Premier League

တီမို ဗာနာအတြက္ လီဗာပူးလ္နဲ႔ က်န္အသင္းေတြရဲ႕ အေျပာင္းအေရႊ႕အစီအစဥ္ပ်က္ဖို႔ရွိေန

RB လုိက္ပ္ဇစ္အသင္းကေန ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ကစားခ်င္တယ္လုိ႔ ေျပာထားခဲ့ၿပီး လီဗာပူးလ္အသင္းနဲ႔ ပုိမိုနီးစပ္ေနတဲ့ တုိက္စစ္မွဴး တီမို ဗာနာရဲ႕ အေျပာင္းအေရႊ႕ဟာ အစီအစဥ္အတုိင္းျဖစ္မလာႏုိင္ဘဲ ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ ပ်က္ျပယ္ရဖြယ္ရွိေနတယ္လို႔ ဂ်ာမန္ကလပ္ရဲ႕ အားကစားဒါ႐ိုက္တာ မားကပ္စ္ ခ႐ိုရွာက ေျပာၾကားလုိက္ပါတယ္။

COVID-19 ေရာဂါပ်ံ႕ႏွံ႔ကူးစက္မွဳေၾကာင့္ မတည္မၿငိမ္ျဖစ္ေနတဲ့ ပရီးမီးယားလိဂ္အေနနဲ႔ေတာ့ ဗာနာရဲ႕ ေႏြရာသီမွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၁ သန္းနဲ႔ ထြက္ခြာႏုိင္မယ့္အခ်က္ကို အသုံးခ်ႏုိင္ဖို႔ ခဲယဥ္းေနၿပီး အသင္းေတြဘက္ကေရာ ကစားသမားဘက္ကပါ သေဘာတူညီမွဳရရွိႏုိင္ဖို႔ ႀကဳိးစားဖြယ္ မရွိႏုိင္ဘူးလို႔လည္း ခန္႔မွန္းေနၾကပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္လက္ေရြးစင္တုိက္စစ္မွဴးရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ဧၿပီလ ၃၀ ရက္ေန႔အထိပဲ တည္ရွိမွာျဖစ္တယ္လုိ႔ သိရၿပီး ဒီအခ်ိန္ကာလအတြင္းမွာ သေဘာတူညီဖို႔ မႀကဳိးစားႏုိင္ရင္ ဒီေလ်ာ္ေၾကးသေဘာတူညီခ်က္ဟာ ပ်က္ျပယ္သြားမွာျဖစ္ၿပီး လီဗာပူးလ္နဲ႔ ပရီးမီးယားလိဂ္ အသင္းေတြအေနနဲ႔ RB လိုက္ပ္ဇစ္ဘက္ ေတာင္းဆုိသမွ်ကို လုိက္လံညႇိႏွဳိင္းရေတာ့မွာလည္းျဖစ္ပါတယ္။

“သိခဲ့ရသေလာက္ေတာ့ ရွင္းပါတယ္။ တီမိုရဲ႕ ဂိုးေတြနဲ႔ ဖန္တီးမွဳေတြကို ဥေရာပအသင္းႀကီးေတြက သေဘာက်ၿပီး အလုိရွိေနတာပါပဲ။ ဒါေပမယ့္ အဂၤလန္ဟာလည္း ကၽြန္ေတာ္တုိ႔လိုမ်ဳိး ခက္ခဲတဲ့ ျပႆနာေတြနဲ႔ ရင္ဆုိင္ေနရၿပီး ကမာၻလုံးဆုိင္ရာ သက္ေရာက္မွဳဟာ ေနာက္ေျခာက္လအတြင္းမွာ ဒီအတုိင္းပဲ ဆက္ရွိေနဦးမွာပဲလားဆုိတာကိုလည္း မေျပာႏုိင္ေသးပါဘူး။ လက္ရွိမွာ အေျပာင္းအေရႊ႕ေဈးကြက္က ရပ္တန္႔ေနၿပီး ကၽြန္ေတာ္တို႔အေနနဲ႔ ေရေငြ႕႐ိုက္ေနတဲ့ မ်က္မွန္နဲ႔ ၾကည့္ရသလိုမ်ဳိးျဖစ္ေနတယ္”လုိ႔ RB လိုက္ပ္ဇစ္ အားကစားဒါ႐ိုက္တာက ဆုိပါတယ္။

RB လုိက္ပ္ဇစ္အသင္းအတြက္ ဒီရာသီ ၃၆ ပြဲမွာ ၂၇ ဂိုးသြင္းယူၿပီး ၁၂ ဂိုး ဖန္တီးေပးထားတဲ့ ဗာနာကို ဥေရာပအသင္းေတာ္ေတာ္မ်ားမ်ားက အလိုရွိေနေပမယ့္ သူကေတာ့ လီဗာပူးလ္နဲ႔ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းကိုပဲ စိတ္ဝင္စားတယ္လို႔ ဆုိထားတာေၾကာင့္ လက္ရွိအေနအထားအရေတာ့ ဧၿပီလကုန္အမီ မေဆာင္ရြက္ႏုိင္ရင္ သူ႕အတြက္ ခက္ခဲသြားေတာ့မွာျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: RB လိုက်ပ်ဇစ်အသင်းကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောထားခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ပိုမိုနီးစပ်နေတဲ့ တိုက်စစ်မှူး တီမို ဗာနာရဲ့ အပြောင်းအရွှေ့ဟာ အစီအစဉ်အတိုင်းဖြစ်မလာနိုင်ဘဲ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပျက်ပြယ်ရဖွယ်ရှိနေတယ်လို့ ဂျာမန်ကလပ်ရဲ့ အားကစားဒါရိုက်တာ မားကပ်စ် ခရိုရှာက ပြောကြားလိုက်ပါတယ်။

COVID-19 ရောဂါပျံ့နှံ့ကူးစက်မှုကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ပရီးမီးယားလိဂ်အနေနဲ့တော့ ဗာနာရဲ့ နွေရာသီမှာ စာချုပ်လျော်ကြေး ပေါင် ၅၁ သန်းနဲ့ ထွက်ခွာနိုင်မယ့်အချက်ကို အသုံးချနိုင်ဖို့ ခဲယဉ်းနေပြီး အသင်းတွေဘက်ကရော ကစားသမားဘက်ကပါ သဘောတူညီမှုရရှိနိုင်ဖို့ ကြိုးစားဖွယ် မရှိနိုင်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျာမန်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေးဟာ ဧပြီလ ၃၀ ရက်နေ့အထိပဲ တည်ရှိမှာဖြစ်တယ်လို့ သိရပြီး ဒီအချိန်ကာလအတွင်းမှာ သဘောတူညီဖို့ မကြိုးစားနိုင်ရင် ဒီလျော်ကြေးသဘောတူညီချက်ဟာ ပျက်ပြယ်သွားမှာဖြစ်ပြီး လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် အသင်းတွေအနေနဲ့ RB လိုက်ပ်ဇစ်ဘက် တောင်းဆိုသမျှကို လိုက်လံညှိနှိုင်းရတော့မှာလည်းဖြစ်ပါတယ်။

“သိခဲ့ရသလောက်တော့ ရှင်းပါတယ်။ တီမိုရဲ့ ဂိုးတွေနဲ့ ဖန်တီးမှုတွေကို ဥရောပအသင်းကြီးတွေက သဘောကျပြီး အလိုရှိနေတာပါပဲ။ ဒါပေမယ့် အင်္ဂလန်ဟာလည်း ကျွန်တော်တို့လိုမျိုး ခက်ခဲတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုဟာ နောက်ခြောက်လအတွင်းမှာ ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာပဲလားဆိုတာကိုလည်း မပြောနိုင်သေးပါဘူး။ လက်ရှိမှာ အပြောင်းအရွှေ့ဈေးကွက်က ရပ်တန့်နေပြီး ကျွန်တော်တို့အနေနဲ့ ရေငွေ့ရိုက်နေတဲ့ မျက်မှန်နဲ့ ကြည့်ရသလိုမျိုးဖြစ်နေတယ်”လို့ RB လိုက်ပ်ဇစ် အားကစားဒါရိုက်တာက ဆိုပါတယ်။

RB လိုက်ပ်ဇစ်အသင်းအတွက် ဒီရာသီ ၃၆ ပွဲမှာ ၂၇ ဂိုးသွင်းယူပြီး ၁၂ ဂိုး ဖန်တီးပေးထားတဲ့ ဗာနာကို ဥရောပအသင်းတော်တော်များများက အလိုရှိနေပေမယ့် သူကတော့ လီဗာပူးလ်နဲ့ မန်ချက်စတာမြို့ခံနှစ်သင်းကိုပဲ စိတ်ဝင်စားတယ်လို့ ဆိုထားတာကြောင့် လက်ရှိအနေအထားအရတော့ ဧပြီလကုန်အမီ မဆောင်ရွက်နိုင်ရင် သူ့အတွက် ခက်ခဲသွားတော့မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.