Premier League

ရဲဘော်ရဲဘက်ဟောင်း နေမာ၊ အဂွယ်ရိုတို့နဲ့ တွဲကစားချင်တဲ့ မက်ဆီရဲ့ဆန္ဒကို ဘာဆာက ဖြည့်ဆည်းပေးလာမှာလား?

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီက လာမယ့်ရာသီသစ်မှာ နေမာ၊ အဂွယ်ရိုတို့အတွဲနဲ့ ဘာဆာမှာ တွဲကစားချင်နေတယ်လို့ သိရပြီး သူ့ရဲ့ဆန္ဒကိုသာ ဘာဆာက ဖြည့်ဆည်းပေးလိုက်နိုင်ရင်တော့ မက်ဆီကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့လည်း အခွင့်အရေးကောင်းဖြစ်လာမယ်လို့ ယူဆထားကြတာပါ။

မက်ဆီနဲ့ ဆက်ဆံရေး တင်းမာခဲ့တဲ့ ဥက္ကဋ္ဌဟောင်း ဘာတိုမြူပြုတ်ကျပြီး တကျော့ပြန် ဘာဆာဥက္ကဌသစ်ဖြစ်လာတဲ့ လာပေါ့တာရဲ့ တာဝန်ယူမှုနဲ့အတူ အသင်းကို စွန့်ခွာလိုနေတဲ့ မက်ဆီရဲ့မတင်မကျစိတ်ကလည်း အသင်းရဲ့ကွင်းတွင်းခြေစွမ်းတိုးတက်လာမှုကြောင့် တဖြည်းဖြည်း အကောင်းဘက်ကို ပြောင်းလဲလာနေတယ်လို့ ဆိုရမှာပါ။

ကိုပါဒယ်ရေးဖလားကိုလည်း ပူပူနွေးနွေး ကိုင်မြှောက်ထားတဲ့ ဘာဆာအသင်းအနေနဲ့ လာလီဂါဖလားဗိုလ်ဝင်ခံခြင်းအားဖြင့် မက်ဆီကို ဆွဲဆောင်ထားနိုင်ဖို့ မျှော်လင့်နေပြီး နောက်ရာသီမှာတော့ သူလက်တွဲလိုတဲ့ တိုက်စစ်မှူးတွေနဲ့ အသင်းကို အင်အားဖြည့်ဖို့ ပြင်ဆင်လာဖွယ်ရှိနေတဲ့ အခြေအနေက မက်ဆီကို ဆက်ထိန်းထားဖို့ဆိုတဲ့ ပြတ်သားတဲ့ရည်ရွယ်ချက်ပါ။

မန်စီးတီးတိုက်စစ်မှူး အဂွယ်ရိုကို ဒီရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်လို့ မက်ဆီက သူ့ရဲ့ အာဂျင်တိုင်းမိတ်ဆွေကို ဘာဆာနဲ့ လာရောက်ပူးပေါင်းစေလိုနေတာဖြစ်ပြီး နူးကမ့်မှာ ပြန်လည်ဆုံစည်းချင်နေတာပါ။

ဒါ့အပြင် လူးဝစ် အင်းနရစ်လက်ထက်မှာ ဖလား ၃ လုံး ချန်ပီယံအဖြစ် အတူတကွတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်ဟောင်း နေမာကိုလည်း သူက အလိုရှိနေပြီး ဘာဆာရဲ့ တကျော့ပြန်အောင်မြင်မှုကို တည်ဆောက်သွားမယ့်ခရီးမှာ သူနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ နေမာနဲ့ အဂွယ်ရိုတို့နဲ့အတူ နားလည်မှုရှိရှိ ကစားသွားချင်နေတာပါ။

နေမာက လာမယ့် ၂၀၂၂ ဇူလိုင်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဘက်က သူ့ကို ရောင်းမထုတ်ချင်ဘူးဆိုရင်တောင်မှ ဘာဆာရဲ့ လှုပ်ရှားမှုကို အခြေအနေကြည့်သွားမှာပါ။ ဒီရာသီအကုန်ရောက်ရင် တနှစ်သက်တမ်းသာ ကျန်ရှိတော့မယ့် နေမာကို ဈေးတင်းထားနိုင်မှာမဟုတ်ဘဲ ထုတ်ရောင်းလိုက်ရဖို့လည်း ရှိနေတယ်။

ဘာဆာပရိသတ်တွေကတော့ ကမ္ဘာ့အဆင့်အသင်းအဖြစ် ပြန်လည်ဦးမော့ချင်တယ်ဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတဦးကို ငွေပုံပေးဝယ်ယူဖို့ လိုအပ်တယ်လို့ တိုက်တွန်းနေသလို နူးကမ့်ကို လာရောက်လိုတဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတွေကို များများစားစား ခေါ်ယူသွားစေလိုနေတာကိုလည်း တွေ့ရကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီက လာမယ့္ရာသီသစ္မွာ ေနမာ၊ အဂြယ္႐ိုတို႔အတြဲနဲ႔ ဘာဆာမွာ တြဲကစားခ်င္ေနတယ္လို႔ သိရၿပီး သူ႔ရဲ႕ဆႏၵကိုသာ ဘာဆာက ျဖည့္ဆည္းေပးလိုက္ႏိုင္ရင္ေတာ့ မက္ဆီကို အသင္းမွာဆက္ထိန္းထားႏိုင္ဖို႔လည္း အခြင့္အေရးေကာင္းျဖစ္လာမယ္လို႔ ယူဆထားၾကတာပါ။

မက္ဆီနဲ႔ ဆက္ဆံေရး တင္းမာခဲ့တဲ့ ဥကၠ႒ေဟာင္း ဘာတိုျမဴျပဳတ္က်ၿပီး တေက်ာ့ျပန္ ဘာဆာဥကၠဌသစ္ျဖစ္လာတဲ့ လာေပါ့တာရဲ႕ တာဝန္ယူမႈနဲ႔အတူ အသင္းကို စြန႔္ခြာလိုေနတဲ့ မက္ဆီရဲ႕မတင္မက်စိတ္ကလည္း အသင္းရဲ႕ကြင္းတြင္းေျခစြမ္းတိုးတက္လာမႈေၾကာင့္ တျဖည္းျဖည္း အေကာင္းဘက္ကို ေျပာင္းလဲလာေနတယ္လို႔ ဆိုရမွာပါ။

ကိုပါဒယ္ေရးဖလားကိုလည္း ပူပူေႏြးေႏြး ကိုင္ေျမႇာက္ထားတဲ့ ဘာဆာအသင္းအေနနဲ႔ လာလီဂါဖလားဗိုလ္ဝင္ခံျခင္းအားျဖင့္ မက္ဆီကို ဆြဲေဆာင္ထားႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ေနာက္ရာသီမွာေတာ့ သူလက္တြဲလိုတဲ့ တိုက္စစ္မႉးေတြနဲ႔ အသင္းကို အင္အားျဖည့္ဖို႔ ျပင္ဆင္လာဖြယ္ရွိေနတဲ့ အေျခအေနက မက္ဆီကို ဆက္ထိန္းထားဖို႔ဆိုတဲ့ ျပတ္သားတဲ့ရည္႐ြယ္ခ်က္ပါ။

မန္စီးတီးတိုက္စစ္မႉး အဂြယ္႐ိုကို ဒီရာသီအကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာျဖစ္လို႔ မက္ဆီက သူ႔ရဲ႕ အာဂ်င္တိုင္းမိတ္ေဆြကို ဘာဆာနဲ႔ လာေရာက္ပူးေပါင္းေစလိုေနတာျဖစ္ၿပီး ႏူးကမ့္မွာ ျပန္လည္ဆုံစည္းခ်င္ေနတာပါ။

ဒါ့အျပင္ လူးဝစ္ အင္းနရစ္လက္ထက္မွာ ဖလား ၃ လုံး ခ်န္ပီယံအျဖစ္ အတူတကြတိုက္ပြဲဝင္ခဲ့တဲ့ ရဲေဘာ္ရဲဘက္ေဟာင္း ေနမာကိုလည္း သူက အလိုရွိေနၿပီး ဘာဆာရဲ႕ တေက်ာ့ျပန္ေအာင္ျမင္မႈကို တည္ေဆာက္သြားမယ့္ခရီးမွာ သူနဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိေနတဲ့ ေနမာနဲ႔ အဂြယ္႐ိုတို႔နဲ႔အတူ နားလည္မႈရွိရွိ ကစားသြားခ်င္ေနတာပါ။

ေနမာက လာမယ့္ ၂၀၂၂ ဇူလိုင္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းဘက္က သူ႔ကို ေရာင္းမထုတ္ခ်င္ဘူးဆိုရင္ေတာင္မွ ဘာဆာရဲ႕ လႈပ္ရွားမႈကို အေျခအေနၾကည့္သြားမွာပါ။ ဒီရာသီအကုန္ေရာက္ရင္ တႏွစ္သက္တမ္းသာ က်န္ရွိေတာ့မယ့္ ေနမာကို ေဈးတင္းထားႏိုင္မွာမဟုတ္ဘဲ ထုတ္ေရာင္းလိုက္ရဖို႔လည္း ရွိေနတယ္။

ဘာဆာပရိသတ္ေတြကေတာ့ ကမာၻ႔အဆင့္အသင္းအျဖစ္ ျပန္လည္ဦးေမာ့ခ်င္တယ္ဆိုရင္ ကမာၻ႔အဆင့္ကစားသမားတဦးကို ေငြပုံေပးဝယ္ယူဖို႔ လိုအပ္တယ္လို႔ တိုက္တြန္းေနသလို ႏူးကမ့္ကို လာေရာက္လိုတဲ့ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကစားသမားေတြကို မ်ားမ်ားစားစား ေခၚယူသြားေစလိုေနတာကိုလည္း ေတြ႕ရေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.