစွမ်းအရ အရာရာပြီးပြည့်စုံနေပေမယ့် စပါးစ်အသင်းနဲ့ အောင်မြင်မှုဆိုတာကတော့ ဘယ်မှာလဲလို့ မေးခွန်းထုတ်ရပါတော့မယ်။ ဟာရီကိန်းအတွက် မျှော်တိုင်းဝေးနေတဲ့ ဆုဖလားတွေ အမြန်ဆုံးဆွတ်ခူးဖို့သာ ဆန္ဒပြုလိုက်ရပါတယ်။

မော်ရင်ညိုကိုဘောင်မဝင်ဘူးဆိုပြီး ထုတ်ပစ်လိုက်တဲ့ လီဗိုင်းရဲ့အမှား
မော်ရင်ညိုကို ဘောင်မဝင်ဘူးဆိုပြီး ထုတ်လိုက်တဲ့ လီဗိုင်းရဲ့ဆုံးဖြတ်ချက်က မှားယွင်းခဲ့ကြောင်း ဒီပွဲရလဒ်က သက်သေပြခဲ့တယ်။ မေဆန်က မော်ရင်ညိုမဟုတ်သလို မော်ရင်ညိုလောက် မလုပ်နိုင်ခဲ့ဘူး။ Final Luck သိပ်ကောင်းတဲ့ မော်ရင်ညိုကို ဒီနေ့ပွဲအထိသာ ဆက်ထိန်းထားနိုင်ရင် စပါးစ်အသင်းက ဆုဖလား အောင်မြင်မှုတခုတော့ ရအောင်ယူသွားနိုင်မှာဖြစ်ပြီး ဆွန်ဟောင်မင်ငိုကြွေးရတဲ့အဖြစ်မျိုးကိုလည်း ရှောင်လွှဲနိုင်ခဲ့မှာပါ။

ပရိသတ် ၈၀၀၀ ကို ဧည့်ခံခဲ့တဲ့ ဝင်ဘလီကွင်း
ဒီနေ့ဗိုလ်လုပွဲက ယူကေမှာ တနှစ်ကျော်အတွင်း လူအများဆုံးစုဝေးတဲ့ ပွဲစဉ်ဖြစ်လာပြီး ပရိသတ် ၈၀၀၀ ကျော်ကို ဝင်ဘလီကွင်းက ဧည့်ခံခဲ့ပါတယ်။ မန်စီးတီးရဲ့ ကာရာဘောင်းဖလား ၄ နှစ်ဆက်ချန်ပီယံဘဝကလည်း အထမြောက်ခဲ့ပြီး ပိုပြီးအမှတ်တရဖြစ်စေခဲ့တယ်။

၄ နှစ်ဆက်ချန်ပီယံအဖြစ် လီဗာပူးလ်ရဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့တဲ့ မန်စီးတီး
ဒီဖလားကို ၁၉၈၁ ကနေ ၁၉၈၄ ခုနှစ်အထိ ၄ နှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့စံချိန်ကို ပပ်ရဲ့မန်စီးတီးက လိုက်မီသွားခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ဖို့ မျှော်လင့်လာတဲ့ စပါးစ်ရဲ့ဆုဖလားအိပ်မက်ကိုလည်း ရိုက်ချိုးသွားခဲ့ပါတယ်။

ဖလား ၃လုံးမျှော်လင့်ချက်ကို ခြေနှစ်လှမ်းတိုးမယ့် ပပ်
ပပ်က အိပ်မက်ခပ်ကြီးကြီးကို သယ်ဆောင်ထားသူဖြစ်တယ်။ မန်စီးတီးအတွက် ဖလား ၄ လုံးလမ်းကြောင်းကို တည်ဆောက်ခဲ့ပေမယ့် ချယ်လ်ဆီးကို ရှုံးနိမ့်ပြီး FA ဖလားတခုကိုတော့ ခြေတလှမ်းဆုတ်လိုက်ရမယ့် ဒီနေ့မှာတောင် ခြေတလှမ်းတိုးပြီး ကာရာဘောင်းအောင်မြေကို နင်းသွားခဲ့တယ်။ ပပ်အတွက် ခြေနှစ်လမ်းတိုးစရာ ရှိနေသေးပြီး ပရီးမီးယားလိဂ်မှာ ၆ မှတ်ရရုံနဲ့ တကျော့ပြန် ချန်ပီယံ၊ မန်စီးတီးရဲ့ ပထမဆုံး ချန်ပီယံလိဂ်အောင်မြင်မှုဆိုတဲ့ ထူးခြားမှုတွေက စောင့်ကြိုနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပထမပိုင္းမွာ ဂိုးရဖို႔ျပာယာခတ္လြန္းေနတဲ့ မန္စီးတီး
စတာလင္း၊ ဖိုဒင္တို႔က ဂိုးရဖို႔ အသည္းအသန္ႀကိဳးစားေနေပမယ့္ ပထမပိုင္းမွာ စပါးစ္ ဂိုးေပါက္နဲ႔ မိတ္ဆက္ေပးဖို႔ကို အေတာ္ေလးခက္ေနတယ္။ ဒီဘ႐ိုင္းနားရဲ႕ ထိန္းေက်ာင္းမႈနဲ႔ တိုက္စစ္ကို စီးထားႏိုင္သေလာက္ မာရက္ဇ္ရဲ႕အခြင့္အေရးေတြကလည္း အသင္းလိုက္အားျဖင့္ကို ဂိုးရဖို႔ ေလာၿပီး ပ်ာေနလို႔ ေသာင္းက်န္းခ်င္သေလာက္ ေသာင္းက်န္းေနသေလာက္ ကမူးရႈးထိုးအေနအထားနဲ႔သာ အဆုံးသတ္ခဲ့လို႔ ပပ္ကို စိတ္ေအးေစမယ့္ဂိုးကို ေစာေစာမရခဲ့တာပါ။

ဂိုးမမ်ားေပမယ့္ အၾကမ္းအရမ္းေတြနဲ႔ ရင္ခုန္စရာေတြေပးတဲ့ ဗိုလ္လုပြဲ
ဒီပြဲက ဂိုးမမ်ားဘဲ ၿပီးခဲ့ေပမယ့္ ဗိုလ္လုပြဲပီျပင္ၿပီး သူေသကိုယ္ေသယွဥ္တိုက္ၾကတဲ့ မာန္မ်ိဳးကိုေတြ႕ရတယ္။ အၾကမ္းအရမ္းေတြနဲ႔ ရင္ခုန္စရာေတြကို ေပးခဲ့တယ္။ စပါးရဲ႕တန္ျပန္တိုက္စစ္ ၂ ႀကိမ္ကို လာေပါ့ေတးရဲ႕ဖ်က္ထုတ္မႈေတြက ခ်ိန္သားလြဲခဲ့လို႔ အဝါကတ္ ၂ ႀကိမ္ မထိခဲ့တာကပဲ မန္စီးတီးကို တေယာက္မေလ်ာ့ေစဘဲနဲ႔ ဒီပြဲရဲ႕ရသကို ဆက္ထိန္းသြားသလားလို႔ ယူဆစရာပါ။

ဟာရီကိန္းအတြက္ ေမွ်ာ္တိုင္းေဝးေနတဲ့ ဆုဖလား
ဒဏ္ရာကေန ဒီဖိုင္နယ္အမီ ျပန္သက္သာလာခဲ့တယ္ဆိုၿပီး တိုက္စစ္မႉးဟာရီကိန္းက ပြဲထြက္ကစားခဲ့တယ္။ အံ့အားသင့္စရာေကာင္းခဲ့ပါတယ္။ ဒါကစပါးစ္နဲ႔အတူ ေအာင္ျမင္မႈကို သူဘယ္ေလာက္ငံ့လင့္ဆာေလာင္မြတ္သိပ္ေနလဲဆိုတာကို ျပလိုက္တာပါ။ ဟာရီကိန္းက ကမာၻ႔အဆင့္တိုက္စစ္မႉးပါ။ သူ႔မွာ အ႐ြယ္ေကာင္းကိုေရာက္လာၿပီး ေျခစြမ္းအရ အရာရာၿပီးျပည့္စုံေနေပမယ့္ စပါးစ္အသင္းနဲ႔ ေအာင္ျမင္မႈဆိုတာကေတာ့ ဘယ္မွာလဲလို႔ ေမးခြန္းထုတ္ရပါေတာ့မယ္။ ဟာရီကိန္းအတြက္ ေမွ်ာ္တိုင္းေဝးေနတဲ့ ဆုဖလားေတြ အျမန္ဆုံးဆြတ္ခူးဖို႔သာ ဆႏၵျပဳလိုက္ရပါတယ္။

ေမာ္ရင္ညိဳကိုေဘာင္မဝင္ဘူးဆိုၿပီး ထုတ္ပစ္လိုက္တဲ့ လီဗိုင္းရဲ႕အမွား
ေမာ္ရင္ညိဳကို ေဘာင္မဝင္ဘူးဆိုၿပီး ထုတ္လိုက္တဲ့ လီဗိုင္းရဲ႕ဆုံးျဖတ္ခ်က္က မွားယြင္းခဲ့ေၾကာင္း ဒီပြဲရလဒ္က သက္ေသျပခဲ့တယ္။ ေမဆန္က ေမာ္ရင္ညိဳမဟုတ္သလို ေမာ္ရင္ညိဳေလာက္ မလုပ္ႏိုင္ခဲ့ဘူး။ Final Luck သိပ္ေကာင္းတဲ့ ေမာ္ရင္ညိဳကို ဒီေန႔ပြဲအထိသာ ဆက္ထိန္းထားႏိုင္ရင္ စပါးစ္အသင္းက ဆုဖလား ေအာင္ျမင္မႈတခုေတာ့ ရေအာင္ယူသြားႏိုင္မွာျဖစ္ၿပီး ဆြန္ေဟာင္မင္ငိုေႂကြးရတဲ့အျဖစ္မ်ိဳးကိုလည္း ေရွာင္လႊဲႏိုင္ခဲ့မွာပါ။

ပရိသတ္ ၈၀၀၀ ကို ဧည့္ခံခဲ့တဲ့ ဝင္ဘလီကြင္း
ဒီေန႔ဗိုလ္လုပြဲက ယူေကမွာ တႏွစ္ေက်ာ္အတြင္း လူအမ်ားဆုံးစုေဝးတဲ့ ပြဲစဥ္ျဖစ္လာၿပီး ပရိသတ္ ၈၀၀၀ ေက်ာ္ကို ဝင္ဘလီကြင္းက ဧည့္ခံခဲ့ပါတယ္။ မန္စီးတီးရဲ႕ ကာရာေဘာင္းဖလား ၄ ႏွစ္ဆက္ခ်န္ပီယံဘဝကလည္း အထေျမာက္ခဲ့ၿပီး ပိုၿပီးအမွတ္တရျဖစ္ေစခဲ့တယ္။

၄ ႏွစ္ဆက္ခ်န္ပီယံအျဖစ္ လီဗာပူးလ္ရဲ႕စံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့တဲ့ မန္စီးတီး
ဒီဖလားကို ၁၉၈၁ ကေန ၁၉၈၄ ခုႏွစ္အထိ ၄ ႏွစ္ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕စံခ်ိန္ကို ပပ္ရဲ႕မန္စီးတီးက လိုက္မီသြားခဲ့ၿပီး ၂၀၀၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္လာတဲ့ စပါးစ္ရဲ႕ဆုဖလားအိပ္မက္ကိုလည္း ႐ိုက္ခ်ိဳးသြားခဲ့ပါတယ္။

ဖလား ၃လုံးေမွ်ာ္လင့္ခ်က္ကို ေျခႏွစ္လွမ္းတိုးမယ့္ ပပ္
ပပ္က အိပ္မက္ခပ္ႀကီးႀကီးကို သယ္ေဆာင္ထားသူျဖစ္တယ္။ မန္စီးတီးအတြက္ ဖလား ၄ လုံးလမ္းေၾကာင္းကို တည္ေဆာက္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးကို ရႈံးနိမ့္ၿပီး FA ဖလားတခုကိုေတာ့ ေျခတလွမ္းဆုတ္လိုက္ရမယ့္ ဒီေန႔မွာေတာင္ ေျခတလွမ္းတိုးၿပီး ကာရာေဘာင္းေအာင္ေျမကို နင္းသြားခဲ့တယ္။ ပပ္အတြက္ ေျခႏွစ္လမ္းတိုးစရာ ရွိေနေသးၿပီး ပရီးမီးယားလိဂ္မွာ ၆ မွတ္ရ႐ုံနဲ႔ တေက်ာ့ျပန္ ခ်န္ပီယံ၊ မန္စီးတီးရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ေအာင္ျမင္မႈဆိုတဲ့ ထူးျခားမႈေတြက ေစာင့္ႀကိဳေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.