Premier League

ရီးရဲလ်ကို ရင်ဆိုင်ဖို့ စွန့်စားမယ်၊ အဆင့် ၄ က ချယ်လ်ဆီးအတွက်ပဲဖြစ်ရမယ်လို့ တူဟယ်လ်ကြုံးဝါး

ဝက်စ်ဟမ်းအသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့် ၄ တိုက်ပွဲကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးအသင်းဟာ မနက်ဖြန်ညမှာတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့စွန့်စားမှုတွေကို မြင်တွေ့ရတော့ပါ။

ချယ်လ်ဆီးနည်းပြတူဟယ်လ်က မိမိတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ စွန့်စားမယ့်အပြင် အဆင့် ၄ ကိုလည်း ရအောင်တိုက်မယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့တာက သူ့မှာဘယ်လိုအကြံအစည်တွေ ရှိနေလဲလို့ စိတ်ဝင်စားစရာဖြစ်စေခဲ့တယ်။

ချန်ပီယံလိဂ်မှာ သမ္ဘာရင့်ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်တခုအတွင်း အအောင်မြင်ဆုံးအသင်းအဖြစ် အစဉ်အလာကြီးမားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ရင်ဆိုင်ရာမှာ မိမိတို့အသင်းအနေနဲ့ သတိကြီးကြီးထားရမှာဖြစ်သလို စွန့်စားစရာနည်းလမ်းတွေ ရှိနေတယ်လို့ တူဟယ်လ်ကပြောသွားခဲ့ပါတယ်။

” ရီးရဲလ်နဲ့ပွဲက သိပ်ကိုထူးခြားမယ့်ပွဲပေါ့ဗျာ။ သူတို့က ချန်ပီယံလိဂ်ရဲ့သမ္ဘာ့အရင့်ဆုံးနဲ့ အအောင်မြင်ဆုံးအသင်းပဲမဟုတ်လား။ ကျွန်တော့်မှာ ယုံကြည်ချက်အပြည့်အဝရှိနေတယ်။ ခင်ဗျားတို့သိလား….အဲဒီခံစားချက်က အတော်လေးကောင်းတယ်ဗျ ” လို့ သူက ဆိုခဲ့တာပါ။

ဒါ့အပြင် အဆင့် ၄ နေရာလုပွဲနဲ့ ပတ်သက်လို့ “ဝက်စ်ဟမ်းကို နိုင်ခဲ့တာက ကျွန်တော်တို့အတွက် ၆ မှတ်တန်ပွဲပါ။ အခု အဆင့် ၄ က ကျွန်တော်တို့လက်ထဲမှာ ရောက်နေပြီ။ ဒါပေမယ့် အရမ်းကျေနပ်နေလို့ မရသေးဘူး။ ပွဲကျပ်တွေက ကျန်သေးတယ်။ ”

“အဆင့် ၄ ကို လုနေတဲ့ အသင်းတွေများပေမယ့် ဒီနေရာက ကျွန်တော်တို့အတွက်ပဲဖြစ်ရမယ်။ ဘာပြောကောင်းမလဲ… ကျွန်တော်တို့ အမြင့်ဆုံးအားထုတ်မှုနဲ့ ကစားနေရင် ဘယ်အသင်းက ချယ်လ်ဆီးကို ကျော်နိုင်မှာတဲ့လဲ။ ကျွန်တော်တို့ အရမ်းအလုပ်ကြိုးစားနေပါတယ်။ ” လို့ တူဟယ်လ်က ပရိသတ်တွေကို ကတိပေးခဲ့တယ်။

မနက်ဖြန်မှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ကိုဗာချစ်လွဲချော်မယ်လို့ တူဟယ်လ်က အတည်ပြုခဲ့ပြီး ဒါဟာကံမကောင်းမှုဖြစ်ကြောင်း ညည်းညူခဲ့သလို သူက ဒီပွဲအတွက် အရေးကြီးကစားသမားဖြစ်ပေမယ့် ဖူလ်ဟမ်နဲ့ပွဲမှသာ ပြန်ကစားနိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဝက္စ္ဟမ္းအသင္းကို အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၄ တိုက္ပြဲကို ဦးေဆာင္ေနတဲ့ ခ်ယ္လ္ဆီးအသင္းဟာ မနက္ျဖန္ညမွာေတာ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲအျဖစ္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕စြန႔္စားမႈေတြကို ျမင္ေတြ႕ရေတာ့ပါ။

ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္က မိမိတို႔အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္မွာ စြန႔္စားမယ့္အျပင္ အဆင့္ ၄ ကိုလည္း ရေအာင္တိုက္မယ္လို႔ ပရိသတ္ေတြကို ကတိေပးသြားခဲ့တာက သူ႔မွာဘယ္လိုအႀကံအစည္ေတြ ရွိေနလဲလို႔ စိတ္ဝင္စားစရာျဖစ္ေစခဲ့တယ္။

ခ်န္ပီယံလိဂ္မွာ သမာၻရင့္ၿပီး လြန္ခဲ့တဲ့ဆယ္စုႏွစ္တခုအတြင္း အေအာင္ျမင္ဆုံးအသင္းအျဖစ္ အစဥ္အလာႀကီးမားတဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ရင္ဆိုင္ရာမွာ မိမိတို႔အသင္းအေနနဲ႔ သတိႀကီးႀကီးထားရမွာျဖစ္သလို စြန႔္စားစရာနည္းလမ္းေတြ ရွိေနတယ္လို႔ တူဟယ္လ္ကေျပာသြားခဲ့ပါတယ္။

” ရီးရဲလ္နဲ႔ပြဲက သိပ္ကိုထူးျခားမယ့္ပြဲေပါ့ဗ်ာ။ သူတို႔က ခ်န္ပီယံလိဂ္ရဲ႕သမာၻ႔အရင့္ဆုံးနဲ႔ အေအာင္ျမင္ဆုံးအသင္းပဲမဟုတ္လား။ ကြၽန္ေတာ့္မွာ ယုံၾကည္ခ်က္အျပည့္အဝရွိေနတယ္။ ခင္ဗ်ားတို႔သိလား….အဲဒီခံစားခ်က္က အေတာ္ေလးေကာင္းတယ္ဗ် ” လို႔ သူက ဆိုခဲ့တာပါ။

ဒါ့အျပင္ အဆင့္ ၄ ေနရာလုပြဲနဲ႔ ပတ္သက္လို႔ “ဝက္စ္ဟမ္းကို ႏိုင္ခဲ့တာက ကြၽန္ေတာ္တို႔အတြက္ ၆ မွတ္တန္ပြဲပါ။ အခု အဆင့္ ၄ က ကြၽန္ေတာ္တို႔လက္ထဲမွာ ေရာက္ေနၿပီ။ ဒါေပမယ့္ အရမ္းေက်နပ္ေနလို႔ မရေသးဘူး။ ပြဲက်ပ္ေတြက က်န္ေသးတယ္။ ”

“အဆင့္ ၄ ကို လုေနတဲ့ အသင္းေတြမ်ားေပမယ့္ ဒီေနရာက ကြၽန္ေတာ္တို႔အတြက္ပဲျဖစ္ရမယ္။ ဘာေျပာေကာင္းမလဲ… ကြၽန္ေတာ္တို႔ အျမင့္ဆုံးအားထုတ္မႈနဲ႔ ကစားေနရင္ ဘယ္အသင္းက ခ်ယ္လ္ဆီးကို ေက်ာ္ႏိုင္မွာတဲ့လဲ။ ကြၽန္ေတာ္တို႔ အရမ္းအလုပ္ႀကိဳးစားေနပါတယ္။ ” လို႔ တူဟယ္လ္က ပရိသတ္ေတြကို ကတိေပးခဲ့တယ္။

မနက္ျဖန္မွာ ကစားမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ ရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္း ကိုဗာခ်စ္လြဲေခ်ာ္မယ္လို႔ တူဟယ္လ္က အတည္ျပဳခဲ့ၿပီး ဒါဟာကံမေကာင္းမႈျဖစ္ေၾကာင္း ညည္းညဴခဲ့သလို သူက ဒီပြဲအတြက္ အေရးႀကီးကစားသမားျဖစ္ေပမယ့္ ဖူလ္ဟမ္နဲ႔ပြဲမွသာ ျပန္ကစားႏိုင္မယ္လို႔ ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.