Premier League

ကြာရန္တင္းတုန္းမွာ ေဘာလုံးထြက္ကစားခဲ့တဲ့ သူငယ္ခ်င္းႏွစ္ဦးကို တြဲေပးခ်င္ေနတဲ့ ခ်ဲလ္ဆီး

ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြဳိင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ပုိး ေတြ႕ရွိမွဳေၾကာင့္ အသင္းသားေတြကို ေနအိမ္ခြဲျခားေစာင့္ၾကည့္တဲ့ ကြာရန္တင္းလုပ္ေဆာင္ထားခ်ိန္မွာ အတူတူ ေဘာလုံးထြက္ကစားခဲ့တဲ့ သူငယ္ခ်င္းႏွစ္ဦးစလုံးကို အသင္းမွာ တြဲေပးထားဖို႔ စီစဥ္ေနပါတယ္။

အသင္းရဲ႕ ညႊန္ၾကားမွဳကို မလုိက္နာလုိ႔ ေတာင္းပန္ခဲ့ရၿပီး ဒဏ္ေငြႀကီးႀကီးမားမားခ်မွတ္ခံရမယ္လုိ႔ အသံထြက္ေနခဲ့တဲ့ ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆန္ေမာင့္နဲ႔အတူ ျပင္ပက ေဘာလုံးကြင္းမွာ အတူလာေရာက္ကစားခဲ့တဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို သူတုိ႔အေနနဲ႔ ေခၚယူလိုေနတာျဖစ္ၿပီး ေငြေၾကးသုံးစြဲမွဳကေတာ့ မ်ားျပားဖြယ္ရွိပါတယ္။

နည္းျပ ဖရန္႔လမ္းပတ္အေနနဲ႔ ခ်ဲလ္ဆီးရဲ႕ ကြင္းလယ္အဖ်က္ပုိင္းကို ဦးစားေပးျပင္ဆင္ရဖြယ္ရွိေနၿပီး ယခင္က လွ်မ္းလွ်မ္းေတာက္ျဖစ္ခဲ့တဲ့ ကမာၻ႕ဖလားဆုရွင္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတဟာ ဆရာမ်ားလုိ႔ သားေသသြားခဲ့ၿပီး နည္းျပအေျပာင္းအလဲေတြၾကားမွာ အရင္လို ေျခစြမ္းမ်ဳိး မရွိေတာ့တဲ့ အျပင္ ႀက့ံခိုင္မွဳကလည္း ေလ်ာ့က်ေနခဲ့တာေၾကာင့္ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူလုိေနတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ဝက္စ္ဟမ္းအသင္းရဲ႕ ေဈးေခၚမွဳအရေတာ့ သူတုိ႔ရဲ႕ အသက္ ၂၁ ႏွစ္အရြယ္ အဂၤလန္လက္ေရြးစင္ကြင္းလယ္လူအတြက္ ေပါင္သန္း ၈၀ ေလာက္ အလိုရွိေနတယ္လုိ႔ ဆုိထားခဲ့ၿပီး လူငယ္ႀကဳိက္တဲ့ လမ္းပတ္အေနနဲ႔ေတာ့ အသင္းရဲ႕ ဘတ္ဂ်က္ခြင့္ျပဳရင္ ခြင့္ျပဳသလို ဦးစားေပး ေခၚယူသြားဖို႔ ရွိေနခဲ့တာပါ။

ဒီရာသီမွာ ဝက္စ္ဟမ္းအသင္းအတြက္ ပြဲ ၃၀ ကစားေပးထားခဲ့ၿပီး ႏွစ္ဂိုးဖန္တီးေပးထားႏုိင္ခဲ့တဲ့ ကြင္းလယ္လူအေနနဲ႔ လာမယ့္ အေျပာင္းအေရႊ႕ကာလမွာ ေငြသုံးၾကမ္းဖို႔ ရွိေနတဲ့ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးမွာ သူ႕သူငယ္ခ်င္း ေမဆန္ေမာင့္နဲ႔တူတူ တြဲကစားသြားႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပေပးလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းရဲ့ လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှုကြောင့် အသင်းသားတွေကို နေအိမ်ခွဲခြားစောင့်ကြည့်တဲ့ ကွာရန်တင်းလုပ်ဆောင်ထားချိန်မှာ အတူတူ ဘောလုံးထွက်ကစားခဲ့တဲ့ သူငယ်ချင်းနှစ်ဦးစလုံးကို အသင်းမှာ တွဲပေးထားဖို့ စီစဉ်နေပါတယ်။

အသင်းရဲ့ ညွှန်ကြားမှုကို မလိုက်နာလို့ တောင်းပန်ခဲ့ရပြီး ဒဏ်ငွေကြီးကြီးမားမားချမှတ်ခံရမယ်လို့ အသံထွက်နေခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်နဲ့အတူ ပြင်ပက ဘောလုံးကွင်းမှာ အတူလာရောက်ကစားခဲ့တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို သူတို့အနေနဲ့ ခေါ်ယူလိုနေတာဖြစ်ပြီး ငွေကြေးသုံးစွဲမှုကတော့ များပြားဖွယ်ရှိပါတယ်။

နည်းပြ ဖရန့်လမ်းပတ်အနေနဲ့ ချဲလ်ဆီးရဲ့ ကွင်းလယ်အဖျက်ပိုင်းကို ဦးစားပေးပြင်ဆင်ရဖွယ်ရှိနေပြီး ယခင်က လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ ကမ္ဘာ့ဖလားဆုရှင်ကွင်းလယ်လူ အန်ဂိုလို ကွန်တေဟာ ဆရာများလို့ သားသေသွားခဲ့ပြီး နည်းပြအပြောင်းအလဲတွေကြားမှာ အရင်လို ခြေစွမ်းမျိုး မရှိတော့တဲ့ အပြင် ကြံ့ခိုင်မှုကလည်း လျော့ကျနေခဲ့တာကြောင့် ဒက်ကလန် ရိုက်စ်ကို ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝက်စ်ဟမ်းအသင်းရဲ့ ဈေးခေါ်မှုအရတော့ သူတို့ရဲ့ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူအတွက် ပေါင်သန်း ၈၀ လောက် အလိုရှိနေတယ်လို့ ဆိုထားခဲ့ပြီး လူငယ်ကြိုက်တဲ့ လမ်းပတ်အနေနဲ့တော့ အသင်းရဲ့ ဘတ်ဂျက်ခွင့်ပြုရင် ခွင့်ပြုသလို ဦးစားပေး ခေါ်ယူသွားဖို့ ရှိနေခဲ့တာပါ။

ဒီရာသီမှာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲ ၃၀ ကစားပေးထားခဲ့ပြီး နှစ်ဂိုးဖန်တီးပေးထားနိုင်ခဲ့တဲ့ ကွင်းလယ်လူအနေနဲ့ လာမယ့် အပြောင်းအရွှေ့ကာလမှာ ငွေသုံးကြမ်းဖို့ ရှိနေတဲ့ လမ်းပတ်ရဲ့ ချဲလ်ဆီးမှာ သူ့သူငယ်ချင်း မေဆန်မောင့်နဲ့တူတူ တွဲကစားသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.