Premier League

အာဆင်နယ်ကို ဝယ်ယူဖို့ ကြိုးစားသွားမယ်လို့ အတည်ပြုလိုက်တဲ့ အာဆင်နယ်ဖန် Spotify သူဌေး

လက်ရှိမှာ အာဆင်နယ်အသင်းပရိသတ်တွေက မလိုလားတော့တဲ့ အသင်းပိုင်ရှင်ခရွန်ကီကို အသင်းကနေ အမြန်ဆုံးနုတ်ထွက်ဖို့ အင်္ဂလန်ဂန်းနားတို့က ထိထိရောက်ရောက် ဆန္ဒပြနေကြတာဖြစ်ပြီး ဂယက်ထိသွားခဲ့တဲ့ စူပါလိဂ်အရှုပ်တော်ပုံကြောင့် ”ခရွန်ကီအမြန်ဆုံးထွက်” ဆိုတဲ့ ဆောင်ပုဒ်က အာဆင်နယ်ရဲ့အကြီးအကဲတွေကို ရိုက်ခတ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းပရိသတ်တွေဟာ ကျဆုံးသွားခဲ့တဲ့ ဥရောပစူပါလိဂ်မှာ ပါဝင်ကစားဖို့ ကြေငြာပြီး အသင်းကို လက်ဝါကြီးအုပ် အမြတ်ထုတ်နေတဲ့ ဂျို့ရှ်ခရွန်ကီရဲ့ခရွန်ကီအားကစားနဲ့ဖျော်ဖြေရေး မိသားစု KSE ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်နေချိန်မှာပဲ Spotify ကိုတည်ထောင်သူ ဒန်နီယယ်လ်အက်ခ်က အသင်းကိုဝယ်ယူချင်တယ်လို့ လေသံပစ်လာတာပါ။

အက်ခ်ဟာ ဒေါ်လာ ၅.၆၈ ဘီလျံကြွယ်ဝတဲ့ ဆွီဒင်စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သလို Spotify ကို ၂၀၀၆ ခုနှစ်က တည်ထောင်ခဲ့တယ်။ ဒီအောင်မြင်မှုနောက်မှာတော့ ဘီလျံနာအဖြစ် ရပ်တည်လာပြီး အာဆင်နယ်မှာ ရင်းနှီးမြှုပ်နှံဖို့ မျက်စိကျနေပါတယ်။

” ကျွန်တော်ကလေးဘဝကတည်းက အားပေးလာခဲ့တဲ့ အားပေးပြီး နှစ်ခြိုက်လာခဲ့တဲ့ အာဆင်နယ်အသင်းကို ရင်ထဲမှာရှိနေပါတယ်။ KSE ကသာ ထုတ်ရောင်းမယ်ဆိုရင် ကျွန်တော်က အာဆင်နယ်အသင်းကို ကျေကျေနပ်နပ်ကြီး ဝယ်ယူသွားချင်ပါတယ် ” လို့ အက်ခ်က တွစ်တာမှာ ရေးသားသွားခဲ့ပါတယ်။

ခရွန်ကီကို ပြင်းပြင်းထန်ထန် သတိပေးနေတဲ့ ဖြစ်ရပ်တွေကြောင့် ပြီးခဲ့တဲ့သောကြာနေ့က အဲဗာတန်ကို ရှူံးနိမ့်ခဲ့တဲ့ အာဆင်နယ်ရဲ့ကွင်းတွင်းခြေစွမ်းကိုပါ ထိခိုက်မှုတွေ ရှိလာပြီး အသင်းတွင်း မတည်ငြိမ်မှုကြား အာဆင်နယ်ကို ဆက်လက်အုပ်စိုးချင်နေတဲ့ ခရွန်ကီက ရောင်းထုတ်သွားဖို့ မရှိဘူးလို့လည်း ဆိုထားခဲ့တာပါ။

တဖက်မှာတော့ အက်ခ်သာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ရပ်တည်ပြီး ရုန်းကန်နေရတဲ့ အာဆင်နယ်နဲ့ အလုပ်လုပ်ချင်ရင်တော့ ပေါင် ၄ ဘီလျံထက်မနည်း ကုန်ပေါက်တွေ့လိမ့်မယ်လို့ ဂရေမီ ဆောင်းနက်က လှောင်ပြောင်သွားခဲ့ပြီး အာဆင်နယ်ပရိသတ်တွေရဲ့ အမြင်ကလည်း ခရွန်ကီကိုထုတ်ရေးဖြစ်တာမို့ ဆက်လက်စောင့်ကြည့်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
လက္ရွိမွာ အာဆင္နယ္အသင္းပရိသတ္ေတြက မလိုလားေတာ့တဲ့ အသင္းပိုင္ရွင္ခ႐ြန္ကီကို အသင္းကေန အျမန္ဆုံးႏုတ္ထြက္ဖို႔ အဂၤလန္ဂန္းနားတို႔က ထိထိေရာက္ေရာက္ ဆႏၵျပေနၾကတာျဖစ္ၿပီး ဂယက္ထိသြားခဲ့တဲ့ စူပါလိဂ္အရႈပ္ေတာ္ပုံေၾကာင့္ ”ခ႐ြန္ကီအျမန္ဆုံးထြက္” ဆိုတဲ့ ေဆာင္ပုဒ္က အာဆင္နယ္ရဲ႕အႀကီးအကဲေတြကို ႐ိုက္ခတ္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းပရိသတ္ေတြဟာ က်ဆုံးသြားခဲ့တဲ့ ဥေရာပစူပါလိဂ္မွာ ပါဝင္ကစားဖို႔ ေၾကျငာၿပီး အသင္းကို လက္ဝါႀကီးအုပ္ အျမတ္ထုတ္ေနတဲ့ ဂ်ိဳ႕ရွ္ခ႐ြန္ကီရဲ႕ခ႐ြန္ကီအားကစားနဲ႔ေဖ်ာ္ေျဖေရး မိသားစု KSE ကို အလိုမရွိေတာ့ေၾကာင္း ဆန႔္က်င္ေနခ်ိန္မွာပဲ Spotify ကိုတည္ေထာင္သူ ဒန္နီယယ္လ္အက္ခ္က အသင္းကိုဝယ္ယူခ်င္တယ္လို႔ ေလသံပစ္လာတာပါ။

အက္ခ္ဟာ ေဒၚလာ ၅.၆၈ ဘီလ်ံႂကြယ္ဝတဲ့ ဆြီဒင္စြန႔္ဦးတီထြင္လုပ္ငန္းရွင္ျဖစ္သလို Spotify ကို ၂၀၀၆ ခုႏွစ္က တည္ေထာင္ခဲ့တယ္။ ဒီေအာင္ျမင္မႈေနာက္မွာေတာ့ ဘီလ်ံနာအျဖစ္ ရပ္တည္လာၿပီး အာဆင္နယ္မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ မ်က္စိက်ေနပါတယ္။

” ကြၽန္ေတာ္ကေလးဘဝကတည္းက အားေပးလာခဲ့တဲ့ အားေပးၿပီး ႏွစ္ၿခိဳက္လာခဲ့တဲ့ အာဆင္နယ္အသင္းကို ရင္ထဲမွာရွိေနပါတယ္။ KSE ကသာ ထုတ္ေရာင္းမယ္ဆိုရင္ ကြၽန္ေတာ္က အာဆင္နယ္အသင္းကို ေက်ေက်နပ္နပ္ႀကီး ဝယ္ယူသြားခ်င္ပါတယ္ ” လို႔ အက္ခ္က တြစ္တာမွာ ေရးသားသြားခဲ့ပါတယ္။

ခ႐ြန္ကီကို ျပင္းျပင္းထန္ထန္ သတိေပးေနတဲ့ ျဖစ္ရပ္ေတြေၾကာင့္ ၿပီးခဲ့တဲ့ေသာၾကာေန႔က အဲဗာတန္ကို ရႉံးနိမ့္ခဲ့တဲ့ အာဆင္နယ္ရဲ႕ကြင္းတြင္းေျခစြမ္းကိုပါ ထိခိုက္မႈေတြ ရွိလာၿပီး အသင္းတြင္း မတည္ၿငိမ္မႈၾကား အာဆင္နယ္ကို ဆက္လက္အုပ္စိုးခ်င္ေနတဲ့ ခ႐ြန္ကီက ေရာင္းထုတ္သြားဖို႔ မရွိဘူးလို႔လည္း ဆိုထားခဲ့တာပါ။

တဖက္မွာေတာ့ အက္ခ္သာ လက္ရွိ ပရီးမီးယားလိဂ္ အဆင့္ ၉ ေနရာမွာ ရပ္တည္ၿပီး ႐ုန္းကန္ေနရတဲ့ အာဆင္နယ္နဲ႔ အလုပ္လုပ္ခ်င္ရင္ေတာ့ ေပါင္ ၄ ဘီလ်ံထက္မနည္း ကုန္ေပါက္ေတြ႕လိမ့္မယ္လို႔ ဂေရမီ ေဆာင္းနက္က ေလွာင္ေျပာင္သြားခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြရဲ႕ အျမင္ကလည္း ခ႐ြန္ကီကိုထုတ္ေရးျဖစ္တာမို႔ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z