Premier League

ပရီးမီးယားလိဂ္ရဲ႕ တက္သုတ္႐ိုက္မယ့္ အစီအစဥ္အတြက္ ဝုိင္းဝန္းစဥ္းစားေပးခဲ့တဲ့ ေဒးလီးေမးလ္

ပရီးမီးယားလိဂ္ကို ပြဲေတာ္ႀကီးလို တစ္ပတ္ကို တစ္ရက္နဲ႔ ၿပဳိင္ပြဲက်င္းပတဲ့ ရက္ေပါင္း ၉ ရက္ သတ္မွတ္ၿပီး ကစားမွာလားလို႔ ေမးခြန္းထုတ္ခဲ့တဲ့ စကိုင္းစပုိ႔စ္ရဲ႕ ေဘာလုံးကၽြမ္းက်င္သူ ဂယ္ရီ နဗီးလ္ရဲ႕ ေျပာဆုိမွဳအၿပီးမွာ ဒါကို အေျခခံၿပီး ေဒးလီးေမးလ္သတင္းဌာနက ဟာသဆန္ဆန္ စဥ္းစားေပးသြားခဲ့ပါတယ္။

ေဒးလီးေမးလ္ကေတာ့ ဂယ္ရီ နဗီးလ္ေျပာတဲ့ ပရီးမီးယားလိဂ္ပြဲေတာ္ႀကီးကို ျဖစ္ေျမာက္ေစႏုိင္ဖို႔ ကူညီစဥ္းစားေပးခဲ့ၿပီး တစ္ရက္ကို ၁၀ ပြဲနဲ႔ တခ်ဳိ႕ရက္ေတြမွာ ၁၂ ပြဲေလာက္ က်င္းပရႏိုင္ၿပီး ဒါက ပြဲပိုက်န္ေနတဲ့ အသင္းေတြအတြက္ ထည့္သြင္းတြက္ခ်က္ထားတယ္လို႔ ဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ကစားသမားေတြအေနနဲ႔ တစ္ပြဲပ်မ္းမွ် ၁၁ ကီလိုမီတာႏွဳန္းနဲ႔ ၉ ပတ္အတြင္း ကစားမယ့္ ၁၀ ပြဲမွာ ကီလိုမီတာ ၁၁၀ ေျပးရႏုိင္ၿပီး ဒီအတြက္ စိုးရိမ္ေၾကာင့္ၾကမွဳေတြ၊ ၾကြက္သားဒဏ္ရာေတြျဖစ္လာမယ္ဆုိတာ ယုတၱိသိပ္မရွိေၾကာင္းနဲ႔ အသက္ ၃၆ ႏွစ္အရြယ္ မာရသြန္အေျပးသမား နာအို ကာဇာမီဟာ ကီလိုမီတာ ၁၀၀ ကို ၆ နာရီ၊ ၉ မိနစ္နဲ႔ ၁၄ စကၠန္႔အတြင္း ဘာမွမျဖစ္ဘဲ ေျပးခဲ့တယ္လို႔ ႏွဳိင္းယွဥ္လုိက္ပါတယ္။

ေဘာလုံးပြဲေတြ က်င္းပဖို႔ကိုေတာ့ အားလုံးသြားရလာရ လြယ္ကူေစမယ့္ အဂၤလန္အလယ္ပုိင္းေဒသက ကြင္းေတြျဖစ္တဲ လက္စတာရဲ႕ ကင္းပါဝါကြင္း၊ အက္စတန္ဗီလာရဲ႕ ဗီလာပါ့ခ္နဲ႔ ဝုလ္ဗ္စ္ရဲ႕ မိုလီေနာ့တုိ႔မွာ ကြင္းပိတ္က်င္းပၿပီး ပြဲရက္တုိင္းမွာ ၄-၃-၃ ခြဲေဝမွဳ စနစ္နဲ႔ ကစားသင့္ေၾကာင္း၊ တစ္ပြဲပို ကစားထားတဲ့ ကြင္းကို ေနာက္တစ္ေန႔မွာ ၃ ပြဲသာ ကစားဖို႔ အလွည့္ေျပာင္းေပးရမွာျဖစ္ေၾကာင္းလည္း ေဒးလီးေမးလ္က ဆုိပါတယ္။

ဒီပြဲေတြကို ႐ုပ္သံ ထုတ္လႊင့္မယ့္ ကၽြမ္းက်င္သူေတြနဲ႔ တင္ဆက္သူေတြအတြက္ေတာ့ ပြဲအားလုံးအတြက္ အေျပာင္းအလဲလုပ္ေပးဖို႔ လူ ၁၀၀ ေလာက္ လိုအပ္မွာျဖစ္ၿပီး အသင္းေတြအေနနဲ႔ေတာ့ ကြင္းေတြအားလုံးနဲ႔ သြားရလာရလြယ္တဲ့ ဟိုတယ္ေတြမွာ ႀကဳိတင္စတည္းခ်ဖို႔ လိုအပ္တယ္လို႔ ဆုိခဲ့ၿပီး ဒီေလာက္ဆုိရင္ ဂယ္ရီ နဗီးလ္ရဲ႕ ပရီးမီးယားလိဂ္ပြဲေတာ္ႀကီး ျပည့္စုံၿပီေပါ့လုိ႔ ေရးသားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကို ပွဲတော်ကြီးလို တစ်ပတ်ကို တစ်ရက်နဲ့ ပြိုင်ပွဲကျင်းပတဲ့ ရက်ပေါင်း ၉ ရက် သတ်မှတ်ပြီး ကစားမှာလားလို့ မေးခွန်းထုတ်ခဲ့တဲ့ စကိုင်းစပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူ ဂယ်ရီ နဗီးလ်ရဲ့ ပြောဆိုမှုအပြီးမှာ ဒါကို အခြေခံပြီး ဒေးလီးမေးလ်သတင်းဌာနက ဟာသဆန်ဆန် စဉ်းစားပေးသွားခဲ့ပါတယ်။

ဒေးလီးမေးလ်ကတော့ ဂယ်ရီ နဗီးလ်ပြောတဲ့ ပရီးမီးယားလိဂ်ပွဲတော်ကြီးကို ဖြစ်မြောက်စေနိုင်ဖို့ ကူညီစဉ်းစားပေးခဲ့ပြီး တစ်ရက်ကို ၁၀ ပွဲနဲ့ တချို့ရက်တွေမှာ ၁၂ ပွဲလောက် ကျင်းပရနိုင်ပြီး ဒါက ပွဲပိုကျန်နေတဲ့ အသင်းတွေအတွက် ထည့်သွင်းတွက်ချက်ထားတယ်လို့ ဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကစားသမားတွေအနေနဲ့ တစ်ပွဲပျမ်းမျှ ၁၁ ကီလိုမီတာနှုန်းနဲ့ ၉ ပတ်အတွင်း ကစားမယ့် ၁၀ ပွဲမှာ ကီလိုမီတာ ၁၁၀ ပြေးရနိုင်ပြီး ဒီအတွက် စိုးရိမ်ကြောင့်ကြမှုတွေ၊ ကြွက်သားဒဏ်ရာတွေဖြစ်လာမယ်ဆိုတာ ယုတ္တိသိပ်မရှိကြောင်းနဲ့ အသက် ၃၆ နှစ်အရွယ် မာရသွန်အပြေးသမား နာအို ကာဇာမီဟာ ကီလိုမီတာ ၁၀၀ ကို ၆ နာရီ၊ ၉ မိနစ်နဲ့ ၁၄ စက္ကန့်အတွင်း ဘာမှမဖြစ်ဘဲ ပြေးခဲ့တယ်လို့ နှိုင်းယှဉ်လိုက်ပါတယ်။

ဘောလုံးပွဲတွေ ကျင်းပဖို့ကိုတော့ အားလုံးသွားရလာရ လွယ်ကူစေမယ့် အင်္ဂလန်အလယ်ပိုင်းဒေသက ကွင်းတွေဖြစ်တဲ လက်စတာရဲ့ ကင်းပါဝါကွင်း၊ အက်စတန်ဗီလာရဲ့ ဗီလာပါ့ခ်နဲ့ ဝုလ်ဗ်စ်ရဲ့ မိုလီနော့တို့မှာ ကွင်းပိတ်ကျင်းပပြီး ပွဲရက်တိုင်းမှာ ၄-၃-၃ ခွဲဝေမှု စနစ်နဲ့ ကစားသင့်ကြောင်း၊ တစ်ပွဲပို ကစားထားတဲ့ ကွင်းကို နောက်တစ်နေ့မှာ ၃ ပွဲသာ ကစားဖို့ အလှည့်ပြောင်းပေးရမှာဖြစ်ကြောင်းလည်း ဒေးလီးမေးလ်က ဆိုပါတယ်။

ဒီပွဲတွေကို ရုပ်သံ ထုတ်လွှင့်မယ့် ကျွမ်းကျင်သူတွေနဲ့ တင်ဆက်သူတွေအတွက်တော့ ပွဲအားလုံးအတွက် အပြောင်းအလဲလုပ်ပေးဖို့ လူ ၁၀၀ လောက် လိုအပ်မှာဖြစ်ပြီး အသင်းတွေအနေနဲ့တော့ ကွင်းတွေအားလုံးနဲ့ သွားရလာရလွယ်တဲ့ ဟိုတယ်တွေမှာ ကြိုတင်စတည်းချဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပြီး ဒီလောက်ဆိုရင် ဂယ်ရီ နဗီးလ်ရဲ့ ပရီးမီးယားလိဂ်ပွဲတော်ကြီး ပြည့်စုံပြီပေါ့လို့ ရေးသားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.